


ရဟန်းတို့ ငါဘုရားအား လုပ်ကျွေးပြုစုလိုသော
ရဟန်းသည် နာမကျန်းဖြစ်နေသော ရဟန်းအား
လုပ်ကျွေးပြုစုလော့
မြတ်ဗုဒ္ဓ(မဟာဝါပါဠိတော်)
ဆိုတဲ့ ဘုရားရှင်၏ ဆန္ဒတော်အတိုင်း နာမကျန်းဖြစ်နေသော
အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များပြုစုကူညီရေးအတွက်
ဝိပဿနာအဓိကထား၍ ကူညီဆောင်ရွက်ပေးနေသော
ရတနာ့မေတ္တာအဖွဲ့(မန္တလေးအဖွဲ့ခွဲ)ရဲ့ ဒုတိယအကြိမ်ပရောရျက်အဖြစ်
၂၀၀၈-၂၀၀၉ ပရောဂျက်ကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၀၆ခုနှစ်က စတင်ခဲ့တဲ့ မန္တလေးအဖွဲ့ခွဲအနေနဲ့
သက်တမ်း နှစ်နှစ်အတွင်းမှာ ပရောဂျက်တစ်ခု အောင်မြင်လို့
ဒုတိယတစ်ခု စတင်ခဲ့တာပဲဖြစ်ပါတယ်။
ရတနာ့မေတ္တာအဖွဲ့အနေနဲ့
HIV/AIDS ဆင့်ပွားပညာပေးခြင်း
ဆေးရုံတက်လူနာစောင့် ပေးခြင်း
PLHIV များအတွက် ၀ိပဿနာ တစ်ရက်စခန်း ဖွင့်ပေးခြင်း
ဆေးရုံတက်လူနားများအတွက် ဆေးဖိုးထောက်ပံ့ခြင်း
အာဟာရထောက်ပံ့ခြင်း
နာရေးကူညီခြင်း
တွေ့ဆုံပွဲများတွင် ဘာသာရေးဟောပြောပေးခြင်း
များကို ဆောင်ရွက်လျက်ရှိပါတယ်။
ပရောဂျက်လုပ်ငန်းများကို အဓိက ထားသော်လည်း
ပါဝင်ကူညီလှူဒါန်းကြသည့် အလှူငွေပေါ်မူတည်ပြီး
တိုးချဲ့ ဆောင်ရွက်များဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
လှူဒါန်းမယ်ဆိုရင်
ရတနာ့မေတ္တာအဖွဲ့ ဖောင်တော်ဦးကျောင်း
၁၉လမ်း၊ နန်းရှေ့၊ မန္တလေးမြို့
ဖုန်း ၀၂-၃၉၈၅၅ လိုင်းခွဲ ၈၀၅ ကိုဆက်သွယ် လှူဒါန်းနိုင်ပါတယ် . . .
အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့
အားလုံးပါဝင်ဆောင်ရွက်စို့
ကိုယ်ချင်းစာနာ နားလည်ပါ
သင်လည်း လူသားပါ