Friday, August 31, 2007

Blog for All Seminar အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ၂၀၀၇ခုနှစ် သြဂုတ် ၃၁ရက် မွန်းလွဲ ၁နာရီတွင် ရတနာပုံဆိုက်ဘာကော်ပိုရေးခန်းမအတွင်း Blog for All ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ ဘလော့ကာများ၊ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းဆရာ၊ဆရာမများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးရဲနိုင်က Live Blog အဖြစ် mdyblogshow.blogspot.com တွင် ပို့စ်တင်ပေးပါသည်။
ဆက်လက်ပြီး Alpha Info-Tech Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက ဗီဒီယိုဖိုင်ဖြင့် အမှာစကားပြောကြားသည်။ Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြားသည်။ ယင်းနောက် ဘလော့ကာ မရတနာချိုက ဘလော့အကြောင်း မိတ်ဆက်စကားပြောသည်။
ထို့နောက် ဘလော့ကာ ကိုဆန်းဦး၊ ကိုအောင်ချမ်းလင်း၊ ကိုဘဦးတို့က ဘလော့အကြောင်း အသီးသီးဟောပြောကြသည်။
ယင်းနောက် ဘလော့ကာများအား မဲနှိုက်ကာ မိတ်ဆက်ပေးကာ မေးခွန်လွှာအား အဖြေများပြန်လည်ရှင်းလင်းသည်။ ဆက်လက်ပြီး http://www.mysuboo.com/ အား မိတ်ဆက်သည်။
ထို့နောက် မေးခွန်လွှာ ဖြေဆိုမှုတွင် ရမှတ်အများဆုံးဖြေဆိုနိုင်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ဆက်လက်ပြီး ဘလော့ကာဦးထိပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားအား မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ Alpha Info-Tech၊ Service+၊ http://www.mysuboo.com/ ၊ Future's Sky၊ Azure၊ ivilla၊ kkwinmoe၊ Compu-Care၊ mam၊ AIT၊ မဆွေ၊Heaven's Net၊ iWAY၊ Imagine၊ Nice၊ pantra၊ ဦးကျော်ဇင်(ဗီနိုင်း)၊ NTG၊ Lucky Birds၊ CEM၊ Active Media(CD)၊ ဦးဆန်းဦး-MCC၊ ဦးလှကောင်း၊ မချောအိမာန်၊ Nanologic တို့က ကူညီပံ့ပိုးပေးကာ မန္တလေးဘလော့ကာများက ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

2007 Blog DAY ကြိုဆိုပါ၏









ကဲအခု Blog Day ကိုရောက်ပြီ . .














ဘလော့ဒေးမှာ ဘလော့ကာများ ကျန်းမာချမ်းသာပြီး လိုရာပြည့်ဝစေကြောင်း . . .ဆုမွန်တောင်းလိုက်ရပါတယ် . . .





ယနေ့ ကျင်းပမည့် မန္တလေးက Blog for All seminar အား ကြိုဆို ဂုဏ်ပြုပါ၏။


ထို့အတူ ၁-၉-၂၀၀၇ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့မှ Why Do We Blog ဟောပြောပွဲအား


ဂုဏ်ပြုကြိုဆိုပါတယ်ပါတယ်ဗျာ . . .

Monday, August 27, 2007

အကူအညီတောင်းပါရစေ

ဘလော့ကာများ၊ ဆိုက်ဘာကဖေးများကို အကူအညီတောင်းပါရစေ
Blog for All Seminar ကို ကျွန်တော်တို့ ဘလော့ကာများစုစည်းပြီး
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ ကိုရဲမြတ်သူ Alpha ကွန်ပျူတာ၊ Service+ ၊ Future Sky Cybercafe. . . စတဲ့ ကူညီသူများရဲ့ အကူအညီနဲ့ အောင်မြင်စွာ ကျင်းပဖို့ ဆောင်ရွက်နေပါတယ် . . .

ဒါကြောင့် အဆိုပါ Blog for All Seminar ကို ဘလော့ကာများ အားလုံး တက်ရောက်ပေးကြဖို့နဲ့ လုပ်ဆောင်စရာများကို ပါဝင်ဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ် အကူအညီတောင်းချင်ပါတယ်။


နောက် ဘလော့ကာများအနေဖြင့် မိမိအသုံးပြုတဲ့ ဆိုက်ဘာကဖေးကို ဒီပို့စ်လေး ဖတ်ဖြစ်ရင် ပြပြီး အောက်က အကြောင်းလေးကို ပြောပေးကြပါဗျာ

ကျွန်တော်တို့ Blog for All Seminar မှာ တက်ရောက်သူအားလုံးကို အင်တာနက် အခမဲ့၂ နာရီ အသုံးပြုခွင့် ကတ်လေးတွေ ပေးဝေချင်ပါတယ်။
ဒါကြောင့် ဆိုင်ဘာကဖေးများက ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ။

အခု လောလောဆယ်ဆယ် အင်တာနက်ကဖေး ၂ခုဖြစ်တဲ့ အိုင်ဝေးနဲ့ ဟဲဗင်းနက်တို့က အင်တာနက်၂နာရီအသုံးပြုခွင့် ၂၀ကတ်စီ ရရှိထားပြီးပါပြီ။အင်မေးဂျင်း ဆိုက်ဘာကဖေးက ၂နာရီအသုံးပြုခွင့်ကတ် ၁၀ခု ရရှိထားပါတယ်။

ကျွန်တော်တို့ ဘလော့ရေးသူများဟာ များသောအားဖြင့် ဆိုက်ဘာများက အသုံးပြုရတာပါ။
အသုံးပြုရင်လည်း နာရီရှည် သုံးကြပါတယ်။
ဒီလို အင်တာနက်အသုံးပြုသူများ ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို သိခွင့် ဒီ Seminar မှာ ကြေညာပြီး ဖြစ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို အင်တာနက် တကယ်အသုံးပြုသူများ သိရှိစေဖို့ တကယ့်အခွင့်အရေးကောင်းပါ။

ဒါကြောင့် ဒီအခွင့်အရေးကောင်းကို အသုံးမိစေဖို့ ဆိုက်ဘာကဖေးများ အားလုံးကို ဖိတ်ခေါ်ပါတယ်။

တကယ်လို့များ အခမဲ့ အသုံးပြုခွင့်ပြုမယ်ဆိုပါက ကတ်များကို ကျွှန်တော်တို့က ဆောင်ရွက်ပေးပါ့မယ်
အောက်က မေးလ်များကို ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။
sayaba.mdy@ဂျီမေးလ်း.com
uhteik@ဂျီမေးလ်း.com

ကျေးဇူးအထူးတင်လျက်ပါ။

Blog for All Seminar ကျင်းပမည်

Blog for All Seminar ကို
၂၀၀၇ခုနှစ် သြဂုတ် ၃၁ရက်
မွန်းလွဲ ၁နာရီတွင်
မန္တလေးမြို့ ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း(အမ်အိုင်စီတီ) ခန်းမတွင် ကျင်းပမည် ဖြစ်ပါသည်။

ဘလော့ကာများ၊ အင်တာနက်အသုံးပြုသူများ၊ စိတ်ပါဝင်စားသူများမည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

Sunday, August 26, 2007

မယ်ပြိုင်ပွဲဝင် ဘလော့ကာ . . . ဂုဏ်ယူလျက်ပါ


ကျွန်တော်တို့ ဘလော့ကာတွေထဲက ဘလော့ကာတစ်ဦး ဒီကနေ့ ကျင်းပတဲ့ ရွှေမန်းမယ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တယ်ဆိုလို့ ကျွန်တော်နဲ့ ဆြာဘ တို့ ရောက်ရှိလို့သွားခဲ့ကြပါတယ် . . .


ဝင်ရောက်ယှဉ်ပြိုင်ဖို့ကို တော်တော်ခဲယဉ်းပါတယ်ဗျာ . . .

ကျွန်တော်တို့ကို ၀င်ပြိုင်မလားမေးရင် စင်ပေါ်တက် လမ်းလျှောက်ရမှာနဲ့တင် ကြောက်လွန်းလို့ပါ . .


ဘလော့ကာတစ်ဦးဝင်ပြိုင်တယ်ဆိုတော့လည်း အားရပါးရ အားပေးရတာပေါ့ဆိုပြီး . .


ဓာတ်ပုံတွေ ရိုက်ခဲ့သော်လည်း ၀မ်းနည်းစရာကတော့ ကျွန်တော်ရဲ့ ညံ့ဖျင်းမှု၊ ကင်မရာရဲ့ အားနည်းမှုကြောင့်

ပုံကောင်း မရခဲ့ဘူးဗျာ . . .

ဒီတော့ ရတဲ့ထဲက အကောင်းဆုံးဖြစ်နေတဲ့ပုံ တချို့ပဲ တင်နိုင်တော့တယ်ဗျာ . . .


ဝင်ရောက်ယှဉ်ပြိုင်တာမကပဲ တတိယဆုကိုပါ ရရှိခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း . . .

ရွှေမန်းမယ်နှင့်အင်တာဗျူး


ဒီကနေ့ ကျင်းပတဲ့ ရွှေမန်းမယ်(၂၀၀၇)အဖြစ်ရရှိသွားသူ မနန်းသဉ္ဖာသိမ့် ကို စာနယ်ဇင်းတွေက အင်တာဗျူးတာသာမက ဘလော့ကာ တစ်ဦးကလည်း အင်တာဗျူးခဲ့တာကို တွေ့ခဲ့ရပါတယ် . . .


ကျွန်တော်လည်း ဘေးကပါတာပါပဲ . . .


မနန်းသဉ္ဖာသိမ့် က ဈေးချိုမယ်အဖြစ်လည်း ရရှိခဲ့ဖူးပါတယ် . . .


တကယ်လို့များ အခွင့်အရေးရရင် အနုပညာနယ်ပယ်မှာ သရုပ်ဆောင်တစ်ဦးဖြစ်ချင်လို့ သူ့ရဲ့ဆန္ဒကို မေးမြန်းသိရှိခဲ့ရပါတယ် . . .

၂၀၀၇ခုနှစ် ရွှေမန်းမောင် - ရွှေမန်းမယ် ပြိုင်ပွဲ ကျင်းပ


ဒီကနေ့ မွန်းလွဲ ၁နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ(၁)မှ
ရွှေမန်းမယ်-ရွှေမန်းမောင် ပြိုင်ပွဲ ကျင်းပသွားပါတယ်.
ရွှေမန်းမောင် အငယ်တန်း
ရွှေမန်းမောင် အကြီးတန်
ရွှေမန်းမယ်
ဆိုပြီး ပြိုင်ပွဲ သုံးခု လုပ်ခဲ့ပါတယ်။

ရွှေမန်းမယ် အဖြစ် မနန်းသဉ္ဖာသိမ့်
ဒုတိယ မအေးအေးမာ
တတိယ မရတနာချို
တို့ ရရှိခဲ့ပါတယ် . . .

Saturday, August 25, 2007

Blog Day အထိမ်းအမှတ်ပွဲ

ဒီကနေ့ မွန်းလွဲ တစ်နာရီက အမ်မိုင်စီတီမှာ ဘလော့ကာများနှင့် တွေ့ဆုံဖြစ်ပါတယ် . . .

ဘလော့ဒေး ကျင်းပဖို့ ဆွေးနွေးကြတဲ့အခါ . . . .
၃၁ရက်နေ့ မွန်းလွဲပိုင်း အမ်အိုင်စီတီ ခန်းမတွင် ကျင်းပပါမယ်။
အဲဒီနေ့မှာ အထိမ်းအမှတ် စီဒီဝေပါမယ် . .
ဆိုင်ဘာကဖေးများက အကူအညီယူလို့ လာတဲ့သူများကို ၂နာရီအင်တာနက်အသုံးပြုခွင့် ကတ်များဝေပါမယ်

ဥာဏ်စမ်းမေးပါမယ် . . .
လက်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။

အကူအညီများအနေနဲ့ကတော့
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း က ခန်းမအတွက် ကူညီပါတယ်.
အယ်လဖာကွန်ပျူတာက ဝေငှရန် စီဒီများပြုလုပ်ပေးခြင်း၊ ကုန်ကျစရိတ်ကျခံခြင်း
service+ က ကြော်ငြာခများကို ကုန်ကျခံစီစဉ်ပေးမယ်လို့ သိရပါတယ်။

အခုလောလောဆယ်ဆယ် အင်တာနက်ကဖေး ၂ခုဖြစ်တဲ့ အိုင်ဝေးနဲ့ ဟဲဗင်းနက်တို့က အင်တာနက်၂နာရီအသုံးပြုခွင့် ၂၀ကတ်စီ ရရှိထားပြီးပါပြီ။

Future sky အင်တာနက်ကဖေးကလည်း အကူအညီပေးမှာ ပါ။

အားလုံး အသေးစိတ်အစီအစဉ်တွေ လုပ်ရအောင်
တနင်္လာနေ့မှာ ပြန်ဆုံမယ်လို့ ချိန်းထားပါတယ်။

လောလောဆယ်ဆယ် ဘလောကာများက ကူညီဖို့ကတော့
ဘလောကာစာရင်းကို ACL စုစည်းနေပါတယ် . .
နီးစပ်ရာဘလောကာစာရင်းကို ACLထံကို ပို့ပေးဖို့ပါ။
နောက် ဘလော့မှာ အသုံးပြုတဲ့ အပိုထည့်သွင်းတဲ့ လင့်လေးများကို မေးလ်ပို့ပေးစေချင်ပါတယ်။
မနက်ဖြန် နောက်ဆုံးထားပို့ပေးစေချင်တာပါ။
ကျွန်တော်မေလ်းက uhteik@ဂျီမေးလ်ဒေါ့ကွန်းပါ။

နောက်ဘလော့များမှာ ဘလော့ဒေးအထိမ်းအမှတ် လိုဂိုလေးကို ထည့်သွင်းပေးကြပါဦးဗျာ . . .

ဘလော့ဒေးနဲ့ပတ်သက်လို့ အမှတ်တရ ပို့စ်များလဲ တင်ပေးကြပါဦးဗျ. . .

ဘလော့ဒေးအထိမ်းအမှတ်အခမ်းအနားတစ်ခု ဖြစ်မြောက်ဖို့ကို ဘလော့ကာများက ဆောင်ရွက်နေတာပါ . ..
အနီးစပ်ဆုံးဖြစ်တဲ့ မန်းက ဘလော့ကာများက အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြပါဦးဗျာ . ..

Thursday, August 23, 2007

ဘလော့ဒေးအတွက် ဘလော့ကာတွေ ဆုံရအောင်

ဘလော့ကျင်းပဖို့ နီးကပ်လို့လာပါပြီဗျာ . .

ဒီတော့ ဘလော့ကာတွေ ဆုံရအောင်ဗျာ

အနီးကပ် အစီအစဉ်များအားလုံး လုပ်ကြရအောင်ဗျာ . .

ဒီကနေ့ ၂၃ရက်ဆိုတော့ ၂၅ရက်နေ့ မွန်းလွဲပိုင်းလောက် ဆုံရအောင်လားဗျ
၁နာရီကနေ ၃နာရီလောက်အတွင်းပေါ့ . . .

အဆင်ပြေမလားဗျာ . .
အချိန်ညှိရအောင်ဗျာ . . .

နေရာကတော့ အမ်အိုင်စီတီမှာပဲပေါ့ ဟိုနေ့ကလိုပေါ့ဗျာ . .

အားလုံးသော ဘလော့ကာများ၊ ဘလော့ဖတ်သူများ၊ အင်တာနက် သုံးသူများ၊ စိတ်ပါဝင်စားသူများအားလုံး ကိုယ့်စရိတ်ကိုယ်စားပြီး လာတက်ရောက် ဆွေးနွေးပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ . .

တောင်ပြုန်း တောင်ပြုန်း ပွဲတော် တောင်ပြုန်း













ဒီကနေ့ သွားခဲ့တဲ့ တောင်ပြုန်းပွဲက ပုံရိပ်များပါ . . .


တင်ေးသွားပါမယ် . . မျှော် . .

အညာမုန့်များနဲ့ တောင်ပြုန်းပွဲတော်

ဒီကနေ့ တောင်ပြုန်းပွဲကို ရောက်တော့ ကျွန်တော်သိတဲ့ အညာမုန့်တွေ တွေ့ခဲ့ရပါတယ် . .

ကရေကရာ
အနုဆုပ်
အညာသားကျောကုန်း
စတဲ့ မုန့်တွေကို တွေ့ခဲ့ရပါတယ် . ..
မုန့်ရောင်းတဲ့ ဆိုင်တွေက သေသပ်လာသလို ဆိုင်တွေကလဲ ကြီးလာပါတယ် . . .

တောင်ပြုန်းပွဲမှာ ပေါပေါတွေ့ရတတ်တဲ့ ရှောက်ပန်းသီးများကတော့ သိပ်မတွေ့ရပါဘူး . . .

အခြားမုန့်တွေလဲ တွေ့ခဲ့ပါသေးတယ် . . .

စားချင်အောင် ပုံပြပေးဦးမယ်ဗျာ

တောင်ပြုန်းပွဲရဲ့ နတ်တို့ရဲ့ ညီလာခံသဘင်နေ့

ဒီကနေ့ဟာ တောင်ပြုန်းပွဲမှာ နတ်တို့ ညီလာခံတဲ့နေ့ပါတဲ့ . .
ဒါကြောင့် ဒီကနေ့ ညနေ ၃နာရီကျော်မှ တီးဝိုင်းတီးလို့ ကရမတဲ့ . .
တောင်ပြုန်းနယ်တခွင်မှာ ဒိုးသံတွေ တိတ်လို့နေပါတယ်ဗျာ . .

တောင်ပြုန်းပွဲရဲ့ အစည်းကားဆုံးလို့ ပြောနိုင်တဲ့ ချိုးရေတော်သုံးတဲ့ နေ့ကတော့ မနက်ဖြန်ပါခင်ဗျာ . . .
မနက်ဖြန် ၉နာရီလောက်က စလို့ နေရာယူမှ အဆင်ပြေမယ်ဆိုပါပဲဗျာ

ဒီနှစ်တောင်ပြုန်းပွဲက မင်းလေး ရဲ့ ပွဲဆိုပဲဗျ . . .

တောင်ပြုန်းပွဲကို သွားကြဖို့

တောင်ပြုန်းပွဲကို သွားမယ်ဆိုရင် ကားလမ်းနဲ့ ရထားလမ်းနဲ့ နှစ်မျိုးသွားလို့ရပါတယ် . . .

ရထားနဲ့ဆိုပေမယ့် သရဲဈေးဘူတာနဲ့ တောင်ပြုန်းဘူတာကို ပြေးဆွဲပေးတာပါ . .
မန္တလေး ကနေ ကားစီးပြီးမှ ရထားတစ်ဆင့်ပြောင်းရပါတယ် . .
တောင်ပြုန်းအထူးရထားအဖြစ် ပြေးဆွဲပေးပါတယ် . ..

ကားနဲ့ဆိုရင်တော့ လိုင်းကားများကို ၈၂လမ်းဘက်မှာ သွားရောက်စီးနိုင်ပါတယ် . .
လမ်းတစ်လျှောက် တောင်ပြုန်းလို့ အော်သံတွေ . .
ကားနားရောက်ရင် ဆွဲခေါ်ခံရတာတွေကြောင့် တောင်ပြန်းကားမှန်း မသိမရှိပါ . . .

တစ်ချို့ကလည်း ဘုရားဖူးကားများနဲ့ တောင်ပြန်းကို လာရောက်ကြတာ တွေ့ခဲ့ရပါတယ်ဗျာ

ငယ်ငယ်တုံးက တောင်ပြုန်းပွဲ

ကျွန်တော်ငယ်ငယ်က ရောက်ခဲ့တဲ့ တောင်ပြုန်းပွဲတော်ကတော့ . . .

ကုန်ဈေးနှုန်းကို ကျစေချင်သူ

ဒီကနေ့ အတွေးပါ . . .

ကျွန်တော်ကို မေးလာတဲ့ မေးခွန်းတစ်ခုကြောင့်ပါ . . .

ကျွန်တော်လဲ ပြန်မေးချင်ပါတယ် . . .

ဘာကြောင့် ဖြစ်ဖြစ် ကုန်ဈေးနှုန်းတော့ မတက်စေချင် . . .
ဘယ်သူ့ကြောင့် ကုန်ဈေးနှုန်းတက်သလဲ . .

အရင်က ၁၀၀၀ တန်
ဆီဈေးတက်တော့
၁၁၀၀ ဖြစ်
လမ်းလျှောက်ကြတော့ ၁၂၀၀ ဖြစ်၏

ဘာကြောင့် ကုန်ဈေးနှုန်းတက်သလဲ
ကုန်သည်များကြောင့် တက်သည်။

ကုန်သည်လုပ်ငန်းရှင်များ အကျိုးအမြတ်မကြည့်ဘဲ
ပြည်သူ့ မျက်နှာ ကြည့်စေလိုပါသည်။

ကုန်သည်လုပ်ငန်းရှင်များခင်ဗျာ . . .
ပြည်သူများ အတွက် စဉ်းစားပေးကြပါဗျာ . . .

Wednesday, August 22, 2007

ဘလော့စပေါ့ သက်ကျော်ရာကျော်ရှည်စေသော်

ကျွန်တော်တို့ ရေးသားနေတဲ့ ဘလော့များက ဘလော့စပေါ့(.blogspot.com)ပေါ်မှာ အခြေတည်ကြတာပါ . . .

ဘလော့ဆိုတာ ကိုယ်ပိုင်ဆိုပေမယ့် ကိုယ်ပိုင် ဒိုမိန်းတော့ မဟုတ်ပါဘူး . . .

ဘယ်နိုင်ငံ ၊ ဘယ်နေရာ၊ ဘယ်ဒေသမှာနေနေ . .
အဲဒီမှာ နေထိုင်သူဟာ အဲဒီနေရာက လက်ရှိထုတ်ထားတဲ့စည်းကမ်း၊ ဥပဒေများကို စောင့်ထိန်းဖို့ လိုပါမယ် . . .

ဥပမာ ကျောင်းတစ်ကျောင်းမှာနေတယ်ဆိုရင်
ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးရဲ့ စကားကို နားထောင်ရပါမယ် . . .
ကျောင်းမှာ ဆံပင်အရှည်မထားရဆို မထားရပါဘူး . . .
ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ
ညှပ်ခဲ့ရမှာပါပဲ . .

မကျေနပ်ရင် တစ်ခြားကျောင်းပြောင်းနေပေါ့ဗျာ . . .

အတန်းပိုင်ဆရာမ က ခိုင်းရင်ရော . . အင်း လုပ်တော့ လုပ်ရမှာပါပဲ

မကျေနပ်တာ ကျေနပ်တာနောက် အရင်တော့ လုပ်ရမှာပဲလေ

ဒီလိုပါပဲ

ဘာကိုလုပ်လုပ်ပေါ့ ဖြစ်ပေါ်လာမယ့် အခြေအနေကို တွက်ကြည့်ဖို့လိုမယ်ထင်ပါတယ် . . .



အခု မြန်မာနိုင်ငံမှာ အခြေအနေတွေ ထူးခြားနေပါတယ် . . .

အခြေအနေတစ်ခု ကြောင့်ဆိုတာ ထက်
ဘာကြောင့် ဒီလိုလုပ်ကြတယ် . . .
ဒီလိုလုပ်လို့ ဘာရမယ် . . .
ဒီလိုလုပ်လို့ ဘာတွေဖြစ်မယ်ဆိုတာ တွေးသင့်တယ်ထင်ပါတယ် . .

လိုချင်တာက ဘာလဲ . . .

တောင်းဆိုနေတာက ဘာလဲ . . .

ဖြစ်ချင်တာက ဘာလဲ . . .

နောက် ဖြစ်နေတာက ဘာလဲ . . .

ဘာတွေဖြစ်နေပြီလဲ . . .

အင်း စဉ်းစားစရာတွေပါ . . .

စဉ်းစားစရာတွေ အများကြီးရှိနေတော့ စဉ်းစားရင်းအတွေးတွေ များနေရတာပေါ့ဗျာ . . .




အခုလောလောဆယ်ဆယ် စဉ်းစားတာက

ရှင်းရှင်းလေးပါ . . .
တွေ့နေရတာတွေကိုပါ . ..

ဓာတ်ဆီ၊ ဒီဇယ် ဈေးတက်လို့ဆိုပဲ . . .

ရည်ရွယ်ချက်က ဘာလဲ . . .ဈေးတက်လို့လား . . .

ဘာကြောင့်ဈေးတက်တာလဲ . . .လို့ရော မစဉ်းစားမိဘူးလား . . .


ကုန်ဈေးနှုန်းနဲ့ ပတ်သက်ရင်တော့ ဒီလိုစဉ်းစားမိပြန်ရော . .
ဓာတ်ဆီဈေးနှုန်းတက်လို့ ကုန်ဈေးနှုန်းတက်၏ ၁၀ရာခိုင်နှုန်းခန့်

ဓာတ်ဆီဈေးနှုန်းကျရန် လမ်းလျှောက်ကြ၏ ကုန်ဈေးနှုန်း ၂၀ရာခိုင်နှုန်းအထက် ခုန်တက်၏

ကုန်ဈေးနှုန်း လက်တွေ့ကျရန်မှာ . .

ကျွန်တော်ဥာဏ်မမီပါ . . . တွေ့တဲ့ အကြောင်းကို မြင်သမျှ ရေးပြတာပါ .



နောက် အခု လမ်းလျှောက်ကြသူများကရော ဘာကြောင့်လျှောက်တာလဲ . . .

အင်း ဒီလိုမေးတော့ ကျွန်တော့ကို တစ်မျိုးထင်ကြလိမ့်မယ် . . .
သေချာအောင် မေးကြည့်တာပါ . . .

ရောထွေးနေကြသလားလို့ပါ . . .

တွေ့ရ ဖတ်ရတဲ့နေရာမှာ ရှင်းရှင်းလင်းလင်းမရှိလို့ပါ . . .

ဘာကြောင့် လျှောက်ကြတာလဲ . . . .


မနက်တိုင်း လမ်းလျှောက်ကြတယ် . .
တချို့က ကျန်းမာရေး ကောင်းအောင်
တချို့က ဗိုက်ပူတာ ပျောက်အောင်
တချို့က လမ်းမလျှောက်မဖြစ်လို့ လျှောက်ရတာ . .

အမျိုးမျိုးပေါ့ . .

အဲဒီထဲမှာ ကျွန်တော်က လမ်းလျှောက်သူ စစ်စစ်ဗျ

စက်ဘီး၊ ဆိုင်ကယ်၊ ကား မမောင်းနှင် မစီးတတ်ပါ . .
ဒီတော့ ကျွန်တော့ ကိုယ်ပိုင်က လမ်းလျှောက်ခြင်းပါပဲ . . .


ဒီတော့ ကားမစီးနိုင်လို့ လမ်းလျှောက်ကြတာလား . . .

ကားမစီးနိုင်သူတွေ လမ်းလျှောက်တာလား

ဘာကြောင့်လမ်းလျှောက်ကြတာလဲ သေချာ စဉ်းစားကြည့်ရင် ကောင်းမယ်ထင်ပါတယ် . ..

ဘာကြောင့် လျှောက်လျှောက် ပေါ့လေ . . .


လျှောက်ကြသူများရော . . .
လျှောက်မည့်သူများရော . . .
မလျှောက်သူများရော . . .

ကိုယ်တိုင် ဘာကြောင့် လျှောက်တယ်ဆိုတာ သိမှ လျှောက်စေလိုပါတယ် . . .

ကျွန်တော်ကတော့ အခုလည်း လမ်းလျှောက်လျက်ပါ . .
နောက် လဲ လျှောက်နေဦးမှာပါပဲ . ..

ကျွန်တော်လျှောက်တာက မလျှောက်လို့ မရလို့ လျှောက်တာပါ . . .(ဘာမှ မစီးတတ်တာကိုး)

အဲ သူငယ်ချင်းတွေ လာခေါ်ရင်တော့ မလျှောက်ဘူးပေါ့ဗျာ . . ..


ဘာဖြစ်ဖြစ်လေ . .. ဒီ ဘလော့စပေါ့လေးတော့ သက်စိုးရှည်ချင်ပါကြောင်း . . . .

သတ္တ၀ါများ ကျန်းမာချမ်းသာကြပါစေဗျာ . . .

ဘလော့ဒေးအထိမ်းအမှတ် CD ထဲမှာ ထည့်ရမည့် အကြောင်းအရာ

ဘလော့ဒေးအထိမ်းအမှတ်မှာ ဝေမယ့် စီဒီထဲမှာ ဒါတွေ ထည့်ရအောင် . . .

၁။ ကိုရဲ လုပ်ပြီး ပြီဆိုသော alphazawgyi Blog version (without password )
၂။ ဘလော့လုပ်နည်းများ
၃။ ဘလော့များတွင် အသုံးပြုနိုင်သော အထောက်အကူပြုများ(cbox, clock, date စတဲ့ လိပ်စာများနှင့် လိုအပ်သည်များ)
၎။ မြန်မာဘလော့ ဖြစ်ရန် ပြင်ဆင်ထားပြီးသော blog template နှင့် အထူးပြုလုပ်ပေးထားသော myanmar blog template များ
၅။ ဘလော့လိပ်စာများ (မြန်မာဘလော့၊ မန်းဘလော့)နှင့် နမူနာ ဘလော့ပုံစံ
၆။ ဘလော့ ပြုလုပ်နိုင်သော လိပ်စာများ(www.blog.com, www.blogger.com စသဖြင့်)
၇။ မန္တလေးမှ အင်တာနက် ကဖေး လိပ်စာများ

စတဲ့ ထည့်သင့်ထည့်ထိုက်တာများ ပါဝင်ချင်ပါတယ် . . .
အစအစ အရာရာ ပြင်ဆင်ရမှာဖြစ်လို့ ထည့်ချင်တာများကို ကြိုတင်အကြံပြု တင်ပြပေးစေချင်ပါတယ်ခင်ဗျာ။
ဆောင်ရွက်ရမည့် ကိုရဲမြတ်သူတို့ကလည်း ကြိုတင်ဆောင်ရွက်ပေးမှ အဆင်ပြေမှာမို့ပါ . . .

အားလုံး ၀ိုင်းကြ ၀န်းကြပါဦးဗျာ . . .

Tuesday, August 21, 2007

blog day အတွက် ပြင်ဆင်ကြရအောင်

blog day ကျင်းပဖို့ ပြင်ဆင်ကြရအောင်ဗျာ
စီဒီမှ ထည့်သွင်းမယ့် အချက်အလက်များကို စုစည်းကြဖို့ ကြိုးစားရအောင်ဗျာ . .

အားလုံးသော ဘလော့ကာတွေ စုစုစည်းစည်း အောင်မြင်ဖို့ လုပ်ကြရအောင်ဗျာ . . .

အိုးပုတ်ခိုးပွဲတော် သို့ အိုးပုတ်ပွဲတော်

ဒီကနေ့ ညနေပိုင်းမှာ အိုးပုတ်ပွဲတော်ပေါ့ . . အရင်ကတော့ အိုးပုတ်ခိုးပွဲတော် ရှိပါတယ် . .
ကျင်းပတဲ့ နေရာကတော့ အိုးဘိုမှာပါ . .
အိုးပုတ်များရောင်းချတာဖြစ်ပြီးတော့ ညနေ ၃နာရီလောက်ဆို စတင်မှာ ဖြစ်ပါတယ် . .

အဲဒီမှာ အိုးပုတ်တစ်ယောက်က၀ယ်ရင် တစ်ယောက်က ကျီစယ်တဲ့သဘောနဲ့ ခိုးပါသတဲ့ . .

တွေ့ဖူးချင်သော်လည်း ရောက်ဖူးချင်သော်လည်း သွားဖို့ အစဉ်မပြေလို့ သွားနိုင်မယ့်သူရှိရင်
သွားကြည့်ကြဖို့ပါ သတင်းပေးလိုက်ပါတယ်ဗျာ

တောင်ပြုန်းပွဲကို သွားမယ်ဆို

ဒီကနေ့ တောင်ပြုန်းပွဲ စတင်ပြီဖြစ်ပါတယ် . ..
တောင်ပြုန်းပွဲကို ဥပုသ်တစ်ပတ် ၈ရက် ကျင်းပမှာဖြစ်ပါတယ် . .
ဝါခေါင်လဆန်း၈ရက်ကနေ လပြည့်နေ့အထိ ကျင်းပမှာဖြစ်ပါတယ် . .
အစည်ကားဆုံးနေ့တွေကတော့ ၀ါခေါင်လဆန်း ၁၁ရက် ချိုးရေတော်သုံးတဲ့နေ့၊
ဝါခေါင်လဆန်း ၁၄ရက် ယုန်ထိုးတဲ့နေ့
ဝါခေါင်လပြည့်နေ့ ထိန်ခုတ်တဲ့နေ့ တွေဖြစ်ပါတယ် . . .

သွားမယ်ဆိုရင် သတိထားပြီး တိုက်ဆိုင်အောင် သွားနိုင်အောင်ပါ . ..


Sunday, August 19, 2007

ဘလော့ဒေးကို ဘလော့ကာများကြိုရအောင်

ဘလော့ဒေးကို ကြိုဆိုတဲ့အနေနဲ့ ဘလော့ကာများအနေနဲ့ ကိုယ့်ဘလော့မှာ
တစ်ဖက်မှာ ကျွန်တော်ထည့်ထားသလို့ ဘဘော့ဒေးလိုဂိုလေးကို ထည့်သွင်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ . . .

အခု တံဆိပ်လေးက မပြီးသေးလို့ပါ . .
လိုဂိုလေးကို ဆြာဘက ဆွဲပေးပါလိမ့်မယ်ဗျာ . .
အဲဒီလိုဂိုလေးကို ကိုယ့်ဘလော့တိုင်းမှာ ထည့်သွင်းပေးဖို့ ဖြစ်ပါတယ်ခင်ဗျာ . . .

အခု ကျွန်တော်က နမူနာထည့်ပြထားတာပါခင်ဗျာ . . .
ဆြာဘဆီက ပုံလေး တက်လာရင်သာ အားလုံး ထည့်ပေးကြပါဦးဗျာ . . .

Saturday, August 18, 2007

ကျွန်တော်နဲ့ဘလော့ဒေး

ဒီကနေ့ မန္တလေး မှာ ဘလော့ဒေး(၃၁-၈-၂၀၀၇) ကျင်းပနိုင်ဖို့ တွေ့ဆုံမှုလေးများလုပ်ခဲ့ကြပါတယ် .

ဘလော့ဒေးကျင်းပနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ကြတာပါ . . .

၁၂-၈-၂၀၀၇ မှာ တစ်ကြိမ် လုပ်ခဲ့ပါသေးတယ် . . .
အဲဒီနေ့လည်း ၅နာရီကျော်မှာ ရောက်သွားခဲ့ပြီး အစီအစဉ်လေးတွေ လုပ်ရာမှာ ပါဝင်ခဲ့ပါတယ် . . .
ကနေ့အထိ ကျွန်တော်သိသော ဘလော့ကျင်းပမည့်အကြောင်းများကို
ကျွန်တော် နဲ့ ဘလော့ဒေး ဆိုပြီး ဒီပို့စ်လေး တင်ရင်း အားလုံးသိအောင် ပြောပြချင်ပါတယ် . . .

အခုပြောမှာ အားလုံးက ကျွန်တော့သဘောနဲ့ကျွန်တော်ပြောတာနော် . . .
မြင်သမျှ ကြားသမျှ လုပ်ခဲ့သမျှပေါ့ . . အားလုံးသိပြီး ပါဝင်ဆောင်ရွက်ပေးကြရအောင်ပါဗျာ . . .
တိတိကျကျကိုတော့ မှာ http://mdyblogshow.blogspot.com/ ထုတ်ပြန်ထားပါလိမ့်မယ်ဗျာ . . .

၁၂ရက်နေ့က ညနေပိုင်း ၄နာရီလောက်မှာပဲ အလုပ်တစ်ခုပေါ်လာလို့ လိုက်လုပ်ပေးရင်း ၅နာရီကျော်မှ အမ်အိုင်စီတီပေါ်ရောက်ခဲ့ပါတယ် . . .
အဲဒီမှာ အားလုံးဆုံကြ ဆွေးနွေးကြတာပေါ့ . . .
ပထမဆုံးကတော့ ဘလော့ဒေးမှာ တစ်ခုခုကျင်းပဖို့ပေါ့
အထိမ်းအမှတ်အခမ်းအနားလေးတစ်ခုပေါ့ . . .
ဒါနဲ့နောက်ဆုံးမှာ အခမ်းအနားတစ်ခု ကျင်းပမယ်
ကူညီပံ့ပိုးသူတွေရှာကြမယ် . .လုပ်ငန်းတွေ အတွက် ဘလော့ကာတွေအားလုံး ခွဲဝေလို့ ဆောင်ရွက်ကြမယ်ပေါ့ဗျာ . .
Future sky အင်တာနက်ကဖေးက ပထမ အမှတ်တရဝေငှမည့် စာအုပ်ကို တာဝန်ယူမယ်လို့ မရတနာချိုထံက သိရပါတယ်. . .


ပထမဆုံး ၁၇ရက်နေ့က အယ်လဖာကွန်ပျူတာကို ဆြာဘ၊ မရတနာချိုတို့နဲ့ အတူ ရောက်ခဲ့ပါတယ် . ..
(ခဏနေတော့ ကိုဇော်မိုးအောင်လည်း ရောက်ရှိလာပြီး ဆွေးနွေးနေရာက စာသင်စရာတချို့ကြောင့် စာသွားသင်လိုက်လို့ နောက်ပိုင်း ဆုံးဖြတ်တာကို မသိလိုက်ဘူးဗျ)
ကိုရဲမြတ်သူနဲ့ စကားပြောကြအပြီးမှာ ဘလော့ဒေးအမှတ်တရ အဖြစ် စီဒီတစ်ချပ်၊ စီဒီစတစ်ကာအပါအ၀င် ဒီဗီဒီဗူး၊ အဖုံးစာရွက် အပြီးအစီး စီဒီအချပ်ရေ ၃၀၀ ဆောင်ရွက်ပေးမယ်လို့ ကိုရဲက ပြောကြားခဲ့ပါတယ်။
ဘလော့ဒေးမှာ မန္တလေးမှာ နေချင်သော်လည်း ရန်ကုန်ကို လကုန်ရက်မှာလည်း သွားစရာရှိတာကြောင်း ရန်ကုန်ဘဘော့ဒေးအခမ်းအနားမှာ တက်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
ဇော်ဂျီဖောင့် ထည့်သွင်းမည့်ရာမှာ ဘလော့ဒေးကို ဂုဏ်ပြုပြီး အသစ်များပါဝင်မယ်လို့လည်း သိရပါတယ်. .

စီဒီကာဗာ ဒီဇိုင်းများကို ကိုဇော်မိုးအောင်ကို အကူအညီတောင်းဖို့ ကိုရဲရော ကျွန်တော်တို့ကပါ သဘောတူညီခဲ့ကြပါတယ် . . (ကိုဇော်မိုးအောင်ခင်ဗျာ . . ကူညီပေးပါဦးဗျာ)

ဒါကြောင့် စာအုပ်အစား စီဒီအဖြစ် ပြောင်းလဲ ဝေငှမှာဖြစ်ပါတယ် . ..
ဒီတော့ future sky အင်တာနက်ကဖေးမှ အခြားတစ်ခုခုကို ပြောင်းလဲ တာဝန်ယူပေးဖို့ မေတ္တာရပ်ခံရပါတော့တယ်။

၁၈ရက်နေ့မှာတော့ အမ်အိုင်စီတီမှာ ဆုံဖြစ်ပါတယ် . .
အဓိက ဆွေးနွေးဖြစ်တာကတော့ MCPA မှ ခန်းမ ငှားရမ်းပေးခြင်းကို အတည်ပြုရန်ဖြစ်ပါတယ် . . ဒါကို မရတနာချိုက ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ် . . .
နောက် အခမ်းအနားအစီအစဉ်အကြမ်းကို ချဖြစ်ပါတယ် . ..
ကျွန်တော်အနေနဲ့ မရတနာချိုကို တစ်ခုပြောဖြစ်ပါတယ် . . . ဒါကတော့ blog day ဖြစ်အောင် service+က မနှစ်က ဦးဆောင်ပြီး မြန်မာပြည်မှာ မိတ်ဆက်ပေးခဲ့တယ်ဆို မမှားပါဘူး။ ဒါကြောင့် ဒီနှစ်မှာ ဘလော့ဒေး မန်းမှာ တကယ်ကျင်းပမည်ဆိုတော့ service+ အနေနဲ့ အဓိက ကူညီပံ့ပိုးသူအဖြစ် ပါဝင်လာမယ်ဆို ကောင်းပါတယ်လို့ ပြောမိပါတယ် . . . ဒါကြောင့် အဓိကကျတဲ့ တစ်ခုခု ၀င်ရောက်ကူညီပံ့ပိုးပေးပါဦးလို့ တောင်းဆိုလိုက်မိပါတယ် . . .

ဒီကနေ့မှာပဲ အကြံတစ်ခုကတော့ ဘလော့ဒေးမှာ လာရောက်သူများကို အင်တာနက်ကဖေးများမှ အခမဲ့ သုံးစွဲခွင့်ကတ်များ ထုတ်ပေးဖို့ မန်းဘလော့ကာများက စည်းရုံးဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ် . . .
တစ်ဦးလျှင် ၂နာရီ သုံး ကတ်များကို တက်ရောက်လာသူတိုင်းကို ဝေငှချင်ပါတယ် . ..
ဒါကြောင့် အင်တာနက်ကဖေးများ၊ ဘလော့ကာများက ၀ိုင်းဝန်းကူညီပေးကြဖို့ ရှိတယ်လို့ ပြောပြချင်ပါတယ် . .
ဒီကနေ့ ညနေ အင်တာနက်သုံးဖို့ i way အင်တာနက်ကဖေးကို ရောက်တဲ့အခါမှာ ကျွန်တော် ဘလော့ဒေး အကြောင်း ပြောပြပြီး အင်တာနက်အသုံးပြုခွင့်ကတ်များ စီစဉ်ပေးဖို့ ကူညီဖို့ မေတ္တာရပ်ခံပါတယ် . .
အိုင်ဝေးမှ ညီအစ်ကိုများကလည်း ၀မ်းပန်းတသာ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်တော်က ၂နာရီကတ် ၁၀ကတ်တောင်းတာကို ကတ်၂၀ တာဝန်ယူခဲ့ပါတယ် . ..
ဒါကြောင့် ဘလော့ဒေးမှာ ၂နာရီအင်တာနက်သုံးခွင့် ကတ်၂၀ ရရှိပြီးဖြစ်ပါတယ် . . .

အဆိုပါ အင်တာနက်သုံးခွင့်ကတ်များကို ကူညီသူတစ်ဦးဖြစ်တဲ့ Compu-care ကွန်ပျူတာသင်တန်းကနေပြီးတော့ ကတ်ရိုက်ခြင်းကို အကူအညီတောင်းထားပါတယ် . ..
ကတ်တစ်ဖက်မျက်နှာမှာ ဘလော့ဒေး အထိမ်းအမှတ်လိုဂိုနှင့် အင်တာနက်ကဖေး လိပ်စာပါဝင်မည်ဖြစ်ပြီး . . တစ်ဖက်မျက်နှာမှာတော့ သင်တန်းကြော်ငြာ ထည့်ခွင့်ပြုမှာပါ . . . တက်ရောက်သူအားလုံးကို ဝေဖို့ အဆင်ပြေအောင် ဒီဇိုင်းဆွဲ၊ ကတ်ထုတ်ခြင်း အားလုံးကို Compu-care ကွန်ပျူတာက တာဝန်ယူပါလိမ့်မယ်

ဒီလိုပဲ ကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ မေးခွန်းများကို ဖြေဆိုပြီး လက်ဆောင်ပေးဖို့ အစီအစဉ်ရှိပါတယ် . . .
လက်ဆောင်ပေးမည့်ပစ္စည်းများကို အမ်အိုင်စီတီပေါ်မှ ကွန်ပျူတာအရောင်းဆိုင်များ၊ သင်တန်းများကို လိုက်လံပြီး အကူအညီတောင်းရန် အကြမ်းဖျင်းစီစဉ်နေကြပါတယ် . . .
ဒီလိုပဲ မန်းက ကွန်ပျူတာအရောင်းဆိုင်မှာမှ ပစ္စည်း တစ်မျိုး၊ နှစ်မျိုး တန်ဖိုးနည်းများမဆို ပါဝင် ကူညီကြမယ်ဆိုရင် ပျော်ရွှင်ဖွယ် မေးခွန်းဖြေဆိုခြင်းအတွက် အလွန်အဆင်ပြေသွားမှာဖြစ်ပါတယ် . . .
ပါဝင်ကူညီကြမယ်လို့လည်း ယုံကြည်လျက်ပါ . . .
ဆရာဦးလှကောင်းမှလည်း စာအုပ်အချို့ ပေးမယ်လို့ သိရပါတယ်ခင်ဗျာ . .


ကျွန်တော်တို့ ဘလော့ဒေးကျင်းပရာမှာ အခြားကုန်ကျစရိတ်များလည်း ရှိနိုင်ပါတယ် . .
ဒါကြောင့် အကယ်လို့ အခမ်းအနားအတွင်းမှာ ကြော်ငြာ လာရောက်ကြော်ငြာမယ်ဆိုလျှင် ထိုက်သင့်တဲ့ ကုန်ကျစရိတ်ကို ကျခံမယ်ဆို ကြော်ငြာခွင့်ပြုကြမယ်လို့ စဉ်းစားထားကြပါတယ် . . .( ၂ပေ၊ ၅ပေ ကြော်ငြာဘုတ်များ (ဗီနိုင်း စတန်း)ထောင်ခြင်းကို ဆိုလိုပါတယ်ခင်ဗျာ)

ဘလော့ဒေးအတွက်ကို အားလုံး အပြန်မှာ NTG ကွန်ပျူတာကို သွားရောက်ပြီး အကူအညီတောင်းကြပါတယ် . . .
ဘလော့ဒေးကျင်းပမည့်အကြောင်းနှင့် အကူအညီပံ့ပိုးပေးရန် ဖြစ်ပါတယ်. . . ဆရာမက မေးခွန်းတစ်ချို့နဲ့အတူ လိုအပ်တာများကို မေးပြီး အဆင်ပြေသည့်အရာကို တာဝန်ယူကူညီဖို့ တနင်္လာနေ့မှာ အကြောင်းပြန်ကြားမယ်လို့ ပြောခဲ့ပါတယ် . . .

ကျွန်တော်တို့က ဘလော့ဒေး အမှတ်တရ စီဒီနဲ့အတူ အခြား အမှတ်တရ လက်ဆောင်များအဖြစ် ဥပမာ ဘောပန်လိုမျိုး တစ်ခုခု ပေးချင်နေပါတယ် . . . နောက် အကျွေးအမွေးကိုလည်း ကောင်းကောင်း ဖြစ်စေချင်ကြပါတယ် . . . အခြား လိုအပ်မည့်အရာများကို ပါဝင်ဖြည့်ဆည်းပေးကြဖို့ ဘလော့ကာများနှင့် ပံ့ပိုးကူညီနိုင်သူအားလုံးကို ဖိတ်ခေါ်ချင်ပါတယ်ဗျာ . . .

ဘာတွေလိုအပ်သေးလဲဆိုတာကတော့ အားလုံး ဘလော့ကာများနဲ့ ဆိုင်ပါတယ် . .
အခမ်းအနားကို အားလုံးစုံစုံညီညီပျော်ပျော်ပါးပါး တက်ကြဖို့လိုသလို . .
အခမ်းအနားကျင်းပရေးအတွက်လည်း လာရောက်ဝိုင်းကြ ၀န်းကြပါဦးဗျာ
တစ်ဦးတိုးလေး အကြံကောင်းတိုးလေးပါပဲဗျာ . . .
အခုကျတော့ မန်းဘလော့ကာအားလုံးမစုံသေးတော့ လုပ်နေရတာ အားငယ်သလိုပဲဗျာ . . .


သြော် မေ့တော့မလို့ဗျ
ကျွန်တော်တို့ ပထမ စကားထိုင်ပြောကြတုံးမှာ ကျွန်တော်က ပျော်စရာအစီအစဉ်တစ်ခုခု ပါရင်ကောင်းမယ်လို့ ပြောရင်း အငြိမ့်ကရင် ကောင်းမလားပေါ့ဗျာ . . . ပြောပါတယ် . .
ကိုဇော်မျိုးအောင်ကလည်း ထောက်ခံပါတယ် . . .
မင်းသမီးအဖြစ် မမြလွှာရုံက ကဖို့ပြောတော့
မမြလွှာရုံက တကယ်လို့များ သူ့ကို အငြိမ့်ကပြပါလို့ ကွန့်မန့် ၁၀၀ တက်မယ်ဆိုရင် ကပြပါမယ်တဲ့ခင်ဗျာ . . .
ဒါကတော့ ထူးခြားတဲ့ သီးခြားအစီအစဉ်ပေါ့ခင်ဗျာ . . .
မန်းဘလော့ကာများရဲ့ ဆန္ဒအပေါ်မှာ မူတည်လို့နေမှာပါပဲဗျာ . . .

ကမ္ဘာ့ဓာတ်ပုံပညာနေ့ အထိမ်းအမှတ်ဘလော့

ဒီကနေ့ (ဒီပို့စ်တက်ပြီးတဲ့အချိန်ဆို ရောက်နေပါပြီလေ)
၁၉-၈-၂၀၀၇ ရက်က ကမ္ဘာ့ဓာတ်ပုံပညာနေ့ပါ . . .

မန္တလေးမှာ အထိမ်းအမှတ်အဖြစ် ဆောင်းပါး . .
မိတ်ဆုံညစာစားပွဲ . .
ပြုလုပ်ရေးသားကြပါတယ် .. .

အင်တာနက်မှာလဲ အမှတ်တရ ဓာတ်ပုံပြပွဲလေးပေါ့ဗျာ . . ပြုလုပ်ထားကြပါတယ် . . .
သွားရောက်ကြည့်ရှုအားပေးပြီး ပါဝင်ဆင်နွှဲကြပါဦးလားဗျာ . .
http://wpd-mm.blogspot.com/

Friday, August 17, 2007

ကမ္ဘာ့ဓာတ်ပုံပညာနေ့ အထိမ်းအမှတ် မိတ်ဆုံ စားပွဲ

ဒီကနေ့ နံနက် ရုံးက ရုံးခန်းထဲမှာ ဖိတ်ကြားစာ ၂စောင်ရောက်နေတာကို တွေ့ရပါတယ် . . .
ကျွန်တော့်ဖိတ်တာမဟုတ်ပါဘူးဗျာ . . .

ဖိတ်ကြားစာကတော့
မန္တလေးဓာတ်ပုံအသင်းက ကမ္ဘာ့ဓာတ်ပုံပညာနေ့ အထိမ်းအမှတ်အဖြစ် မိတ်ဆုံစားပွဲကျင်းပမယ်မှာဖြစ်ပါတယ်. .
ကျင်းပမည့်နေ့ကတော့ သြဂုတ် ၁၉ရက် တနင်္ဂနွေနေ့
အချိန်က ညနေ
နေရာက အိုရီယံတယ်ဟောက်စ်

မိတ်ဆုံပွဲ တက်ရောက်ဖို့ကို တက်ရောက်ခွင့်လက်မှတ်က ၀ယ်ရတယ်ထင်ပါတယ် . . .

တက်ရောက်မည့် ဓာတ်ပုံချစ်သူများအနေနဲ့ မန္တလေးဓာတ်ပုံအသင်းမှာ စုံစမ်းနိုင်ပါတယ်ဗျာ

နံနက်ချိန်ခါ ကြည်နူးစရာ ဆွမ်းလောင်းရင်း ကုသိုလ်ယူကြတာ

မန္တလေး နံနက်ခင်းမှာ အလင်းရောင် မပေါ်မီထလို့ ကြည့်လိုက်တဲ့အခါမှာတော့
ကြည်နူးဖွယ်မြင်ကွင်းများကို တွေ့ရပါတယ် . . .

မနက်စောစောမှာ ရဟန်းသံဃာတော်များ၊ သာမဏေ ကိုရင်များကို ဆွမ်းလောင်လှူကြတာဟာ ချစ်စရာ ဘာသာဓလေ့ ထုံးစံလေးတစ်ခုပါ . . .

တစ်ဦးချင်းတတ်နိုင်သူများကတော့ တစ်ဦးချင်း လောင်းလှူကြသလို . .

မတတ်နိုင်သူများကတော့ စုပေါင်းလို့ လောင်းလှူကြပါတယ် . .

အဲလို လောင်းလှူကြတာကို ဘုံဆွမ်းလောင်းတယ်လို့ ခေါ်ကြပါတယ် . . .

မန္တလေးမြို့ လေးပြင်လေးရပ်မှာ . . ဘုံဆွမ်းလောင်းအသင်းများက အများကြီးပါပဲ . .

မန္တလေးမှာ သီတင်းသုံးတဲ့ သံဃာတော်များစွာဟာ အဲဒီ ဘုံဆွမ်းများကို အားထားနေကြရပါတယ် . . .

များပြားတဲ့ သံဃာတော်များကို ဆွမ်းလုပ်ကျွေးကြတဲ့ စေတနာ ကြည်ညိုစိတ်ဟာ
ကြည်နူးသာဓုခေါ်ဖွယ်ပါပဲဗျာ . . .

မန္တလေးတောင် ၀န်းကျင်သို့ တစ်ခေါက်

မန္တလေးတောင်ကို သွားမယ်သွားမယ်နဲ့ မရောက်ဖြစ်ခဲ့ပါဘူး

ဟိုတစ်နေ့ကတော့ မနက်ပိုင်း ၅နာရီထပြီး
ကျုံးဘေးတစ်လျှောက် ဓာတ်ပုံရိုက်ပြီး မန္တလေးတောင်ကို ကားလမ်းကနေ ခြေလျင်တက်ခဲ့ပါတော့တယ် . .
တောင်ပေါ်က ဆုတောင်းပြည့်ဘုရားရင်ပြင်တော်ကနေ ပတ်ဝန်းကျင်ကို ကြည့်တော့ မှိုင်းမှိုင်းမှုံရီနေတဲ့
ကြားထဲက မန္တလေးရဲ့ တိုက်တာအဆောက်အအုံများက ထိုးထိုးထောင်လို့ပေါ့ဗျာ . ..

ဒီလိုနဲ့ အပြန်မှာတော့ မန္တလေးဘိုးဘိုးကြီးနတ်နန်းဝင် . .
ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်စေတီဝင်ဖူး . . .

အတုမရှိကျောင်းတော်ကြီးနဲ့ ရွှေကျောင်းကြီးကနေ အိမ်ကိုပြန်ခဲ့ပါတယ် . . .

နှစ်၁၅၀ပြည့်မန္တလေးကို လှည့်လည်ခံစားမှုရဲ့ ပထမခရီးလို့ ဆိုရင်လည်းမမှားဘူးပေါ့ဗျာ . .
အားလို့ အချိန်ရတိုင်း မန္တလေး အနှံ့ သွားဦးမယ်ဗျာ . . .



Wednesday, August 15, 2007

ဓာတ်ဆီ ၊ ဒီဇယ် ဈေးတက်ပြီ

ဒီကနေ့ မနက်ပိုင်းမှာပဲ တရားဝင် ဓာတ်ဆီဆိုင်မှာ ထုတ်ဈေး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
ဓာတ်ဆီက ၂၅၀၀ကျပ်
ဒီဇယ်က ၃၀၀၀ကျပ်ဖြစ်သွားပါတယ် . .

ဓာတ်ဆီအပြင်မှာ ၄၈၀၀ကျပ်ဖြစ်သွားပါတယ် . . .

ယခင်က ထုတ်ဈေး ၂၅ကျပ်၊ ၁၈၀ကျပ်၊ ၁၅၀၀ကျပ် အသီးသီးကနေ ယခု ၂၅၀၀ကျပ်သို့ ပြောင်းလဲလာတာကို တွေ့ရပါတယ် . . .

စက်သုံးဆီ ချွေတာဖို့ ဖြစ်လာပြီထင်ပါ့ . . .

အင်း
ကျွန်တော်ကတော့ ကောင်းပါတယ်ဗျာ . .
ဓာတ်ဆီဈေးတက်တာ ကျွန်တော်နဲ့ တိုက်ရိုက်မဆိုင်သော်လည်း

အင်တာနက် ကဖေးတွေသာ ဈေးတက်ယူမယ်ဆိုရင်တော့ . . .

အင်း . ..

Tuesday, August 14, 2007

ကမ္ဘာ့ဓာတ်ပုံပညာနေ့ (World Photography Day) သြဂုတ် ၁၉ရက်

ကမ္ဘာ့ဓာတ်ပုံပညာနေ့ (World Photography Day) သြဂုတ် ၁၉ရက်

၁၈၃၉ခုနှစ် သြဂုတ် ၁၉ရက်
ပြင်သစ်နိုင်ငံ ပြင်သစ်သိပ္ပံအကယ်ဒမီအစည်းအဝေးမှာ ဓာတ်ပုံပညာရပ်အကြောင်း တင်ပြခဲ့ပြီး ကမ္ဘာကို ဓာတ်ပုံပညာအကြောင်း အသိပေးကြေညာနိုင်ခဲ့ပါတယ် . . .
အဲဒီရက်ကို ဂုဏ်ပြုလို့ ကမ္ဘာ့ဓာတ်ပုံပညာနေ့အဖြစ်ပေါ်ပေါက်နိုင်ဖို့ ဓာတ်ပုံပညာရှင် Drew Rossman က ကြိုးစားခဲ့ပါတယ် . .

အဲလိုကြိုးစားခဲ့လို့ ၂၀၀၄ ခုနှစ် သြဂုတ် ၁၉ရက်က စတင်လို့ ဓာတ်ပုံပညာနေ့ကို ကျင်းပနိုင်ခဲ့ပါတယ် . . .

မနှစ်၂၀၀၅ခုနှစ်ကတော့ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတစ်ချို့ မလေးရှားနိုင်ငံက ကျင်းပတဲ့ ဓာတ်ပုံပြပွဲမှာ ပါဝင်ပြသနိုင်ခဲ့ပါတယ် . . .
အဲလိုပဲ မောင်ဘဦး(မန္တလေး)က မန္တလေးနေ့စဉ်သတင်းစာမှာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ (World Photography Day) ဆောင်းပါးရေးပြီး အားလုံးကို အသိပေးခဲ့ပါတယ် . . .

ဒီနှစ်မှာတော့ မန္တလေးဓာတ်ပုံအသင်းက ဦးဆောင်လို့ အခမ်းအနားကျင်းပမယ်လို့ သိရပါတယ် . . .
အသေးစိတ်အစီအစဉ်ကတော့ မသိရဘူးဖြစ်နေပါတယ် . . .

ဘာဖြစ်ဖြစ် သြဂုတ် ၁၉ရက်မှာ ဓာတ်ပုံချစ်သူတွေ ဓာတ်ပုံပညာနေ့ရှိတယ်နော် . . .

တစ်ခုခု အမှတ်တရ လုပ်ကြဖို့ စီစဉ်ကြဗျာ . . .

တောင်ပြုန်းပွဲ လိုက်ကြဦးမလား

မကြာခင် တောင်ပြုန်းပွဲ စတင်ပါတော့မယ် . . .
မန္တလေးမြို့မြောက်ဘက် တောင်ပြုန်းရွာမှာ ကျင်းပတဲ့
တောင်ပြုန်းမင်းညီနောင် နတ်ပွဲ နောက် ရက်ဆိုရင် စတင်တော့ပါမယ် . . .
အနယ်နယ်အရပ်ရပ်က ယုံကြည်သူတွေရော . .
အပျော်ပွဲကြိုက်သူတွေရော အလွန်စည်ကားတဲ့ ပွဲပါ . .

တောင်ပြုန်းခေါ် ပွဲတော်ကြီးနီးပါပြီ
နောက်က ယောက်ဖရေ ခေါ်နေပြီ

စတဲ့ တောင်ပြုန်းပွဲ သီချင်းသံတွေ

နတ်ဒိုးတွေ

မာမီတွေ ကြားထဲက တောင်ပြုန်းပွဲကို မရောက်တာ ကြာနေပါပြီ . .

ဒီတစ်နှစ်တော့ သွားဖြစ်မလားမသိ . . .
ဆြာဘကတော့ သွားမယ်ဆိုလား ပဲ . .. .

သွားဖြစ်ခဲ့ရင်တော့ တောင်ပြုန်းပွဲအကြောင်း ပြောပြဦးမယ်ဗျာ . . .

တောင်သမန်မှာ ရေကျနေပြီဆိုပဲ

တောင်သမန်မှာ ရေကျနေပြီလို့ ကြားရပါတယ် .. .
ရေကျလို့ ရတနာပုံတက္ကသိုလ်ဖွင့်ရင် သွားကြည့်ပါဦးဗျာ . .
သေချာအောင် ကြည့်လိုက်ဦးမယ်ဗျာ . . .

Monday, August 13, 2007

blog day အထိမ်းအမှတ်အခမ်းအနား မန္တလေးမှာ ကျင်းပမည်


မန္တလေးမှ ဘလော့ကာများ စုစည်းပြီး blog day အထိမ်းအမှတ်အခမ်းအနားတစ်ခုကို ၂၀၀၇ခုနှစ် သြဂုတ်လ ၃၁ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ blog day အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၃၁ရက် မွန်းလွဲ ၁နာရီတွင် ရတနာပုံဈေး တတိယထပ် ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်းခန်းမတွင် ကျင်းပမည်ဖြစ်သည်။
ဘလော့အကြောင်းစိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး ဘလော့ရေးသားသူ ဘလော့ကာများအားလုံး ပါဝင်တက်ရောက်ကြပါရန် နှိုးဆော်ထားကြောင်းလည်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဘလော့အကြောင်းကို ဘလောကာများက ပြောပြကြမည်ဖြစ်ပြီး ဥာဏ်စမ်းမေးခွန်းများဖြေဆိုကာ လက်ဆောင်များပေးမည်ဖြစ်ကြောင်းသိရသည်။
သြဂုတ်လ ၃၁ရက်ကို ကမ္ဘာတစ်ဝှမ်းရှိ ဘလော့ကာများက blog day အဖြစ် သတ်မှတ်ထားပြီး အထိမ်းအမှတ်အဖြစ် အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ ဘလော့အသစ်ရှာဖွေကြည့်ရှုခြင်းများ စုပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမှ ဘလော့ကာများအားလုံးခင်ဗျာ . . .
အထက်ပါ blog day အထိမ်းအမှတ်အခမ်းအနား ဖြစ်မြောက်ရေးအတွက် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြပါဦးခင်ဗျာ . . .
အသေးစိတ်အစီအစဉ်ကို
ကိုဇော်မျိုးအောင်
မရတနာချို
မမြလွှာရုံ
တို့ရဲ့ ဘလော့မှာ ကြည့်နိုင်ပါမယ်ခင်ဗျာ . . .
မနေ့ တွေ့ဆုံပွဲမှာ သိခဲ့ရတဲ့ အကြမ်းဖျင်းအစီအစဉ်များဖြစ်ပါတယ်ဗျာ . . .

blog day အစီအစဉ်တစ်ခုကတော့ ဒီမှာ ကြည့်လိုရနိုင်ပါတယ်ဗျာ

Thursday, August 9, 2007

တောင်သမန် အကြောင်း ပါလာတယ်

ဒီကနေ့ထုတ် သတင်းစာထဲမှာ ဒီသတင်းပါလာပါတယ် . .



Wednesday, August 8, 2007

သမီးလေး မအေးချမ်းငြိမ်း အတွက် မွေးနေ့ဆုမွန်


ကိုမောင်လှရဲ့ သမီးငယ်လေး မအေးချမ်းငြိမ်းရဲ့ ၇-၈-၂၀၀၇ရက်နေ့မှာ ကျရောက်တဲ့

နှစ် နှစ်ပြည့်မွေးနေ့မှသည်

မိမိကောင်းကျိုးဆောင်ရွက်နိုင်သော

မိဘအကျိုးဆောင်ရွက်နိုင်သော

ဆွေမျိုးမိတ်သင်္ဂဟများအကျိုးဆောင်နိုင်သော

အများအကျိုးဆောင်နိုင်သော

နိုင်ငံ့အကျိုးဆောင်နိုင်သော

သမီးကောင်း သမီးမြတ်ဖြစ်ပါစေကြောင်း

ဦးဦး ဆုမွန်တောင်းလိုက်ပါတယ် . . .

နှိုင်းယှဉ်ကြည့်လိုက်တော့ . . .

မနေ့က တောင်သမန်နဲ့ ဧရာဝတီကို အရင်က ရိုက်ထားတဲ့ပုံတွေ ပြန်ရှာကြည့်ပါတယ် .. .

ရေမတိုးခင်နဲ့ ရေတိုးပြီးပုံပေါ့

ကြည့်ကြည့်ကြပါဦးဗျာ











စိုးရိမ်ရေအမှတ်အထက်မှာ ရှိနေဦးမယ့် ဧရာဝတီ

ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ မန္တလေး၊ စစ်ကိုင်း၊ ညောင်ဦးမြို့များ ဧရာဝတီမြစ်ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက်တည်ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ် . .
ဒီလိုပဲ မုန်တိုင်း ၀င်စရာတစ်ခုလဲ တွေ့ရပါတယ် . ..

စိုးရိမ်ရေအမှတ်ထက် ၇၂နာရီအထိ ရှိနေဦးမယ်ဆိုပဲ . . .

အခု လက်ရှိ ၁၃၂၀ စင်တီမီတာ အထက်မှာ ရောက်နေတယ်လို့ သိရပါတယ် . . .

သြော်
ဧရာဝတီ . . . မြစ်ကြီး ဧရာဝတီ . . .

Tuesday, August 7, 2007

တောင်သမန်မှာ အပန်းဖြေ ဖိတ်ခေါ်ပါတယ်လေ

တောင်သမန်ဟာ အလှ ဆုံးအချိန်ကို ရောက်နေတို့ ပြောရမယ်ထင်ပါတယ် . . .

အလွန်ကြုံခဲတဲ့အချိန်ပါ . . .

ရေတွေ ပြည့်လျှံလို့နေပါတယ် . .
ပြည့်ရုံမက လျှံနေတာဖြစ်ပါတယ် . ..

တောင်သမန်မှာ လေရှုလို့ အကောင်းဆုံးအချိန်ပါ . .
အရင်ကတော့ ရေက အနံ့ရှိနေပေမယ့် အခုအချိန်မှာတော့ ရေပြင်ကျယ်ကို ဖြတ်တိုက်တဲ့ လေကို ရှုရတာ တော်တော်ကောင်းပါတယ် . . .
ဦးပိန်တံတားကလည်း ရေနဲ့ ထိတဲ့နေရာထိ
မထိ တထိ ဖြစ်တဲ့နေရာဖြစ်ဆိုတော့
လမ်းလျှောက်ရတာလဲ ပျော်စရာပါပဲ လေ . .

တံတားကို ရေလှိုင်းပုတ်သံ နားဆင်ရင်း တံတားပေါ် ဖြတ်ရတာ အရသာပါဗျာ . .

လမ်းလျှောက်ရင် တော်ကြာ လျှောက်နေတုံး ပြိုကျမှ ဖြင့်လို့ အတွေးဝင်လိုက်ရင်တော့ . . .

ရေချိုးချင်ရင်တော့ အ၀တ်အစားပို ယူသွားနော် . . .
ရေချိုးကြသူတွေလဲ အများကြီးပါပဲ . .

တောင်သမန်မှာ လေကောင်း လေသန့်ရှုပြီးရင်တော့
ငါးကြော်၊ ပုစွန်ကြော်၊ ဆိတ်သားထောင်း၊ ပြောင်းဖူးကြော် . . .
ထမင်းဆီဆမ်း
အအေးမျိုးစုံ စားသောက်နိုင်ပါတယ် . . .

အစားအစာက ပေါပါတယ် ..
ဒါပေမယ့် ပိုက်ဆံတော့ ပါပါစေဗျာ . . .

တောင်သမန်ရဲ့ ရေပြည့်ချိန် အလှကို ဓာတ်ပုံရိုက်ချင်သူများအတွက်ကတော့ မလွတ်တမ်းရိုက်သင့်တာပေါ့ဗျာ . ..

အရင် ရေမရှိတဲ့အချိန် ဦးပိန် အလှ နဲ့ ရေပြည့်တဲ့အချိန် အလှ ယှဉ်ကြည့်သင့်တာပေါ့ဗျာ . . .

ကဲ ကဲ
တောင်သမန်ကို မရောက်သေးရင် တော့ ရောက်အောင် သွားလိုက်ဦးဗျာ . .

အော် ညီမလေးတို့များ သွားမယ်ဆိုရင်
အကွဲ ၊ အတို၊ ပတ်လုံချည်များ ၀တ်မသွားနဲ့နော် . . .
တံတားပေါ်မှာ လေ တော်တော်တိုက်သဗျ . .











Monday, August 6, 2007

ရေပြည့်ရေလျှံ တောင်သမန်

ရေအပြည့်နဲ့ တောင်သမန်အင်းက ဦးပိန်တံတားနဲ့ လှပနေပါတယ် . . .


တောင်သမန်နားက အိမ်များကတော့ ရေ၀င်နေတာတွေ့ရပါတယ် .. .


တောင်သမန်ကို အလာမှာပဲ . . .

ရေကျော်နေတာကို ဖြတ်ခဲ့ရပါတယ် . ..


တောင်သမန် ရှုခင်းတွေကတော့

ကျော်အောင်စံထားကျောင်းတိုက်ထဲက နဂါးရုံဘုရားကြီး အခုတော့ ရေထဲမှာ

တောင်သမန်အကွေ့က ရေကျော်နေတာပါ

ဦးပိန်တံတားပေါ် ရေကျော် . မိသားစုတွေ တူပျော်ပျော်


ရေချိုးကြဦးမလား



ရေအပြည့်နဲ့ တောင်သမန်

စစ်ကိုင်းက အပြန်လမ်း

စစ်ကိုင်းမှာ ဥမင် သုံးဆယ်ဘုရားဝင် ဓာတ်ပုံရိုက် . .

နောက် လာရင်းကိစ္စ ၀င်လုပ် . .

နောက်တော့ မန္တလေးဘက်ကို ပြန်ခဲ့ပါတော့တယ် . ..

စစ်ကိုင်း-မန္တလေး လမ်းဟောင်းကတော့ ရေထဲမြုပ်နေပါတယ် .. .

လမ်းအပြန်မှာ ကမ်းနားလမ်းဘေးက အကြော်ဆိုင်လေးမှာ ထမင်းစားကြရတာ အကောင်းဆုံးပါပဲ . . .

လမ်းမှာ ရေကြည့်သူများ၊ အပန်းဖြေသူများလည်း ပေါပါ့ဗျာ . . .

ဧရာဝတီမြစ်ရေကတော့ ၂၀၀၄ ခုနှစ်က ရေအမှတ်ထက် အနည်းငယ်သာ လိုနေပါတယ် .
အထက်ပိုင်းမှာတော့ ရေကျတယ်လို့ ကြားရပါတယ် .. .

ကနေ့ တောင်သမန်ကို ရောက်ခဲ့တာဖြင့် ရေက မကျသေးဘူးဗျာ . . .