Monday, August 4, 2008

မန္တလေးမိသားစုစကားဝိုင်း

မန္တလေးမိသားစုစကားဝိုင်း ဆိုတဲ့ ဖိုရမ်ကို မန္တလေးမြို့မှာ အခြေစိုက်ပြီး ဖန်တီးထားပါ။
မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက
ဆောင်ရွက်မှုတစ်ခု အဖြစ် အင်တာနက်မှာ မန္တလေးမြို့တော်နဲ့ ပတ်သတ်လို့ဖြစ်စေ
အခြား အကြောင်းအရာများကိုဖြစ်စေ မိသားစုအသွင် ဆွေးနွေးနိုင်ဖို့အတွက်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ကွန်ပျူတာဌာနရဲ့ ကြိုးပမ်းချက်လို့ သိရပါတယ်။

ဖိုရမ်မှာ ၀င်ရောက်လေ့လာကြည့်ရှုနိုင်သလို ကိုယ်တိုင်လဲ ပါဝင်ရေးသားနိုင်ပါတယ်။

ဖိုရမ်ရဲ့ အမည်လိုပဲ မိသားစုဝင်များအဖြစ် တစ်ဦးနဲ့တစ်ဦး
ချစ်ခင်ရင်းနှီးစွာ
ညီအစ်ကို မောင်နှမ အရင်းအခြာပမာ
ပြောမနာ ဆိုမနာ မိသားစုစိတ်ဓာတ်နဲ့
တစ်ဦးကိုတစ်ဦးသော်လည်းကောင်း၊ မန္တလေးမြို့တော်ကြီးကိုသော်လည်းကောင်း
အကျိုးရှိအောင်  အကောင်းဆုံးဖြစ်အောင် ၀င်ရောက်ရေးသားနိုင်တယ်လို့ သိရပါတယ်ဗျာ . . .

No comments: