Thursday, July 6, 2017

ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုကို အလွတ်တန်း အလုပ်လုပ်ကိုင်သူများ အတွက် အလုပ်ရှာပေးသော ပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုမှ ရရှိ

ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုကို အလွတ်တန်း အလုပ်လုပ်ကိုင်သူများ အတွက် အလုပ်ရှာပေးသော ပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုမှ ရရှိ
●     ဖန်တီးရာ Accelerator မှ Startup တစ်ခုဖြစ်သော Chate Sat (ချိတ်ဆက်)သည် ရင်းနှီးမြုပ်နှံသူ (၃) ဦးထံမှ ရင်းနှီးမြုပ်နှံမှုရရှိ

●     ချိတ်ဆက်မှ မြန်မာနိုင်ငံအတွင်းရှိ အလုပ်အကိုင် ရှာဖွေရေးဈေးကွက် ချဲ့ထွင်မှု


ရန်ကုန် ၊ မြန်မာ - မြန်မာနိုင်ငံ၏ ပထမဦးဆုံး Freelance platform ဖြစ်သည့် Chate Sat (ချိတ်ဆက်)သည် ပြည်တွင်း နှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုအဖွဲ့အစည်း (Venture Capital Firms) များထံမှ ဒေါ်လာ သိန်းဂဏန်း (six figure) တန်ဖိုးရှိသည့် ရင်းနှီးမြုပ်နှံမှုများကို ဇူလိုင်လ (၆) ရက်နေ့၊ ကြာသတေးနေ့တွင် ရရှိခဲ့ပါသည်။

အဆိုပါ ရင်းနှီးမြုပ်နှံမှုများတွင် ပြည်ပမှ Venture Capital Firms များ နှင့် ပြည်တွင်းမှ မျိုးဆက်သစ် လုပ်ငန်းရှင်များ ပါဝင်ကြပြီး မြန်မာနိုင်ငံတွင်းရှိ နည်းပညာ startup လုပ်ငန်းများ ကဏ္ဍတွင် ၄င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို ဆက်လက်တိုးချဲ့ရန် စိတ်ပါဝင်စားနေကြသောကြောင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံကြသူများမှာ စင်္ကာပူ အခြေစိုက် Vulpes Investment Management Ltd., ၊ Theta Capital နှင့် ပြည်တွင်းမှ ရင်းနှီးမြုပ်နှံသူ တစ်ဦးတို့ ဖြစ်ပါသည်။ Vulpes နှင့် Theta တို့သည် လက်ရှိ six figure ရင်းနှီးမြုပ်နှံမှု အပြီးတွင် နောက်ထပ် ရင်းနှီးမြုပ်နှံမှုများလည်း  Chate Sat ဖြင့် ဆက်လက်ပြုလုပ်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application သည် ပြည်တွင်းရှိ နည်းပညာလုပ်ငန်း ရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၁၄၀,၀၀၀ ရရှိ

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application သည် ပြည်တွင်းရှိ နည်းပညာလုပ်ငန်း ရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၁၄၀,၀၀၀ ရရှိ

●     ဖန်တီးရာ Accelerator အစီအစဉ်တွင် ပါဝင်သော Startup တစ်ခုဖြစ်သည့် White Merak သည် ဆက်သွယ်ရေးချိတ်ဆက်မှု တစ်ခေတ်ပြောင်းချိန်တွင် အားဖြည့်ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ကိုင်မည်ဖြစ်

●     White Merak သည် မိုဘိုင်း ဖျော်ဖြေရေး platform တစ်ခုဖြစ်ပြီး ယခင်က မရှိခဲ့သော ဈေးကွက်များကို ထိုးဖောက်ဝင်ရောက်မည်ဖြစ်

ရန်ကုန် ၊ မြန်မာ – မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application ဖြစ်သည့် White Merak သည် ပြည်တွင်းရှိ ရင်းနှီးမြုပ်နှံသူ ၅ ဦး ထံမှ ဒေါ်လာ ၁၄၀,၀၀၀ ကို ဇူလိုင်လ ၆ ရက်နေ့ ၊ကြာသပတေးနေ့တွင် ရရှိခဲ့ပြီး  ကုမ္ပဏီ ၏ ရှယ်ယာ ၂၃ ရာခိုင်နှုန်း ကို ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ ယခု ရင်းနှီးမြုပ်နှံမှု အပြီးတွင် White Merak ၏ တန်ဖိုးမှာ ဒေါ်လာ ၆၀၀,၀၀၀ ရှိလာမည်ဖြစ်သည် ။

Huawei က China Mobile နှင့် SAIC Motor တို့နှင့်အတူ 5G အခြေခံသည့် အဝေးမှထိန်းချုပ်မောင်းနှင်မှုကိုသရုပ်ပြ

Huawei က China Mobile နှင့် SAIC Motor တို့နှင့်အတူ 5G အခြေခံသည့် အဝေးမှထိန်းချုပ်မောင်းနှင်မှုကိုသရုပ်ပြ
ရန်ကုန်၊ မြန်မာ။ ဇူလိုင် ၆၊ ၂၀၁၇။Mobile World Congress Shanghai 2017တွင် China Mobile ၊ SAIC Motor နှင့် Huawei Technologiesတို့  ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး5Gအခြေခံဖြင့် ကားကို အဝေးမှမောင်းနှင်ပြသခြင်းကိုသရုပ်ပြသခဲ့ပါသည်။ ၎င်းသရုပ်ပြသမှုကချိတ်ဆက်ထားသည့် နည်းပညာမြင့်မားသောမော်တော်ယာဉ်များ၏ အနာဂတ် ဖွံ့ဖြိုးမှုအတွက်  အခြေခံဖောင်ဒေးရှင်းချပေးရင်း မြင့်မားသော Bandwidth နှင့် C-band frequencyရှိ နှောင့်နှေး ကြန့်ကြာမှု နည်းပါးခြင်းစွမ်းရည်တို့ကိုစိစစ်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသရုပ်ပြမှုသည် ကိုယ်တိုင်ထိန်းချုပ်နိုင်သောမောင်းသူမဲ့ယာဉ်များအားပိုမိုယုံကြည်စိတ်ချနိုင်မည့် အရေးပါသောမှတ်တိုင်တစ်ခုကိုသတ်မှတ်ပေးလိုက်ပြီးစီးပွားဖြစ်လုပ်ငန်းသုံးအက်ပလီကေးရှင်းတွင် ရှေ့သို့ တစ်ဆင့်လှမ်းလိုက်သည့် အဓိကခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။

Huaweiသည် SAIC Motor ၏ connected smart concept ကားကို5G wireless solution ဖြစ်သည့် iGSပံ့ပိုးပေးခဲ့ပြီးChina Mobile က ချိတ်ဆက်ဆောင်ရွက်မှုကိုပံ့ပိုးပေးခဲ့ပါသည်။ ဂရုတစိုက်ဖြင့် အတူတကွ လုပ်ဆောင်ကြသည့်အတွက် ဤကုမ္ပဏီသုံးခုတို့သည် 5G ကွန်ရက်ကိုအခြေခံပြီးတကယ့် မော်တော်ယာဉ်တစ်စီးကိုကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အဝေးမှ အောင်မြင်စွာစမ်းသပ်မောင်းနှင် သရုပ်ပြ နိုင်ခဲ့ပါသည်။

Tuesday, July 4, 2017

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအား Samsung Mobile Myanmar ၏ Brand Ambassador အဖြစ် ဂုဏ်ယူစွာခန့်အပ်

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအား Samsung Mobile Myanmar ၏
Brand Ambassador အဖြစ် ဂုဏ်ယူစွာခန့်အပ်

ရန်ကုန်၊ မြန်မာ - ဇူလိုင်လ (၄) ရက်၊ ၂၀၁၇ - Samsung Myanmar မှ မြန်မာနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ပံရုပ်ရှင်ဇာတ်ကားနှင့် ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြင့် ထပ်ဆင့်အကယ်ဒမီဆုများကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသော ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးအား Brand Ambassador အဖြစ်ခန့်အပ်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

Samsung Myanmar သည် ၄င်း၏ မိုဘိုင်းဖုန်း Brand Ambassador များအဖြစ် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နှင့် တေးသံရှင် Bobby Soxer တို့အား ၂၀၁၄ ခုနှစ်မှစတင်၍ ခန့်အပ်ထားခဲ့သည်။ ယခုနှစ် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်  Brand Ambassador အသစ်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနေတိုး၊ ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူ၊ မော်ဒယ်အေရီရယ်သုတ နှင့် တေးသံရှင်ပန်းရောင်ခြယ်တို့အား ထပ်ခံခန့်အပ်ခဲ့သည်။

ယခုအခါ Samsung Myanmar သည် ၄င်း၏ Mobile Brand Ambassador အသစ်တစ်ဦးအဖြစ် ရုပ်ရှင်သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးနှင့်ပါ လက်တွဲလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဖွေးကိုယ်တိုင်လည်း အရင်ကတည်းက Samsung ရဲ့ ဖုန်းတွေကို အစဉ်တစိုက်အားပေးသုံးစွဲလာခဲ့တဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ အခုလို သုံးစွဲသူတွေရဲ့ ယုံကြည်စိတ်ချမှုကို အခိုင်အမာရထားပြီး ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်တဲ့ Samsung Myanmar ရဲ့Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ Samsung နဲ့အတူ ရှေ့ဆက်လက်တွဲပြီးလည်း အလုပ်တွေအများကြီးလုပ်သွားဖို့ရှိပါတယ်။” ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးမှ ပြောကြားသည်။

“ကျွန်တော်တို့ Samsung Myanmar အနေနဲ့ မတူညီတဲ့ နယ်ပယ်မျိုးစုံက ပြည်သူတွေချစ်တဲ့ မြတ်နိုးအားပေးကြတဲ့ အနုပညာရှင်တွေကို သက်ဆိုင်ရာကုန်ပစ္စည်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်စေဖို့ ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ Samsung Myanmar ရဲ့ ပြည်သူ့အချစ်တော် Brand Ambassador အတူလက်တွဲပြီး သုံးစွဲသူမိဘပြည်သူတွေဆီကို စိတ်ဝင်စားစရာအစီအစဉ်တွေ ယူဆောင်လာပေးမှာပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။