Saturday, June 30, 2007

အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ ပေါ်လာပြီ


ယနေ့ နံနက် ၆နာရီမှာပဲ အားလုံးမျှော်လင့်တောင့်တနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်ခဲ့ပါပြီ . .


အားလုံး မျှော်လင့်ချက်ကိုယ်စီနဲ့ အောင်စာရင်းကြည့်ကြတာပေါ့

အောင်သူများကတော့ ပျော် . .

ဂုဏ်ထူးပါသူက အော်ပေါ့ . . .


ကျသူကတော့ အသာလေးနောက်ကိုဆုတ် မျက်ရည်သုတ်နေကြတယ်လေ . . .


မျှော်လင့်ချက်အတိုင်း အောင်မြင်သူများကတော့ အပျော်ဆုံးပေါ့ . .

မှန်းထားတဲ့အတိုင်း မရသူများကတော့ တိတ်ဆိတ်နေကြတာပါပဲ . . .

ဘ၀တစ်ခုလုံးကို ကန့်သတ်လိုက်တဲ့ သတ်မှတ်လိုက်တဲ့ စာမေးပွဲဆိုတော့လည်း . .

မျှော်လင့်ကြတာပေါ့လေ . . .

ကြားရတာကတော့ အမြဲတမ်းပေါ့ အောင်ချက်ကောင်းပါတယ်ပေါ့လေ . .

ရပ်ကွက်ထဲမှာကတော့ ကျသူတွေ ပေါလျက်ပါပဲ . . .

အထက(၁၆)ကတော့ ဘာသာစုံ ၁၁ယောက်ထွက်တယ်ဆိုပဲဗျ . . .

မနက် စောစောစီးစီး ကထဲက သတင်းစာမှာ ကြော်ငြာထည့်ဖို့ လာနေကြလေရဲ့ . . .

ဘာဖြစ်ဖြစ်ပေါ့လေ . .

အနာဂတ်ရဲ့ မျှော်လင့်ချက်တို့ မျိုးဆက်သစ်အနေနဲ့ ထွက်ပေါ်လာပါပြီ . . .

ဝါသနာအရ တက္ကသိုလ်ပညာရေးကို မသင်ကြားရသော်လည်း

ကိုယ်တတ်ရောက်ရမယ့် ဘာသာရပ်အပေါ် ၀ါသနာမပါလို့ စိတ်မ၀င်စားဘူးဆိုတာမဖြစ်စေချင်ဘူးလေ . .

တတ်နိုင်တယ်ဆိုရင်တော့ အပြင်မှာ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကို ပြင်ပဒီပလိုမာတွေ ယူ၊ ဒီကရီတွေ ယူနိုင်ကြတယ်လေ. . .

ဒါပေမယ့်လဲ ရလာမဲ့ ဘွဲ့ဆိုတဲ့ သတ်မှတ်ချက်တစ်ခုကိုတော့ တကယ်တတ်မြောက်စွာနဲ့ ယူရင် ကောင်းတာပေါ့ဗျာ . ..

အခုခေတ်ကတော့

တက္ကသိုလ်ကိုလည်း ကျောင်းသားက မလေးစား

ကျောင်းသားကိုလည်း တက္ကသိုလ်က . . . .


အင်း

ထိုက်တန်သော သူအတွက် ထိုက်တန်သော အောင်မြင်မှုများသည် အမြဲရရှိနေမှာပေါ့ဗျာ

ကိုယ်ဘက်က ထိုက်တန်တဲ့ ပေးဆပ်မှုတော့ ပြုရမပေါ့ . . .


ညီ၊ ညီမငယ်တို့ စာမေးပွဲကျခဲ့ရင်တော့ အားပေးပါတယ် . . .

နောက်တစ်နှစ်ကို သူများထက် ထူးခြားအောင် ကြိုးစားလိုက်ပါ . . .

ကိုယ်က တအား စာမလုပ်နိုင်ရင် . . ကိုယ်တတ်နိုင်တဲ့ အတိုင်း စာကို သတ်မှတ်ပြီး

အမှတ်ကိုက်ပြီး အောင်မှတ်ရနိုင်အောင် သတ်မှတ်ပြီး ဒီတောင်ကို ကျော်ကြပါလို့ အားပေးလိုက်ရင်း . . .

မျိုးဆက်သစ်တွေ ကြိုးစားလိုစိတ် ရှိကြပါစေဗျာ . . .

Friday, June 29, 2007

မန္တလေးနေ့စဉ်သတင်းစာ စာမျက်နှာတိုးထုတ်ဝေမည်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူထုတ်ဝေတဲ့ မန္တလေးနေ့စဉ်သတင်းစာကို ၁-၇-၂၀၀၇ရက်နေ့ကစတင်လို့ ၁၆မျက်နှာ အဖြစ် စာမျက်နှာတိုးထုတ်ဝေမယ်လို့ သိရပါတယ် . . .

၁၉၉၇ခုနှစ် နိုဝင်ဘာ ၃၀ရက်က စတင်ထုတ်ဝေခဲ့တဲ့ မန္တလေးနေ့စဉ်သတင်းစာဟာ စတင်ထုတ်ဝေစဉ်ကပင် ၁၂မျက်နှာနဲ့ ထုတ်ဝေခဲ့ပါတယ် . . .
ယခုအခါမှာတော့ အခန်းကဏ္ဍစုံစုံလင်လင်နဲ့ ၁၆မျက်နှာအဖြစ်တိုးချဲ့ထုတ်ဝေမယ်လို့ သိရပါတယ် . ..

ထူးခြားသော ကဏ္ဍအသစ်များနဲ့အတူ မန္တလေးနေ့စဉ်အဖွဲ့သားများရဲ့ ကြိုးစားမှုကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ . . .


သက်ဝင်လှုပ်ရှားမီဒီယာပုံရိပ်များ သတင်းဓာတ်ပုံပြပွဲ

သက်ဝင်လှုပ်ရှားမီဒီယာပုံရိပ်များ သတင်းဓာတ်ပုံပြပွဲ ကို ယနေ့ ၂၉ရက်နေ့မှ ၁ရက် ဇူလိုင်လအထိ ၃ရက်ပြသမှာဖြစ်ပါတယ် . ..
သတင်းဓာတ်ပုံများကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲ၊ ပြပွဲလုပ်တာ ဖြစ်ပါတယ် . . .
ထူးထူးခြားခြား ကတော့ သတင်းဓာတ်ပုံတစ်ချို့က ရောင်းဈေးတွေနဲ့ပါ . . .
ပုံနှစ်ပုံလားမသိ တန်ဖိုးက ၁၀သိန်းကျပ်တဲ့ပါခင်ဗျာ . . .
ကနေ့မနက်က ရောက်ခဲ့ပါတယ် . .
ကြေညာထားတဲ့ ကံစမ်းမဲများ မတွေ့ခဲ့ပါ . . .
ပရီးမီးယားကော်ဖီ၊ မားမားခေါက်ဆွဲနဲ့ သင်တန်းတွေက ပေးတဲ့ ကံစမ်းမဲသာရှိပြီး အခြားကံစမ်းမဲများ မတွေ့ခဲ့ကြောင်း . .

လူကတော့ စည်ကားလျက်ပါပဲ . . .

မန္တလေးတိုင်း လျှပ်စစ်နှင့်အီလက်ထရောနစ်နည်းပညာပြပွဲ၊ ဈေးရောင်းပွဲတော်

မန္တလေးတိုင်း လျှပ်စစ်နှင့်အီလက်ထရောနစ်နည်းပညာပြပွဲ၊ ဈေးရောင်းပွဲတော်ကို ပထမအကြိမ်အဖြစ် မန္တလေးမြို့တော်ခန်းမ(၁)မှာ နံနက်၉နာရီက ည ၈နာရီအထိ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ် . .
ရန်ကုန်နှင့်မန္တလေးက အီလက်ထရောနစ်ကုမ္ပဏီများစွာ လာရောက်ပြီး ပြသရောင်းချပါတယ် . . .
မနေ့နဲ့ ကနေ့ နှစ်ရက်ရှိနေပါပြီ . .
မနက်ဖြန် စနေနေ့ ရုံးပိတ်ရက်မှာတော့ နောက်ဆုံးကျင်းပသွားပါမယ် . .

ထူးခြားတာကတော့ ဒေ၀ူးပစ္စည်းများကို အိုကေမြန်မာကုမ္ပဏီက ပြန်လည်မိတ်ဆက်ပေးတာဖြစ်ပါတယ် . .
တစ်ခြား အမျိုးအစားတွေကတော့ စုံစုံလင်လင်ပါပဲ . .
ဆိုနီကတော့ ပြခန်းကို တော်တော်ပြင်ဆင်ထားပါတယ် . .

ကွန်ပျူတာကုမ္ပဏီအချို့ လာရောက်ပြသပါတယ် . . ကေအမ်ဒီ၊ ဒီစီဒီ၊ အမ်အာအက်စ် ဆိုတဲ့ လုပ်ငန်းတစ်ဦးတည်းက ဆိုင်ခန်းခွဲလို့ ပြသရောင်းချပါတယ် . .
အယ်လဖာကလည်း ဆိုင်ခန်းဖွင့်လှစ်ပြီး ဆော့ဝဲလ်များ ပြသထားတာတွေ့ရပါတယ် . .

ဖျော်ဖြေရေးအနေနဲ့ ထူးထူးခြားခြား မန်းက လူရွှင်တော် ချစ်စရာခေါင်းဆောင်တဲ့ လူရွှင်တော် ရှစ်ဦးက အလှည့်ကျ ဖျော်ဖြေတင်ဆက်ပါတယ် . . .
ဟာသနဲ့ ပရိသတ်ကို ကုန်စည်မိတ်ဆက်ပေးပါတယ်. . .
လာရောက်တဲ့ ပရိသတ်ကတော့ တော်တော်များပါတယ် . . .
အရောင်းအ၀ယ်အနည်းငယ်အေးသော်လည်း နည်းနည်းချင်းစီတော့ ရောင်းရတယ်လို့သိရပါတယ် . .
မနက်ဖြန် ရုံးပိတ်ရက်မှာ ပိုမိုလူလာပြီး အရောင်းအ၀ယ်ဖြစ်မယ်လို့ ခန့်မှန်းကြကြောင်း . . .

လိုချင်တာတွေကို ခဏခဏ သွားပြီး သွားရည်ယိုလို့ ဆိုင်ခန်းထဲက လူတွေက ကျွန်တော့်ကို ဆွဲထုတ်တော့မယ်ထင်တယ် . . မနက်ဖြန်လဲ သွားလိုက်ဦးမယ်ဗျာ . . . .

Wednesday, June 27, 2007

မန္တလေးက ကွမ်းယာသည်များရဲ့ အလားအလာ

၂၆-၆-၂၀၀၇ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး ခန်းမ(၁)အတွင်းမှာ မန္တလေးမြို့တွင်းက ကွမ်းယာရောင်းချသူများကို ခေါ်ယူတွေ့ဆုံပွဲလုပ်ခဲ့ပါတယ် . . .




၂၅ရက်နေ့က လမ်းဘေးမှာ ဆိုင်ခင်းပြီး ရောင်းချတဲ့ ကွမ်းယာသည်များကို လိုက်ပြီး စာရွက်ဝေကာ ဖိတ်နေတာကိုလည်း တွေ့ခဲ့ပါတယ် . . .

၂၆ရက် မွန်းလွဲပိုင်းမှာတော့ ကွမ်းရောင်းချသူ ၁၀၀၀ ကျော် တက်ရောက်ကြပါတယ် . .
စည်ပင်သာယာဘက်က အခွန်ဌာန ဌာနမှူးနဲ့ သန့်ရှင်းရေးဌာန ဌာနမှူး တို့နဲ့ တွေ့ဆုံကြပါတယ် . .

အခွန်ဌာန ဌာနမှူးက ကွမ်းယာရောင်းချသူများကို စည်းစနစ် ချပေးပါတယ် . . .
ဘီးတပ်လှည်းဖြင့်ရောင်းချခြင်း၊ လမ်းဆုံလမ်းခွ စသော ယာဉ်အန္တရာယ်ဖြစ်စေသောနေရာ၊ လူသွားလမ်းစသော အများပြည်သူကို မထိခိုက်စေသော နေရာများမှာ ရောင်းချခြင်း၊ ကွမ်းယာ ရောင်းချခြင်းနှင့်အတူ အခြားတရားမ၀င်၊ ဥပဒေမလွတ်ကင်းသည်များမရောင်းချခြင်း စတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ် . . .

အဲလိုပဲ
သန့်ရှင်းရေးဌာန ဌာနမှူးကလည်း မန်းမြို့ရဲ့ ရေစီးရေလာ ကောင်းမွန်အောင် မြောင်းဆယ်ရာမှာ တွေ့ရှိရတဲ့ ပလပ်စတစ်အမှိုက်များ၊ ကြွတ်ကြွတ်အိပ်များကြောင့် ပိတ်ဆို့နေမှုများကို ရှင်းပြပါတယ်. . .
အဲဒီလို အမှိုက်ပိတ်ဆို့အောင် များသောအားဖြင့် လမ်းဘေးရောင်းချသော ဆိုင်များက စွန့်ပစ်သော အမှိုက်များကြောင့်လည်းဖြစ်ကြောင်း ရှင်းပြပါတယ် . .
ဒါကြောင့် ယခုနှစ် ဧပြီလကနေ ယနေ့အထိ အမှိုက်ပစ်ကြောင်း တွေ့ရှိရလို့ ဒဏ်ငွေ တစ်သောင်း ရိုက်တာ သိန်း၆၀ခန့် ရကြောင်း ပြောပြပြီး စည်းကမ်းမဲ့သူများကြောင်း သိစေခဲ့ပါတယ် . . .

အဲလိုပဲ စည်ပင်သာယာဥပဒေအရ စည်းကမ်းမဲ့ အမှိုက်ပစ်သူများ၊ စည်းကမ်းမဲ့ ဈေးရောင်းချသူများကို ဒဏ်ငွေရိုက်ခြင်း၊ ဖမ်းဆီးပြီး ထောင်ဒဏ်အထိ ချမှတ်နိုင်ခြင်းစသည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောဆိုပါတယ် . . .

နောက်ဆုံး ၄င်းရဲ့ ဆန္ဒကတော့ ကွမ်းယာသည်များ၊ လမ်းဘေး အအေးဆိုင်များစတဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူဈေးသည်များကို မရောင်းချစေချင်ကြောင်းနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ပြောပါတယ် . .

ဖမ်းဆီးအရေးယူခွင့်လည်း ရရှိထားကြောင်း ရှင်းပြပါတယ် . .
မန်းမှာ မိုးရေချိန် ၁၀လက်မ ရွာတဲ့အခါမှာ တွေ့ကြုံရတဲ့ ရေလျှံခြင်းသည် ယခင်က မြောင်းဆယ်ယူထားမှုကြောင့်သာ အချိန် တစ်ရက်ခွဲအတွင်း ရေကျခြင်းဖြစ်ကြောင်းကို ရှင်းပြပါတယ် . .

မြောင်းရေကျနှေးခြင်းမှာ အမှိုက်များ မြောင်းအတွင်း ပိတ်ဆို့ကာ အဓိကမြောင်းမကြီးများအတွင်း ပိတ်ဆို့မှုများကြောင့် ဖြစ်တယ်လို့ ရှင်းပြပါတယ် . . .

တကယ်လို့များ ကွမ်းယာရောင်းချရာမှာ ယခင်ရှေးက ရောင်းခဲ့သလို စက္ကူကို သုံးပြီး ရောင်းချမယ်ဆိုရင် အကောင်းဆုံးဖြစ်ကြောင်း အကြံပေးပါတယ် . . .

မြို့နေလူထု အတွက် မြောင်းသန့်ရှင်းရေးဆောင်ရွက်ရာမှာ အခက်အခဲဖြစ်စေမယ်ဆိုရင်တော့ အခက်အခဲ ဖြစ်စေမည့် မြောင်းပေါ်တွင် ပိတ်ဆို့ထားမှုများအား ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးသွားမယ်လို့လည်း ပြောကြားသွားပါတယ် . . .

နောက်ဆုံး သန့်ရှင်းရေးဌာန ဌာနမှူးအနေဖြင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေများနဲ့ လက်တွေ့ပြောပြရှင်းလင်းပြီး အခွန်ဌာနရဲ့ ခွင့်ပြုချက်အတိုင်း စည်းကမ်းတကျ ရောင်းချပါက ဖမ်းဆီးခြင်းပြုမည်မဟုတ်ဘဲ စည်းကမ်းမဲ့စွာဖြင့် ရေမြောင်းပိတ်ရောင်းချခြင်း၊ မြောင်းအတွင်း အမှိုက်ပစ်ခြင်းများပြုလုပ်ပါက ဖမ်းဆီးခြင်း၊ ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်းအထိ ဆောင်ရွက်သွားမယ်ဆိုတာကို ရှင်းလင်းပြောပြခဲ့ပါတယ် . . .

အဆိုပါပွဲကို မန္တလေးအခြေစိုက် ဂျာနယ်များက စာနယ်ဇင်းဆရာများလည်း တက်ရောက်သတင်းယူကြတာကို တွေ့ခဲ့ရပါတယ် . . .

အပြန်မှာတော့ ကွမ်းယာသည်ကြားမှာ ကျွန်တော့ပြန်ခဲ့တော့ အချင်းချင်းပြောနေကြတာ ကြားခဲ့ရပါတယ် . . .
စနစ်တကျ ရောင်းချရင် အားလုံးအေးအေးဆေးဆေးဖြစ်မယ် . . ငါတို့လည်း စနစ်တကျဖြစ်အောင် အတတ်နိုင်ဆုံးရောင်းကြမယ်လို့ တော်တော်များများက ကျေနပ်စွာ လက်ခံခဲ့ကြပါတယ် . . .

ကွမ်းယာရောင်းချပါက ဒဏ်ငွေ၂၀၀၀၀ တပ်မည်လို့ ကြော်ငြာထားတော့ အဲဒီအတိုင်းသာ ဆောင်ရွက်တာ ခံရမယ်ဆိုရင် ကွမ်းယာရောင်းချသူများအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ် . . .
ဒါကြောင့် စည်ပင်သာယာက ယခုလို စနစ်တစ်ခုဖြင့် ခွင့်ပြုခြင်းဟာ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးဖြစ်တယ်လို့ ယူဆပါတယ် . . .

မှန်ပါတယ် . .
ကွမ်းယာရောင်းချသူများကလည်း လမ်းဘေးရောင်းပါတယ် . . ထွက်ရှိလာတဲ့ အမှိုက်များကို မြောင်းထဲ သွန်ပါတယ် . . . မြောင်းပိတ်ပြီး ရေလျှံစေပါတယ် . . .
ကွမ်းယာစားသူများကလည်း လမ်းပေါ်၊ လမ်းဘေး တွေ့ကရာ ကွမ်းတံတွေး ထွေးပါတယ် . .
မဆင်မခြင်ကိုထွေးပါတယ် . . မန်းက လမ်းတိုင်းမှာ လမ်းပေါ်မှာ အနီကွက်တွေ ရှိနေတာ မန်းစတိုင်တောင် ဖြစ်မယ်ထင်ပါတယ် . . လမ်းမကြီး၊ လမ်းသွယ်မရှောင်ပါ . . .ကွမ်းသွေးကတော့ ပေလျက်ပါ . . .

ဒီတော့ မြို့ သန့်ရှင်းရေးအတွက် မြို့တော်သားတစ်ယောက်အနေနဲ့ စနစ်တကျ အမှိုက်ပစ်မယ် . . စနစ်တကျ ကွမ်းတံတွေးထွေးမယ်ဆိုရင် ခင်ဗျားတို့၊ ကျွန်တော်တို့ မန္တလေးဟာ သန့်ရှင်းသပ်ယပ်လာမှာပေါ့ဗျာ . .

ကျွန်တော်သာ တာဝန်ရှိသူဆိုရင် ကွမ်းစားသူများကိုပါ တွေ့ဆုံပညာပေးခြင်းလုပ်ပြီး စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးပါက ပြင်းထန်သော ဒဏ်ငွေပေးဆောင်ဖို့ လုပ်ဖြစ်မယ်ထင်ပါ့ . . .
ရာဇ၀င်ထဲက နန်းတော်တိုင် ထုံးသုတ်မိလို့ ကိုယ့်လက်ကို ကိုယ်တိုင်ဖြတ်တဲ့ ဘုရင်လိုတော့ ဖြစ်စရာမလိုဘူးထင်တယ် . .ကျွန်တော်မှ ကွမ်းယာမစားတာကို . . .

ကွမ်းယာသမားများကတော့ ကျွန်တော်ကို စိတ်ဆိုးတော့မလားမသိ . .
ကျွန်တော် ကွမ်းယာစားပါတယ် . . အချိုပါ . . ကျွန်တော်ကြိုက်လို့စားပါတယ် . . အရည်မြိုချပါတယ် . .
မထွေးပါ . . ကြိုက်လို့စားတာပဲဗျာ ထွက်လာတဲ့ အရသာအရည်ကို ထွေးပစ်တယ်ဆိုတော့ . . .
အင်း စဉ်းစားကြည့်စရာပါပဲ . . .

ကျွန်တော်ကြားဖူးပါတယ် . .
ကွမ်းဝါးတယ်
ကွမ်းစားတယ်
ကွမ်းငုံတယ်တဲ့
ကွမ်းဝါးတဲ့သူများကတော့ ကွမ်းကို ပါးစပ်ထဲထည့် နည်းနည်းဝါး ထွက်လာတဲ့ အရည်ကို ပစ်ဆိုထွေး
အဲ ကွမ်းစားသူများကတော့ အဖတ်ရော၊ အရည်ရော ၀ါးစားမြိုချပါတယ် . . .
ကွမ်းငုံသူတော့ ကွမ်းတစ်ယာဆို အကြာကြီးမြုံပြီး ငုံပါတယ် . . .

ကွမ်းစားသူများအဖို့ လူုရှေ့မှာ ပစ်ခနဲ ကွမ်းထွေးလိုက်တာကိုများ အမူအကျင့်ကောင်းတစ်ခုအဖြစ် မြင်လေသလားမသိ . .
စတိုင်တစ်ခုအနေနဲ့လုပ်နေကြတာလို့ ထင်လာပါတယ် . .

ကွမ်းစားသူများကလည်း စဉ်းစားကြပါဦး
အခု ကွမ်းတစ်ရာဖိုးကို လေးယာပဲ ရပါတယ် . .
စားလိုက်ရင် တစ်နာရီမခံပါဘူး . . .
သာမန်စားသူတောင် တစ်နေ့ကို နှစ်ရာ၊ သုံးရာဖိုးစားပါတယ် . .
နောက်အကျင့်တစ်ခုက ကွမ်းစားတတ်သူတစ်ယောက် ကွမ်းယာထုပ်ဖြေရင် အခြားတစ်ယောက်က တောင်းစားပါတယ် . . ဒီတော့ ပိုပြီး ၀ယ်ရပါတယ် . .
တစ်နေ့ ကွမ်းဖိုး ၃၀၀ ကုန်ရင် ၁၀ရက်ကို ၃၀၀၀ပါ . .
တစ်လကို တစ်သောင်းနီးပါးကုန်ပါတယ် . . .

သူဌေးများကိုတော့ မပြောလိုပါ . . ၄၅၀ကျပ်ပေးရတဲ့ ဘီယာကို လေး၊ငါးဆယ်ခွက်သောက်သူများအတွက်ကတော့ မလိုပေမယ့် .
သာမန်လူတန်းစားများအတွက်ကတော့ တစ်လ တစ်သောင်းဆိုသော ငွေကြေးကို . . .

တွေးကြည့်မိတာပါ . . .
ကိုယ်တိုင် ကွမ်းကို နေ့စဉ်မစားတော့ . . .





Tuesday, June 19, 2007

မဟာမုနိဘုရားကြီးသို့

ဒီကနေ့ နေ့လယ်ပိုင်းက မဟာမုနိဘုရားကြီးကို ရောက်ခဲ့ပါတယ် . .
ဘုရားဖူးပြီးတော့ ဘုရားတစ်ပတ် လှည့်ဖူး . . .
နောက် ငယ်ငယ်က သွားနေကြအတိုင်း အာနန္ဒာဘုရားဘက်ကိုရောက်ခဲ့ပါတယ် . .
ငယ်စဉ်က ဘုရားကြီးကို မွေးနေ့ ညပိုင်းတိုင်း ရောက်ခဲ့ပါတယ် . .
အခုတော့ မရောက်ဖြစ်တာကြာခဲ့ပါပြီ . .
ကျွန်တော်ငယ်စဉ်က ညတိုင်း ဘုရားကြီးရှေ့မှာ ပန်းပေါင်းစုံနဲ့ ပန်းကပ်သော ဆရာတော်
ကျွန်တော့်အခေါ်တော့ ပန်းတော်ဆရာတော်ကို အလွန် သတိရမိပါတယ် . .
ဆရာတော်ပျံတော်မူခဲ့တာ ကြာခဲ့ပါပြီ . . .

လွန်ခဲ့သော နှစ်၂၀က တနင်္ဂနွေညလေးများကို သတိရနေမိပါတယ် . . .


Saturday, June 16, 2007

ဖခင်များနေ့

ဖခင်များနေ့ကို ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ကို သတ်မှတ်ကျင်းပတဲ့ နိုင်ငံတွေ များပါတယ် . .
ဝီကီမှာ သွားကြည့်ထားတာပါ . . .
ဖခင်တွေရဲ့အကြင်နာ . . ဖခင်များရဲ့ စိတ်ထား . . ဖခင်များရဲ့ သဘောထား . .
ဖခင်များရဲ့ အချစ်ကို နားလည်ခံစားတတ်သူတွေ များလာပါစေကြောင်း . .

ဒီကနေ့ ဖခင်များနေ့ . . မှာ ဆုတောင်းပါတယ် . .

မိခင်မေတ္တာဖွဲ့များကြားမှာ ဖခင်များက လူကြမ်းဖြစ်နေကြပါတယ် . .
လူကြမ်းတွေရဲ့ နှလုံးသားထဲက အကြင်နာကို သိနားလည်နိုင်ကြပါစေ . . .

Friday, June 15, 2007

မန္တလေးနဲ့ ကွမ်းယာ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က ကြေညာချက်တစ်ခု ထုတ်ပြန်ထားတာ မန္တလေးနေ့စဉ်သတင်းစာမှာ ပါလာပါတယ် . . .
အဲဒါကတော့ လမ်းမှာ ကွမ်းယာရောင်းချခြင်းမပြုရဘူးတဲ့ . . .
တွေ့ရှိပါက ဒဏ်ငွေ ၂၀၀၀၀နဲ့ အရေးယူမှုခံရမယ်ဆိုပဲ . . .

ဒါပေမယ့် အခုထိတော့ . . .

စိတ္တသုခ ပရဟိတ လူငယ်များရဲ့ စတုတ္ထအကြိမ်အလှူ

စိတ္တသုခ ပရဟိတ လူငယ်များရဲ့ စတုတ္ထအကြိမ်အလှူကို ၁၄-၆-၂၀၀၇ (ကြာသပတေးနေ့) နံနက်ပိုင်းမှာ
စစ်ကိုင်းမြို့ မြရတနာရပ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ အောင်မြင်စွာ လှူဒါန်းပြီးစီးခဲ့ပါတယ်။
မန်းကနေ မနက် ၉နာရီလောက်မှာ ကားသုံးစီး(အကြီးနှစ်စီး၊ ဗင်န်တစ်စီး)နဲ့ စစ်ကိုင်းမြို့ကို ကမ်းနားလမ်းအတိုင်းထွက်ခွာခဲ့ကြပါတယ် . . .
၁၀နာရီခွဲလောက်မှာပဲ ကျောင်းကို ရောက်ခဲ့ပါတယ် . . ပစ္စည်းတွေချ နောက် ကျောင်းသား၊ကျောင်းသူလေးများကို တန်းစီစေပြီး တစ်ဦးချင်း ပစ္စည်းတစ်မျိုးစီဝေခဲ့ကြပါတယ် . .
ပစ္စည်းတွေများတော့ မမှားအောင် တစ်ဦးချင်းစီကို သေသေချာချာ ဘေးက တစ်ယောက်စီလိုက်လို့ ဝေကြတာ ပျော်စရာကြီးဗျာ . .
အားလုံးပျော်ပျော်ပါးပါးပေးနေဝေနေကြတာကို ကြည့်ရင်း ကိုယ်ပါရောပျော်လာရပါတယ် . .
ကလေးတွေကို မှားသွားမှာဆိုးလို့ လွယ်အိတ်ပေါ်မှာ နာမယ်တွေ ရေးပေးပါတယ် . .
ကလေးတွေရဲ့ အမူအယာတွေက ချစ်စရာပါ . . အပြစ်ကင်းတဲ့ ဖြူစင်ခြင်းတွေ တွေ့ရပါတယ် . . .
အားလုံးဝေငှပြီးတော့ ကျောင်းခန်းအတွင်း အခမ်းအနားသဘောလေး လုပ်ပါတယ် . .
ဆရာ၊ ဆရာမများကို ၀တ်စုံများပေးအပ်လှူဒါန်းပြီး ရွာကျောင်းက ဆရာတော်ကို လှူဖွယ်ခြင်း ဆက်ကပ်လှူဒါန်းပါတယ် . .
အဲဒီနောက်မှာတော့ ပါတယ်တဲ့ အ၀တ်အစားဟောင်းများကို ရွာထဲက လူတွေကို ဝေငှပေးခဲ့ပြီး
စိတ္တသုခတို့ အလှူအောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်ဗျာ . .
စုစုပေါင်း ကျောင်းသား၊ကျောင်းသူများကို ၁၃သိန်းကျော်ဖိုး ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီ . .
ကျောင်းလျှပ်စစ်မီးရရှိရေး ကုန်ကျငွေ သိန်း၇၀အတွက် ငွေကျပ်သုံးသိန်းမတည်လှူဒါန်းခဲ့ပါတယ် . . .



ကျွန်တော်တို့ သွားလှူကြဖို့ ပြင်ဆင်နေကြတာပါ . . .

ဘီရို ချီနှောင်နေကြပါတယ် . . .

လှူဖို့ ပြင်ဆင်ထားတာလေ . .ပျော်ပျော်ပါးပါးပေါ့

ပြင်ဆင်နေကြတာ . .ရေဗူးတွေ ထုတ်နေကြတာ . .

လွယ်အိတ်အသစ်နဲ့ နော် . .

ဒီလိုလိုက်ပြီး ဘေးက ကူညီပေးကြတယ်လေ . .

လှူဖို့နော် ယူမသွားကြနဲ့ . . .

ဒါကျွန်တော့်အထုပ် .. .

ပျော်ပျော်ပါးပါး လှူကြတာလေ . . .

ဓာတ်ပုံရိုက်လို့ ကောင်းအောင် သေချာ သရုပ်ဆောင်နေကြတာ . . .

ဓာတ်ပုံရိုက်ကြသူတွေကလည်း နီးနီးကပ်ကပ် . . .

မကုန်သေးပါဘူး သေသေချာချာ တွက်ပြီး ၀ယ်လာတာပါ . . .

ဖြည်းဖြည်းနော် ဖြည်းဖြည်း. . .

အိင်္ကျီ လိုက်ဝေကြတာလေ . .

သမီးဂါဝန်လေးပါနော် . .

အထုပ်တွေ ကိုယ်စီ ကိုယ်စီ

ဘယ်အချိန်က ပဲများလိုက်လဲမသိ . . ပုံပြန်ကြည့်မှသိတာ ဒီကောင်မလေးတော်တော်ကဲ . . .

အ၀တ်တွေ ဝေနေကြတာလေ . . .

ကလေးငယ်တွေအတွက် အအေးဗူးဝေတယ်နော် . .

အထုပ်တွေကိုယ်စီနဲ့ နေလယ်ကျောင်းဆင်းအပြန် . . .

မန္တလေးက မိုး

၁၃ရက်နေ့က တစ်နေ့လုံးမိုးတွေရွာနေခဲ့ပါတယ် . . .
ညနေပိုင်းမှာ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက မိုးရေချိန်၁၀လက်မကျော်ရွာတယ်လို့ တိုင်းတာရရှိကြောင်း သိရပါတယ် . .
လမ်းတွေ၊ အိမ်တွေ တော်တော်ရေ၀င်သွားပါတယ် . .
အိမ်မှာဆို ရေတွေ တစ်ပေကျော်ကျော်တက်လာပါတယ် . .
ရေမြောင်းများအားလုံးပြည့်လျှံကုန်ပါတယ် . . .

၁၄ရက် ညနေပိုင်းမှာလဲ မိုးကောင်းလို့ ရေအနည်းငယ် ပြန်တက်လာပါတယ် . . .

မန္တလေးမှာဒီလိုမိုးမကြီးတာ ကြာပြီလို့ ပြောရမှာပါပဲ . . .
သြော်မိုးရယ် . . .

Monday, June 11, 2007

စိတ္တသုခအလှူ သွားလှူကြမယ်

ဒီကနေ့ ရော မနေ့ကရော စိတ္တသုခ အလှူအတွက် အစီအစဉ်တွေ လိုက်လုပ်နေကြပါတယ် . .

အခု စိတ္တသုခ အတွက် တော်တော်အဆင်သင့်ဖြစ်နေပါပြီ . .

စိတ္တသုခဘလော့ မှာ တင်ထားတဲ့ ပို့စ်ကိုပဲ ကော်ပီကူးဖော်ပြရမယ်ဆိုရင် . .


စိတ္တသုခ-ပရဟိတလူငယ်များရဲ့ အလှူကို ဇွန် ၁၄ရက် ကြာသပတေးနေ့ နံနက် ၇နာရီမှာ သွားရောက်လှူဒါန်းကြပါမယ် . . အခု လက်ရှိကျောင်းသားဦးရေကတော့ အမှတ်(၂၅)အမက မှာ ၁၃၈ ယောက်ရှိပါတယ် . .ငါးတန်း တက်နေတဲ့ ကျောင်းသား၊ကျောင်းသူ ၆ ယောက်ရှိပါတယ် . . .အားလုံးအတွက်ကို လှူဒါန်းရန် အဆင်သင့်ဖြစ်နေတဲ့ ပစ္စည်းများစွာ ရှိနေပါပြီကျောင်းသား၊ကျောင်းသူတစ်ဦးချင်းအလိုက် တစ်ခုစီရရှိမှာကတော့

ကျောင်းဝတ်စုံ

လွယ်အိတ်

ဗလာစာအုပ်

ကွန်ပါဗူး

ခဲတံ

ဘောပန်

ပေတံ

ခဲဖျက်

ခဲချွန်စက်

ထမင်းဗူး

ရေဗူး

တို့ဖြစ်ပါတယ်။

ကျောင်းက စာသင်ခန်း တစ်ခန်းချင်းဆီမှာလဲ ခဲချွန်စက် အကြီး တစ်လုံးစီ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

ကျောင်းမှာ ရှိတဲ့ ကျောင်းအုပ်ဆရာကြီးအပါအ၀င်၊ ဆရာ၊ဆရာမများ၊ ၀န်ထမ်းများအတွက် ၀တ်စုံတစ်စုံစီ ဖိနပ်အပါအ၀င် စီစဉ်ထားပါတယ်.

ရွာက ဘုန်းကြီးကျောင်းအတွက် လှူဖွယ်ခြင်းတစ်ခြင်း စီစဉ်ထားပါတယ်.

ကျောင်းက စာသင်ခန်းများတွင် ကပ်ရန် အတွက် ကျောင်းစာသင်ခန်းဆိုင်ရာ ပိုစတာများကိုလည်း စီစဉ်ထားပါတယ် . .

ကျောင်းစာသင်ခန်းများအတွက် စားပွဲခင်း၊ ပန်းအိုး၊ အခန်းလိုက်ကာများ စီစဉ်ထားပါတယ်.

ကျောင်းသား၊ ကျောင်းသူများအတွက်ကို မုန့်တစ်ချို့နဲ့ အချိုရည်ဗူး ပါပါမယ် . .

အငယ်တန်း(သူငယ်တန်း)များအတွက် လေးကြောင်းမျဉ်းစာအုပ်များလည်း လှူဒါန်းပါမယ် . . .

ဗီရို တစ်လုံးပါ လှူဒါန်းရန် စီစဉ်နေပါတယ်. . လိုအပ်ချက်တွေ ရှိရင် အကြံပေးနိုင်ကြပါတယ် . .


ကျွန်တော်တို့ အလှူသွားလုပ်မည့်အစီအစဉ်ကတော့ ၁၄ရက် နံနက် ၇နာရီမှာ စုရပ်နှစ်ခုမှ ထွက်ခွာပါမယ် . .

လိုက်ပါလိုသူများအနေနဲ့ တစ်ဦးလျှင် သုံးထောင်ကျပ်ကျသင့်ပါမယ် . .

ခရီးစရိတ်နှင့်အတူ နေလယ်စာအဖြစ် ယူနီစန် ထမင်းဗူး တစ်ဗူးစီ ပါဝင်ပါတယ် . .

စစ်ကိုင်း မြရတနာရပ်က ကျောင်းမှာ အလှူလုပ်ပြီးလျှင် ကောင်းမှုတော်၊ ကံတလူ၊ တောင်သမန်အင်း ကို ၀င်ပါမယ် . . .


အဲလို အစီအစဉ်တွေလုပ်ရင်း ဒီကနေ့ ကျုံးဘေးရောက်တော့ မန္တလေးတောင်ကို ဓာတ်ပုံရိုက်ခဲ့ပါသေးတယ် . .

အမှတ်တရပေါ့ . . .

Saturday, June 9, 2007

တစ်လပဲလိုတော့တယ်ဗျာ

မနက်ဖြန် ဇွန်လ ၁၀ရက်နေ့

အများသတ်မှတ်ထားကြတဲ့အတိုင်းဆိုရင်တော့ ကျွန်တော်အသက်၃၀ပြည့်သောနေ့ပေါ့ . . .



တကယ်တော့ လွန်ခဲ့တဲ့ အနှစ်၃၀က ဇူလိုင်လ ၁၀ရက်မှာ မွေးဖွားခဲ့တာပါ . . .

ကျောင်းအပ်ရင် အဆင်ပြေအောင်ဆိုပြီး မွေးစာရင်းကစလို့ ဇွန် ၁၀ရက်လို့ တစ်လတိုးခဲ့ပါတယ် . . .

ဒါကြောင့် မှတ်ပုံတင်အရဆိုရင် မနက်ဖြန် ကျွန်တော် အသက်၃၀ပြည့်ပါပြီ . .



အမှန်တကယ် ပြည့်ဖို့တော့ တစ်လ အလိုပေါ့ဗျာ

အသက်၃၀မှာ ဘာဖြစ်ရမယ် . . ညာဖြစ်ရမယ်လို့တော့မဟုတ်ပေမယ့်

သေသေချာချာခိုင်မာတဲ့ ဘ၀လမ်းကြောင်း တစ်ခုတော့ လိုချင်မိတယ် . .

အခုတော့ ဘ၀လမ်းကြောင်း တစ်ခုကို ပြောင်းလဲဖို့ အချိန်ပိုင်းတော့ ရောက်လာနေပါပြီ . . .



၁၉၇၇ မှာ မွေး၊ ၁၉၈၁ မှာ မူကြိုတက်ပြီး ကျောင်းသားစဖြစ် . . . ၂၀၀၇ ခုနှစ်မှာ ကျောင်းသားအဖြစ်က ယာယီ ရပ်တန့်သွားပြီ . . .

ဘ၀အတည်တကျဖြစ်မယ့် လုပ်ငန်းစဉ်တစ်ခုကို စပြီး အကောင်အထည်ဖော်မယ်ဗျာ . .

Friday, June 8, 2007

စစ်ကိုင်းမြို့သို့ တစ်ခေါက်

ဒီကနေ့ စစ်ကိုင်းမြို့ကို ရောက်ခဲ့ပါတယ် . . .
စစ်ကိုင်းသွားနေကြအတိုင်းပါပဲ စစ်ကိုင်းတောင်နဲ့ ရတနာပုံတံတားကို ဓာတ်ပုံရိုက်ပါတယ် . . .
ဆရာရိုက်တော့ တပည့်လည်း လိုက်ရိုက်ပါတယ် . . .
ဓာတ်ပုံရိုက်ပြီးတော့ စစ်ကိုင်း အ.မ.က(၂၅)ရှိရာ စက်မှုဇုန်ဘက် ခြေဦးလှည့်ခဲ့ကြတယ်ပေါ့ . .
ကျောင်းသွားပြီး လိုအပ်တာမေးမြန်းစုံစမ်းစပ်စုပြီးတော့ ကောင်းမှုတော်ဘုရားဘက်ကို လမ်းကြောင်းသွားကြည့်ကြပါတယ် . ..

လမ်းမှာလည်း ကောင်းမှုတော်ဘုရားကို ဓာတ်ပုံရိုက်ကြရင်းနဲ့ပေါ့ . .
ကောင်းမှုတော်ဘုရားကို ရောက်ပြီးတော့ အပြန်လမ်းကြောင်းကြည့်ရင်း . . .

စိတ္တသုခ အလှူအတွက် ကြိုတင်သွားခဲ့

ဒီကနေ့ နံနက်ပိုင်းမှာပဲ ကျွန်တော်နဲက ကိုဘဦးတို့ စိတ္တသုခပရဟိတလူငယ်များ လှူဒါန်းမည့်
စစ်ကိုင်းမြို့ မြရတနာရပ် . . အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းကို သွားရောက်ကြည့်ခဲ့ပါတယ် . .
ကျောင်းအုပ်ဆရာကြီးနဲ့ တွေ့ပြီးတော့ ကျောင်းသားဦးရေ၊ ဆရာ၊ဆရာမဦးရေ . . အားလုံး အတည်ပြုနိုင်ခဲ့ပါတယ် . .
ကျောင်းကနေ လိုအပ်တဲ့ အချက်တွေကိုလည်း သိရပါတယ် . .
အခု လောလောဆယ်ဆယ် ကျောင်းသားဦးရေ ၁၃၀ ခန့်ရှိပါတယ် . . .
ကျွန်တော်တို့ ၁၄ရက်နေ့မှာ သွားလှူပါမယ်
သွားလှူရင် စားသောက်ကြဖို့ လမ်းကြောင်းရှာဖွေခဲ့ပါတယ် . .
နောက် ကျောင်းကနေ ကောင်းမှုတော်ဘုရားကို သွားဖို့ ခရီးလမ်း ကြိုတင်လေ့လာခဲ့ပါတယ် . .

အသေးစိတ်အချက်အလက်များကို စိတ္တသုခ ဘလော့ http://cittasukha.blogspot.com/မှာ ကြည့်နိုင်ပါတယ်ဗျာ . . .

Thursday, June 7, 2007

စာမေးပွဲ . . စာမေးပွဲ

ဒီကနေ ညနေပိုင်းက အမ်အိုင်စီတီ ကိုရောက်ခဲ့ပါတယ် . . .
စာမေးပွဲဖြေဆိုနေကြတာကို တွေ့ခဲ့ရပါတယ် . ..
ကျွန်တော်ရောက်ပြီးတော့ မကြာခင်ပဲ စာမေးပွဲခန်းထဲက ထွက်လာကြတယ်
ပထမတော့ အသံတိုးတိုးလေးပေါ့ . . .
တဖြည်းဖြည်း လူလဲများလာရော အသံက ကျယ်ကျယ်လာလိုက်တာ . . .
တော်တော်ကို ဆူညံသွားပါတယ် . . .


သက်ဆိုင်ရာ ဆရာ၊ ဆရာမများနားမှာ ၀ိုင်းပြီး စာမေးပွဲခန်း အတွေ့အကြုံရှင်းလင်းနေကြတာ . . .
ဆူဆူညံနေတာပဲ
အပြန် ဓာတ်လှေကားထဲမှာတော့ . .
မေးခွန်းက ခက်လိုက်တာလို့ ပြောနေကြသူကပြော ..
ဆရာကို ပြန်ပြောရမယ်ပြောသူကပြော . .
မေးခွန်းလွယ်တယ်ပြောသူပြော . ..
အင်း ဆရာတွေကတော့ ဘယ်လိုနေမယ်မသိ . . .
ဘေးကကြည့်သူမှာတောင် . . .

စာမေးပွဲ. . .စာမေးပွဲ မကြုံရတော့ဘူးအောက်မေ့တာတောင် . . .
မကြာခင် ဖြေဖို့ တန်းစီနေတာပါပဲ . . . .

Tuesday, June 5, 2007

ကုန်စည်ပြပွဲ၊ ဈေးပွဲတော်နှင့်ကျွန်တော်တို့ မန္တလေး



ဒီကနေ့ မန္တလေးမြို့တော်ခန်းမ(၁) တွင် ကျင်းပတဲ့ ကုန်စည်ပြပွဲနှင့်ဈေးပွဲတော်ကို ညနေ ၄နာရီဝန်းကျင်က ရောက်ခဲ့ပါတယ် . . ယနေ့ ၅ရက်နေ့ စတင်ကျင်းပတာပါ . . . ၃ရက် ကျင်းပမယ်ထင်ပါတယ် . . .

ခန်းမအတွင်းမှာတော့ တင်မိုးလွင်ဦးစီးသော မော်ဒယ်ရှိုးပွဲရှိပါတယ် . .တစ်နေ့ သုံးကြိမ် ပါ . .

ခန်းမအတွင်း ဆိုင်ခန်း ၅ခန်းလောက်သာ ရှိပါတယ် . ..

ခန်းမအပြင်ဖက်မှာတော့ အဓိက အ၀တ်အထည်များပါ . . .

ဝယ်ယူအားပေးသူအနေနဲ့တော့ စည်ပင်ဝန်ထမ်းအချို့ကိုသာတွေ့ခဲ့ရပါတယ် . . .

နေပူလို့ပဲ အိမ်တွင်းပုန်းနေကြသလား . . .
မန္တလေးကလည်း ဈေးပွဲတော်တွေ ဆက်တိုက် ကျင်းပလာတော့
မန္တလေးသားတို့ စိတ်မ၀င်စားတော့တာလားတော့ မသိပါ . . .

စည်းကားမှုမရှိဘူးလို့ပဲ ပြောရမယ်ထင်ပါ့ . . .
ဈးပွဲတော် . . . လျှော့ဈေး နဲ့ မန္တလေးကတော့ . . . မကြာမကြာ မြင်နေကြမြင်ကွင်းပါပဲလေ . . .

Monday, June 4, 2007

မန္တလေးက သတင်းရေစီးကြောင်း

ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်မှာ စတင်ခဲ့တဲ့ မန္တလေးရဲ့ သတင်းစာ ရေစီးကြောင်းဟာ
အခုအချိန်အခါမှာ အမြင့်ဆုံးကို ရောက်နေပြီလို့ ပြောလို့ရမယ်ထင်ပါတယ် . . .

အခုလက်ရှိ မန္တလေးမှာ နေ့စဉ်ထုတ် သတင်းစာ ၂စောင်
ဂျာနယ် လက်ရှိ ၄စောင်
မဂ္ဂဇင်းက ၁ စောင်
နောက် မြို့နယ်အလိုက် ထုတ်တာတွေ ရှိပါသေးတယ် . ..

အခု ဂျာနယ် အသစ် ၃စောင် ထပ်ထုတ်မယ်လို့ သိရသလို . .
နေ့စဉ်ထုတ် သတင်းစာများကလည်း အပြောင်းအလဲတွေ ရှိနေပါတယ် . . .
အဲလို ရေစီးကြောင်း ကောင်းနေတဲ့ မန္တလေးက အပြောင်းအလဲလေးတွေ အကြောင်းကို . . .

နောက်နေ့ ပြောပြမယ်

Sunday, June 3, 2007

ဓာတ်ပုံအနုပညာအကြောင်း


ဒီကနေ့ မွန်းလွဲ၁နာရီကျော်မှာ မန္တလေးဓာတ်ပုံအသင်းမှာ ဆရာညောင်ဦးသန်းဌေးရဲ့

ဆွေးနွေးမှုပေါ့ . . ဆရာသဘောအတိုင်းဆိုတော့ အလုပ်ရုံဆွေးနွေးပွဲပေါ့ဗျာ . .

ဓာတ်ပုံအနုပညာအကြောင်းကို အတွေ့အကြုံနဲ့ယှဉ်ပြီးနောက်

ကမ္ဘာ့ဓာတ်ပုံပညာရှင်များရဲ့ အဆိုအမိန့် အရေးအပြောတွေနဲ့ တိတိကျကျ

ပြောပြခဲ့ပါတယ် . . .


ဓာတ်ပုံတစ်ပုံရဲ့ ပါဝင်သင့်တဲ့ အကြောင်းတရားတွေ . . .

ဓာတ်ပုံနဲ့ အနုပညာ ကို သေချာစွာ ရှင်းလင်းပြောပြသွားပါတယ် . ..


နောက် မကြာမကြာလဲ အဲလို ဆွေးနွေးမှုတွေကို မျှော်လင့်နေပါတယ်ဗျာ . . .

ဓာတ်ပုံပြိုင်ပွဲများ

မန္တလေးဓာတ်ပုံအသင်းမှာ တွေ့ခဲ့ရတာကတော့
ရန်ကုန်မြို့ မန္တလေးအသင်း ပြက္ခဒိန်အတွက် ဓာတ်ပုံတောင်းထားပါတယ် . . .
နောက် မန္တလေးအသင်းမှာပဲ ပြပွဲလည်းလုပ်ပါမယ် . . .အဲဒီမှာ ၀င်ရောက်ပြသလို့လဲ ရပါတယ် . . .
၆ရက်နေ့ နောက်ဆုံးထားပြီး မန္တလေးဓာတ်ပုံအသင်းတိုက်ကို ဆက်သွယ်ပေးပို့ရပါမယ် . . .

နောက်
၂၀၀၇ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အဖြစ် ဓာတ်ပုံပြိုင်ပွဲခေါ်ထားပါတယ် . . .
ခေါင်းစဉ် က မိခင်ဘ၀ကျန်းမာမှု လက်တွဲဖော်ပြု အမျိုးသားထု တဲ့ပါ . . .
ရန်ကုန်မြို့ ပြည်သူ့အင်အားဦးစီးဌာနက ပို့ပေးရမှာဖြစ်ပါတယ် . ..
၁၅ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ တွေ့လိုက်ရပါတယ် . . .

Saturday, June 2, 2007

ဓာတ်ပုံပညာရပ် ဟောပြောပွဲ

မနက်ဖြန် ၃ ရက် မွန်းလွဲ ၁နာရီ အချိန် မန္တလေးဓာတ်ပုံအသင်းမှာ ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေးက
ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ ဓာတ်ပုံလမ်းကြောင်းထဲက အချို့ကို ဟောပြောမယ်လို့ သိရပါတယ် . ..

ဓာတ်ပုံပညာကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း . . . .

မစိုးရိမ်ရာပြည့်ပွဲတော်

မစိုးရိမ်ရာပြည့်ပွဲတော်လျှောက်ထားလွှာ
၁၃၆၉ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈၊၉၊၁၀(၂၀၀၇ခုနှစ်၊ ဒီဇင်ဘာ ၂၊၃၊၄)ရက်တို့တွင် မစိုးရိမ်ရာပြည့်ပွဲတော်ကို ကျင်းပပါမည်။ မစိုးရိမ်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့ဖူးသော မြို့ရွာအသီးသီးရှိ ကျောင်းထိုင်ဆရာတော်များနှင့်စာချဆရာတော်များကို မစိုးရိမ်စာသင်သားဟောင်းများအဖြစ် မှတ်တမ်းတင် လိုပါသောကြောင့် ဘွဲ့တော်နှင့်တကွ နေရပ်လိပ်စာအပြည့်အစုံဖော်ပြလျက် ဒုတိယ၀ါဆိုလကွယ်နေ့ နောက်ဆုံးထားပြီး အောက်ဖော်ပြပါလိပ်စာအတိုင်း မစိုးရိမ်ရာပြည့်ကျင်းပရေးကော်မတီသို့ ဆက်သွယ်တော်မူကြပါရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်ဘုရား။
ဆက်သွယ်ရန်လိပ်စာ -
ဦးပဒုမာဘိဝံသ ဖုန်း ၃၀၀၆၇။
ဦးဝိစိတ္တာဘိဝံသ ဖုန်း ၃၆၃၆၇။
ဦးဥေယျဘိဝံသ ဖုန်း ၆၀၄၉၆။
မစိုးရိမ်ကျောင်းတိုက်၊ မန္တလေး။
(မစိုးရိမ်ရာပြည့်ပွဲတော်အတွက် အလှူခံစေလွှတ်ခြင်းမရှိပါ။)

မြန်မာ့အလင်းသတင်းစာပါ ကြော်ညာကို ဖော်ပြထားတာပါ . . .
ကိုယ့်အနီးအနားမှာ မစိုးရိမ်ကျောင်းတိုက်က ဆရာတော်များရှိရင် အကြောင်းကြားပေးကြပါခင်ဗျာ . . .

ပန်းလေးတို့၏ အစဦးနေ့

ပန်းကလေးများ ပွင့်တော့မည်
ဖူးတန်ဝံ့လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း

ဇွန်လ ၁ရက်နေ့ မနက်၇နာရီလောက်ကတည်းက လမ်းမဘက်ကို မျှော်ကြည့်နေမိပါတယ် . . .
သနပ်ခါးတွေလိမ်း ၊ အ၀တ်သစ်အစားသစ်များနဲ့
ဖြူစင်တောက်ပလင်းလက်နေတဲ့ ပန်းပွင့်လေးတွေ အစီအရီ သွားလာလှုပ်ရှားနေကြပါတယ် . . .

ကျွန်တော်လည်း ကျွန်တော်ရဲ့ မိခင်ကျောင်းကြီးဆီကို နှစ်တိုင်းလုပ်နေကြအတိုင်းပေါ့ . . .
ရောက်သွားခဲ့ပါတယ် ... ကျောင်းတော်ကြီးကတော့ ပန်းလေးတို့ကို ကြိုဆိုလျက်ပေါ့ . . .
စိမ်းလန်းဖြူစင်တဲ့ ပန်းလေးတို့ရဲ့ လန်းဆန်းတက်ကြွတဲ့မျက်နှာလေးတွေကို အားရပါးရ သွားကြည့်ရင်း
၁၃နှစ်လောက် နေခဲ့ရတဲ့ ကျောင်းတော်ကြီးက ကျွန်တော့်အတွက် အစိမ်းသက်သက်ဖြစ်နေသလားလို့ ထင်မိခဲ့တယ် . . . ကျောင်းတော်ကြီးနဲ့ ဝေးခဲ့တာ ၁၁ နှစ်ကျော်ခဲ့ပြီပဲ . . .

အဲဒီကအပြန် ရပ်ကွက်ထဲက မူလတန်းကျောင်းလေးဆီကို ရောက်ခဲ့ပါတယ် . ..
ကွာခြားတဲ့ ကျောင်းလေးရဲ့ အားငယ်ဖွယ်ပုံရပ်ကို မြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ် . . .
အဲဒီကျောင်းမှာ သူငယ်ကလေးငယ်များက ထိုင်ခုံနဲ့ စာသင်ရတာမဟုတ်ပါဘူး . . .
စာရေးခုံတစ်ခုသာရှိပြီး လူက ကြမ်းပြင်ပေါ်မှာ ထိုင်ရတာပါ . . .

ကျောင်းကြီးနဲ့ ကျောင်းလေးရဲ့ ကွာခြားချက်ကို ကြည့်ပြီး ဒီကလေးတွေရဲ့ အနာဂတ်ကို . . . ..