Monday, July 28, 2008

ကျွန်တော့ ဒုက္ခ

ကျွန်တော်ဒီရက်ပိုင်း အလွန် ဒုက္ခ ရောက်ပါတယ်။
အဲဒါဘာလဲ ဆိုတော့ဗျာ

တစ်ခုကတော့ ဘလော့ရေးဖို့ပါ
ကိုယ်ရေးထားတဲ့ ပို့စ်လေး ဘယ်လို ပုံထွက်လဲ ဆိုတာ ကိုယ့်ဘလော့မှာ ပြန်ဖတ်ချင်တာပေါ့ဗျာ
ဒါပေမယ့် တော်တော် ကြိုးစားဖတ်နေရတယ်

နောက်တစ်ခု အဲလို ဖတ်လို့ရတဲ့အခါကျတော့လဲ
ကျွန်တော်တော့ မှာ cbox ၀င်ရေးလို့မရဘူးဗျာ

ရေးချင်ရင် ကိုယ့် cbox မှာပဲ ကိုယ်ရေးခွင့်ရှိတယ်

ကျွန်တော် လျှောက်ကြည့်ဖြစ်သမျှ ဘလော့တွေမှာ ၀င်ရေးလို့မဖြစ်

ဝင်ရေးချင်ရင် သူတို့ရဲ့  cbox လိပ်စာ သိမှ ဖြစ်နေတယ်


စိတ်လဲ ညစ်ပါ့ . . .

ကြည့်ဖြစ်သမျှ ဖတ်ဖြစ်သမျှ ခံစားရသမျှ ဘာမှ ၀င်ရေးခွင့်မရ . . . .

cbox ၀င်ရေးလို့ ရတာများ သိကြရင် ပြောပြကြပါဦးဗျာ . . .

No comments: