Sunday, July 27, 2008

ကားကြီး မိုးပေါ် ဘီးထောင်ခြင်း

မနေ့ညကပေါ့ ည ၁နာရီကျော်ကျော်လောက်
အိပ်ကောင်းနေဦး
အိမ်ရှေ့ က အစ်ကို အစ်ကို  ကို. ......................... ဆိုပြီး
ခေါ်သံတွေကြားတယ်

နောက်ထကြည့်တော့
ရပ်ကွက် မီးသတ်တပ်ဖွဲ့ က

ဘာဖြစ်တာလဲဆိုတော့ ၃၅လမ်းမှာ ကားမှောက်လို့
မှတ်တမ်းဓာတ်ပုံလိုက်ရိုက်ပေးပါတဲ့ (ကျွန်တော်က ကင်မရာနဲ့ ဟိုစပ်စပ် ဒီစပ်စပ်ရိုက်တတ်တာ သိနေကြတာကိုး)

ဒါနဲ့ လိုက်သွားတယ်
ရောက်တော့ ကားက ပက်လတ်လန်လို့ . . .

ဘီး တစ်ဖက်က ပြုတ်တောင်နေတယ်
ကားခေါင်းက လမ်းဘေးက အိမ်ထဲရောက်နေတယ်
သစ်ပင် နှစ်ပင် အမြစ်လန်နေတယ်


ဓာတ်ပုံရိုက်ရင်း မေးကြည့်တော့ တစ်ယောက်ပွဲချင်းပြီး သေတယ်တဲ့
ဆိုင်ကယ်ရှောင်လိုက်တာ လို့လဲ ပြောတယ်
၂ယောက်ပါတာ
တစ်ယောက်က ဘွဲ့ ယူဖို့ လာတယ်ဆိုပဲ
နယ်က လို့လဲ ပြောတယ်

ဘာမှ မတိကျ ဘူးမပြောနဲ့ ဗျ
ဒါက မှုခင်း
တိတိကျကျရေးရင် မကောင်းဘူး
ဘလော့ဆိုပေမယ့် စာနယ်ဇင်းကျင့်ဝတ်တော့ ညီမှ ဖြစ်မယ်

ဓာတ်ပုံလဲ တင်ထားလိုက်မယ် ကားနံပါတ်တော့ ဖျောက်လိုက်ဦးမယ် . . .


No comments: