Wednesday, May 30, 2007

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့

မနက်ဖြန် ၃၁-၅-၂၀၀၇ ရက်နေ့ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ပါ . . .
ဒီနှစ်ဆောင်ပုဒ်က
Smoke free environments
ဆေးလိပ်ငွေ့ ကင်းစင်ရေး၊ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး
တဲ့ပါ . . .
၂၀၀၆ခုနှစ် မေလ ၄ရက်နေ့မှာ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၅/၂၀၀၆)နဲ့
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာ
၂၀၀၇ မေလ ၄ရက်နေ့မှာ တစ်နှစ်ပြည့်လို့ အာဏာတည်ခဲ့ပါပြီ . . .

အဆိုပါဥပဒေအရ လူအများရှိရာနေရာမှာ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ် . . .
တစ်နည်းပြောရရင် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့်မရှိတော့တာပါ . . .
ဆေးလိပ်ရောင်းဝယ်ခြင်းမှာလဲ
အလိပ်အရေအတွက် ခွဲရောင်းတာကို ကန့်သတ်လိုက်ပါတယ် . .
တစ်ဘူးချင်းသာ ရောင်းခွင့်ရှိမှာပါ . ..
အသက် ၁၈ နှစ်မပြည့်သူများကိုလည်း ဆေးလိပ်ဝယ်ယူခွင့်ပြုမှာ မဟုတ်သလို . . .
ဝယ်ယူခိုင်းရင်လည်း ဥပဒေအရ အရေးယူခံရမှာပါ . ..

ဘာဖြစ်ဖြစ်လေ . .
မနက်ဖြန် ၃၁ ရက် တစ်နေ့တော့ သင်သောက်နေတဲ့ စီးကရက်၊ ဆေးလိပ်ကို လျော့သောက်ခြင်း၊ မသောက်ဘဲ နေခြင်း၊ လူအများကြားမှာ မသောက်ကြပါနဲ့လို့ တောင်းပန်ချင်ပါတယ် . ..

ဆေးလိပ်က သင်တစ်ယောက်ထဲကိုသာမကဘူးနော်
သင့်မိသားစု (ဇနီး၊ သားသမီး)နဲ့ သင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်

ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေကြားထဲကနေ သင်ရုန်းထွက်ကြည့်စမ်းပါ . ..
ငွေကြေး အကုန်အကျသက်သာသလို ကျန်းမာရေးလဲ သိသိသာသာ ကောင်းလာမယ်လေ . . .

ကြိုးစားကြည့်ကြရအောင်ဗျာ .. . . . ..


Monday, May 28, 2007

သက်ဆုံးတိုင် . . . .


သက်ဆုံးတိုင် တေးစီးရီး မိတ်ဆက်ပွဲကို ကနေ့ ရောက်ခဲ့ပါတယ် . . .
Sai Pie နဲ့Kim တို့ရဲ့ ပထမဆုံး တေးစီးရီးကို စီဒီနဲ့ တိတ်ခွေ ဖြန့်ချိပြီးနောက် စာနယ်ဇင်းဆရာများနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တာပါ . . .
ဒီပွဲကို ဆြာဘက အကြံပေးစီစဉ်ပြီး ဆရာသင့်နော်က ဦးဆောင်ခဲ့ပါတယ် .
ပထမဦးဆုံး တေးဆို၊ တေးထုတ်လုပ်သူများက ခရစ်ယာန်ဘာသာ ကိုးကွယ်သူများဆိုတော့ တရားဟောဓမ္နဆရာက ဆုတောင်းပေးခြင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ် . . .
အဲဒီနောက်မှာတော့
တေးဆိုသူနှစ်ဦးနဲ့ ဆရာသင့်နော်က စာနယ်ဇင်းဆရာ၊ ဆရာမများကို မိတ်ဆက်ပေးပါတယ် . . .
စာနယ်ဇင်းဆရာ၊ ဆရာမများကိုလည်း မိတ်ဆက်ပေးပါတယ် . . .
တေးထုတ်လုပ်သူ ဦးငမ်းလွမ်းကိုယ်စား သမီးဖြစ်သူ မငယ်က ရင်ထဲက စကားများနဲ့ စီးရီးထုတ်လုပ်ဖြစ်ရခြင်းကို ပြောကြားသွားပါတယ် . ..
နောက်တော့ အဆိုတော် နှစ်ဦးက ရင်ထဲက စကားတစ်ချို့ပြောကြားပြီး
စာနယ်ဇင်းလူမှုကူညီရေးအတွက် အလှူငွေကျပ်တစ်သောင်းပေးအပ်လှူဒါန်းပါတယ် . . .

အဲဒီနောက်မှာတော့ ကိုယ်တိုင်တီးခတ်လို့ သီချင်းလေးတွေဆိုပြပါတယ် . . .
စာနယ်ဇင်းဆရာ၊ဆရာမများကို ဧည့်ခံကျွေးမွေးရင်နဲ့ တေးစီးရီးစီဒီများ လက်ဆောင် ပေးအပ်ခဲ့ပါတယ် . . .
စာနယ်ဇင်းဆရာများကလည်း သိလိုတာများကို အင်တာဗျူးကြပြီး
အမှတ်တရ အားလုံး ဓာတ်ပုံစုရိုက်လို့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ် . ..

မန္တလေးက စာပေအသိုင်းအ၀န်းက စာနယ်ဇင်းဆရာများ တော်တော်စုံစုံလင်လင်တက်ရောက်တာကို တွေ့ခဲ့ရပါတယ်ဗျာ . . .

ကနေ့ည သီချင်း ၁၂ပုဒ်ကို နားထောင်ပြီတော့မှ ကျွန်တော် ကြိုက်မိရင် ပြောပြရဦးမယ်ဗျာ . . .

Sunday, May 27, 2007

မန္တလေးဓာတ်ပုံအသင်း ဓာတ်ပုံဆု ရွေးချယ်ပွဲ





မန္တလေးဓာတ်ပုံအသင်းရဲ့ ၂၀၀၇-ခုနှစ် လပတ်တံခွန်စိုက်ဓာတ်ပုံပြိုင်ပွဲ အမှတ်စဉ်(၅)
ဆုရွေးချယ်ပွဲကို ကနေ့ ညနေ ၁နာရီက မန္တလေးဓာတ်ပုံအသင်းမှာ ပြုလုပ်ခဲ့ပါတယ် . . .

အသင်းက ဖွင့်တဲ့ ဓာတ်ပုံပညာသင်တန်း ဆင်းပွဲနဲ့ အတူ ကျင်းပခဲ့ပါတယ် . . .
ဓာတ်ပုံရွေးချယ်တာကို ဒီတစ်ခါပဲ မြင်ဘူးပါတယ် . . .
အဆင့်ဆင့် သေသေချာချာ ရွေးချယ်ကြရပါတယ် . . .
ဒိုင်ငါးဦးရဲ့ ရွေးချယ်မှုက တစ်ဦးနဲ့ တစ်ဦး မတူညီကြပေမယ့်
နောက်ဆုံးမှာတော့ ပထမ ၊ ဒုတိယ ၊ တတိယရယ်လို့ ကွဲကွဲပြားပြားဖြစ်ခဲ့တာပါ့ပဲ . .

ဒီနေ့ ရွေးချယ်မှုက အကြီးတန်းပြိုင်ပွဲ အတွက် အရင်ရွေးချယ်ပါတယ် . . .
အကြီးတန်းပြိုင်ပွဲ မှာ ဆုရသူများက
ပထမဆု - ကိုအောင်မြင့်(မဉ္ဖူသင်း)
ဒုတိယဆု - ကိုမြင့်သိန်း(အလယ်ဘောင်)
တတိယဆု - ခင်မောင်တင့်(သဲသစ္စာ)
နှစ်သိမ့်ဆု(၁) - ကိုအောင်မြင့်(မဉ္ဖူသင်း)
နှစ်သိမ့်ဆု(၂) - ညီညီမောင်(လျှပ်စစ်)
နှစ်သိမ့်ဆု(၃) - ခင်မောင်တင့်(သဲသစ္စာ)

အငယ်တန်းပြိုင်ပွဲဆုရစာရင်းကတော့

ပထမဆု - အောင်မျိုးကျော်(ရွှေဂူ)
ဒုတိယဆု - အောင်ဇော်လင်း(ရွှေလောင်းသား)
တတိယဆု - ကိုအောင်ကျော်ဝင်း(မဉ္ဖူသင်း)
နှစ်သိမ့်ဆု(၁) - အောင်မျိုးကျော်(ရွှေဂူ)
နှစ်သိမ့်ဆု(၂) - အောင်မျိုးကျော်(ရွှေဂူ)
နှစ်သိမ့်ဆု(၃) - ကိုအောင်ကျော်ဝင်း(မဉ္ဖူသင်း)


ရွေးချယ်ပွဲကို မော်ဒယ်အဖြစ် ကူညီသူ မနန်းသဉ္ဖာသိမ့် (ဈေးချိုတော်အလှမယ်)လည်း လာရောက်ကြည့်ရှုအားပေးတာကို တွေ့ခဲ့ရပါတယ်. . .



Friday, May 25, 2007

ပြည်နယ်နှင့်တိုင်းအမျိုးသမီးဘောလုံးပြိုင်ပွဲ

ကနေ့ ညနေ ၄နာရီက ဗထူးကွင်းမှာ ရန်ကုန်တိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် မန္တလေးတိုင်း အမျိုးသမီးဘောလုံးအသင်းတို့
ပြည်နယ်နှင့်တိုင်း အမျိုးသမီးဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြပါတယ် . . .

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ကြပါတယ် . . .

ဒုတိယပိုင်းစလို့ ၅မိနစ်လောက်မှာပဲ ရန်ကုန်တိုင်းအသင်းက ပထမနှင့်အနိုင်ဂိုးသွင်းယူပြီး
ပထမဒိုင်းဆုကြီးကို ရန်ကုန်သယ်သွားခဲ့ပါတယ် .. .


မန္တလေးတိုင်းကတော့ အသန့်ရှင်းဆုံးအသင်းဆုနဲ့သာ ကျေနပ်ခဲ့ရပါတော့တယ် . . .

မန်းပရိသတ်ရဲ့ ရင်ထဲမှာတော့ . . ..
ဒေသစွဲကြီးတယ်ပြောပြော
ခြေချင်း ဘယ်လိုကွာကွာ မန်းအသင်းကို နိုင်စေချင်တာ သဘာဝပါပဲ . . .

ရင်ထဲတော့ ဖြေကြရတာပေါ့လေ . .
ရန်ကုန်အသင်းက လက်ရွေးစင်အသင်း အားကစားသမားတွေပါတယ်လို့ပေါ့ . . .

ဘာပြောပြော နိုင်သူရဲ့ အပျော် . ..
ရှုံးနိမ့်သူရဲ့ ခံစားချက်ကတော့ . . . .

Thursday, May 24, 2007

သြော် ဘောလုံး . .. ဘောလုံး

အခုရက်ပိုင်း မန်းမှာ ပြည်နယ်နှင့်တိုင်း အမျိုးသမီးဘောလုံးပြိုင်ပွဲရှိပါတယ် . . .
ဗထူးကွင်းနဲ့ ရွှေမန်းတောင်ကွင်းမှာ ကန်ကြတယ်ဗျ . .
မကြာခင်မှာ ဗိုလ်လုပွဲရောက်တော့မယ်
မန္တလေးတိုင်း အမျိုးသမီးဘောလုံးအသင်းကတော့ ကြိုးစားနေဆဲပါ . . .
ဒီနေ့တော့ ထူးထူးခြားခြား အဖြစ်အပျက်တွေ ဖြစ်တယ်ဆိုပဲ . . .
သေချာအောင် မေးကြည့်ပြီး
နောက်နေ့မှ ပြောပြမယ်နော် . . .

သြော်
ဘောလုံး . . .ဘောလုံး

ထူးထူးခြားဖြစ်တာက မန္တလေးနဲ့ မွန်ပြည်နယ် အကြိုဗိုလ်လုပွဲမှာပေါ့ . . .

ဒုတိယပိုင်းမှာ မွန်ပြည်နယ် ၂ဂိုး မန်းက ပင်နယ်တီ တစ်ဂိုးရပြီးချိန်မှာ

မွန်ပြည်နယ်ရဲ့ အဓိက အားကစားသမား အနီကတ်ပြထုတ်ခံရပါတယ် . . အဲဒီအခါမှာ မွန် တစ်သင်းလုံး ကွင်းပြင်ထွက်ပြီး ဆက်မကစားကြပါဘူး . . .

တာဝန်ရှိသူတွေအားလုံးပြောကြတော့ ဆက်ပြီး ကန်ကြပါတယ် . . . အဖြစ်အပျက်က ကြာချိန် ၁၅မိနစ်လောက်ရှိသွားပါတယ်

ဆက်ကန်ကြရင်း တစ်ဖက်ကို တစ်ဖက် ဂိုးမသွင်းနိုင်တဲ့အချိန်

ပွဲချိန်ကလည်း ပုံမှန် မိနစ်၉၀ပြည့်ခါနီး ကွင်းလယ်ဒိုင်လူကြီးက ကြားထဲက ကြာခဲ့တဲ့အချိန်များကို နာကျင်ချိန်ပို အဖြစ် မပေးတော့ပဲ မိနစ်၉၀ မပြည့်မီ အပြင်ဒိုင်များက နာကျင်ချိန်ပို ပြဖို့ အလုပ်မှာပဲ ပွဲကို ရပ်နားပြီးဆုံးလိုက်ပါတယ် . . .

ဒါကြောင့် ပွဲချိန် ၁၅မိနစ်ခန့် ဆုံးရှုံးမှုအတွက် မန်းတိုင်းဘောလုံးအသင်းက တာဝန်ရှိသူများထံ တင်ပြခဲ့ပါတယ် . . .

တာဝန်ရှိသူများ ဆုံးဖြတ်ချက်အရ . . . နောက်တစ်နေ့ နံနက်မှာ ၁၂မိနစ် ပြန်လည်ကစားခွင့်ရရှိခဲ့ပါတယ် . . .

အဲဒီအခါမှာ မန်းတိုင်းအသင်းက တစ်ဂိုးသွင်းနိုင်တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျတဲ့ အတွက်

အချိန်ပို မိနစ် ၃၀ ကစားကြပါတယ် . ..

မန်းတိုင်းအသင်းက ထပ်မံ ဂိုးများသွင်းယူပြီး အနိုင်ရရှိခဲ့ပါတယ် . . .

အဲဒီအဖြစ်အပျက်ကြောင့် ပထမနေ့ မှာ တာဝန်ကျတဲ့ ကွင်းလယ်ဒိုင်လူကြီးကတော့ အပြစ်ပေးခြင်းခံခဲ့ရပါတယ် . . .

ထူးထူးခြားခြား ပြန်ကန်တဲ့ ပွဲပေါ့ဗျာ . . .




Wednesday, May 23, 2007

တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့

ဒီကနေ့ ရတနာပုံတက္ကသိုလ်ကို အောင်စာရင်းသွားကြည့်ဖြစ်ပါတယ် . . .
မနက်မိုးလင်းတော့ ဘယ်သွားစရာရှိလဲလို့ စဉ်းစားတယ် . .
မန္တလေးဓာတ်ပုံအသင်းက ဓာတ်ပုံပြိုင်ပွဲရှိတာ မေ့နေတယ် . . သတိရလို့ ဖုန်းဆက်ကြည့်တော့ ကိုဘဦးက အိမ်မှာ မရှိဘူးတဲ့ လိုက်သွားရင် ကောင်းမလားစဉ်းစားတယ် . .
မလိုက်ေ
တာ့ပါဘူးဆိုပြီး ရတနာပုံကိုပဲ ထွက်ခဲ့လိုက်တော့တယ် . . . .
ကျောင်းကြီးကလည်း အတန်းတွေ သိပ်မရှိတော့ ပျင်းခြောက်ခြောက်ကြီး . .

ဘွဲ့ဝတ်စုံထုတ်ပေးနေတဲ့နေရာကို ရောက်ခဲ့တော့ ပျော်စရာပါ . . .
ဘွဲ့ဝတ်စုံတွေ ၀တ်ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် နောက်ကြ စကြနဲ့ပေါ့ . . .



နောက်တော့ တောင်သမန်အင်းက ဦးပိန်တံတားဘက်ကို လျှောက်ခဲ့ပါတယ် . . .
တံတားပေါ်တက်ပြီး မြင်သမျှ ဓာတ်ပုံရိုက်လာခဲ့ပါတယ် . .
တံတားပေါ်လည်း လေအရမ်းတိုက်တော့ တော်တော်သတိထားနေရတယ် . .
လေထဲများလွင့်ပါသွားမလားပေါ့ . . .
တောင်သမန်ရွှေအင်းက လေညှင်းမဟုတ်ပဲ လေနည်းနည်း ပြင်းနေတယ်ဗျာ . . .
အင်း
အဲဒီစာအုပ်လဲ အပိုင်လိုချင်တာ မ၀ယ်နိုင်သေးပါ့လားနော် . .
တောင်သမန်ရွာစားကိုလည်းသတိရ . . ဒိုင်းခင်ခင်လဲ သတိရ . . .

သတိရခြင်းများစွာနဲ့ပေါ့ . . ဗျာ

တစ်နာရီလောက် တံတားပေါ်မှာ အချိန်ဖြုန်းပြီးတော့ ပြန်လာခဲ့တယ် . . .
ကနေ့ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာတွေကို ဓာတ်ပုံရိုက်မယ့်
အစီအစဉ်ပျက်သွားခဲ့တယ် . . .

Tuesday, May 22, 2007

မိုးနဲ့မန္တလေး

ဒီနေ့တော့ မိုးက သဘောကောင်းနေသလိုပဲ
တစ်နေကုန် မှိုင်းနေပြီး နည်းနည်းပဲ ကျတယ် . . .
မနေ့တော့ တော်တော်စိတ်ညစ်သွားတယ် . . .
မိုးက တစိမ့်စိမ့်ကို ရွာနေတာ
တစ်ချို့ကပြောကြတယ်
ကောလဟလပေါ့
ရက်ပေါင်း ၁၀၈ရက် မိုးရွာမတဲ့ . .

အင်း
သူဟာသူ မုန်တိုင်းရှိလို့ . . .ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲမှာ . . .
ထွက်လာသေးတယ် . . .

ဘယ်နေ့က စတွက်ရမလဲ သွားမေးလို့ ရန်တွေ့ခံရသေးတယ် . . .
မိုးရွာတော့လဲ ဘာဖြစ်လဲဗျာ
ထီးအကြီးကြီးယူပြီး လျှောက်သွားနေတယ် . . .

အခုရက်ပိုင်း ကိုယ့်ဘာသာတောင် ဘာပုံပေါက်နေလဲမသိ
ထီးကြီးနဲ့ လမ်းတစ်လျှောက် လျှောက်သွားနေတာတွေ့ရင် . . .
ကျွန်တော်လို့သာ မှတ်လိုက်တော့ . . .

မန္တလေးမှာ မိုးကြောက်တဲ့ မန်းသူ၊မန်းသားတွေ အခုတော့ ထီးဆောင်ပြီး အပြင်ထွက်နေကြရပြီ . . .
အရမ်းကြီး မရွာပေမယ့် ရွာချိန်ကြာတော့ လမ်းပေါ် ရေလျှံတာတော့ ဖြစ်နေတယ် . .

မြောင်းတွေ ဆယ်သော်လည်း . . .
ဆယ်တာက စနစ်တကျ မြောင်းအားလုံး မဆယ်ဖြစ်တာရယ် . .
တစ်ချို့ မြောင်းဖုံးတွေကြောင့် ဆယ်မရတာရယ် . . .
မန္တလေးမြို့က မြစ်ထက် နိမ့်နေတော့ ရေများရင် ရေစွန့်ထုတ်ဖို့ ခက်တာရယ်ပေါ့ . .

အင်း ဒါတောင် မြောင်းတွေကို လိုက်ဆယ်ထားတာ တော်တော်များတယ် . . .

တစ်ချို့ကလဲ မြောင်းဆယ်လာတဲ့သူကို ပိုက်ဆံပေးပြီး အိမ်ရှေ့မှာ မဆယ်ကြဖို့ လုပ်ကြတယ် . . .
သူတို့ အိမ်ရှေ့က မြောင်းကာပြားတွေ အပြည့်ခင်းတာပျက်မှာရယ် မြောင်းက ဗွက်ရည်တွေ ပေမှာရယ်ပေါ့ . . .
ဒီတော့ မြောင်းက ပိတ် . . ရေကလျှံ . . .မန္တလေး မိုးနဲ့ကတော့ အမြဲတမ်း ပတ်လည်ရိုက်နေတော့မှာပါပဲ . . .

မန်းကလူတွေက ကိုယ့်အိမ်ရှေ့ကမြောင်း ရေစီးကောင်းဖို့ ကိုယ်က တာဝန်ယူကြရင် ဘယ်လောက်ကောင်းမလဲလေ . . .
အဲလိုဖြစ်မယ်ဆိုရင်တော့ . . .
မန်းမှာ ရေလျှံတယ်ဆိုတာ မကြားရတော့ဘူးပေါ့ . .

အင်း အတွေးက အတွေးသာဖြစ်မှာပါလေ . . .







Monday, May 21, 2007

ဓာတ်ပုံပြိုင်ပွဲများ ရှိတယ်နော်

မန္တလေးဓာတ်ပုံအသင်းရဲ့ လပတ်ဓာတ်ပုံပြိုင်ပွဲ-၅
"ဓာတ်ပုံပညာဖြင့် မြန်မာကို ကမ္ဘာကသိစေရမည်" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချီတက်နေတဲ့ မန္တလေးဓာတ်ပုံအသင်းရဲ့ ၂၀၀၇-ခုနှစ် လပတ်တံခွန်စိုက်ဓာတ်ပုံပြိုင်ပွဲ အမှတ်စဉ်(၅)ကို ၂၃-၅-၂၀၀၇ (ဗုဒ္ဓဟူးနေ့)မှာ ကုသိုလ်တော်ဘုရား (တောင်ဖက်ပေါက်)မှာ ရိုက်ကူးကြမယ်လို့ ကြေညာထားပါတယ်။ Model မနန်းသဉ္ဖာသိမ့် (ဈေးချိုတော်အလှမယ်) က သရုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ စတင်ရိုက်ကူးမယ့်အချိန်ကတော့ နံနက်(၉)နာရီ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကြေး (၁၀၀၀)ပေးဆောင် ရိုက်ကူးရမှာဖြစ်ပါတယ်။ အကြီးတန်းနဲ့ အငယ်တန်းဆိုပြီး နှစ်တန်းခွဲခြားပြီး ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံအနေနဲ့ အကြီးတန်းအတွက် (၁၀x၁၂)လက်မ ကနေ (၁၀x၁၄)လက်မအတွင်း၊ အငယ်တန်းအတွက် (၈x၁၀)လက်မ ကနေ (၈x၁၂)လက်မအတွင်းကူးပြီး ယှဉ်ပြိုင်နိုင်ပါတယ်။အဆိုပါပြိုင်ပွဲဓာတ်ပုံများကို ၂၇-၅-၂၀၀၇ (တနင်္ဂနွေနေ့) မွန်းလွဲ (၁း၃၀)နာရီ နောက်ဆုံးထားပြီး ရတနာပုံဈေး ဒုတိယထပ်မှာရှိတဲ့ ဓာတ်ပုံအသင်းကို ပေးပို့ရမှာ ဖြစ်ပါတယ်။မန္တလေးဓာတ်ပုံအသင်းဟာ ၁၉၈၈-ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး (၁၈)နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အသင်းဝင်ပေါင်း ၁၀၀၀-ကျော်ရှိပါတယ်။ တစ်နှစ်တာကာအတွင်း လပတ်ဓာတ်ပုံပြိုင်ပွဲပေါင်း(၁၀)ပွဲ ကျင်းပပေးပြီး အမှတ်အများဆုံးရရှိသူကို တံခွန်စိုက်ဆုကြီး ချီးမြှင့်ပါတယ်။ နှစ်စဉ် မြန်မာတစ်နိုင်ငံလုံးကို ဖိတ်ခေါ်ပြီး နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲကြီးကို ကဏ္ဍ(၄)ရပ်ခွဲပြီး ကျင်းပလေ့ရှိပါတယ်။ဓာတ်ပုံပညာပြန့်ပွားရေး၊ ဓာတ်ပုံပညာတိုးတက်ရေးအတွက် ဓာတ်ပုံပြိုင်ပွဲများ ကျင်းပပေးသလို ဓာတ်ပုံသင်တန်းကိုလည်း အခါအားလျော်စွာဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါတယ်။

ဒါက ဆရာဘရဲ့ ဘလော့ http://sayaba.blogspot.com/ သတင်းပါ . . .

နောက် အထက်မြန်မာပြည်ဓာတ်ပုံအသင်းကလဲ ပြင်ဦးလွင်ကို မော်ဒယ်အလှ ထွက်ရိုက်မယ်လို့ သိရပါတယ်
၂၈-၅-၂၀၀၇မှာပါ . . .

ဓာတ်ပုံဆရာများ လက်စွမ်းပြကြပါဦးလားဗျာ . . .

Friday, May 18, 2007

ပျော်ရွင်ခဲ့ရသော ကူညီမှုတစ်ခု

မနေ့ကထဲက ဒီအကြောင်းပြောချင်တာ . .
မနေ့ မနက်ပိုင်းမှာပဲ မင်္ဂလာကိစ္စတစ်ခုကို ကူညီပေးလိုက်ရပါတယ် . ..
တရားရုံးမှာ လက်ထပ်ချင်လို့တဲ့ . . . လူကို လက်ထပ်မှု အေဂျင်စီကျနေတာပဲ . . . လာပြောတာ . ..
ဒါပေမယ့်လဲ ကူညီပေးရမယ်ဆိုတော့လဲ ကူညီရတာပေါ့ . . .
လက်ထပ်ဖို့ တရားရုံးကို ကြိုတင်ပြောပေးလိုက်ပါတယ် . . .
ဟိုတစ်ခေါက်က ဆရာသမားတို့ကို လက်ထပ်ကြစဉ်က အတွေ့အကြုံပေါ့လေ . . .
တရားရုံးက စာရွက်စာတမ်းကြေး၊ နောက် ကူညီကြသူများကို မင်္ဂလာဦးလက်ဆောင်ပေါ့လေ . . . တစ်သောင်းခွဲ ပေးလိုက်ပါတယ် . . .
မင်္ဂလာလက်ထပ်စာချုပ်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝယ်သွားရပါတယ် . . .
တရားရုံးရောက်တော့ စာချုပ်ထဲမှာ အချက်အလက်တွေဖြည့် . . .
တရားရုံးက လက်ခံစာအုပ်မှာ ဖြည့်သွင်းပြီး . .
တရားသူကြီးရှေ့မှောက်မှာ နှစ်ဦးသဘောတူ လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးကြပါတယ် . . .
သက်သေနှစ်ယောက်ကလဲ လက်မှတ်ထိုးကြပေါ့ . . .
ပြီးရင်တော့ အဲဒီလက်ထပ်စာချုပ်ကို မိတ္တူဆွဲပြီး ရုံးကို လက်ခံပေးရပါတယ် . . .
ဒါမှ နောင်တစ်ချိန် တစ်ခုခုဆို ရုံးမှာ လက်ခံရှိတယ်လေ . . .

ကဲ လက်မှတ်ထိုး လက်ထပ်ကြဦးမလား . . .
အသက်၁၈နှစ်ပြည့်ရမယ်
ဖြားယောင်းသွေးဆောင်မှုမရှိရဘူး . .
မိမိသဘောဆန္ဒအလျှောက် ဖြစ်ရပါမယ် .
မှတ်ပုံတင် ပါလာရပါမယ်
လက်ထပ်စာချုပ်ဝယ်ခဲ့ပါ(မပါလဲ တရားရုံးနားမှာရောင်းတယ် ဈေးတော့ကြီးတာပေါ့)
သက်သေနှစ်ယောက်ပါရပါမယ် . .မပါလဲ တရားရုံးက သူတွေ အကူအညီတောင်းပေါ့ . . .

ဒါဆို လက်ထပ်လက်မှတ်ထိုးလို့ရပြီ . . .
သြော် ပိုက်ဆံတော့ထည့်ခဲ့ဦးနော် . . .မုန့်ကျွေးရအောင် . . .


စိတ္တသုခ လူငယ်များရဲ့အလှူ

စိတ္တသုခ လူငယ်များဆိုတာ မန္တလေးက ကူညီလှူဒါန်းချင်စိတ် တိုင်ဆိုင်သူလူငယ်များ စုထားတဲ့အဖွဲ့လေးပါ . . .
အဓိက စတင်လုပ်တာကတော့ အောင်တော်မူဘုရားမှာ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်တာကနေ စတင်ခဲ့တာပါ။
ဆီမီးပူဇော်ကြရင်း သူငယ်ချင်းတစ်စုက အလှူတစ်ခုလောက် စုစုလုပ်ကြဖို့ တိုင်ပင်ပါတယ် . . .
သူငယ်ချင်းတွေစုပြီး ပထမအကြိမ် ရေနံ့သာကျေးရွာကို သွားရောက်လှူဒါန်းခဲ့ပါတယ် . .
အဲဒီကအပြန် အဲလိုပဲ ထပ်လှူကြရအောင်ဆိုပြီ တိုင်ပင်ကြပါတယ် . . .
ဒါနဲ့ ခြောက်လ တစ်ကြိမ်လှူမယ်ဆိုပြီး သတ်မှတ်ကြပါတယ် . . လစဉ်ကြေးအဖြစ် တစ်လ တစ်ထောင်စုမယ် . . .
ခြောက်လပြည့်တော့ ခြောက်ထောင်ရမယ် . . .
အားလုံးစုပြီးတော့ တစ်လတစ်ခါ ဘဏ်မှာ အပ်မယ်ပေါ့ . . .
ပြီးတော့ မှ လှူမယ့်နေရာမှာ သွားလှူမယ်ပေါ့ဗျာ
ဒုတိယအကြိမ်အဖြစ် ပြင်ဦးလွင်က ဆရာတော်ဦးဥေ ယျရဲ့ မျက်မမြင်စာသင်ကျောင်းနဲ့ ဘိုးဘွားရိပ်သာကို လှူကြပါတယ် . .
တတိယအကြိမ်အဖြစ် ပြင်ဦးလွင် အနီးစခန်းက ဒိုးပင်အောင်ကံသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းကို လှူဒါန်းခဲ့ပါတယ် . .
အခု လေးကြိမ်မြောက် စစ်ကိုင်းမြို့ မြရတနာရပ်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းကိုပါ .. .
သွားလှူမယ့်နေ့က ဇွန် ၁၄ရက် . .

လှူမယ်ဆိုရင်
Compu-Care Computer Center
ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းရေးနှင့်သင်တန်း
ကိုဘဦး+မသီတာအောင်
၃၄လမ်း၊ ၈၅လမ်းနှင့်၈၆လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့။
ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် . . .

ကျွန်တော့်ရဲ့ မေးလ်က mailto:uhteik@gmail.com မေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်ဗျာ ။ ။ ။
စိတ္တသုခ ပရဟိတလူငယ်များရဲ့ မေးလ်က cittasukha@gmail.com ပါဗျာ ။ ။



Wednesday, May 16, 2007

ဇွန်လ ၁၄ရက်နေ့ သွားလှူကြမယ်


မနေ့က စိတ္တသုခလူငယ်များ အလှူအတွက် တွေ့ဆုံညှိနှိုင်းပွဲလေး လုပ်ဖြစ်တယ်ဗျ

ကျွန်တော်တို့ ဆွေးနွေးဖြစ်တာတွေ ပြောပြမယ်ဗျာ

ကူညီနိုင်တာရှိရင် ၀ိုင်းကြ၀န်းကြပါဦး . .

ပထမဆုံးကတော့ သွားလာဖို့ပါ . .

ကျွန်တော်တို့အဖွဲ့ လူ၄၀ကျော်လောက်ရှိတယ်ဗျ. . . လိုက်ကြမယ်ဆို အားလုံးနီးပါးပဲ ဒီတော့ သွားဖို့လာဖို့ ယာဉ်လိုလာပြီ . . .

အရင် အခေါက်တွေကလိုပဲ ကားငှားသွားမယ် . . ကားခကို အားလုံး ကျသလောက် စုခံကြမယ် . .အလှူငွေကို မထိခိုက်စေဘူး .. ဒီလိုပဲ လုပ်ကြတော့မယ် . . .

ခရီးစဉ်က . . မန်းကနေ စစ်ကိုင်းမြို့ မြရတနာရပ်က အမှတ်(၂၅) မူလတန်းကျောင်း(စက်မှုဇုန်အဆုံးနားမှာ)မှာ သွားလှူမယ် ၊

အပြန်မှာ အဲဒီကနေ ကောင်းမှုတော်၊ ကံတလူသွားဘုရားဖူးမယ်။ ဦးပိန်တံတားဝင်မယ် . . .

ဒါက ခရီးစဉ်ပါ . . . အဲဒီခရီးစဉ်

အဲဒီခရီးစဉ်အတွက် လူ၅၀လောက်ဆံ့တဲ့ကားငှားချင်ပါတယ် . .

ဈေးသက်သာ၊ ကားကောင်းပေါ့ . ..


နောက် အလှူအတွက် စာအုပ်တွေ ရိုက်ဖို့ရှိသလို၊ လွယ်အိတ်လေးတွေ ၀ယ်ချင်ပါတယ် . . .

ခဲတံ၊ ပေတံရောပေါ့ . .

ကလေး ၂၅၀ စာအတွက်ပါ . . .


အလှူရှင်များလည်း ရှာနေပါတယ် . . .


လှူဒါန်းလိုသူများ သူငယ်တန်းက လေးတန်းထိ ကျောင်းသား စာရင်းကို တင်ပေးပါဦးမယ် . . .

နောက်နေ့မှပေါ့ . . .ဗျာ




Tuesday, May 15, 2007

အလှူတစ်ခု လှူကြရအောင်

dkသတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့
ဒီဆောင်ပုဒ်နဲ့အညီ မန္တလေးသားတစ်ချို့စုစည်းထားတဲ့ စိတ္တသုခဆိုတဲ့ ပရဟိတအဖွဲ့ . . .
မကြာခင်မှာ ခြောက်လတစ်ကြိမ် လှူနေကြအလှူတစ်ခု လုပ်ကြရတော့မယ် . .

အကြမ်းဆုံးဖြတ်ထားကြတာကတော့

စစ်ကိုင်းမြို့က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှာ လှူမယ်လို့ ဆုံးဖြတ်ထားပါတယ် . .
အဲဒီကျောင်းက ကျောင်းသား၊ကျောင်းသူများရဲ့ ဘ၀က သနားစရာပါဗျာ . .

လူချင်းတူတူ အခွင့်အရေး တန်းတူမရခဲ့တဲ့ သူတွေပါ . . .
တစ်ချိန်က လူတွေရဲ့ အပစ်ပယ်ခံ လူတွေပေါ့ . .

သူတို့ဘ၀ ကို ကယ်တင်အလင်းရောင်ပေးခဲ့ကြပေမယ့် မပြည့်မစုံနဲ့အခုအချိန်အထိ လူတွေကြားမှာ
လူတိုင်းနဲ့ ပုခုံးချင်းယှဉ်မနေနိုင်ကြဘူးလေ . .

သူတို့ကလေးတွေရဲ့ မိဘတွေမှာ ရှိခဲ့တဲ့ ပြစ်ချက်က သူတို့အတွက် ပိတ်ပင်မှုကြီး ဖြစ်နေကြတယ်.
သူတို့ ကျောင်းနေမယ်ဆိုတော့ ကျောင်းကလက်မခံချင်ကြဘူးလေ . .
ကလေးငယ်တွေရဲ့ ဘ၀ကို အရိပ်မည်းကြီးက အုပ်မိုးနေတာလေ . . .
ဒါနဲ့ပဲ ဒီမူလတန်းကျောင်းလေး ဖြစ်လာခဲ့ရတာ . .
ကျောင်းသား၊ ကျောင်းသူ ၂၅၀ ခန့်ရှိပါတယ် . .
အားလုံးက တစ်ရွာထဲက ပါ . .

စာနာမှုမရှိတဲ့ လူတွေက ပစ်ပယ်ထားကြတယ် . . .
စာနာတတ်သူတွေက ကူညီကယ်တင်တယ် . .

သူတို့ဘ၀လေးတွေ အရောင်ပြောင်းပြီး ဘ၀ကို တည်ငြိမ်စွာ တည်ဆောက်နိုင်ဖို့က စာနာနားလည်သူတွေ အများကြီးလိုအပ်နေပါတယ် . . .

ခင်ဗျားရော သူတို့အပေါ် စာနာနိုင်မလား . . .

သူတို့က သန့်စင်တဲ့ ပန်းလေးတွေပါ . .
သူတို့ ရဲ့ မိဘ အဘိုးအဘွား များရဲ့ အရိပ်မည်းက သူတို့ကို ညှိုးနွမ်းစေခဲ့တယ်လေ . . .

သူတို့က အနာကြီးရောဂါဆိုတဲ့ တစ်ချိန်က ကြောက်ကြတဲ့ ရောဂါသည်တို့ရဲ့ သား၊သမီးတွေပေါ့ . .
အခုတော့ ပျောက်ကင်းသွားတဲ့ ရောဂါဆိုး
ဒါပေမယ့် အရိပ်မည်းက ကျန်နေဆဲပါ . .

အဲဒီအရိပ်မည်းကြီးကို ကျွန်တော်တို့ ၊ ခင်ဗျားတို့ရဲ့ စေတနာ မေတ္တာနဲ့ ဖယ်ရှားကြရအောင်လားဗျာ . .
ကျွန်တော်တို့နဲ့ အတူ ပါဝင်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ ငွေအား၊ လူအား အကြင်နာ မေတ္တာတွေကို ပြသပြီး
ကလေးငယ်တွေပေါ် ဖုံးလွှမ်းနေတဲ့ အရိပ်မည်းကြီးကို မေတ္တာတရားဆိုတဲ့ အလင်းရောင်ခြည်ပေးရအောင်ဗျာ . . .

ပါဝင်လှူဒါန်းမယ်ဆိုရင် ကျွန်တော့် ဘလော့မှာ ၀င်ရေးခဲ့လည်းရပါတယ်၊ နောက်မေးလ်ပို့လည်းရပါတယ်ဗျာ . .
အပြင်မှာ သိတဲ့သူလည်း ဆက်သွယ်ပေးပါ . . .
ကျွန်တော်တင်မကပါဘူး ကိုဘဦး(မန္တလေး)နဲ့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဗျာ . . .

သြော်
ကျွန်တော်တို့ ဇွန်လ ၁၄ရက်နေ့လောက်သွားလှူမယ်ဗျာ . .
ကိုယ်တိုင် လိုက်ခဲ့လို့ရတယ်နော် . .
လိုအပ်နေတာက မေတ္တာတရားပါ . . .

လူသားချင်းတူပေမယ့် လူတွေက လက်မခံသော ကလေးငယ်များအတွက် . . .
မေတ္တာရောင်ခြည် ပေးကြရအောင်ဗျာ . . .

ကျောင်းတော်ကြီးထဲက သူငယ်ချင်းတွေ

မကြာခင်မှာ ကျွန်တော်ဖြေဆိုထားတဲ့ စာမေးပွဲက အောင်စာရင်းထွက်ပါတော့မယ် . . .
အောင်ခဲ့ရင် ကျောင်းတော်ကြီးက ခွဲရပြီပေါ့ . . . ဆက်တက်ခွင့်ကတော့ ရမယ်မထင် . .
တကယ်လို နောက်ဆက်တွဲ ဖြေရမယ်ဆိုရင်တော့ ကျောင်းတော်ကြီးကို ပြန်လာရဦးမယ် . . .

ကျောင်းတော်ကြီးထဲက သူငယ်ချင်းတစ်ချို့လည်း ကျောင်းအရင်ပြီးကြတော့ အလုပ်ခွင် စောစောရောက်သွားကြပြီ . . .
အဝေးက မြို့တွေကို တာဝန်ကိုယ်စီနဲ့ သွားကြရပြီ . . .

အခု သူငယ်ချင်းခြောက်ယောက်အဖွဲ့လည်း ဒီအောင်စာရင်းထွက်ပြီးရင် ခွဲကြရတော့မယ် . . .
ကျောင်းတော်ကြီးမှာ ၆ယောက်တစ်ဖွဲ့တွဲပြီး အမိုက်ခံ၊ အမုန်းခံ၊ ဖြစ်အောင်လုပ်ခဲ့တာတွေ သတိရတမ်းတမိတယ် . .
အားလုံးရော ကျွန်တော်ကိုယ်တိုင်ပါ သဘောတူ ပေးထားတဲ့ အဖွဲ့နာမည်က သူရဲခြောက်ကောင်အဖွဲ့တဲ့
တစ်ယောက်ချင်းမှာ သူရဲ နာမည်ခံလို့ ကိုယ်သန်ရာ သန်ရာ စကြနောက်ကြရင် နာမည်ပြောင်လေးတွေ ရခဲ့ကြတယ် . . .
အဖွဲ့ထဲမှာက ယောင်္ကျားလေးက ၄ယောက်၊ မိန်းကလေးက ၂ယောက်
ဒါပေမယ့် အရေးအကြောင်းဆို မိန်းကလေး၂ယောက်က ပိုအားကိုးရသလိုပဲ . . .

သူတို့ခြောက်ယောက်က တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက် . . . စာကျက်လိုက်နဲ့ ပျော်စရာပါပဲ . . .

အဲဒီခြောက်ယောက်အကြောင်းက . . .
ဒီလိုဗျ . .

Monday, May 14, 2007

မန်းစည်ပင်ရဲ့ ဒုတိယအကြိမ် စုပေါင်းရဟန်းခံ၊ရှင်ပြု၊သီလရှင်ဝတ်အလှုတော်


မန်းစည်ပင် ၀န်ထမ်းများရဲ့ ဒုတိယအကြိမ်မြောက် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို
၁၁-၅-၂၀၀၇ ရက်နေ့က ကျင်းပခဲ့ပါတယ် . .
ရဟန်း ၁၀၈ ပါး၊ သာမဏေ ၃၉ပါး၊ သီလရှင် ၅၆ ပါး ၀တ်ကြပါတယ် ။

၁၀ရက်နေ့ကတော့ ရှင်လောင်းလှည့်၊ ကိုရင်ဝတ်ကြ၊ သီလရှင်ဝတ်ကြပေါ့ . .
၁၁ရက် မနက်မှာတော့ သိမ်ဝင်ကြပြီး ၉ နာရီမှာ သိမ်ဆင်း လောင်းပွဲကို စည်ပင်ရုံး ခန်းမ၁ရှေ့မှာ ကျင်းပခဲ့ပါတယ် . . .
ဦးဇင်းများ ဦးပြည်းပြောင်ပြောင်နဲ့ဆွမ်းခံထွက်လာတာ ကြည်ညိုဖွယ်ပါ . .
ဝန်ထမ်းများက ဌာနအလိုက်၊ တစ်ဦးချင်းအလိုက် လောင်းလှူကြပြီးတော့
ခန်းမအတွင်းမှာ အခမ်းအနားကျင်းပခဲ့ပါတယ် . . .

ပရိသတ်တွေ ငါးပါးသီလခံယူကြပြီးတော့
အလှူရေစက်ချတရားတော်မှာ မှတ်သားဖွယ်လေးတစ်ခု ဆရာတော်က ဟောကြားလို့ မှတ်သားထားပါတယ် .. .
အဲဒါလေး ဖောက်သည်ချချင်ပါတယ် . .



ရဟန်းတော်များ နှစ်ရာနှစ်ဆယ့်ခုနှစ်သွယ်မှာ
အကျဉ်းသာ ကျင့်ပါ သီလသာသနာ။

ဘိက္ခူနီများ ၃၃၁အား
မှတ်ဖွယ် သီလသာသနာ

သာမဏေများ ၁၁၃ဖြာ ကျင့်ရငြား
မှတ်သား သီလသာသနာ

သာသနာနွယ်ဝင် သီလရှင်များ
၈ပါး ၁၀ပါးကျင့်ရငြား မှတ်သား သီလသာသနာ

ဆိုပြီး ရဟန်း၊ ဘိက္ခုနီ၊ သီလရှင်တို့ရဲ့ ကျင့်ဆောင်ရတဲ့ သိက္ခာပုဒ်တွေကို ပြဆိုထားတာပါ။

လူဝတ်ကြောင်တို့အတွက်ကတော့ ငါးပါးသီလပေါ့လေ . . .

ပြောသာ ပြောရတာပါ . . .ကိုယ်တိုင်ကရော ငါးပါးသီလ လုံရဲ့လားမေးရင် . .
အင်း . . . မလုံဘူးလို့ဘဲ ပြောရမယ် . . .

မန္တလေးက ဂျာနယ်အသစ်လာတော့မယ် . . .

မန္တလေးအခြေစိုက်ထုတ်ဝေမယ့် ဂျာနယ်တစ်စောင် မကြာခင်တွေ့ရပါတော့မယ် . . .
မကြာခင်မှာ စတင်ထုတ်ဝေနိုင်တော့မယ်လို့ သိရပါတယ် . . .
အမည်ရွေးချယ်အတည်ပြုလိုက်ပြီဖြစ်ကြောင်းလည်းသိရပါတယ်. . .

ဇွန်လအတွင်း စတင်ထုတ်ဝေဖြန့်ချိနိုင်မယ်လို့ သိရပါတယ် . . .

မန်းတောင်ရိပ် လို့ အမည်ရွေးချယ်ထားပြီး သတင်းဂျာနယ်အဖြစ်ထုတ်ဝေသွားမယ်လို့သိရပါတယ် . .

ရွှေမန္တလေး၊ နန်းမြင့်၊ အထက်မြန်မာပြည် ဆိုပြီး မန္တလေးအခြေစိုက်သတင်းဂျာနယ် သုံးခုရှိပြီးသားဖြစ်တော့ . . .
လေးခုမြောက် မန်းအခြေစိုက် သတင်းဂျာနယ်ဖြစ်လာပါတောမယ် . . .
ဂျာနယ်တို့ သတင်းစာတို့ များလာတာ ကောင်းပါတယ် ..
ဒါပေမယ့် အရည်အသွေးပြည့်မယ်ဆိုရင်တော့ ကောင်းပါတယ် . . .
ဂျာနယ်တစ်စောင် ဖတ်တာနဲ့ အားလုံးအတူတူပါပဲဆိုတဲ့ စကားကို ကျော်လွှားနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ . . .

ဘာဖြစ်ဖြစ် အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့အတိုင်း
မန်းတောင်ရိပ်ဂျာနယ်ကိုဖတ်ရပြီး အသက်ရှည်မလားဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ် . . .

ဖတ်သူများလည်း အသက်ရှည်ကြသလို
မန်းတောင်ရိပ်လည်း အသက်ရှည်ဖို့ ဆုတောင်းလျက်ပါ . . .

မန်းတောင်ရိပ်ဝိုင်းတော်သားများ အမြန်းဆုံး ဂျာနယ်ထွက်ပေါ်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ် . . .

Friday, May 11, 2007

ဖူးမြော်ပူဇော် မြတ်စွယ်တော်













ရွှေစည်းခုံစေတီတော်၊ တုရင်တောင်စေတီတော်၊













လောကနန္ဒာစေတီတော်၊ တန့်ကြည့်တောင်စေတီတော်


အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်
ငါတည်ထားကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူး နေ့ချင်းဖူး၏။
လှူသည့်ကုသိုလ်မပို တူ၏။
တောင်းဆိုသည့်စကား မမှားတူ၏။
သီလငါးချက် မပျက်လုံ၏။
ထိုသည့်သူအား မကြာချက်ချင်း လက်ငင်းကောင်းကျိုးထူးစေသတည်း။




စွယ်တော်လေးဆူဖူးမယ်ဆိုရင် . . ပထမဆုံး နံနက် ၅နာရီအရောက် စဖူးစေလိုပါတယ် . . .
ပုဂံမှာတည်းတည်း၊ ညောင်ဦးမှာတည်းတည်း ရွှေစည်းခုံကို ၅နာရီအရောက်သွားဖူးရပါမယ် . . .
ရွှေစည်းခုံကနေ တုရင်တောင်ကို သွားရင် အဆင်ပြေပါတယ် . . .
တုရင်တောင်ကနေ လောကနန္ဒာ . . .
လောကနန္ဒာကနေ ဗူးဘုရားဆိပ်ကမ်းက တန့်ကြည့်တောင်ဘက် စက်လှေငှားကူးရပါမယ် . .
တစ်ဖက်ကမ်းမှာ ကားငှားပြီး တောင်ပေါ်တက်မယ်ဆို နေမွန်းမလွှဲခင် လေးဆူ ပြည့်ပါ့မယ်ခင်ဗျာ . . .

ကျွန်တော်တို့ကတော့ မမီမှာကြောက်တော့ ခပ်သွက်သွက် ဆွမ်းတော်တင် ၊ ဘုရားတစ်ပတ် ပူဇော်၊ ပတ်ဝန်းကျင် အနည်းငယ်လေ့လာနဲ့ ဘုရားတစ်ဆူ နာရီဝက်လောက်သာကြာတော့ . . တန့်ကြည့်တောင်ပေါ် ဆွမ်းကပ်ပြီးတော့ နံနက်၉နာရီသာ ရှိပါသေးတယ် . .
အားလုံးက စိတ်စောနေလို့ပါ . .
ဘုရားတစ်ဆူ တစ်နာရီလောက်စီ ဖူးလို့ရပါတယ် . . .

စွယ်တော်လေးဆူဖူးကို ကျွန်တော်တို့သွားတဲ့အချိန်ပေါ့ဗျာ
ကားခ ဆန်နီကားနဲ့ တစ်ဖက်ကမ်း၊ တန့်ကြည့်တောင်မပါ . . ၂၅၀၀၀ ယူပါတယ်.
စက်လှေခ ၊ တန့်ကြည့်တောင်တတ်ခ က ၂၅၀၀၀ ယူပါတယ် . . .
ကားသမားကို အားလုံးငှားမယ်ဆို ၅၀၀၀၀ ပေးရပါမယ် . .
ကားသမားက စက်လှေငှားပေးပါတယ် . . စက်လှေသမားက တောင်တက်ကားငှားပေးပါတယ်
အချိန်ကို ချွေတာမယ်ဆိုရင်တော့ အားလုံး အပြတ်ငှားတာကောင်းပါတယ်
ကိုယ်တိုင်ငှားရင် စက်လှေခ၊ တောင်တက်ကားခ အနည်းငယ် သက်သာနိုင်သော်လည်း အချိန်ကြာနိုင်ပါတယ်ဗျာ . . .

နောက်ထပ် သွားဖူးချင်သေးတယ်ဗျာ . .

လိပ်ဆံခွန်ရွာ က ဘုရားပွဲ

ရွှေသိမ်တော် မြတ်စွာဘုရားပါ . ..

ရွေသိမ်တော်ရဲ့ သိမ်သမုတ်ထားတဲ့ ကျောက်တိုင်ဟောင်းတွေပါ . . .







ရွှေသိမ်တော်ဘုရား အဝေးမြင်ကွင်း




လိပ်ဆံခွန်ရွာကို မနက် ၁၁နာရီလောက်မှာ ထွက်ခဲ့ပါတယ် . . .
သူငယ်ချင်းတွေ စုကြရင်းနဲ့
၁၂ခွဲမှ ပလိပ်က လှေဆိပ်ကိုရောက်ပါတယ်ဗျာ . .
လှေဆိပ်မှာ ကူတို့စီးခက တစ်ယောက် ၅၀ကျပ် . . .
ဟိုဘက်ကမ်းရောက်တော့ ဆရာမအိမ်ကို သွားကြပါတယ် . ..
ဆရာမက မုန့်ကျွေးတာတွေစားသောက်ပြီးတော့ ဆရာမအိမ်ရှေ့နေ လှည့်တဲ့ သူတွေကို ကြည့်ကြပါတယ် . . .
နောက် ထမင်းစား . လိပ်ဆံခွန်ရွာသမိုင်းကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ် . . .
ပန်းတွေလှူမယ့် ဘုရားကို သွားကြည့်ရင်း ပန်းလာကပ်သူတွေကိုစောင့်ပေမယ့် ညနေ ၃နာရီကျော်တဲ့ထိ လှည့်နေကြတာမို့
မိုးကြောင့်လို့ ပြန်ခဲ့ရပါတယ် . . .

ရွှေသိမ်တော်ဘုရားသွားဖူးပြီးတော့ လှေဆိပ်ကိုဆင်းကာ ပြန်ခဲ့ရပါတော့တယ် . . .
လှေဆိပ်က အတက်
သာယာအေးဘုရားပွဲ ဆိုင်းဘုတ် . . .
ဒီလိုလှည့်ကြတယ်ဗျာ . .

သတင်းတို သတင်းစု

ဒီကနေ့ ပုဂံတို့ လိပ်ဆံခွန်တို့ အကြောင်း မတင်ခင် သတင်းတို သတင်းစုလေးတွေ အရင် ပေးဦးမယ်ဗျာ . . .

ရတနာပုံတက္ကသိုလ် ဘွဲ့နှင်းသဘင်

၂၀၀၅-၂၀၀၆ ပညာသင်နှစ်အတွက်

ရတနာပုံတက္ကသိုလ်၊ လားရှိုးဒီကရီကောလိပ်၊ မြင်းခြံဒီကရီကောလိပ်တို့ကနေ ဘွဲ့လျှောက်ထားပြီးသူများကို

၁၈-၅-၂၀၀၇ကနေ ၂၇-၅-၂၀၀၇ အထိ ဘွဲ့အပ်နှင်းမယ်လို့ သိရပါတယ် . .


အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းက ဒုတိယအကြိမ် အာစရိယပူဇော်ပွဲ

၁၉၉၅ကနေ ၂၀၀၄ ခုနှစ်အထိ ဆယ်တန်းအောင်မြင်ခဲ့ကြတဲ့ သူတွေ စုစည်းပြီးလုပ်တဲ့ အာစရိယပူဇော်ပွဲပါတဲ့

လုပ်အားဒါန၊ ငွေကြေးဒါန လုပ်လိုသူတွေကို ဖိတ်ခေါ်ထားပါတယ် . . .

ဆက်သွယ်မယ်ဆိုရင် ထွန်းမြင့်အောင် ၀၉-၂၀၁၁၄၅၇၊ ဇော်ဇော်အောင် ၀၉-၅၁၂၉၁၇၁၊ ခိုင်ခိုင်စိုး ၀၂-၆၃၃၅၅

မှာ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဗျာ . . .ရတနာပုံသတင်းစာက တွေ့ခဲ့တဲ့ ကြော်ငြာက ကောက်နှုတ်ဖော်ပြတာပါ . . .


နောက်

ဈေးချိုနားက မန်းမြန်မာဈေချိုပလာဇာမှာ ဖွင့်ပွဲအထိမ်းအမှတ် ဈေးပွဲတော်လုပ်ပါမယ် . . .

အားလုံး ၂၅ထပ်ဆောက်မှာ အခု ခြောက်ထပ်ပြီးသွားပါပြီ . . .

၂၅-၅-၂၀၀၇ ကနေ ၂၉-၅-၂၀၀၇ ထိ ဈေးပွဲတော်လုပ်မှာပါ . . .

ဆိုင်ခန်းတွေ ခေါ်နေပါတယ် . . .
ကနေ့ မနက်က ရိုက်လာတာပါ . . .



Monday, May 7, 2007

ပုပ္ပါးတောင်တော် . . .

သိုးကလေ . . .
ပုပ္ပါးနတ်တောင်

အခေါင်ထွတ်ဖျား

စုံတောဖျားနှိုက်

နံ့ရှားကြိုင်လွင့်

ခါတံပွင့်သည်

ရွှေနှင့်ယိုးမှား ပန်းစကား . . .

ရွှေသိမ်တော်ရှိတဲ့ လိပ်ဆံခွန်ရွာ

မနက်ဖြန် ကျောက်ဆည်လိုပဲ ရွှေသိမ်တော်ဘုရားရှိတဲ့ လိပ်ဆံခွန်ရွာမှာ ဘုရားပွဲရှိပါတယ် . . .
ပုလိပ်မြို့ရဲ့ တစ်ဖက်ကမ်း . . မြစ်ငယ်ကနေ သွားရင် မြစ်မကူးရပါဘူး . . .
အခမ်းအနားနဲ့ တစ်ရွာလုံးလှည့်တာပါ့ . . .
မနက်ဖြန်မှာရှိတာပါ . . .
၈-၅-၂၀၀၇ မှာပေါ့ . . ကျွန်တော်သွားကြည့်ဦးမယ် ဗျ . .
ကျောင်းက ဆရာမတစ်ယောက်က အဲဒီရွာမှာနေပါတယ် . . .
တစ်ရွာလုံးက အထည်လုပ်ငန်း(ရက်ကန်းလုပ်ငန်း)လုပ်ကိုင်ကြပါတယ် . ..
ကြားရက်မှာဆို စက်ရက်ကန်းသံတွေ ဆူလို့ပေါ့ဗျာ . . .
ဓာတ်ပုံရိုက်ချင်သူများအတွက် သတင်းပေးလိုက်တာပါဗျာ . . .
ကျွန်တော်သွားပြီး လေ့လာကြည့်ပါဦးမယ် . . .

Sunday, May 6, 2007

ပုပ္ပါးနတ်တောင်သို့ တစ်ခေါက်

ဘုန်းကြီးကျောင်းမှာ ရေချိုး၊နားနေပြီးတော့ နံနက်၉နာရီခွဲလောက်မှာပဲ ပုပ္ပါးကို ခရီးဆက်ခဲ့ကြပါတယ် . . .
လမ်းမှာ ထမင်းစားချိန် ရောက်လာပြီဖြစ်တော့ လမ်းမှာရှိတဲ့ ထမင်းဆိုင်မှာ ၀င်စားကြပါတယ် . . .
ထမင်းဆိုင်က ဘူဖေးပဲရတယ်ဗျ . . .ရိုးရိုးစား ၁၅၀၀ကျပ်၊ ဘူဖေးစား ၁၈၀၀ ကျပ်တဲ့ . . .
မဆိုးပါဘူး . . .ဆန်က သိပ်မကောင်းဘူး . . .စားလို့တော့ ကောင်းပါတယ် . . ဗိုက်ဆာနေတာကိုး . . .
အဲဒီကနေ ဆက်သွားတော့ ဗျတ္တပန်းဆက်လမ်းကနေ ပုပ္ပါးတောင်ကလပ်ဆီသို့ ခရီးဆက်ခဲ့ပါတော့တယ် . .
လမ်းခရီးက တောင်တွေကိုကွေ့ပတ်ကျော်သွားရတာ . . ရှုခင်းလှသလို . . ရင်လဲခုန်ရပါတယ် . . .
ကားသမားရဲ့ ကျွမ်းကျင်မှုကြောင့် တော်တော်အဆင်ပြေခဲ့ပါတယ် . . .
မကြာခင်မှာပဲ တောင်ကလပ်ကို ရောက်ခဲ့ပါတယ် . . .
ရောက်တယ်ဆိုရင်ပဲ ပန်းရောင်းသူ၊ မျောက်စာရောင်းသူများ ၀ိုင်းလာပါတော့တယ် . ..
သူတို့က လူခွဲပြီးလာတယ်ဗျ . . .ဘယ်သူက ဘယ်သူ့ကို ရအောင်ရောင်းပေါ့လေ . ..
မျောက်စာဝယ်တော့ မြေပဲနဲ့ ပြောင်းဖူးဆံတွေ ရောင်းတာ တွေ့ရတယ် . . .
မျောက်စာတွေ အိတ်တစ်အိတ်စာဝယ် . . . လှေကားထစ်ကနေ တက်လိုက်ကာရှိသေးတယ် . . .
ဘယ်က ချောင်းနေလဲ မသိတဲ့ ကိုရွှေမျောက်က လာဆွဲတာ မျောက်စာတွေ ပွစာကျဲလို့ လိုက်ကောက်ရတယ် . . .
တော်သေးတယ် မျောက်စာက စက္ကူ ကတော့လေးတွေနဲ့ ထုပ်ထားလို့ . . .
တောင်ပေါ်ဆက်တက်တော့ မျောက်တွေကို နည်းနည်းစီတွေ့ရပါတယ် . . .
အစာကျွေးရင်းတောင်ပေါ်တက်ပါတယ် . . .
အိမ်က မိသားစုငါးယောက်မှာ အဖေနဲ့ အစ်မကြီးက တောင်ပေါ်မတက်ဘဲ တောင်အောက်မှာ နေခဲ့ပါတယ် . . .
ကျွန်တော်နဲ့ အမေရယ်၊ အစ်မငယ်ရယ်ပဲ တောင်ပေါ်တက်ခဲ့ကြတယ် . . .
လမ်းမှာ နားကြ၊ မျောက်စာကျွေးကြ . . .ပေါ့
မျောက်ကလေးတစ်ကောင်က အစ်မရဲ့ လုံချည်ကို ဆွဲထားတယ်
အစ်မက အစာတစ်ထုပ်ပေးတော လက်တစ်ဖက်နဲ့ ယူတယ် . . .လုံချည်မလွှတ်ဘူး . .
နောက်တစ်ထုပ်ပေးမှ လုံချည်လွှတ်ပြီး ယူ တယ် . . .တော်တော်မျောက်လည်ကျတဲ့ကောင် . . .
ချစ်စရာလေးတွေပါပဲ . .မျောက်လေးတွေက လူတွေကြောက်နေတယ် . . .တစ်ချို့က အပျော်ဆိုပြီး
မျောက်စာမှာ ငပိသုတ်ပေးကြသတဲ့ . . .မျောက်ကလေးတွေမှာ ငပိထိတဲ့နေရာ သွေးထွက်အောင် ပွတ်ကြတယ် . . .
အဲလိုလုပ်တာတော့ မကောင်းပါဘူးဗျာ . . .
မျောက်ကလေးတွေကလည်း ဟိုးနားတစ်စု ၊ ဒီနားတစ်စု ထိုင်နေလိုက် ၊ အစာတောင်းလိုက်၊ တစ်ကောင်နဲ့တစ်ကောင် သန်းရှာလိုက်၊ ရန်ဖြစ်လိုက် . . .
သဘာဝပေါ့ဗျာ . . .
မျောက်များက ပြောင်းဖူးဆံ မစားဘူးဗျ . . .မြေပဲဆံ ဟုတ်မဟုတ် ကြည့် . . မဟုတ်တော့ လွှင့်ပစ်တယ်ဗျာ . . .
လမ်းမှာ ရေခဲထုပ်စားတဲ့ မျောက်တောင် တွေ့ခဲ့ရသေးတယ် . . .

လမ်းမှာရှိတဲ့ တောင်ပြုံးညီနောင် မွေးဖွားရာဂူဝင်ကြည့် . .သံလှေကားမတ်မတ်တွေတက် . . .
လမ်းရှုခင်းတစ်ချို့ ဓာတ်ပုံရိုက် . .. နောက်ဆုံး တောင်ကလပ်ထိပ်ကို ရောက်ခဲ့ပါတယ် . . .
ဘိုးမင်းခေါင်ဓာတ်နန်းဝင်လေ့လာ . . . ဘုရားဖူး . . .
တောင်ထိပ်မှာ မိနစ်၂၀လောက်နေပြီးတော့ တောင်အောက်ကို ဆင်းခဲ့ပါတော့တယ် . . .
အပြန်လမ်းလဲ မျောက်ကလေးများကို အစာကျွေးရင်း တောင်အောက်ကို ရောက်ခဲ့ပါတယ် . . .
ပုပ္ပါးအမှတ်တရချည်ထည်လေးတွေ ၀ယ်ကြပြီး . . ပုပ္ပါးတောင်ကလပ်ကနေ ထွက်ခွာခဲ့ရပါတယ် . . .
မြေပြိုခဲ့တဲ့နေရာ သွားကြည့်ချင်သော်လည်း အားလုံးက မသွားချင်ကြတော့ မကြည့်ခဲ့ရဘူးပေါ့ဗျာ . . .
အပြန်ကျတော့ လမ်းမှာ ထန်းတဲ တစ်ခုဝင်ပြီး ထန်းညက်ဝယ် . . . ထန်းရည် ကြိုက်သူက ထန်းရည်သောက်ပေါ့ . . .
ထန်းရည်မကြိုက်သူကျွန်တော့်မှာတော့ လမ်းက သဲချောင်းနဲ့ ထန်းပင်လေးကို ဓာတ်ပုံရိုက် . . .
ညနေပိုင်းမှာတော့ ပုဂံကို ပြန်ရောက်ခဲ့ပါတယ် . . .
ကနေ့ညနေပိုင်းမှာတော့ ငှက်ပစ်တောင်ကို သွားခဲ့ပါတယ် . . .
အဲဒါကို နောက်နေ့မှပဲ ပြောပြတော့မယ်ဗျာ . . .

ဓာတ်ပုံတွေကို နောက်ရက်မှ တင်ပေးတော့မယ်ဗျာ . . .

Saturday, May 5, 2007

မြန်မာတို့ပုဂံနေပြည်

ပုဂံရထားကြီးကို စီးဖို့ အိမ်ကနေ ည၈နာရီထွက်ခဲ့ပါတယ် . . .

အိမ်နဲ့ဘူတာက နီးတော့ ခဏနဲ့ရောက်တာပေါ့ . . .

ဘူတာရောက်တော့ ပုဂံရထားက တွဲမထိုးသေးဘူးဗျ . . . ၉နာရီထိုးခါနီးမှ တွဲထိုးတယ်. . .

တွဲရှာပြီး တွေ့တော့ အထက်တန်းတွဲပေမယ့် မီးက မလင်းပါ . . .

တွဲပေါ်ကို လက်နှိပ်ဓာတ်မီးအားကိုးနဲ့ တက်ရပါတယ် . . . ရထားထွက်ခါနီးတော့ မီးလင်းပါတယ် . . .

လူအချင်းချင်း မတိုက်ရုံပါဘဲ . . .

၉နာရီ၁၀မိနစ်လောက်ရထားထွက်ပါတယ် . . .

လမ်းမှာ သိပ်မရပ်ဘဲ ထွက်လာတာ ပုဂံကို မနက်၇နာရီခွဲလောက်မှာ ရထားဆိုက်ခဲ့ပါတယ် . . .


ရထားဆိုက်တာနဲ့ ဘူတာထဲကိုသွား အပြန်လက်မှတ်အတွက် ရုံပိုင်နဲ့ သွားတွေ့ . . .

နောက်တော့ ကားငှားကြရင်း ကားဆရာက ညောင်ဦးကို တစ်ယောက်သုံးရာနဲ့ အဆင်ပြေခဲ့ပါတယ် . ..

ပထမက ရွှေစည်းခုံဘုရားက တည်းခိုဆောင်မှာ တည်းဖို့ ဂေါပကအဖွဲ့နဲ့ ပြောထားပါတယ် . . .

ကားဆရာက သူ့ဘကြီးဘုန်းကြီးကျောင်းမှာ တည်းပါဆိုပြီး ပြောတယ် . . .

ရေ၊မီး ပြည့်စုံတယ်လို့လဲ ပြောပါတယ် . .. ဒါနဲ့ သူ့ဘကြီုးဘုန်းကြီးကျောင်းလိုက်ခဲ့ပါတယ် . . .

ညောင်ဦး စည်ပင် ပန်းခြံရဲ့ မျက်နှာချင်းဆိုင် . . . သိမ်းမစည်းဘုရားကျောင်းမှ တည်းဖြစ်ပါတယ် . . .

အခန်းရပြီး ရေ၊မီး၊ အိမ်သာ အားလုံးအဆင်ပြေခဲ့ပါတယ် . . .


ပုဂံဘူတာကနေ ညောင်ဦးကိုလာတော့ သတိထားမိတာတစ်ခုရှိပါတယ် . . .

သန့်ရှင်းရေးတော်တော်ကောင်းပါတယ် . . .လမ်းပေါ်မှာ ရှင်းသန့်နေပါတယ် . . .

လမ်းမှာလည်း အမှိုက်ပုံးများတွေ့ပြီး ပုဂံ-ညောင်ဦးမှာ အမှိုက်ကင်းမဲ့ဇုန်လုပ်ထားတယ်လို့ သိရပါတယ် . . .

ကောင်းပါတယ်ဗျာ

ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်တဲ့နေရာဆိုတော့ ကောင်းပါတယ် . . .

ပုဂံမြို့ကြီးဟာ ရှေးခေတ် မြန်မာ့အငွေ့အသက်တို့ ကြွင်းကျန်တယ်ဆိုပေမယ့် ခံစားမှုသိပ်မရခဲ့ဘူးဖြစ်နေတယ် . . .

အရင်က ပုဂံဆိုတဲ့ ခံစားချက်ပျောက်ဆုံးနေခဲ့တယ် . . .

သြော် ကိုယ်က ညောင်ဦးမှာ တည်းတာဆိုတော့ ပုဂံကို မခံစားရတာထင်တယ် . . .

ဒီနေ့ ပုပ္ပါးကို သွားကြမယ် . . .

Friday, May 4, 2007

ပုဂံပြည်သို့ တစ်ခေါက်

ကနေ့ ညနေ ၃း၃၀ မှာဘဲ ပုဂံပြည်ကနေ ရထားကြီးစီးလို့ ပြန်ရောက်လာပါတယ် . . .
ပုပ္ပါး၊ စွယ်တော်လေးဆူ၊ ပုဂံဘုရားအချို့ ဖူးခဲ့ပါတယ် . . .
မိသားစု ပျော်ရွှင်စွာ ခရီးထွက်ခဲ့ကြတာပါ . . .
မီးရထားနဲ့ သွားပြီး မီးရထားနဲ့ ပြန်ခဲ့ပါတယ်ဗျာ . . .
ပုဂံမှာ ကားငှားပြီး လည်ခဲ့ကြပါတယ် . . .
ညောင်ဦး ရွှေစည်းခုံဘုရားနားက သိမ်းမစည်းဘုရားဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခဲ့ပါတယ် . . .
ရေ၊မီးပြည့်စုံပြီး တည်းခိုရတာ အဆင်ပြေပါတယ် . . .
ဘုန်းဘုန်းကလည်း သဘောအလွန်ကောင်းပါတယ် . . .
ခရီးစဉ်တစ်လျှောက် အတွေးအချို့နဲ့ ပုံရိပ်များကို တဖြည်းဖြည်း တင်ပေးပါဦးမယ် . . .
ပုဂံအတွေး ပေါ့ ဗျာ . . .


Tuesday, May 1, 2007

အလင်းလှိုင်းအလှူပွဲ

ဒီကနေ့ အလှူသွားလုပ်နေကြပါပြီ . . .

ပုလဲမြို့သစ် မြသိင်္ဂီသီလရှင်စာသင်တိုက်မှာ လှူကြမှာပါ . . .

အလင်းလှိုင်းအဖွဲ့က အလှူငွေ ဆယ်သိန်းကျော် သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ် . . .




လှူဒါန်းမှု အပြည့်အစုံကို အောက်ကမှာကြည့်ပါခင်ဗျာ . .


ကဆုန်လပြည့်နေ့

ကဆုန်လပြည့်နေ့ မနက်ပိုင်း ၉နာရီခွဲလောက်က ပုလိပ်ကဆုန်ညောင်ရေသွန်းပွဲကို ကိုလက်ဖက်နဲ့ သွားခဲ့ပါတယ် . . .
ပုလိပ်မြွေဘုရားရောက်မှ မေးကြည့်တော့ ညနေ ၂နာရီကျော်မှ လည့်မယ်တဲ့ . . .
ပုလိပ်မှာရှိတဲ့ သူငယ်ချင်းဆီသွားလည် . . သူကျွေးတဲ့မုန့်တွေစား . . . ထမင်းစားပြီး
မြွေဘုရားဖူးလို့ ပြန်လာရပါတယ် . ..

ကဆုန်ညောင်ရေပွဲနဲ့ မတဲ့ဘူးထင်တယ်ဗျာ . . .
မနှစ်ကလည်း ရွှေကြက်ယက်မှာ မိုးမိကြတယ် . . .
ဒါပေမဲ့ မြွှေဘုရားမှာ မြွေရေချိုးတာမြင်ခဲ့ရပါတယ် . . .
အဲဒီမှာ အတွေးတစ်ခုကတော့ ..
မြွှေနှစ်ကောင်ရှိပါတယ် . . တစ်ကောင်ကိုရေချိုးနေစဉ်မှာ တစ်ကောင်နဲ့ ဓာတ်ပုံရိုက်ကြပါတယ် . . .
ဓာတ်ပုံရိုက်တဲ့ တစ်ကောင်အစား ၀င်ခံစားကြည့်တော့ . . . တော်တော်စိတ်မကောင်းဖြစ်မိတယ် . .

စိတ်ညစ်စရာဗျာ
လူတွေဝိုင်းနေပြီး တစ်ယောက်ပြီးတစ်ယောက် တိုကင်နဲ့ ဓာတ်ပုံရိုက်ကြတာ
တရားဓမ္မကျင့်တဲ့ မြွေဆိုတောင် . . . ဘုရားအလောင်းဘူရိဒတ်လောက် ကျင့်ကြံစိတ်ရှိမယ်ထင်ပါ့ . . .

အပြန်မှာတော့ ဘုရားအ၀င်ဝမှာ ပိုက်ဆံတွေ ကြဲတာမြင်ခဲ့ရပါတယ် . ..

လှူဒါန်းကြသူတွေ များတာပေါ့ဗျာ . . .