Monday, July 7, 2008

ဘောလုံးပွဲဒုတိယနေ့ ဒုတိယပွဲစဉ်

ကနေ့ ညနေပိုင်းက ဘောလုံးပွဲ ဒုတိယနေ့ ဒုတိယပွဲစဉ်ကို ဗထူးကွင်းမှာ ကျင်းပခဲ့ပါတယ်
ဒီနေ့တော့ ဒုတိယပိုင်းစမှ ရောက်ခဲ့ပါတယ်
ကျွန်တော်ရောက်တော့ old star အသင်းက ၂ဂိုး၊ မင်းသားလေးများက ၁ ဂိုးပါ။

ဒုတိယပိုင်းမှာပဲ မင်းသားလေးများက ကျောနံပါတ် ၇ မင်းသားလေး ဖြိုးဝေထက်က ချေပဂိုး သွင်းယူခဲ့ပါတယ်။
မကြာမီမှာပဲ ပထမ အနိုင်ဂိုးအဖြစ် ကျောနံပတ် ၇ ဖြိုးဝေထက်ကပဲ သွင်းယူခဲ့ပါတယ်(ပထမပိုင်း တစ်ဂိုးနဲ့အတူ သုံးဂိုး သွင်းခဲ့တာပါ)
အဲဒီနောက်မှာတော့ ၀င်းနောင်က အနိုင်ဂိုး ထပ်မံ သွင်းယူပါတယ်။

နောက်ပိုင်း မိနစ် ၃၀ခန့်မှာ ဖိုးချစ်က တစ်ဂိုးသွင်းယူပြီး
မကြာခင်ပဲ ပင်နယ်တီ ရရှိပြီး ဖိုးချစ်က ထပ်မံသွင်းယူခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ပွဲမှာ
old star အသင်းက ၂ ဂိုး၊ မင်းသားလေးများက ၆ဂိုးဖြင့်
မင်းသားလေးများ အနိုင်ရရှိခဲ့ပါတယ်။

နှစ်ပွဲ ကစားရာမှာ ပထမနေ့က မင်းသားလေးများက ၂ဂိုး၊ ၃ ဂိုးဖြင့် ရှုံးပြီး
ဒုတိယပွဲမှာ ၆ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

No comments: