Monday, December 31, 2007

နှစ်သစ်ဆုမွန်

၂၀၀၈ နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ . . .
--
I love all people

နှစ်သစ်ဆုမွန်

၂၀၀၈ နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ . . .

Thursday, November 22, 2007

ရှင်မာလဲ ကြာပန်းပွဲတော် နွဲစို့နော်

ဘုရားကြီးနားက ရှင်မာလဲ ဘုရားမှာ တန်ဆောင်မုန်းလဆန်း ၁၄ရက်မှာ ကြာပန်းပွဲ
ရှိပါတယ် . . .

ရှင်မာလဲကို ပူဇော်တဲ့ပွဲမှာ ကြာပန်းများနဲ့အတူ ပျော်စရာ ရွှင်စရာမို့
ပါဝင်ဆင်နွဲကြရအောင် ဖိတ်ခေါ်လိုက်ရပါတယ် . . .

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်

ပြင်ဦးလွင်မြို့ရဲ့ တန်တောင်တိုင် မီးပုံးပျံပွဲတော်ကို
၂၁-၁၁-၂၀၀၇ရက်နေ့မှ ဖွင့်ပွဲကျင်းပမယ်လို့ သိရပါတယ် . . .
စည်စည်ကားကားနဲ့ ပြည်တော်ချစ်ဘုရားမှာကျင်းပပါမယ် . . .

လပြည့်နေ့ညမှာတော့ ဆီမီးကိုးထောင်ပူဇော်ပွဲနှင့်အတူ
နေ့ဘက် အလှလွှတ်မီးပုံးပျံ ပြိုင်ပွဲလည်းပါမယ်လို့ သိရပါတယ် . . .

တတိယအကြိမ်ရှိပြီဖြစ်တဲ့ ပြင်ဦးလွင်ရဲ့ မီးပုံးပျံပြိုင်ပွဲကို
ဝင်ရောက်နွှဲပျော်ပါဦးလို့ ဖိတ်ခ်ါလိုက်ရပါတယ် . .

မန္တလေးတိုင်းမ် ဂျာနယ် ဖြန့်ချိ

မန္တလေးမြို့အခြေစိုက်အနေနဲ့
ရွှေမန္တလေး
နန်းမြင့်
အထက်မြန်မာပြည်
မန်းတောင်ရိပ်
တို့နဲ့အတူ

မန္တလေးတိုင်းမ် ဂျာနယ်ကိုလည်း စတင်ဖြန့်ချိလိုက်တာတွေ့ရပါတယ် . . .

လိုဂို ဒီဇိုင်းကို မကြိုက်သော်လည်း အတွင်းကတော့ ကဏ္ဍစုံပါတာတွေ့ရပါတယ် . . .

ဆက်လက်ချီတက်နိုင်ပါစေဗျာ . . .

မန္တလေးနေ့စဉ်သတင်းစာ (၁၀)နှစ်ပြည့်အထိမ်းအမှတ်

မန္တလေးနေ့စဉ်သတင်းစာ စတင်ထုတ်ဝေခဲ့တာ ၁၉၉၇ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ပါ
မြန်မာလို စာဆိုတော်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ် . . .

၂၀၀၇ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့ဆို (၁၀)နှစ်တင်းတင်းပြည့်ပါပြီ . .

၁၀နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သက်ဝင်လှုပ်ရှားမီဒီယာ ပုံရိပ်များ
ဓာတ်ပုံပြိုင်ပွဲ ကျင်းပမယ်လို့ သိထားရပါတယ် . . .

နောက်ဆုံး ဓာတ်ပုံပို့ရမယ့်နေ့က ၂၃-၁၁-၂၀၀၇ ပါတဲ့ . .

အသေးစိတ်ကို မန္တလေးနေ့စဉ်သတင်းစာမှာ ဖတ်ရှုနိုင်ပါတယ် . . .

ဘာဖြစ်ဖြစ် အခု ၁၆မျက်နှာ နေ့စဉ်ထုတ်ပြီး
၁၀နှစ်ပြည့်ခဲ့ပါပြီ . . .

နောင် နှစ်ပေါင်းများစွာ ဆက်လက်ရှိနေပါစေလို့ . . . ဆန္ဓပြုလျက်

နေရောင်ပျောက်တဲ့ မန္တလေး

Posted on November 17, 2007 by uhteik

ဒီနေ့ မနက် ၇နာရီလောက်မှ အောက်ဆင်းပြီး လက်ဖက်ရည်ဆိုင်သွားတယ်ဗျ
အပေါ်က ရေစက်လိုလို ကျလို့ မိုးကျတာမှတ်လို့ လန့်သွားတယ်

သေချာ ကြည့်မိတော့မှ မိုးလဲမဟုတ်
နှင်းလဲမဟုတ်

နှင်းအရည်မှုန်စက်တွေပဲဗျ

ရာသီဥတုက မှိုင်းနေပြီး နေရောင်မတွေ့ရဘူး . . .

ဒါနဲ့ လက်ဖက်ရည်ဆိုင်ထိုင် . . .
အိမ်ပြန်တော့ ၉နာရီကျော်ပြီ . . .
ဒါလဲ နေရောင်ပျောက်နေဆဲပါပဲ . ..

ပတ်ဝန်းကျင်က ပြောင်းလဲမလာဘူး
မှိုင်းမှိုင်းရယ် မှုန်ရီဝေလို့

အိပ်ရာနိုးတော့ ၂နာရီခွဲလောက်ရှိပြီ

ဒါလဲ မှုန်တုံတုံ ရီဝေေ၀နဲ့ပဲ

နေရောင်ကတော့ ပျောက်ကွယ်နေတာပါပဲ . . .

အခုချိန်ထိ နေရောင်မခတဲ့ မန္တလေးပေါ့လေ . . .

ဆောင်းအအေးရယ် . . .
မုန်တိုင်း အအေးရယ်ပေါင်းလို့ မန္တလေးကတော့ စောင်ခြုံထားတယ်လို့ထင်တယ် . . .

ဆောင်းမှ အေးတဲ့ မန္တလေးဆိုတာ ညမှ အေးတာပါ . . .
နေ့မှာ နေပူတယ်လေ

အခုတော့ နေရောင်ပျောက်လို့ အအေးပိုနေလေရဲ့ . . .

အနွေးထည်ပေါသူများကတော့ အဆင်ပြေတာပေါ့ဗျာ . . .

ကျွန်တော်တို့ကတော့ စောင်ခြုံလို့ မနွေးတော့ . . .

အင်း . . .
ပုဆိုးခြုံကာ ကွေးခဲ့ရတာ နွေးလျက်ပါပဲလေ . . .

မန်းတုံအောင် လမ်းဆုံက ဟစ်ချင်လဲ ဟစ်ပေရော့
ညစဉ်မှာ ပုဆိုးခြုံကာ ကွေးမှာမို့
မန်းဆောင်းရေ
မင်းအစွမ်းရှိသမျှ အေးလိုက်စမ်းပါကွာ . . .

ကထိန် ဘုရားပွဲတော်

ကထိန်ဘုရားပွဲတော်အနေနဲ့ ကျင်းပမယ်ဖြစ်ဖြစ်
စာရေးတံမဲ ဘုရားပွဲတော်အနေနဲ့ ကျင်းပမယ်ဖြစ်ဖြစ်
ပါဝင်လှူဒါန်းမယ့် လူတွေကတော့ ရှိနေရပါမယ် . . .

စာရေးတံမဲ အနေနဲ့ တစ်ဦးတည်းလုပ်တာ မတွေ့ဘူးသေးဘူးဗျ
ကထိန်ကတော့ တစ်ဦးတည်း လှူကြတဲ့ အလှူတွေ ရှိနေပါတယ် . . .

ကထိန်ခင်းမယ်ဆိုရင်
ကထိန်းခင်းမယ့်ကျောင်းရှာရပါတယ် . . .
ဝါဆိုဝါကပ်တော်မူတဲ့ သံဃာပါးရေကို စုံစမ်းရပါတယ် .. .
တော်ကြာ အပါးများနေရင်မလှူနိုင်မှာစိုးလို့ပါ

ကိုယ်လှူနိုင်တဲ့ အပါးအရေအတွက်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ
ကထိန်ခင်းမယ်ဆိုတဲ့ အကြောင်း
အကြောင်းကြားအသိပေးလျှောက်ထားရပါတယ် . . .
ဒါမှ ဆရာတော်များက တခြားသူကိုလက်ခံမှာမဟုတ်ပါဘူး . . .

အဲဒီနောက်မှာတော့ သံဃာအရည်အတွက်ကိုကြည့်ပြီး လှူဖွယ်ပစ္စည်းဝယ်ယူစုဆောင်းပါတယ် . . .
အဓိကကတော ကထိန်အတွက် ဥာတ်သင်္ကန်းကြီးပဲ ဖြစ်ပါတယ် . . .

ကထိန်ခင်းမယ်ဆိုရင်တော့ ဥာတ်မကြီးက တစ်ခု(ကျောင်းထိုင်ဆရာတော် ရေစက်ချဆရာတော်အတွက်)
နောက် တခြားသံဃာ၊ သာမဏေအတွက်ပါ ပဒေသာပင်များ ခင်းကျင်းစီရင်ကြပါတယ် . . .

သူထက်သူပေါ့
ရုံးမှာဆိုရင်တော့ တစ်ဌာနနဲ့ တစ်ဌာန
ကျောင်းမှာဆို တစ်တန်းနဲ့ တစ်တန်း
ရပ်ကွက်မှာဆို တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်
အပြိုင်ပေါ့ဗျာ
အလှူတန်ဖိုး ချင်းပြိုင်ကြတယ်
တန်ဖိုးတူရင် အလှူပစ္စည်းအသုံးဝင်မှု
နောက် ပဒေသာပင် အလှဆင်မှု
မျိုးစုံပေါ့ ပြိုင်ကြရတာ ပျော်စရာပါ . . .

ကျွန်တော်ကျောင်းမှာတုန်းက တစ်ချိန်လုံး ကျောင်းကထိန်မှာ ပျော်ခဲ့ရပါတယ် . . .
တစ်တန်းနဲ့တစ်တန်းအပြိုင်ပေါ့ . . .

ကထိန်ခင်းတဲ့ညမှာ ပဒေသာပင်များကြည်ညိုကြရင် တီးဝိုင်း၊ အငြိမ့် စတဲ့ဖျော်ဖြေမှုတွေ
တရားပွဲတွေ ထည့်တတ်ကြပါတယ် . ..

နောက်တစ်နေ့မှာတော့ လှူဒါန်းမယ့်ကျောင်းကို သွားပြီး
ကထိန်ရေစက်ချတရားနာကာ ကထိန်ခင်းခြင်းအမှုကို ပြုကြပါတယ်ဗျာ

Sunday, November 11, 2007

စာရေးတံမဲ ဘုရားပွဲတော်


စာရေးတံမဲ ဘုရားပွဲတော်ကျင်းပတဲ့ပုံစံကတော့
ဓမ္မာရုံကနေပြီး ပထမဆုံး အိမ်တွေကိုလိုက်ပြီး အသင်းလိုက် စုကြေးစာအုပ်တွေ ပေးပါတယ် . . .များသောအားဖြင့် ရပ်ကွက်အသင်းများက ငွေစုစာအုပ်လုပ်ကြပါတယ် . . .
နေ့စဉ်ကောက်ခံပြီး အသင်းသတ်မှတ်ကြေးပြည့်ပြီးသော ငွေများကို ပြန်လည်ထုတ်ပေးပါတယ်အသင်းကြေးကို ဘုရားပွဲ ဖြစ်မြောက်ရေးအတွက် သုံးပါတယ် . . .
စာရေးတံမဲဘုရားပွဲ ကျင်းပမယ်ဆိုရင်ဘုရားပွဲမတိုင်ခင် သပိတ်ဘယ်နှစ်လုံးယူမလဲ တစ်အိမ်တစ်ဆင်း လိုက်မေးပါတယ် . . .သပိတ်တစ်လုံးယူမယ်ဆိုရင်ဘုရားပွဲရက် ပထမနေ့မှာ အခုဆို လှူဖွယ်ပစ္စည်းတစ်ခု အနည်းဆုံး ၃၀၀၀ကျပ်အောက် တစ်ခုဒုတိယနေ့ မနက်မှာ ဆွမ်းသပိတ်တစ်လုံး ပို့ပေးရပါတယ်
ဓမ္မာရုံမှာလူငယ်တွေက လာပို့တဲ့ လှူဖွယ်များကို နံပါတ်တပ်စာရင်းသွင်းပါတယ် . . .နောက် ခင်းကျင်းတဲ့နေရာမှာ ခင်းကျင်းအလှဆင်ပါတယ်
ညပိုင်း ၂နာရီလောက်ရောက်ရင်အလှဆင်တာ အကုန်ဖြုတ်ပြီး နံပါတ်စဉ်လိုက် စီရပါတယ် . .
၃နာရီနောက်ပိုင်းက စပြီး ဆွမ်းသပိတ်တွေ လာပို့တာကို သပိတ်စင်ပေါ် စီထားပါတယ်။ကြုံသလိုစီလိုက်တာပါသပိတ်ကတော့ ဘုန်းတော်ကြီးများ ကံပါပဲ
မနက် ၅နာရီခွဲလောက်က စပြီးကြွလာတဲ့ ဘုန်းတော်ကြီးများ၊ ကိုရင်များကို အရုဏ်ဆွမ်းကပ်လှူပါတယ် . .၆နာရီလောက်က စပြီး မဲနှိုက်ကာ စာရေးတံမဲ အလှူပစ္စည်း နဲ့အတူ ဆွမ်းသပိတ်ကိုပါ လောင်းလှူပါတော့တယ် . . .
၈နာရီလောက်မှာတော့ စာရေးတံမဲက အကောင်းဆုံးမဲ အဖြစ်သတ်မှတ်ထားတဲ့နံပါတ် ၁ တစ်ချို့ကလည်း ၁၀၀မဲပေါက်တဲ့ ကိုယ်တော်က ရေစက်ချကိုယ်တော်အဖြစ် ရေစက်ချတရားနာကာ ဘုရားပွဲတော်ကို အောင်မြင်စွာကျင်းပကြပါတယ်ဗျာ . . .

မန္တလေးက ရပ်ကွက်ဓမ္မာရုံဘုရားပွဲတော်များ

မန္တလေးမှာ သီတင်းကျွတ်လပြည့်နောက်ပိုင်းကစလို့ ရပ်ကွက်အလိုက် ဓမ္မာရုံဘုရားပွဲများ စတင်ကြပါပြီ
မန္တလေးမှာ ကျွန်တော်သိသလောက် ဘုရားပွဲ ကျင်းပပုံနှစ်မျိုးရှိပါတယ် . . .
ဓမ္မာရုံရှိတဲ့ ရပ်ကွက်များ၊ အရပ်များက စာရေးတံမဲ လောင်းလှူခြင်းပါဓမ္မာရုံမရှိတဲ့ ရပ်ကွက်၊ အရပ်၊ အသင်းအဖွဲ့များ၊ ရုံးဌာနများ၊ မိသားစုများကတော့ ကထိန်ခင်းခြင်းပါ
ဒါကြောင့် စာရေးတံမဲ လောင်းလှူခြင်းနှင့်ကထိန်ခင်းကြတဲ့ပုံစံများကို ကျွန်တော်မြင်ဖူးတာတွေ ပြောပြချင်ပါတယ် . . .
မန္တလေးရဲ့ ဆောင်းမြင်ကွင်းပေါ့ဗျာ . . .

Thursday, November 8, 2007

အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်း စာမေးပွဲကြေညာ

အဝေးသင်တက္ကသိုလ်ရဲ့ အနီးကပ်သင်တန်းနဲ့ စာမေးပွဲ အတွက် ကြေညာချက်ထွက်လာပြီ

ပထမအသုတ်အနေနဲ့ ၂၁-၁၁-၂၀၀၇ ကနေ ၂၉-၁၁-၂၀၀၇ထိ စာမေးပွဲ ကျင်းပပါ့မယ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (သိပ္ပံအထူးပြု)အားလုံး ဖြေဆိုရပါတယ်

ဒုတိယအသုတ်အနေနဲ့ ၁၇-၁၂-၂၀၀၇ကနေ ၂၄-၁၂-၂၀၀၇ အထိ စာမေးပွဲ ဖြေရပါမယ်
အနီးကပ်အနေနဲ့ ၃-၁၂-၂၀၀၇ ကနေ ၁၃-၁၂-၂၀၀၇ ထိ တက်ရမယ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာနှင့်
စတုတ္ထနှစ် ဥပဒေပညာ ဖြေဆိုရပါမယ်

တတိယအသုတ်အနေနဲ့ ၁၁-၁-၂၀၀၈ကနေ ၁၈-၁-၂၀၀၈ ထိ စာမေးပွဲ ဖြေရပါမယ်
အနီးကပ်အနေနဲ့ ၂၈-၁၂-၂၀၀၇ကနေ ၇-၁-၂၀၀၈ထိ တက်ရပါမယ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
စီးပွားရေးအထူးပြုနှင့်စီးပွားရေးပေါင်းစပ်ဘာသာများ၊
မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ၊ သမိုင်းဘာသာရပ်များဖြေဆိုရပါမယ်။

အားလုံး ဌာနခွဲတည်ရာ တက္ကသိုလ်မှာ ဖြေဆိုရမယ်လို့ ကြေညာထားပါတယ် . ..

အဝေးသင်ကျောင်းသား၊ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ကြပါစေဗျာ

Tuesday, October 30, 2007

လပြည့်နေ့က ပုံရိပ်တစ်ချို့

လပြည့်နေ့ ပုံရိပ်တစ်ချို့ပါ . .

ဘုရားကြီး
ရွှေကျီးမြင်
အောင်တော်မူ . . .


Saturday, October 27, 2007

သီတင်းကျွတ်လပြည့်ည စိတ္တသုခတို့ အောင်တော်မူဘုရားဆီမီးပူဇော်

သီတင်းကျွတ်ည မန္တလေးညချမ်းကတော့ မိုးရွာမယ်ထင်ခဲ့ပေမယ့် အေးအေးချမ်းချမ်း သာသာယာယာပါပဲ . .

ညနေ ငါးနာရီလောက်မှာ အောင်တော်မူဘုရားကို ရောက်ခဲ့ပါတယ် . . .

ဘုရားမှာ ဆီမီးထွန်းတဲ့ အဖွဲ့ လေး၊ငါးဖွဲ့ရှိကြပါတယ် . . .

ကျွန်တော်တို့ စိတ္တသုခလူငယ်များကတော့ နေ့လယ်ပိုင်းကစပြီး ပုံဆွဲတာ ၊ ဆီမီးခွက်စီတာ
ဖယောင်းတိုင်စိုက်တာ အားလုံးလုပ်နေကြတာဗျ . . .

ကျွန်တော်တို့ရောက်တော့ အားလုံးပုံပေါ်နေပြီ
ဖယောင်းတိုင်လဲစိုက်ပြီးပြီ . .

ပုံဖော်ထားတာက
ထိပ်မှာ ဇီးကွက်ရုပ်
နောက် သတ္တ၀ါအပေါင်းစိတ်ချမ်းသာဖို့ ကူညီကြပါစို့ ဆိုတဲ့ စာသား
နောက် ကျွန်တော်တို့ရဲ့ စိတ္တသုခ လိုဂို (မြန်မာနိုင်ငံ တစ်ဝန်းကို ဆီမီးအရောင်နဲ့ လွှမ်းခြုံထားတဲ့ ပုံလေးပေါ့)
နောက်
ဆီမီးခွက်ထဲမှာ ဆီမီးထွန်းထားပုံ
စိတ္တသုခဆိုတဲ့ စာ
အဲလိုပေါ့ဗျာ

ကျွန်တော်တို့အားလုံး လူလေးဆယ်လောက်ရှိမယ်ဗျ
အများကြီးပဲ
ဆင်တူ ၀တ်စုံနဲ့ဆိုတော့ အားလုံးကကြည့်ကြတာပေါ့ဗျာ . . .

ညနေ ၆နာရီခွဲမှာတော့ ကျွန်တော်တို့ ဆီမီး စတင်ထွန်းဖြစ်ပါတယ် . . .
စိတ္တသုခက လူငယ်တွေ၊ အလှူရှင်တွေ၊ ဘုရားဖူးပရိသတ်တွေ စုံလို့ပေါ့
သိတဲ့သူရော မသိတဲ့သူတွေရော
အားလုံး ဆီမီးဝိုင်းထွန်းကြတာပေါ့ . .
ကျွန်တော်တို့  ၊ ဆြာဘတို့ကတော့ ကင်မရာတကားကားနဲ့ပေါ့
ဟိုရိုက်ဒီရိုက်

ဗီဒီယိုကလည်းရိုက်သေးတာဆိုတော့
မီးထွန်းပြီးတော့ လူတွေ ဘေးကို ထွက်ပြီး
ဓာတ်ပုံမှတ်တမ်းတင်ကြတာပေါ့ဗျာ . .

ပျော်စရာကြီးပဲဗျာ .  . .
အားလုံး ပျော်ပျော်ပါးပါးပါပဲ . .
မုန့်ဝယ်လာတဲ့သူက လာတဲ့သူတွေကို မုန့်လိုက်ကျွေးလို့ပေါ့ 
ကလေး၊ လူကြီး၊ လူငယ်မရွေး ပျော်ရွှင်စွာ ဆီမီးပူဇော်ကြတဲ့ သီတင်းကျွတ်ညလေးပါပဲ . . .

စိတ်ညစ်စရာများကြားက ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရ လပြည့်ညတစ်ခုပါပဲ . .


Friday, October 26, 2007

သီတင်းကျွတ်လပြည့် မဟာမုနိဘုရားကြီးမှာ စည်ကားလို့နေ


သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းမှာ မဟာမုနိဘုရားကြီးကို
ဆြာဘနဲ့အတူ သွားရောက်ဖူးမြော်ခဲ့ကြပါတယ် . . .
 
ဘုရားမှာ လူတွေ စည်ကားလို့ပါပဲ . . .
 
ဘုရားအနှံ့လျှောက်သွားရင်း ဟိုရိုက်ဒီရိုက်ပေါ့ . . .
 
ဘုရားကြီးကနေ ရွှေကျီးမြင်ဘုရားကိုလည်း ရောက်ခဲ့ပါသေးတယ် . .
 
ညနေကတော့ အောင်တော်မူဘုရားမှာပဲရှိပါမယ် . . .
 
နောက်မှ ဓာတ်ပုံတွေ တင်ပေးပါဦးမယ်ဗျာ . . .

အောင်တော်မူဘုရား မီးထွန်းပွဲ

အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူဘုရားများရှေ့ ရင်ပြင်တော်မှာ
စိတ္တသုခ ပရဟိတလူငယ်များရဲ့ နှစ်စဉ်မပျက် ဆီမီးထွန်းပူဇော်ပွဲကို
သီတင်းကျွတ်လပြည့်ညနေ ၆နာရီခန့်မှာ ကျင်းပမယ်လို့ သိရပါတယ် . . .

အောင်တော်မူဘုရားကို ညဘက် ရောက်ခဲ့ရင်ဖြင့် စိတ္တသုခ ပရဟိတလူငယ်များနဲ့အတူ
ဆီမီးပူဇော်ကြပါရအောင် ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ . . .

သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ

သီတင်းကျွတ်လပြည်ညမှာ မန္တလေးမြို့ အနှံ့ ဘုရား၊ စေတီ၊ ကျောင်းကန်၊ ဓမ္မာရုံများမှာ
ဆီမီးပူဇော်ပွဲများကျင်းပပါမယ် . . .

အထူးထင်ရှားတာကတော့
မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်
မဟာမုနိဘုရားကြီး
စကျသီဟဘုရား
အောင်တော်မူမြတ်စွာဘုရား
ရွှေကျီးမြင်မြတ်စွာဘုရား
စွယ်တော်မြတ်စေတီ
စတဲ့ ဘုရားစေတီများမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ် . . .

ဒီလို နေရာတွေကို သွားမယ့် ညီ၊ ညီမများကို ပြောရပါဦးမယ် . . .

မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ ၀တ်ဆင်ပြီး သွားစေချင်ပါတယ် . . .

မိန်းကလေးတွေကို ထမီကြီးဝတ်ပြီးသွားလို့ မဆိုလိုချင်ပါဘူး
အရှက်လုံခြုံသော အ၀တ်အစားဆို ဖြစ်ပါတယ် . . .

တို၊ ဟိုက်၊ ကွဲ မ၀တ်ဘဲ
ဘောင်းဘီဆိုလည်း အရှည်
စကတ်ဆိုလည်း အရှည်ပေါ့လေ . . .

အဲလိုဝတ်စားလို့ သွားကြပြီး ကိုယ့်ရဲ့ အပျော်က သူများအတွက် အထိခိုက်စေရင် အကောင်းဆုံးပါပဲ . .

ကိုယ်ပျော်ဖို့ ဖောက်လိုက်တဲ့ ဖျောက်၊ မီးရှူး တွေက တခြားသူ အလန့်လွန်တာ၊ အပူလောင်တာ၊ အန္တရာယ် မဖြစ်စေရင်
အကောင်းဆုံးပါပဲ . .

ညီငယ်များကလည်း အပျော်မှာ အသောက်မဖက်ပဲ . .
ဘုရားရှင်ကို ကြိုဆိုတဲ့ ဆီမီးပူဇော်ပွဲမှာ ဘုရားမကြိုက်တဲ့ အရည်များ မသောက်ကြပါနဲ့ . .
သောက်မိလည်း ထိန်းထိန်းသိမ်းသိမ်းနေကြပါလို့ ပြောလိုက်ချင်ပါတယ်ဗျာ . . .

သီတင်းကျွတ် အဖိတ်နေ့ မန္တလေးည

အဖိတ်နေ့ည ဆိုတော့ ဘုရား၊စေတီတွေ ဓမ္မာရုံတွေမှာက မီးထွန်းကြပြီလေ . . .
ဒီလိုပါပဲ အိမ်တွေမှာလဲ မီးထွန်းကြတာပေါ့ . . .

ခေတ်ကိုက လျှပ်စစ်နဲ့အဆင်ပြေနေကြတော့ လျှပ်စစ်မီးတွဲတွေ အထွန်းများတာပေါ့ဗျာ . . .

ပုံစံလှလှ မီးပုံးများကလည်း မီးလုံးများထည့်လို့ ထွန်းထားကြတယ်ဗျ . .

အရင်ကတော့ မီးပုံးထွန်းရင် ဖယောင်းတိုင်နဲ့ဆိုတော့ အပျက်အဆီးများတတ်တယ် . . .
အခုတော့ လျှပ်စစ်မီးလုံးများနဲ့ အလှဆင်ကြတာပေါ့ဗျာ . . .

ကလေးများကလည်း အရင်ကလို ကားမဆွဲကြတော့တာလားမသိ
သိပ်မတွေ့ရတော့ပါဘူး

ကျွန်တော်တို့ ငယ်ငယ်ကတော့ ကားငယ်လေးတွေ၊ ကားကြီးတွေ၊ သင်္ဘောတွေ၊ ယုန်ရုပ်လေး၊ မြင်းလှည်း၊ မီးစကြာ တစ်ယောက်တစ်မျိုးနဲ့ အပြိုင်
ကားဆွဲကြရတာပေါ့ . . .

အခုခေတ်ကလေးတွေကတော့
ဗျောက်ဖောက်တယ်၊ မီးရှူးလွှတ်တယ် . .

အခုထိ မပျောက်သေးတာကတော့
မီးသရဲဆော့တာဗျ . . .

ကျွန်တော်တို့ ငယ်ငယ်က သီတင်းကျွတ်မှာ
ဖယောင်းစုကြတယ်ဗျ
ဖယောင်းရပြီဆိုရင် ဆီမီးခွက်ထဲ ထည့်
မီးအပူပေးပြီးကြို
ပွက်လာပြီဆို မီးစာ ၃ခုလောက်ထည့်ပြီး မီးထွန်း
နောက် ရေကို လက်နဲ့ တောက်ပက်လိုက်ရင်
မီးတောက်ကြီးထရော . .

ဒါကိုမီးသရဲလုပ်တယ်ပေါ့ဗျာ . .
ကျွန်တော်တို့ဆော့တော့ အိမ်က မိဘတွေဆူတာပေါ့ဗျာ . .
ခိုးဆော့ရတာ . .

အခုတော့ ခွင့်ပြုကြသလိုပဲဗျ
တော်တော်များများဆော့ကြလေရဲ့ . .

အဖိတ်နေ့ညကတော့ ယမ်းနံ၊ ဗျောက်သံတွေနဲ့ ပေါ့ဗျာ . .

မီးပုံးပျံတစ်ချို့လဲ တွေ့တယ်ဗျ . .

ပလပ်စတစ်မီးပုံပျံတွေက လွယ်လွယ်ကူကူ ၀ယ်
လွယ်လွယ်ကူကူ လွှတ်ဆိုတော့ အများကြီးပေါ့ဗျာ  . . .

ကောင်းကင်မှာ လင်းလက်နေကြလေရဲ့ . . .

ဒီကနေ့ လပြည့်နေ့မှာတော့ . . .  မန္တလေးက စည်းကားနေဦးမယ်ထင်ပါ့ဗျာ . . .

သီတင်းကျွတ် ဆီမီးထွန်းပွဲတော်

သီတင်းကျွတ်ဆီးမီးထွန်းပွဲတော် အနေနဲ့ နှစ်မျိုး ကျင်းပကြတာ သိထားတယ်ဗျာ

တချို့က အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော်၁ရက်
တချို့က လပြည့်နေ့၊ လပြည့်ကျော်၁ရက်၊ လပြည့်ကျော်၂ရက် . .

အဲလိုပေါ့ . .
သုံးရက် ကျင်းပကြတယ်

မယ်တော် နတ်သား ကို တရားဟောတော်မူပြီး နတ်ပြည်မှ လူပြည် ပြန်ကြွတဲ့ ဘုရားရှင်ကို ဆီမီးပူဇော်ကြတယ်လေ . . .

အဲ
နောက်ဆုံးနေ့ကျတော့ ကျွန်တော်တို့ ဆီမှာတော့ အိမ်အနှံ့ဗျာ
မီးထွန်းကြတယ်ဗျ

အိမ်အတွက်ဆို အိမ်စောင့်နတ်
ရေကန်၊ လှေကား အဲလိုနဲ့
နောက်ဆုံး အိမ်သာထိပါတယ်ဗျ

အဲ
အားလုံးစောင့်တဲ့ နတ်တွေကို ဘုရားရှင်ကို လှူဖို့ အလင်းတိုင် ထွန်းပေးရတာတဲ့ . .

နှစ်တိုင်း လုပ်တဲ့ ကျွန်တော်တို့ရဲ့ အစဉ်အလာပေါ့ဗျာ

အစဉ်အလာဓလေ့ထုံးစံ တွေရှိရင်လဲ မျှကြပါဦးဗျာ
အားလုံး ဗဟုသုတရတာပေါ့ဗျာ . .

မန္တလေးက ကျောက်တော်ကြီးဘုရားပွဲတော်

မန္တလေးတောင်ခြေမှာ ရှိတဲ့ ကျောက်တော်ကြီးဘုရားပွဲတော်
ကျင်းပနေပါတယ် . .
ကျောက်တော်ကြီးဘုရားပွဲက သီတင်းကျွတ်လပြည့်နေ့ ထင်ပါတယ် . . .
မန္တလေးမှာသာနေတာ . .
ကျောက်တော်ကြီးဘုရားပွဲလို့သာ ပြောကြတာ ဘယ်နေ့ ဘာကျင်းပတယ်ဆိုတာ မသိဘူးဗျ . .

အခုလဲ ပို့စ်တင်မလို့ စာအုပ်ရှာတာ
စာအုပ်ကမတွေကတော့ သိသမျှ ပြောနေတာ  . .
နောက်နေ့မှ စာအုပ်. . ရယ် သိသူများရယ် ကို မေးမြန်းလို့ တင်ပေးဦးမယ်ဗျာ . .

ကျွန်တော်သိတာကတော့

သီတင့်းကျွတ်လပြည့်ကျော် ၁ရက်နေ့ညမှာ စန္ဒာမုနိကုသိုလ်တော်ဘုရားမှာ ဆွမ်းလောင်းပွဲ ရှိပါတယ် . . .
လပြည့်ကျော် ၂ရက်နေ့ မနက်ပိုင်းမှာ ပင့်သံဃာများကို ဆွမ်းသပိတ်လိုက် လောင်းလှူပါတယ် . . .
လပြည့်ကျော်၁ရက်နေ့ ညပိုင်းမှာ ဘုရားရဲ့ ဓမ္မာရုံများမှာ သူ့အဖွဲ့လိုက်သူ ဧည့်ခံကျွေးမွေးတာလဲ ရှိတယ်ဗျ . .
အရင်ကတော့ လာတဲ့သူအားလုံးကျွေးတယ်ပေါ့ . .
အခုတော့ သိသူများကိုကျွေးတယ်ပေါ့ဗျာ . . .

ဟိုးအရင်ကဆို အပြင်ဘက်က ရေကန်ဘေးမှာ မဏ္ဍပ်ကြီးတွေ ထိုးပြီး
စတုဒီသာ ကျွေးတယ်ဆိုပဲဗျ . . .

ဘာဖြစ်ဖြစ် ကျောက်တော်ကြီးဘုရားပွဲလို့ ခေါ်ပေမယ့်
ဘုရားသုံးဆူလုံး စုပေါင်းကျင်းပတယ်ဆိုတာကတော့ သေချာပါတယ်ဗျာ . . .

လပြည့်ကျော်၁ရက်နေ့တော့ ဘုရားပွဲကို ရောက်မလားမသိ
ဒီနှစ်တော့ အရင်နှစ်တွေလို မုန့်မကျွေးဖြစ်ဘူးဆိုတော့   . . .




မန္တလေး ရဲ့ ၀ါတွင်းတေးသံတွေ နှုတ်ဆက်ပြီ

မန္တလေးရဲ့ သီတင်းကျွတ် အဖိတ်နေ့ညနေပိုင်းမှာ ရွှေဗုံတောင် ဆွမ်းလောင်းအသင်းရဲ့
ဗျောအဖွဲ့ကို တွေ့လိုက်ရပါတယ် . . .
အဖိတ်နေ့ မှာ ဆွမ်းလောင်းဖို့ အလှူခံထွက်လာကြတာ သီချင်းသံတွေနဲ့ပေါ့ဗျာ . .

ဝါတွင်းကာလရဲ့ သီချင်းသံ . . .
ဝါတွင်းကာလရဲ့ နှုတ်ဆက်တေးသံပါပဲလေ . . .

ဝါတွင်းကာလ
မန္တလေးက တေးသံတွေက
ဆိုင်းသံ ဗုံသံ
ပွဲသံ ဇာတ်သံ ပြောင်းတော့မယ် . . .

ဆောင်းည မှာ ပွဲသံတွေကြားရဦးတော့မပေါ့ .  . . .

ဝါလကင်းလွတ် သီတင်ကျွတ်ရောက်ပြီ

ဝါလကင်းလွတ်လို့ သီတင်းကျွတ်ကို ရောက်ပါပြီ . . .

သီတင်းကျွတ်ရောက်တဲ့အခါ မြန်မာလူမျိုးများကတော့
မီးထွန်းပွဲ (မြင့်မိုရ်ပွဲ)
မိဘ၊ ဆရာ ကန်တော့ခြင်း များ အဓိက ပြုလုပ်ကြပါတယ် . . .

မီးထွန်းပွဲကတော့
မိခင်ကျေးဇူးဆပ်သော ဘုရားရှင်အား ကြိုဆိုသော ပွဲလို့ ပဲ ခေါ်ချင်ပါတယ် . . .

တနည်းပြောရရင်တော့
သီတင်းကျွတ်လပြည့်နေ့ဟာ မိခင်ကို ကျေးဇူးဆပ်ခဲ့သော ဘုရားသခင်ကို ကြိုဆိုကြတာဖြစ်ပါတယ် . .
ဒါကြောင့် မိခင်ကျေးဇူးဆပ်လို့ အောင်မြင်တဲ့နေ့လို့ သတ်မှတ်လိုက်ချင်ပါတယ် . . .

သီတင်းကျွတ်လပြည့်ညမှာ  မိခင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကန်တော့သင့်တယ်လို့ ထင်ပါတယ် . . .

သက်ရှိထင်ရှား မိခင်ရှိသူများကတော့ မိခင်ကို သေချာ စိတ်ထဲမှာ အလေးအနက်ထားလို့ ကန်တော့ရင် ကောင်းမယ်ထင်ပါတယ် ဗျာ . .
မိခင်ရဲ့ အ၀တ်အစားကို လျှော်ပေးတာတို့ . . ခေါင်းလျှော်၊ ရေချိုး၊ ခြေထောက်ဆေးပေးတာတို့လုပ်ပြီး
ခြေကို ဦးခိုက်ပြီး ကန်တော့မယ်ဆို ပိုကောင်းမယ်ထင်ပါတယ်ဗျာ . .

ဘုရားရှင်တောင် မိခင်ကျေးဇူးဆပ်တာဆိုတော့ ကျွန်တော်တို့လဲ ဆပ်သင့်တာပေါ့ဗျာ . . .
ငွေနဲ့ ဆပ်တာထက် မေတ္တာနဲ့ ဆပ်တာ ပိုကောင်းမယ်ထင်ပါတယ် . . .


ဒီလိုပါပဲ လူကြီးမိဘတွေ၊ အဘိုး၊ အဘွား သက်ကြီးရွယ်အိုများကို ကန်တော့ကြတာ မြန်မာ့ရိုးရာချစ်စရာဓလေ့ပါပဲဗျာ . . . 

Tuesday, September 25, 2007

သတိရမိသော စာသားလေး

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီ . . . . . . . . . . . . . . . .

ဆရာကြီး အချုပ်တန်းဆရာဖေရဲ့ ရင်တွင်းမချိ အမျိုးထိဆဲသံကို ကြားယောင်နေပါတယ်ဗျာ . . .

ယနေ့မန္တလေး

ဒီအချိန်ထိတော့ ထူးထူးခြားခြားသတင်းမကြားရသေးပါဘူး . . .
မနေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာများထုတ်ပြန်ပြီးနောက်မှာ
ယနေ့ မန္တလေးမှာ လှုပ်ရှားမှုမရှိသေးဘူးလို့ ယူရမလိုပါဘဲ . . .

ကျွန်တော်ကြားသိသမျှတော့ အေးချမ်းငြိမ်သက်စွာ သွားလာလှုပ်ရှားလျက်ရှိနေပါတယ် . . .

မနေ့ကတော့ တစ်မြို့လုံးအနှံ့ သံဃာတော်များစီတန်းလျက် ဖူးတွေ့ရပါတယ် . . .

တော်တော်ကိုများမယ်ထင်ပါတယ် . . .

သံဃာ စုစုပေါင်း ၁၀၀၀၀နီးပါးက ကိုယ့်အဖွဲ့နှင့်ကိုယ် စီတန်းမေတ္တာပို့ကြတာကို မြင်တွေ့ရပါတယ် . ..

ဒါကြောင့်မနေ့က
ဈေးချို ညနေ ၃နာရီကျော်ကျော်ခန့်တွင် ဆိုင်များက အလျှိုအလျို ပိတ်လို့ ပြန်ကုန်ကြပါတယ် . . .
အရောင်းအ၀ယ်အေးပြီး ဈေးဝယ်သူမရှိတော့ ဆိုင်ပိတ်ပြန်ကြတာလို့ သိရပါတယ် . . .

ကျောင်းမှာလဲ ကျောင်းသားမိဘများက သား၊သမီးများကို စိတ်မချလို့ ကျောင်းပေါက်ဝမှာ စောင့်နေတာကို တွေ့ခဲ့ရပါတယ် . . .

ဒီကတော့ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်နေကြပါပြီ . . .

မန္တလေး ဆောင်းဝင်တော့မည်

ဒီရက်ပိုင်း ညနေဘက်မှာ သိသိသာသာ အေးလာတာကို ခံစားရပါတယ် . . .
အရင်ရက်တွေက ညနေဘက်ဆို နေ၀င်ချိန်စောလာပါတယ် . . .

ဒါဟာ ဆောင်းဝင်တော့မယ့်အရိပ်နမိတ်တွေပါပဲ . . .

ဒီနှစ်က ၀ါထပ်တော့ တော်သလင်းဆိုပေမယ့် သီတင်းကျွတ်ဖြစ်ရမှာဆိုတော့ . . .

ဆောင်းဝင်ပြီပေါ့ဗျာ . . .

ဆောင်းရောက်တော့ အချုပ်တန်းဆရာဖေရဲ့
မန္တလေးဆောင်းကို သရုပ်ဖော်တဲ့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တဲ့ ဆရာကြီးရဲ့ ကဗျာလေးကို သတိရမိလေရဲ့ . . .

ဒီတစ်နှစ်တော့ မန်းဆောင်း ချမ်းမလား၊ အေးမလားကတော့ စောင့်ရဦးမှာပါပဲ . . .
စောစောဆောင်းဝင်တော့ စောစော အနွေးထည်တွေဝတ်လို့ ဖက်ရှင်တစ်မျိုးမြင်ကြရဦးမှာပေါ့ဗျာ . . .

Monday, September 24, 2007

အိုးပုတ်ပွဲ (လမ်းလယ်ဘုရားပွဲ) စတော့မည်

မကြာခင်မှာ လမ်း၃၀မှာရှိသော လမ်းလယ်ဘုရားပွဲ စတင်ပါတော့မယ် . .
ထူးခြားတာက အဲဒီဘုရားပွဲမှာ အိုးပုတ်သည်(မြေထည်ပစ္စည်းသည်)များ ပါဝင်တာပဲဖြစ်ပါတယ် . . .
အခု အိုးပုတ်သည်များ ရောက်ရှိလို့နေပါပြီ . . .
ဘုရားပွဲက သီတင်းကျွတ်လပြည့်မတိုင်ခင်ဖြစ်တာကြောင့် သီတင်းကျွတ်မှာ ဆီမီးထွန်းစရာအတွက် ဆီမီးခွက်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် လိုချင်သလောက်ရနိုင်ပါတယ်ခင်ဗျာ . . .
ကလေးများအတွက် မြန်မာ့ကစားစရာ အိုးပုတ်များကိုလည်း ရောင်စုံချစ်စဖွယ်တွေ့မြင်ရပါမယ် . . .

ကျွန်တော်ဒီနေ့ အပြင်ထွက်တော့ ကင်မရာမယူသွားတာကြောင့် နောက်နေ့မှ ဓာတ်ပုံရိုက်တင်ပေးပါ့မယ်ဗျာ . .

Sunday, September 23, 2007

ယနေ့ မန္တလေး

ဒီကနေ့ မန္တလေးမှာ ကျွန်တော်မြင်ရ ကြားရသည်များကို ပြောပါဦးမယ် . . .

မနက်ပိုင်းက ဘုရားကြီးနားမှာ သံဃာတော်များ စီတန်းလမ်းလျှောက်ကာ တရားဒေသနာတော်များရွတ်ဖတ်ကြတယ်လို့ ကြားသိရပါတယ်. . .

ရှေ့ဆုံးမှ ဘုရားပုံတော်ကားကို ပင့်ဆောင်ပြီး သာသနာ့အလံ သုံးလက်၊ နောက်တွင် သပိတ်များကို မှောက်ကိုင်ဆောင်သော ရဟန်းသုံးပါး၊ နောက်မှ ရဟန်းတော်များ စီတန်းလို့ လိုက်ပါတယ်လို့ ကြားသိရပါတယ် . . .



ထိုနည်းတူ တောင်မြို့တွင်လည်း လျှောက်ကြကြောင်း သိရပါတယ်. . .



မွန်းလွဲ ၁၂း၄၅ ခန့်

အိမ်တော်ရာဘုရားအတွင်းသို့ အနီးပတ်ဝန်းကျင်ကျောင်းများမှ ရဟန်းတော်များ ၀င်ရောက်လာတာမြင်ခဲ့ရပါတယ်. . .

၁နာရီမှာတော့ အိမ်တော်ရာဘုရား ၁၄ခန်း ဓမ္မာရုံးကြီးမှစတင်လို့ သုံးပါးတွဲ အတွဲ ၂၀၀ခန့် စီတန်းလို့ ကြွချီလာပါတယ် . . .

ရှေ့ဆုံးမှ သာသနာ့အလံ ၃လက်၊ နောက်က သပိတ်အားမှောက်ကိုင်ဆောင်ထားသော ရဟန်းတော် သုံးပါး၊

နောက်က ၃ပါးတစ်တွဲနဲ့ အတွဲ ၂၀၀ခန့် စုစုပေါင်းအင်အား ၆၅၀ခန့် လမ်းလျှောက်ကြွချီလာတာကို ဖူးတွေ့ရပါတယ်. . .



သံဃာတော်များဟာ တရားဒေသနာတော်များရွတ်ဆိုပွားများကာ အေးချမ်းစွာ ကြွတော်မူကြပါတယ်. . .

လမ်းဘေးဝဲ၊ယာမှ ပြည်သူများသည်လည်း အေးချမ်းစွာ ဖူးမြော်ကြတာကို တွေ့ရပါတယ် . . .

၂၆လမ်းမှ ၈၄လမ်း

၈၄လမ်းမှ ၃၅လမ်း

၃၅လမ်းအတိုင်း အနောက်ဆင်းကာ အိမ်တော်ရာဘုရားဆီကို ပြန်လည်ကြွသွားတယ်လို့ မှန်းဆရပါတယ် . .

နောက်ဆုံး ၃၅လမ်းမှာဖူးရတော့ ၂နာရီ၁၅လောက်ရှိတာမို့ ကြာချိန် ၁နာရီခွဲလောက် လမ်းလျှောက်ကြတာလို့ ထင်ပါတယ် . . .

ဖိနပ်မပါ၊ လက်ကတော့ထိုး သင်္ကန်းဝတ်ရုံလို့ ကြည်ညိုဖွယ်သံဃာတော်များကို အအေးဘူးများ ကပ်လှူကြတာတွေ့ရပါတယ်ခင်ဗျာ . . .



ထို့အတူပဲ မြတောင်တိုက်ကလို့ ယူဆရတဲ့ သံဃာတော်များကိုလည်း ဈေးချိုနားမှာ ဖူးတွေ့ရပါတယ် . .

အိမ်တော်ရာမှ သံဃာတော်များနဲ့ ရှေ့ဆင့်နောက်ဆင့်ပါပဲ

တောင်ဘက်မှ တက်လာသော သံဃာတော် ၅၅၀ပါးခန့်ကို ၃ပါးစီတန်းလျက် ဖူးရပါတယ်. . .



ဘုရားကြီးနှင့်မျက်နှာချင်းဆိုင်ရှိ တောင်ပြင် ထီးလင်းတိုက်(ဟုထင်ပါသည်) ထဲသို့ သံဃာတော် အပါး၁၀၀ခန့် ၃ပါးစီ စီတန်းလို့ ၀င်သွားတာကို ဖူးတွေ့လိုက်ရပြန်တယ် . . .

သေချာတာတစ်ခုကတော့ သံဃာတော်များ သင်္ကန်းရုံပုံတူညီပါတယ်၊ ဖိနပ်မစီးတာ ၊ သုံးယောက်တန်းစီတာ၊ ရှေ့ဆုံးက သာသနာ့အလံပါတာ၊ သပိတ်များကို မှောက်လို့ကိုင်ဆောင်တာ . . .
တူညီကြပါတယ် ခင်ဗျာ . . .

လမ်းဘေးဝဲယာက လူများကလည်း သံဃာတော်များကို ကြည်ညိုစွာ ဖူးမြော်ကြတာတွေ့ရပါတယ် . . .
တချို့ အအေးဘူးများကပ်လှူကြပါတယ်ဗျာ . . .

ကျွန်တော် ဓာတ်ပုံများနှင့်တကွ တင်ချင်သော်လည်း
ဓာတ်ပုံမှာ ပါသွားမည့် သံဃာတော်များရဲ့ နောင်ရေးကို တွေးလို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့တော့ပါ . . .

ကနေ့ ကျွန်တော်တွေ့ခဲ့တဲ့ သံဃာတော်အရေအတွက်ကတော့ အားလုံး ၁၅၀၀ခန့်ရှိကြောင်းပါခင်ဗျာ . . .



Saturday, September 22, 2007

ဘလော့ဖတ်သူများသို့ ပန်ကြားချက်

ကျွန်တော် ဘလော့ရေးသားမယ်ဆိုရင် ဖြစ်လာနိုင်စရာများကို ကြိုတင်စဉ်းစားမိပါတယ် . . .
အခု ပို့စ်တင်တယ်ဆိုတာလဲ ကျွန်တော်သိတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အသိအမြင်ကိုတင်တာပါ . . .
ကျွန်တော် တင်တဲ့ပို့စ်များကို ယုံကြည်မှုရှိဖို့ မဆိုလိုပါဘူး . . .
ကျွန်တော် တင်တဲ့ ပို့စ်များဟာ ကျွန်တော့်အတွေးပါ . . .
ကျွန်တော့်အရေးပါ . . .
ကျွန်တော်တွေးတဲ့အတွေး . . . ကျွန်တော်ရေးတဲ့အရေး မှားမယ်ဆို ကျွန်တော်နဲ့သာဆိုင်ပါတယ် . . .
နောက် အားလုံး ယုံကြည်လက်ခံဖို့ ကျွန်တော် တင်ပြခြင်းမဟုတ်ပါ . . .

ကျွန်တော်အတွေး . . တွေကို . . ကျွန်တော် ရေးစရာ . . ရင်ဖွင့်စရာများအနေနဲ့ ရေးသားပါတယ် . . .

အခု ကျွန်တော့်စီဘောက်စ်ထဲ ကွန့်မန့်ထဲ ရေးသူများ၊ ဘလော့ဖတ်သူများအားလုံးကို တောင်းပန်ချင်တာ တစ်ခုရှိပါတယ် . . .

ကျွန်တော်တင်တဲ့ ပို့စ်များကို သေချာဖတ်စေလိုပါတယ် . . .
ပို့စ်ကိုတောင်မဖတ်ဘဲ ၀င်ရေးတာကျတော့ မကောင်းပါဘူးဗျာ . . .

နောက် ပို့စ်တင်ရာမှာလဲ သေချာ စဉ်းစားစေချင်ပါတယ် . . .

ကျွန်တော့်ကို မကျေနပ်ရင် ကျွန်တော့ကို စော်ကားပါ . . .
မဆိုင်သူများကို မစော်ကားစေချင်ပါ . . .
အထူးသဖြင့် ဘာသာတရားနဲ့ သံဃာတော်များကိုပါ . . .
အားလုံးယဉ်ကျေးသော မြန်မာလူမျိုးများဖြစ်မယ်လို့ ယုံကြည်လျက်ပါခင်ဗျာ

အထူးပြောချင်တာတစ်ခုရှိပါတယ် . .
အဲဒါကတော့ 21 Sep 07, 22:18yekyawaung: သံဃာအား၊ သံဃာ ဆန္ဒ ဘုရားတောင်မှ မလွန်ဆန်နိုင်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေရင်လည်း သပိတ်မှောက် ကံဆောင်တာကို လက်ခံတော်မူမှာပါ။
ဆိုတဲ့အကြောင်းကိုပါ . . .
ဘုရားရှင်လက်ခံတာ လက်မခံတာတော့ ကျွန်တော်လဲ ဥာဏ်စဉ်မမီပါ။
ကျွန်တော်သိတာကတော့ သံဃာအား၊ သံဃာဆန္ဒ ဘုရားတောင်မှ မလွန်ဆန်နိုင်ပါ ဆိုတဲ့ စကားပါပဲ . . .
သာသနာအကြောင်း၊ ဘုရားအကြောင်း ထင်ယောင်ထင်မှားဖြစ်စေတဲ့အတွက်ပါ . . .
သာသနာအကြောင်းကို နားလည်သူများအနေနဲ့ သိနိုင်ပါမယ် . . .
ဒေ၀ဒတ်နဲ့ ဘုရားရှင်ရဲ့ ဇာတ်လမ်းကိုပါ . . .
နောက် ပထမ သံဃယနာ ဘာကြောင့်တင်ခဲ့ရတယ်ဆိုတာကိုပါ . . .
ကျွန်တော်တို့ရဲ့ ထေရ၀ါဒ သာသနာတော်ရဲ့ အဓိပ္ပာယ် ဖြစ်တဲ့ ....ဘုရားရှင်ဟောကြားသတ်မှတ်မှုကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲခြင်းမရှိတဲ့ သဘောကို နားလည်နိုင်စေချင်ပါတယ် . . .

မှန်တဲ့အတိုင်းဝန်ခံပါတယ် . . .
ကျွန်တော် ရဟန်းတော်တို့စောင့်ထိန်းရတဲ့ အကျဉ်းအားဖြင့် ၂၂၇သွယ်ရှိတဲ့ သိက္ခာပုဒ်များကို အကုန်မသိပါ . . နားလဲမလည်သေးပါ. . .
ဒါကြောင့် ကျွန်တော်အနေနဲ့ ၀ိနည်းညီတာ၊ မညီတာ နားမလည်ပါ . . .
သိလည်းမသိပါ . . .
ဒါကြောင့် အဲဒီအကြောင်းများဖြစ်တဲ့ ကံဆောင်သင့်၊ ကံမဆောင်သင့်များကို ကျွန်တော့်အနေနဲ့ နားမလည် မသိရှိကြောင်း ရိုးသားစွာဝန်ခံပါတယ် . . .

သို့သော် သာသနာတော်နဲ့ သံဃာတော်ကို စော်ကားသော စကားလုံးများကိုတော့ ကျွန်တော် မမြင်လိုပါ . . .
သာသနာတော်၊ သံဃာတော်တို့နဲ့ ပတ်သတ်တဲ့ အကြောင်းများကို ကျွန်တော့်ရဲ့ ဘလော့မှာ တင်မယ်ဆိုရင်တော့ တောင်းပန်ချင်ပါတယ် . . .
ဖြစ်နိုင်ရင် မတင်စေချင်ပါခင်ဗျာ . . .


ဒါကျွန်တော့်စီဘောက်စ်က အကြောင်းကို နောက်ဆုံးပြောဖြစ်တာပါ . . .
နောက်ဆို ကျွန်တော် ဥပက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလိုက်ပါတော့မယ် . . .

နောက် ကျွန်တော်ဘလော့ရေးတယ်ဆိုတာ ကျွန်တော့်ရှိတဲ့ ပိုက်ဆံအကုန်ခံပြီး ဆိုက်ဘာကဖေးများမှာ ပိုက်ဆံပေးသုံးပြီး ကိုယ့်ဘာသာရေးနေတာပါ၊ မည်သည့်အထောက်အပံ့နှင့်မျှ ရေးသားခြင်းမဟုတ်ပါဘူး . . .
ကျွန်တော် ဘလော့ရေးတဲ့အခါ ပျောက်လိုက်ပေါ်လိုက်ဖြစ်တတ်ပါတယ် . . .
ရှင်းရှင်းပြောရင် ပိုက်ဆံမရှိရင် မရေးဘူးပေါ့ဗျာ . .

မန္တလေးသတင်း၊
ကျွန်တော့် အတွေးနဲ့ ကျွန်တော့်အရေးများကို ကျွန်တော် ဆက်လက်ရေးသားဖော်ပြသွားဦးမှာဖြစ်ပါတယ်ခင်ဗျာ . . .

ကျွန်တော့်ဘလော့ကို ၀င်ရောက်ဖတ်ရှုသူများလာတဲ့အတွက်
ကျေးဇူးတင်ပါတယ်ခင်ဗျာ . . .

သာသနာတော်၊ တရားတော်၊ သံဃာတော်များကို စော်ကားပြစ်မှားမှုများရှိခဲ့ရင် ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးသို့ တုပ်ပျဝပ်ဆင်း ခြေတော်ရင်း နဖူးထိလို့ ကန်တော့လိုက်ရပါတယ်ခင်ဗျာ . . .

သြော် သတင်း သတင်း . . မီဒီယာ . . မီဒီယာ ပို့စ် တင်ရခြင်း ရည်ရွယ်ချက်

သြော် သတင်း သတင်း . . မီဒီယာ . . မီဒီယာ
ဆိုတဲ့ သတင်းပို့စ်ကို မနေ့ က ကျွန်တော်တင်ခဲ့ပါတယ် . . .
ဒီပို့စ်ကို တင်တဲ့နေရာမှာ ရည်ရွယ်ချက် နှစ်ခုရှိပါတယ် . . .
၁။ မီဒီယာလောကရဲ့ အခြေအနေကို ထိန်းသိမ်းစေချင်တဲ့အချက်
၂။ သာသနာတော်နဲ့ သံဃာတော်အပေါ်မှာ လိမ်လည်အသုံးချမှုမျိုး ထပ်မံမဖြစ်စေချင်တဲ့အချက်

အဲဒီနှစ်ချက်ပါပဲ . . .

မီဒီယာလောကတစ်ခုလုံး သတင်းကိုလိုသလို ပုံဖော်ရေးသားခြင်းနဲ့ ပြည့်နေပါတယ် . . .
သက်သေအဖြစ်က ပြစရာအများကြီးပါ . . .
ဘယ်မီဒီယာဟာ သေချာတဲ့၊ တိကျတဲ့၊ မှန်ကန်တဲ့ သတင်းကိုဖော်ပြသလဲဆိုတာ ယုံကြည်မှု ခက်ခဲလာပါတယ်. .
ဒါကြောင့် မီဒီယာများအနေနဲ့ မှန်ကန်တဲ့ သတင်းကို အခြေပြုပြီး ကိုယ်ရဲ့ ရည်မှန်းကို အောင်မြင်အောင်လုပ်စေချင်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဆိုတာ ၀ိနည်းသိက္ခာ အင်မတန် စောင့်ထိန်းတဲ့ ဆရာတော်ကြီးပါ . . .
မန္တလေးမှာ ၀ိနည်းလေးစားစောင့်ထိန်းမှုဟာ ရွှေကျင်ဆရာတော်များဆိုတာ အင်မတန်လေးစားကြည်ညိုစရာပါ .. .

အဲလို ကြည်ညိုရာ ဆရာတော် တစ်ဖက်လှည့်ခံရတော့ အင်မတန်စိတ်မကောင်းဖြစ်မိပါတယ် . . .
ဒါကြောင့် ဒီပို့စ်ကို တင်ပါတယ် . . .

မီဒီယာ အမြင်နဲ့
သာသနာတော် အမြင်အရတင်ပါတယ် . . .

မည်သည့် အခြားအကြောင်းမှ မပါ . . .

စီဘောက်စ်နဲ့ကျွန်တော်

ဒီကနေ့ ဘလော့ကို ၀င်ကြည့်လိုက်တော့ မနေ့က ကျွန်တော်တင်ခဲ့တဲ့ ပို့စ်အတွက် များလိုက်တဲ့ စီဘောက်စ်က အော်သံများကို တွေ့လိုက်ရပါတယ်. . .

နောက်ဆုံး ဒီကနေ့ ရက်စွဲနဲ့ရေးထားတဲ့ ဦးထိပ်ဆိုတဲ့ သူကို ပထမဆုံးပြောချင်ပါတယ် . . .
အခု ဘလော့များမှာ နစ်ကို အမှန်မဟုတ်ပဲ သူများနစ်ကို ယူပြီးရေးနေကြပါတယ်. . .
အခု ကျွန်တော် ဘယ်ဘလော့မှာမှ ကွန့်မန့်၊ စီဘောက်စ် မရေးပါ။
ကျွန်တော်ပြောချင်တာကို ပို့စ်အသွင်နဲ့သာ တင်သွားမှာဖြစ်ပါတယ် . . .
ကိုယ့်ယူဆချက်ကို ကိုယ့်ဘာသာ တင်ပြရဲသူများဖြစ်မယ်ဆိုရင် ကောင်းပါတယ် . .
မှန်သည်မှားသည်ကတော့ ကိုယ့်အသိနဲ့ကိုယ်ပါပဲ . . .
ဘာဖြစ်ဖြစ် ကိုယ်လုပ်တာ ကိုယ်ဝန်ခံရဲတာ . . .
ကိုယ့်အကြောင်း ကိုယ်သိတာ အကောင်းဆုံးပါပဲ . . .

သေချာတာက ကျွန်တော် ၂၁ရက်နေ့က စပြီး ဘယ်စီဘောက်စ်မှာမှ ၀င်မရေးပါဘူး . . .
ကိုယ့်ဘလော့က စီဘောက်စ်မှာလဲ ၀င်မရေးပါခင်ဗျာ . . .

Friday, September 21, 2007

မဟာမုနိမှသည် အောင်တော်မူသို့


မနေ့ကပါ . . .
မဟာမုနိဘုရားကြီးကိုရောက်သွားရောက်ဖူးမြော်ခဲ့ပါသေးတယ် . . .
မဟာမုနိဘုရားကြီးမှာတော့ ဘုရားဖူးဦးရေ လျော့နည်းနေပါတယ်
ဘုရားကြီးမှ သည် အောင်တော်မူဘုရားဆီကို ဦးတည်ခဲ့ပါတယ် . . .

လမ်းတစ်လျှောက်မှာတော့ 78, skywalk , ရတနာပုံဈေး၊ ဘူတာ၊ ဆေးရုံ အားလုံး စည်စည်ကားကားပါပဲ





အောင်တော်မူဘုရားရောက်တော့ စိတ္တသုခ ပရဟိတလူငယ်များ ဆီးမီးထွန်းပူဇော်မယ့်နေရာမှာ


ကြွေပြားတွေ ကွဲနေတာကို ပြုပြင်ဖို့ လိုက်လံကြည့်ရှုပြီးတော့ ဓာတ်ပုံရိုက်ပေါ့ဗျာ . . .





အဲဒီမှာ ဆြာဘရဲ့ လက်စွမ်းပြထားတွေအများကြီးဗျ


. . .
အပေါ်က ကျွန်တော် ထိုင်နေလျက်နဲ့ ရိုက်လိုက်လို့ပါ . . နောက်က ဘုရားဖူးကို အားနာလိုက်လို့ပါ . .











အောင်တော်မူ နှစ်ကျိတ်ရှစ်ဆူဘုရားပါ . . .










ဆြာဘရဲ့ ရိုက်ချက် . . . ဒီလို . . ဒီလို

မဆွေအလှပြင်နှင့်ဓါတ်ပုံဆိုင်ဖွင့်ပွဲ

မနက်ဖြန် ၂၂ရက်နေ့ စနေနေ့မှာ မဆွေအလှပြင်နှင့်ဓါတ်ပုံဆိုင်ဖွင့်ပွဲ ကို ကျင်းပမယ်လို့ သိရပါတယ် . . .

မဆွေဆိုတာက ကျွန်တော်တို့ ဘလော့ဒေး အတွက် အင်တာနက်အသုံးပြုခွင့်ကတ် ၅၅ကတ် ပါဝင်ကူညီထားတဲ့ သူဖြစ်ပါတယ်ခင်ဗျာ . . .

မဆွေက
အလှပြင်ဆိုင်၊ ဓာတ်ပုံ၊ အီးမေးလ်အင်တာနက်၊ အခြေခံသင်တန်းအမျိုးမျိုး၊ ပုံပြင်ဒီဇိုင်း၊ ဗင်နိုင်း၊ စာစီစာရိုက်၊ မိတ္တူ၊ လိပ်စာကတ်အမျိုးမျိုး၊ ဖိတ်စာအမျိုးမျိုး စတဲ့ လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးနေပါတယ် . . .

နံနက် ၈နာရီကနေ ၁၁နာရီအထိ ကျင်းပမဲ့ ဆိုင်ဖွင့်ပွဲကို တက်ရောက်အားပေးရင်ဖြစ်ဖြစ်
အထက်က လုပ်ငန်းတစ်ခုခုလုပ်ချင်ရင်ဖြစ်ဖြစ် . .
၈၂လမ်း၊ ၁၅လမ်းနှင့်၁၆လမ်းကြားက မဆွေ ကို သတိရပါလို့ . . .

သြော် သတင်း သတင်း . . မီဒီယာ . . မီဒီယာ


မနေ့က မီဒီယာ သတင်းသဘောနဲ့ ပတ်သက်ပြီး ပြောမိကြပါတယ် . . .
မီဒီယာသမားတွေရဲ့ ကျင့်ဝတ်ပေါ့
မီဒီယာသမားဆိုတာ မှန်ကန်ခြင်း၊ မြန်ဆန်ခြင်း၊ တိကျသေချာခြင်း ကို ကိုယ်စားပြုပြီး
ကိုယ့်ကို ယုံကြည်မှုရှိစေရမှာဖြစ်ပါတယ် . . .
ဘာကြောင့်ဖြစ်ဖြစ် မှန်ကန်တိကျသေချာမှုကို အလေးထားရမှာ ဖြစ်နေပါတယ် . . .
ဒါပေမယ့် အခုတော့ မီဒီယာတော်တော်များများက မီဒီယာကျင့်ဝတ်မလိုက်နာဘဲ ကိုယ်လိုရာဆွဲလို့ ရေးနေကြ၊ အသံလွှင့်ကြ၊ ပြောကြဆိုကြ . . . .

ကိုယ့်လိုရာရဖို့အတွက် ဘာကိုမဆို အသုံးပြုနေရဲတာကတော့ တော်တော့ကို ဆိုးနေပါပြီ . . .

အင်တာဗျူးမေးမယ် . . .
အဖြေကိုကြည့်ပြီး အပေါ်က မေးခွန်းကို အပြောင်းအလဲလုပ် . . .

ကိုယ်လိုရာဆွဲပြောတာမျိုးကတော့ မကောင်းပါဘူး


ဆွေးနွေးမှုအရင်းခံက မန္တလေးအခြေစိုက်ထုတ် နန်းမြင့်ဂျာနယ်မှာ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးကို လှည့်စားမှုပြုလုပ် . . . ခုတုံးလုပ်ခဲ့တာကို ဆရာတော်ဘုရားကြီးက ပြန်လည်ရှင်းလင်းထားတဲ့ သတင်းပါလာပါတယ် . . .


ဒါဟာ သတင်းလောက မီဒီယာသမားများအတွက် ၀မ်းနည်းစရာ . . ဆန့်ကျင်စရာတစ်ခုပါပဲ . . .


ဒီလုပ်ရပ်အပေါ်ကို ဆရာတော်ကြီးက ဒီလိုမိန့်ကြားထားပါတယ် . . .

ပြည်သူပြည်သားတွေ ရေဒီယိုနားထောင်ပြီးတော့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ်။

ဒါဟာ သာသနာတော်ကိုစော်ကားတာပဲ သံဃာတော်ပုတ်ခတ်တာပဲဖြစ်တယ်။


ဒါအပြင် ဒီလိုလုပ်ကြံတဲ့ အကြောင်းကို ရေးသားပြီး အများသိအောင်လုပ်ခြင်းဟာ သာသနာပြုတာပါလို့ မိန့်ကြားခဲ့ပြန်ပါတယ် . . .


ဘာကြောင့်ဖြစ်ဖြစ် မီဒီယာ ကျင့်ဝတ်ကို မစောင့်ထိန်းကြသူတွေ များလာတာကတော့ . . . .


တစ်ယောက်ကို တစ်ယောက် သူညာတယ် ကိုယ်ညာတယ်သာ ပြောကြမယ် . . .


အားလုံး ဘယ်သူမှ မမှန်ကြတော့ . . . ဘူး . . လား . . ဗျာ . . .


ဘယ်သူကို ယုံကြည်ရတော့မှာလဲ . . .


သြော် သတင်း သတင်း


မီဒီယာ . . .မီဒီယာ

Thursday, September 20, 2007

မန်းတောင်ရိပ်ဂျာနယ် တကယ်ထွက်ပြီ

မန်းတောင်ရိပ်ဂျာနယ် မန္တလေးမှာ တကယ်ထွက်ရှိလာပါပြီ . . .

အမှတ်စဉ်(၁)အဖြစ် စတင် ထွက်ရှိလာပါတယ် . . .

မောင်သင်း(အင်္ဂလိပ်စာ)နှင့်ရောင်းရင်းများရဲ့ မန်းတောင်ရိပ်ဂျာနယ် . . . ရှာဖွေလို့ ဖတ်ကြည့်လိုက်ကြပါဦး . . .

Wednesday, September 19, 2007

Blog for All Seminar အမှတ်တရ DVD ခွေရမည်

ဒီကနေ့ ဆြာဘရဲ့ ဘလော့မှာ Blog for All Seminar အမှတ်တရ DVD ခွေရမယ်လို့ ပို့စ်တင်ထားတာတွေ့ရပါတယ်.

CD/DVD for Blog for All -Seminar
Blog for All - SeminarCD/DVD အခွေရနေပါပြီ .....လိုချင်သူများအမှတ်တရ စီဒီဘူး၊ ကာဗာနှင့်အတူတစ်ခွေလျှင် ၂၀၀၀ နှုန်းဖြင့်ရယူနိုင်ပါပြီဗျာ ...........ရယူလိုသူများ comment တွင် ၀င်ရေးပေးပါ ....အမှာစာအရသာ ကူးမည်ဖြစ်ပါသည်။


ဒါကြောင့် အခွေလိုချင်သူများ ဆြာဘ ဘလော့မှာ ကွန့်မန့် ရေးမှာကြားနိုင်ပါကြောင်း

ယနေ့မန္တလေး

ဒီကနေ့ မန္တလေးမှာလည်း သံဃာတော်များစီတန်းလှည်လည်တယ်လို့ ၈နာရီ ရုပ်မြင်သံကြားသတင်းမှာ ကြားသိလိုက်ရပါတယ် . . .

အပြင်မှာလည်း ယနေ့နံနက်ပိုင်းက သံဃာတော်များ စီတန်းပြီး လှည့်လည်ကြတယ်လို့ ကြားနေသိနေရပါတယ် . . .

သံဃာတော်များ ဘုရားကြီးတစ်ဝိုက်မှာ လှည့်လည်မေတ္တသုတ္တန်များ ရွတ်ဆိုပွားများကြတယ်လို့ သိရပါတယ်

ဒီကနေ့ နံနက်ပိုင်းကစလို့ တက္ကသိုလ်အသီးသီးမှာ စာမေးပွဲများစတင် ဖြေဆိုကြပြီဖြစ်ပါတယ် . . .
အချို့အတန်းများက နှစ်လယ်တန်းဖြစ်ပြီး အချို့ အတန်းများကတော့ အတန်းတင်စာမေးပွဲများဖြစ်ကြပါတယ် . . .
တက္ကသိုလ်နယ်မြေတစ်ဝိုက်မှာတော့ စာမေးပွဲအတွက် ကျောင်းသား၊ကျောင်းသူများနှင့်ပုံမှန် စည်ကားလျက်ရှိပါတယ်. . .


ယနေ့ ဥပုသ်နေ့ ဖြစ်တာနဲ့အညီ နံနက်ပိုင်းမှာတော့ တရားသံတို့ လွှမ်းပြီး ညနေပိုင်းမှာတော့ ဘုံဆွမ်းလောင်းအသင်းများရဲ့ အလှူခံ အာရုံခံ တီးဝိုင်းသံများနဲ့ စည်ကားလို့ နေပါတယ် . . .
မန္တလေးသူ၊ မန္တလေးသားများ မြို့ထဲမှာ အသွားအလာမပျက် သွားလာနေထိုင်လျက်ရှိတာကိုတွေ့ရပါတယ် . . .

Monday, September 17, 2007

ဘလော့အကြောင်း ရေးခွင့်ပြုစေချင်

မြန်မာဘလော့များနဲ့ပတ်သက်ပြီး ဆောင်းပါးများရေးချင်ပါတယ် .. .
ဘလော့များမှ ကျွန်တော်ကြိုက်တဲ့ ပိုစ့်များကို ကောက်နှုတ်ပြီး
မိတ်ဆက်ပေးမလို့ စဉ်းစားထားပါတယ် . . .

အားလုံး ခွင့်ပြုပေးကြပါခင်ဗျာ . . .



အားလုံးကံကောင်းကြစေသော်ဝ်

မကြာမီ တက္ကသိုလ်ပေါင်းစုံ စာမေးပွဲ ဖြေဆိုကြတော့မှာပါ . . .
စာမေးပွဲဖြေဆိုဖို့အတွက် အခုအချိန်မှာအားလုံး ပြင်ဆင်နေကြတော့မယ်ထင်ပါတယ် . . .

ဘယ်လိုပဲ စာမေးပွဲ ဖြေဖို့ စာရရ
ကျန်းမာရေးမကောင်းရင် မဖြေဆိုနိုင်ပါဘူး . . .

ဒါကြောင့် စာလဲကျက် ကျန်းမာရေးလည်းဂရုစိုက်ဖို့ လိုပါမယ်

ဒီတစ်ခါတော့ စာမေးပွဲမဖြေရတော့လို့ ကိုယ်တိုင်ကြိုးစားစရာမရှိတော့ . . .
ဖြေမယ့်သူများကိုတော့ အားပေးရပါဦးမယ် . . .

အတတ်နိုင်ဆုံး ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစားဖြေနိုင်ကြပါစေဗျာ. . .

Friday, September 14, 2007

ပညာရေး အထောက်အကူပြု လှူဒါန်းမှု အတွေးတစ်ခု

ကျွန်တော်နဲ့ဆြာဘတို့ ဒီကနေ့ အမ်အိုင်စီတီမှာ ထိုင်ရင်းနဲ့ ပညာရေးနဲ့ပတ်သက်လို့ အလှူငွေ တစ်ခုကို ထာဝရစိုက်ထူထားပြီး ရရှိလာတဲ့ အတိုးကို လှူဒါန်းရအောင်ဆိုတဲ့ အတွေးကို ထပ်မံလို့ ပြောဖြစ်ကြပါတယ် ။ ။ ။
ဒီအတွေးက ပြောဖြစ်ကြတာ တော်တော်ကြာနေပါပြီ . . .
နှစ်စဉ် ကျောင်းဖွင့်ချိန်မှာ ကျောင်းသားများ ကျောင်းနေနိုင်ဖို့ ထောက်ပံ့ဖို့ အလှူငွေ တစ်ရပ်ကို မတည်ထားဖို့ စိတ်ကူးကြတာပါ . . .

အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်ဖို့ ကြိုးစားရဦးမယ် . . .

အခု ပရဟိတအနေနဲ့လုပ်နေတဲ့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ သီးသန့်ခေါင်းစဉ်ခွဲလို့ လုပ်ရမလား . . .
ပညာရေးအတွက် သီးခြားတစ်ခု လုပ်ရင်ကောင်းမလား စဉ်းစားနေကြပါတယ်. . .

ဘာဖြစ်ဖြစ် ပညာရေးအတွက် အလှူငွေ တစ်ရပ်ကို မတည်လို့ နှစ်စဉ်မပျက်လှူဒါန်းနိုင်ဖို့ ဆောင်ရွက်ကြမယ်လို့
သန္နိဋ္ဌာန် ချထားကြတယ်ဗျာ . . .

မန္တလေးတိုင်း ကွန်ပျူတာ လုပ်ငန်းရှင်အသင်းရဲ့ ဟောပြောပွဲ

မနက်ဖြန် စနေနေ့ မွန်းလွဲ ၁နာရီမှာ
မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးရဲမြတ်သူက ဟောပြောမည့် ဟောပြောပွဲ တစ်ခု ရတနာပုံ ဆိုက်ဘာကော်ပိုရေးရှင်း(အမ်အိုင်စီတီ)တွင် ကျင်းပမည်ဖြစ်ကြောင်း . . ..

အ.ထ.က ၁၃ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ ကျင်းပမည်

ဒီကနေ့ သတင်းစာထဲမှာ တွေ့လိုက်ရတာပါ . . .
အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများရဲ့
ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ၁၆-၉-၂၀၀၇ရက်နေ့ အထက ၁၃ သီရိမင်္ဂလာခန်းမမှာ ကျင်းပမယ်လို့ တွေ့လိုက်ရပါတယ် . . .

အထက ၁၃ကျောင်းသား၊ ကျောင်းသူဟောင်းများအတွက် သတင်းပေးလိုက်ပါတယ် . ..
ကျောင်းသား၊ ကျောင်းသူဟောင်းများရဲ့ အာစရိယပူဇော်ပွဲဆိုတာ သွားဖူးသူမှ အရသာသိပါတယ် . ..
လူကို ပြန်လည်လို့ ငယ်ရွယ်စေပြီး ဆရာ၊ ဆရာမများ၊ သူငယ်ချင်းများနဲ့ ပျော်စရာ အလွန်ကောင်းတယ်ဆိုတာ . . . .

Tuesday, September 11, 2007

ဝမ်းနည်းမှတ်တမ်း

မောင်ချမ်းမြစိုး ရဲ့ မိခင် ဒေါ်အေးအေး ကွယ်လွန်ကြောင်းကြားသိရဲတဲ့အတွက်
မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲမိပါကြောင်း . . .

Monday, September 10, 2007

Blog for All Seminar CD, DVD ရပြီ

Blog for All Seminar CD, DVD ရပြီဖြစ်ပါတယ် . . .

ယနေ့ မွန်းလွဲ ၂နာရီလောက်မှာပဲ ရရှိခဲ့ပါတယ် . . .

ဘယ်လိုဘယ်ပုံ ဆောင်ရွက်ပေးမယ်ဆိုတာကတော့ ဆြာဘ က ပြောပါလိမ့်မယ် . . .

အားလုံးအတွက် သတင်းပေးတာပါ . . .

Sunday, September 9, 2007

ကျွန်တော် လို မဖြစ်စေချင်ပါ

ဒီကနေ့ နေရာတော်တော်များများမှာ အသံတွေ ကြားနေရပါတယ် . . .

ဒီတော့ ကျွန်တော်ရဲ့ အဖြစ်ကို သတိရပါတယ် . .
အခု စက်တင်ဘာလထဲမှာ တက္ကသိုလ်များစာမေးပွဲတွေ ဖြေပါတော့မယ် . . .
ဒီလိုအချိန်မှာ ဒီလိုတွေ ကြားရတာ စိတ်မကောင်းပါ . . .

ကျွန်တော် ၈၈မှာ အလယ်တန်းကျောင်းသားပါ . .
၉၆ မှာ ပထမနှစ်နဲ့ ကျောင်းပိတ်သွားတာ တစ်ခါခံလိုက်ရပါတယ် . . .

ဆယ်တန်းက ၉၅အောင်တော့ ကျွန်တော်တို့ ၉၅အောင်တဲ့ သူတွေ တော်တော်ဒုက္ခရောက်ကြပါတယ် . . .
အခုအချိန်မှာ မဟာပြီးတဲ့ သူငယ်ချင်းတွေတောင် တက္ကသိုလ်ဆရာမဖြစ်ဘဲ အထက်တန်းပြ ဖြစ်နေတယ် . . .

ဘ၀ရည်မှန်းချက်တွေ ပြောင်းလဲကုန်စေပါတယ် . . .
ဒါကြောင့် ဘာတွေကြောင့် ဘာတွေ ဖြစ်ဖြစ် ခံစားလိုက်ရတာက ကျွန်တော်တို့ကိုယ်တိုင်ပါ . . .

အခု အခြေအနေအရပ်ရပ်ကြောင့် ညီ၊ ညီမတွေ ပညာရေး မနှောင့်နှေးစေချင်ပါဘူး . . .

ကိုယ်တွေ့ခံစားရတော့ ပိုသိပါတယ် . . .

ဘာဖြစ်ဖြစ် တက္ကသိုလ်စာမေးပွဲတွေ ဖြေဆိုမှုအဆင်ပြေစေကြောင်း ဆုတောင်းမိပါရဲ့ . . .





မန္တလေးက ပွဲတွေ

ကနေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာမှာ မနေ့က မန္တလေးမြို့အတွင်း တရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်လို့ ဖော်ပြထားတာကို ဖတ်ရှုခဲ့ရပါတယ် . . .
တရားပွဲ သုံးပွဲ ကျင်းပခဲ့တယ်လို့ ဖော်ပြထားပြီး ရဟန်းရှင်လူ တရားချစ်ခင်သူ ၆၀၀၀ကျော်တက်ရောက်နာယူကြည်ကြကြောင်းလဲ ဖော်ပြပါရှိတာကိုတွေ့ရပါတယ် . . .

ယနေ့ အမ်အိုင်စီတီက မန္တလေးတိုင်းကွန်ပျူတာပညာရှင်များအသင်းရုံးခန်းမှာ ကျင်းပတဲ့ SIG မှာ ဆရာဦးလှကောင်းရဲ့ Downing - Time Troubleshooting အကြောင်းကို အပြီးသတ် အမေးအဖြေကဏ္ဍကျမှ ကျွန်တော်ရောက်ရှိတက်ရောက်ခဲ့ပါတယ် . ..
ကွန်ပျူတာ ၀ါသနာရှင်၊ ပညာရှင်များနဲ့အတူ စာနယ်ဇင်း ဆရာ၊ ဆရာမတွေကိုလည်း တွေ့ခဲ့ရကြောင်း . . . .

Friday, September 7, 2007

ရတနာ့ဂူ ဘုရားပွဲတော် တစ်ခေါက် ရောက်ခဲ့သော်

ဒီကနေ့ မွန်းလွဲပိုင်းက ရတနာ့ဂူပွဲ ကို ရောက်ခဲ့ပါတယ် . . .
ဘုရားပွဲကို အကြောင်းပြုရာက နတ်ပွဲ ဖြစ်လာတာမို့ ဘုရားပွဲလို့ ညွှန်းဆိုပါရစေ . . .
ဒီကနေ့ အောက်နန်းလို့ခေါ်တဲ့ ရတနာ့ဂူ ဘုရားကို ရောက်ခဲ့ပါတယ် . . .
အခု မြင်ရမှာကတော့ ပုပ္ပါးမယ်တော်ကို အုန်းဖွင့်လို့ ဆက်နေကြတာနဲ့
ဆြာဘရဲ့ ရိုက်ချက်တချို့ပါ . . . ကျွန်တော်က ဘလော့ကာကြီးနဲ့ ဘလော့ကာလေးတို့နဲ့အတူ သုံးယောက်သွားခဲ့တာပါ . . .
ကျန်တာတွေ ဆက်လာမယ်ပေါ့ဗျာ . . .

Sunday, September 2, 2007

အမြန်ဆုံး မီဒီယာနှင့်မိတ်ဆက်ခြင်း

Blog day ဖြစ်တဲ့ ၃၁-၈-၂၀၀၇ ရက်နဲ့ ၁-၉-၂၀၀၇ ရက်မှာ မန္တလေးမြို့ထုတ် မန္တလေးနေ့စဉ်သတင်းစာမှာ အမြန်ဆုံးမီဒီယာနှင့်မိတ်ဆက်ခြင်း ဆိုတဲ့ ဘလော့အကြောင်း မိတ်ဆက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြပါရှိခဲ့ပါတယ်။
အဆိုပါဆောင်းပါး အပြည့်အစုံကတော့ . . . .
ဒီလင့်မှာ ယူနိုင်ပါတယ် . .
မောင်ဘဦး(မန္တလေး)ရဲ့ ကမ္ဘာ့ဓာတ်ပုံပညာနေ့ ဆောင်းပါး
ကိုထိပ်(မန္တလေး)ရဲ့ ကမ္ဘာ့ဓာတ်ပုံပညာနေ့ ဆောင်းပါးနှင့် အမြန်ဆုံးမီဒီယာနှင့်မိတ်ဆက်ခြင်းဆောင်းပါး
ဆောင်းပါး သုံးပုဒ် ကို အပေါ်က လင့်မှာ တင်ထားပါတယ်။

ရတနာ့ဂူ နတ်ပွဲ လိုက်ကြဦးမလား . . .

ဒီ ဥပုသ်နေ့ ဆိုရင် ရတနာ့ဂူ နတ်ပွဲ စတင်ပြီ . .
ကဲ တောင်ပြုန်းပွဲကနေ ရတနာ့ဂူ ကို ပြောင်းရွေ့လို့ နတ်နန်းတွေ လည်း ရွှေ့ခဲ့ကြပြီ . . .

ဝါခေါင်လပြည်ကျော် ၈ရက်နေ့ကနေ ၀ါခေါင်လကွယ်နေ့ အထိ ၈ရက်တိုင်တိုင် ကျင်းပတဲ့ ရတနာ့ဂူနတ်ပွဲကတော့ သားတော်နှစ်ပါးရဲ့ တောင်ပြုန်းပွဲကို လာတဲ့ ပုပ္ပားက မယ်တော်ကို သားတော်နှစ်ပါးက လိုက်ပို့တဲ့ ပွဲပါတဲ့ . . .

ရေဆိပ်ကနေ လှေတွေနဲ့ အထက်နန်း၊ အောက်နန်းကူးသန်းကြတာမို့ လှေစီးလို့ ပျော်ချင်လဲပျော်လို့ ရပါတယ် . . .

တောင်ပြုန်းပွဲကို ရောက်ခဲ့သလို ရတနာ့ဂူပွဲကိုလည်း သွားဖြစ်မယ်ထင်ပါရဲ့ . .

သွားဖြစ်ခဲ့ရင် လိုက်ကြဦးမလားလို့ ဖိတ်ခေါ်လိုက်ရသလို . . .

သွားဖြစ်ရင်လဲ အတွေ့အကြုံကို ဖောက်သည်ချပါဦးလို့ . . .

မရောက်ဖူးသေးရင်လည်း သွားလိုက်ကြဦးနော် . . .

Blog day အထိမ်းအမှတ် Blog for All Seminar မှတ်တမ်းများ

Blog day အထိမ်းအမှတ် Blog for All Seminar မှတ်တမ်းဓာတ်ပုံများကို http://mdyblogshow.blogspot.com မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ . . .

အသေးစိတ် အကြောင်းအရာများကိုလည်း ထပ်မံတင်ပေးသွားမည်ဖြစ်ပါတယ် . . .

Friday, August 31, 2007

Blog for All Seminar အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ၂၀၀၇ခုနှစ် သြဂုတ် ၃၁ရက် မွန်းလွဲ ၁နာရီတွင် ရတနာပုံဆိုက်ဘာကော်ပိုရေးခန်းမအတွင်း Blog for All ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ၊ ဘလော့ကာများ၊ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းဆရာ၊ဆရာမများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးညီညီလင်းက အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဦးရဲနိုင်က Live Blog အဖြစ် mdyblogshow.blogspot.com တွင် ပို့စ်တင်ပေးပါသည်။
ဆက်လက်ပြီး Alpha Info-Tech Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက ဗီဒီယိုဖိုင်ဖြင့် အမှာစကားပြောကြားသည်။ Service+ Co.,Ltd. မှ ဦးရဲထွန်းအောင်၏ အမှာစကားအား ကိုကျော်ကျော်ဝင်းမိုးက ဖတ်ကြားသည်။ ယင်းနောက် ဘလော့ကာ မရတနာချိုက ဘလော့အကြောင်း မိတ်ဆက်စကားပြောသည်။
ထို့နောက် ဘလော့ကာ ကိုဆန်းဦး၊ ကိုအောင်ချမ်းလင်း၊ ကိုဘဦးတို့က ဘလော့အကြောင်း အသီးသီးဟောပြောကြသည်။
ယင်းနောက် ဘလော့ကာများအား မဲနှိုက်ကာ မိတ်ဆက်ပေးကာ မေးခွန်လွှာအား အဖြေများပြန်လည်ရှင်းလင်းသည်။ ဆက်လက်ပြီး http://www.mysuboo.com/ အား မိတ်ဆက်သည်။
ထို့နောက် မေးခွန်လွှာ ဖြေဆိုမှုတွင် ရမှတ်အများဆုံးဖြေဆိုနိုင်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ဆက်လက်ပြီး ဘလော့ကာဦးထိပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားအား မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ Alpha Info-Tech၊ Service+၊ http://www.mysuboo.com/ ၊ Future's Sky၊ Azure၊ ivilla၊ kkwinmoe၊ Compu-Care၊ mam၊ AIT၊ မဆွေ၊Heaven's Net၊ iWAY၊ Imagine၊ Nice၊ pantra၊ ဦးကျော်ဇင်(ဗီနိုင်း)၊ NTG၊ Lucky Birds၊ CEM၊ Active Media(CD)၊ ဦးဆန်းဦး-MCC၊ ဦးလှကောင်း၊ မချောအိမာန်၊ Nanologic တို့က ကူညီပံ့ပိုးပေးကာ မန္တလေးဘလော့ကာများက ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

2007 Blog DAY ကြိုဆိုပါ၏









ကဲအခု Blog Day ကိုရောက်ပြီ . .














ဘလော့ဒေးမှာ ဘလော့ကာများ ကျန်းမာချမ်းသာပြီး လိုရာပြည့်ဝစေကြောင်း . . .ဆုမွန်တောင်းလိုက်ရပါတယ် . . .





ယနေ့ ကျင်းပမည့် မန္တလေးက Blog for All seminar အား ကြိုဆို ဂုဏ်ပြုပါ၏။


ထို့အတူ ၁-၉-၂၀၀၇ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့မှ Why Do We Blog ဟောပြောပွဲအား


ဂုဏ်ပြုကြိုဆိုပါတယ်ပါတယ်ဗျာ . . .

Monday, August 27, 2007

အကူအညီတောင်းပါရစေ

ဘလော့ကာများ၊ ဆိုက်ဘာကဖေးများကို အကူအညီတောင်းပါရစေ
Blog for All Seminar ကို ကျွန်တော်တို့ ဘလော့ကာများစုစည်းပြီး
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း၊ ကိုရဲမြတ်သူ Alpha ကွန်ပျူတာ၊ Service+ ၊ Future Sky Cybercafe. . . စတဲ့ ကူညီသူများရဲ့ အကူအညီနဲ့ အောင်မြင်စွာ ကျင်းပဖို့ ဆောင်ရွက်နေပါတယ် . . .

ဒါကြောင့် အဆိုပါ Blog for All Seminar ကို ဘလော့ကာများ အားလုံး တက်ရောက်ပေးကြဖို့နဲ့ လုပ်ဆောင်စရာများကို ပါဝင်ဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ် အကူအညီတောင်းချင်ပါတယ်။


နောက် ဘလော့ကာများအနေဖြင့် မိမိအသုံးပြုတဲ့ ဆိုက်ဘာကဖေးကို ဒီပို့စ်လေး ဖတ်ဖြစ်ရင် ပြပြီး အောက်က အကြောင်းလေးကို ပြောပေးကြပါဗျာ

ကျွန်တော်တို့ Blog for All Seminar မှာ တက်ရောက်သူအားလုံးကို အင်တာနက် အခမဲ့၂ နာရီ အသုံးပြုခွင့် ကတ်လေးတွေ ပေးဝေချင်ပါတယ်။
ဒါကြောင့် ဆိုင်ဘာကဖေးများက ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ။

အခု လောလောဆယ်ဆယ် အင်တာနက်ကဖေး ၂ခုဖြစ်တဲ့ အိုင်ဝေးနဲ့ ဟဲဗင်းနက်တို့က အင်တာနက်၂နာရီအသုံးပြုခွင့် ၂၀ကတ်စီ ရရှိထားပြီးပါပြီ။အင်မေးဂျင်း ဆိုက်ဘာကဖေးက ၂နာရီအသုံးပြုခွင့်ကတ် ၁၀ခု ရရှိထားပါတယ်။

ကျွန်တော်တို့ ဘလော့ရေးသူများဟာ များသောအားဖြင့် ဆိုက်ဘာများက အသုံးပြုရတာပါ။
အသုံးပြုရင်လည်း နာရီရှည် သုံးကြပါတယ်။
ဒီလို အင်တာနက်အသုံးပြုသူများ ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို သိခွင့် ဒီ Seminar မှာ ကြေညာပြီး ဖြစ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ ဆိုက်ဘာကဖေးကို အင်တာနက် တကယ်အသုံးပြုသူများ သိရှိစေဖို့ တကယ့်အခွင့်အရေးကောင်းပါ။

ဒါကြောင့် ဒီအခွင့်အရေးကောင်းကို အသုံးမိစေဖို့ ဆိုက်ဘာကဖေးများ အားလုံးကို ဖိတ်ခေါ်ပါတယ်။

တကယ်လို့များ အခမဲ့ အသုံးပြုခွင့်ပြုမယ်ဆိုပါက ကတ်များကို ကျွှန်တော်တို့က ဆောင်ရွက်ပေးပါ့မယ်
အောက်က မေးလ်များကို ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။
sayaba.mdy@ဂျီမေးလ်း.com
uhteik@ဂျီမေးလ်း.com

ကျေးဇူးအထူးတင်လျက်ပါ။

Blog for All Seminar ကျင်းပမည်

Blog for All Seminar ကို
၂၀၀၇ခုနှစ် သြဂုတ် ၃၁ရက်
မွန်းလွဲ ၁နာရီတွင်
မန္တလေးမြို့ ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း(အမ်အိုင်စီတီ) ခန်းမတွင် ကျင်းပမည် ဖြစ်ပါသည်။

ဘလော့ကာများ၊ အင်တာနက်အသုံးပြုသူများ၊ စိတ်ပါဝင်စားသူများမည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

Sunday, August 26, 2007

မယ်ပြိုင်ပွဲဝင် ဘလော့ကာ . . . ဂုဏ်ယူလျက်ပါ


ကျွန်တော်တို့ ဘလော့ကာတွေထဲက ဘလော့ကာတစ်ဦး ဒီကနေ့ ကျင်းပတဲ့ ရွှေမန်းမယ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တယ်ဆိုလို့ ကျွန်တော်နဲ့ ဆြာဘ တို့ ရောက်ရှိလို့သွားခဲ့ကြပါတယ် . . .


ဝင်ရောက်ယှဉ်ပြိုင်ဖို့ကို တော်တော်ခဲယဉ်းပါတယ်ဗျာ . . .

ကျွန်တော်တို့ကို ၀င်ပြိုင်မလားမေးရင် စင်ပေါ်တက် လမ်းလျှောက်ရမှာနဲ့တင် ကြောက်လွန်းလို့ပါ . .


ဘလော့ကာတစ်ဦးဝင်ပြိုင်တယ်ဆိုတော့လည်း အားရပါးရ အားပေးရတာပေါ့ဆိုပြီး . .


ဓာတ်ပုံတွေ ရိုက်ခဲ့သော်လည်း ၀မ်းနည်းစရာကတော့ ကျွန်တော်ရဲ့ ညံ့ဖျင်းမှု၊ ကင်မရာရဲ့ အားနည်းမှုကြောင့်

ပုံကောင်း မရခဲ့ဘူးဗျာ . . .

ဒီတော့ ရတဲ့ထဲက အကောင်းဆုံးဖြစ်နေတဲ့ပုံ တချို့ပဲ တင်နိုင်တော့တယ်ဗျာ . . .


ဝင်ရောက်ယှဉ်ပြိုင်တာမကပဲ တတိယဆုကိုပါ ရရှိခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း . . .

ရွှေမန်းမယ်နှင့်အင်တာဗျူး


ဒီကနေ့ ကျင်းပတဲ့ ရွှေမန်းမယ်(၂၀၀၇)အဖြစ်ရရှိသွားသူ မနန်းသဉ္ဖာသိမ့် ကို စာနယ်ဇင်းတွေက အင်တာဗျူးတာသာမက ဘလော့ကာ တစ်ဦးကလည်း အင်တာဗျူးခဲ့တာကို တွေ့ခဲ့ရပါတယ် . . .


ကျွန်တော်လည်း ဘေးကပါတာပါပဲ . . .


မနန်းသဉ္ဖာသိမ့် က ဈေးချိုမယ်အဖြစ်လည်း ရရှိခဲ့ဖူးပါတယ် . . .


တကယ်လို့များ အခွင့်အရေးရရင် အနုပညာနယ်ပယ်မှာ သရုပ်ဆောင်တစ်ဦးဖြစ်ချင်လို့ သူ့ရဲ့ဆန္ဒကို မေးမြန်းသိရှိခဲ့ရပါတယ် . . .

၂၀၀၇ခုနှစ် ရွှေမန်းမောင် - ရွှေမန်းမယ် ပြိုင်ပွဲ ကျင်းပ


ဒီကနေ့ မွန်းလွဲ ၁နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ(၁)မှ
ရွှေမန်းမယ်-ရွှေမန်းမောင် ပြိုင်ပွဲ ကျင်းပသွားပါတယ်.
ရွှေမန်းမောင် အငယ်တန်း
ရွှေမန်းမောင် အကြီးတန်
ရွှေမန်းမယ်
ဆိုပြီး ပြိုင်ပွဲ သုံးခု လုပ်ခဲ့ပါတယ်။

ရွှေမန်းမယ် အဖြစ် မနန်းသဉ္ဖာသိမ့်
ဒုတိယ မအေးအေးမာ
တတိယ မရတနာချို
တို့ ရရှိခဲ့ပါတယ် . . .

Saturday, August 25, 2007

Blog Day အထိမ်းအမှတ်ပွဲ

ဒီကနေ့ မွန်းလွဲ တစ်နာရီက အမ်မိုင်စီတီမှာ ဘလော့ကာများနှင့် တွေ့ဆုံဖြစ်ပါတယ် . . .

ဘလော့ဒေး ကျင်းပဖို့ ဆွေးနွေးကြတဲ့အခါ . . . .
၃၁ရက်နေ့ မွန်းလွဲပိုင်း အမ်အိုင်စီတီ ခန်းမတွင် ကျင်းပပါမယ်။
အဲဒီနေ့မှာ အထိမ်းအမှတ် စီဒီဝေပါမယ် . .
ဆိုင်ဘာကဖေးများက အကူအညီယူလို့ လာတဲ့သူများကို ၂နာရီအင်တာနက်အသုံးပြုခွင့် ကတ်များဝေပါမယ်

ဥာဏ်စမ်းမေးပါမယ် . . .
လက်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။

အကူအညီများအနေနဲ့ကတော့
မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်း က ခန်းမအတွက် ကူညီပါတယ်.
အယ်လဖာကွန်ပျူတာက ဝေငှရန် စီဒီများပြုလုပ်ပေးခြင်း၊ ကုန်ကျစရိတ်ကျခံခြင်း
service+ က ကြော်ငြာခများကို ကုန်ကျခံစီစဉ်ပေးမယ်လို့ သိရပါတယ်။

အခုလောလောဆယ်ဆယ် အင်တာနက်ကဖေး ၂ခုဖြစ်တဲ့ အိုင်ဝေးနဲ့ ဟဲဗင်းနက်တို့က အင်တာနက်၂နာရီအသုံးပြုခွင့် ၂၀ကတ်စီ ရရှိထားပြီးပါပြီ။

Future sky အင်တာနက်ကဖေးကလည်း အကူအညီပေးမှာ ပါ။

အားလုံး အသေးစိတ်အစီအစဉ်တွေ လုပ်ရအောင်
တနင်္လာနေ့မှာ ပြန်ဆုံမယ်လို့ ချိန်းထားပါတယ်။

လောလောဆယ်ဆယ် ဘလောကာများက ကူညီဖို့ကတော့
ဘလောကာစာရင်းကို ACL စုစည်းနေပါတယ် . .
နီးစပ်ရာဘလောကာစာရင်းကို ACLထံကို ပို့ပေးဖို့ပါ။
နောက် ဘလော့မှာ အသုံးပြုတဲ့ အပိုထည့်သွင်းတဲ့ လင့်လေးများကို မေးလ်ပို့ပေးစေချင်ပါတယ်။
မနက်ဖြန် နောက်ဆုံးထားပို့ပေးစေချင်တာပါ။
ကျွန်တော်မေလ်းက uhteik@ဂျီမေးလ်ဒေါ့ကွန်းပါ။

နောက်ဘလော့များမှာ ဘလော့ဒေးအထိမ်းအမှတ် လိုဂိုလေးကို ထည့်သွင်းပေးကြပါဦးဗျာ . . .

ဘလော့ဒေးနဲ့ပတ်သက်လို့ အမှတ်တရ ပို့စ်များလဲ တင်ပေးကြပါဦးဗျ. . .

ဘလော့ဒေးအထိမ်းအမှတ်အခမ်းအနားတစ်ခု ဖြစ်မြောက်ဖို့ကို ဘလော့ကာများက ဆောင်ရွက်နေတာပါ . ..
အနီးစပ်ဆုံးဖြစ်တဲ့ မန်းက ဘလော့ကာများက အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြပါဦးဗျာ . ..

Thursday, August 23, 2007

ဘလော့ဒေးအတွက် ဘလော့ကာတွေ ဆုံရအောင်

ဘလော့ကျင်းပဖို့ နီးကပ်လို့လာပါပြီဗျာ . .

ဒီတော့ ဘလော့ကာတွေ ဆုံရအောင်ဗျာ

အနီးကပ် အစီအစဉ်များအားလုံး လုပ်ကြရအောင်ဗျာ . .

ဒီကနေ့ ၂၃ရက်ဆိုတော့ ၂၅ရက်နေ့ မွန်းလွဲပိုင်းလောက် ဆုံရအောင်လားဗျ
၁နာရီကနေ ၃နာရီလောက်အတွင်းပေါ့ . . .

အဆင်ပြေမလားဗျာ . .
အချိန်ညှိရအောင်ဗျာ . . .

နေရာကတော့ အမ်အိုင်စီတီမှာပဲပေါ့ ဟိုနေ့ကလိုပေါ့ဗျာ . .

အားလုံးသော ဘလော့ကာများ၊ ဘလော့ဖတ်သူများ၊ အင်တာနက် သုံးသူများ၊ စိတ်ပါဝင်စားသူများအားလုံး ကိုယ့်စရိတ်ကိုယ်စားပြီး လာတက်ရောက် ဆွေးနွေးပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ . .

တောင်ပြုန်း တောင်ပြုန်း ပွဲတော် တောင်ပြုန်း













ဒီကနေ့ သွားခဲ့တဲ့ တောင်ပြုန်းပွဲက ပုံရိပ်များပါ . . .


တင်ေးသွားပါမယ် . . မျှော် . .

အညာမုန့်များနဲ့ တောင်ပြုန်းပွဲတော်

ဒီကနေ့ တောင်ပြုန်းပွဲကို ရောက်တော့ ကျွန်တော်သိတဲ့ အညာမုန့်တွေ တွေ့ခဲ့ရပါတယ် . .

ကရေကရာ
အနုဆုပ်
အညာသားကျောကုန်း
စတဲ့ မုန့်တွေကို တွေ့ခဲ့ရပါတယ် . ..
မုန့်ရောင်းတဲ့ ဆိုင်တွေက သေသပ်လာသလို ဆိုင်တွေကလဲ ကြီးလာပါတယ် . . .

တောင်ပြုန်းပွဲမှာ ပေါပေါတွေ့ရတတ်တဲ့ ရှောက်ပန်းသီးများကတော့ သိပ်မတွေ့ရပါဘူး . . .

အခြားမုန့်တွေလဲ တွေ့ခဲ့ပါသေးတယ် . . .

စားချင်အောင် ပုံပြပေးဦးမယ်ဗျာ

တောင်ပြုန်းပွဲရဲ့ နတ်တို့ရဲ့ ညီလာခံသဘင်နေ့

ဒီကနေ့ဟာ တောင်ပြုန်းပွဲမှာ နတ်တို့ ညီလာခံတဲ့နေ့ပါတဲ့ . .
ဒါကြောင့် ဒီကနေ့ ညနေ ၃နာရီကျော်မှ တီးဝိုင်းတီးလို့ ကရမတဲ့ . .
တောင်ပြုန်းနယ်တခွင်မှာ ဒိုးသံတွေ တိတ်လို့နေပါတယ်ဗျာ . .

တောင်ပြုန်းပွဲရဲ့ အစည်းကားဆုံးလို့ ပြောနိုင်တဲ့ ချိုးရေတော်သုံးတဲ့ နေ့ကတော့ မနက်ဖြန်ပါခင်ဗျာ . . .
မနက်ဖြန် ၉နာရီလောက်က စလို့ နေရာယူမှ အဆင်ပြေမယ်ဆိုပါပဲဗျာ

ဒီနှစ်တောင်ပြုန်းပွဲက မင်းလေး ရဲ့ ပွဲဆိုပဲဗျ . . .

တောင်ပြုန်းပွဲကို သွားကြဖို့

တောင်ပြုန်းပွဲကို သွားမယ်ဆိုရင် ကားလမ်းနဲ့ ရထားလမ်းနဲ့ နှစ်မျိုးသွားလို့ရပါတယ် . . .

ရထားနဲ့ဆိုပေမယ့် သရဲဈေးဘူတာနဲ့ တောင်ပြုန်းဘူတာကို ပြေးဆွဲပေးတာပါ . .
မန္တလေး ကနေ ကားစီးပြီးမှ ရထားတစ်ဆင့်ပြောင်းရပါတယ် . .
တောင်ပြုန်းအထူးရထားအဖြစ် ပြေးဆွဲပေးပါတယ် . ..

ကားနဲ့ဆိုရင်တော့ လိုင်းကားများကို ၈၂လမ်းဘက်မှာ သွားရောက်စီးနိုင်ပါတယ် . .
လမ်းတစ်လျှောက် တောင်ပြုန်းလို့ အော်သံတွေ . .
ကားနားရောက်ရင် ဆွဲခေါ်ခံရတာတွေကြောင့် တောင်ပြန်းကားမှန်း မသိမရှိပါ . . .

တစ်ချို့ကလည်း ဘုရားဖူးကားများနဲ့ တောင်ပြန်းကို လာရောက်ကြတာ တွေ့ခဲ့ရပါတယ်ဗျာ

ငယ်ငယ်တုံးက တောင်ပြုန်းပွဲ

ကျွန်တော်ငယ်ငယ်က ရောက်ခဲ့တဲ့ တောင်ပြုန်းပွဲတော်ကတော့ . . .

ကုန်ဈေးနှုန်းကို ကျစေချင်သူ

ဒီကနေ့ အတွေးပါ . . .

ကျွန်တော်ကို မေးလာတဲ့ မေးခွန်းတစ်ခုကြောင့်ပါ . . .

ကျွန်တော်လဲ ပြန်မေးချင်ပါတယ် . . .

ဘာကြောင့် ဖြစ်ဖြစ် ကုန်ဈေးနှုန်းတော့ မတက်စေချင် . . .
ဘယ်သူ့ကြောင့် ကုန်ဈေးနှုန်းတက်သလဲ . .

အရင်က ၁၀၀၀ တန်
ဆီဈေးတက်တော့
၁၁၀၀ ဖြစ်
လမ်းလျှောက်ကြတော့ ၁၂၀၀ ဖြစ်၏

ဘာကြောင့် ကုန်ဈေးနှုန်းတက်သလဲ
ကုန်သည်များကြောင့် တက်သည်။

ကုန်သည်လုပ်ငန်းရှင်များ အကျိုးအမြတ်မကြည့်ဘဲ
ပြည်သူ့ မျက်နှာ ကြည့်စေလိုပါသည်။

ကုန်သည်လုပ်ငန်းရှင်များခင်ဗျာ . . .
ပြည်သူများ အတွက် စဉ်းစားပေးကြပါဗျာ . . .

Wednesday, August 22, 2007

ဘလော့စပေါ့ သက်ကျော်ရာကျော်ရှည်စေသော်

ကျွန်တော်တို့ ရေးသားနေတဲ့ ဘလော့များက ဘလော့စပေါ့(.blogspot.com)ပေါ်မှာ အခြေတည်ကြတာပါ . . .

ဘလော့ဆိုတာ ကိုယ်ပိုင်ဆိုပေမယ့် ကိုယ်ပိုင် ဒိုမိန်းတော့ မဟုတ်ပါဘူး . . .

ဘယ်နိုင်ငံ ၊ ဘယ်နေရာ၊ ဘယ်ဒေသမှာနေနေ . .
အဲဒီမှာ နေထိုင်သူဟာ အဲဒီနေရာက လက်ရှိထုတ်ထားတဲ့စည်းကမ်း၊ ဥပဒေများကို စောင့်ထိန်းဖို့ လိုပါမယ် . . .

ဥပမာ ကျောင်းတစ်ကျောင်းမှာနေတယ်ဆိုရင်
ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးရဲ့ စကားကို နားထောင်ရပါမယ် . . .
ကျောင်းမှာ ဆံပင်အရှည်မထားရဆို မထားရပါဘူး . . .
ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ
ညှပ်ခဲ့ရမှာပါပဲ . .

မကျေနပ်ရင် တစ်ခြားကျောင်းပြောင်းနေပေါ့ဗျာ . . .

အတန်းပိုင်ဆရာမ က ခိုင်းရင်ရော . . အင်း လုပ်တော့ လုပ်ရမှာပါပဲ

မကျေနပ်တာ ကျေနပ်တာနောက် အရင်တော့ လုပ်ရမှာပဲလေ

ဒီလိုပါပဲ

ဘာကိုလုပ်လုပ်ပေါ့ ဖြစ်ပေါ်လာမယ့် အခြေအနေကို တွက်ကြည့်ဖို့လိုမယ်ထင်ပါတယ် . . .



အခု မြန်မာနိုင်ငံမှာ အခြေအနေတွေ ထူးခြားနေပါတယ် . . .

အခြေအနေတစ်ခု ကြောင့်ဆိုတာ ထက်
ဘာကြောင့် ဒီလိုလုပ်ကြတယ် . . .
ဒီလိုလုပ်လို့ ဘာရမယ် . . .
ဒီလိုလုပ်လို့ ဘာတွေဖြစ်မယ်ဆိုတာ တွေးသင့်တယ်ထင်ပါတယ် . .

လိုချင်တာက ဘာလဲ . . .

တောင်းဆိုနေတာက ဘာလဲ . . .

ဖြစ်ချင်တာက ဘာလဲ . . .

နောက် ဖြစ်နေတာက ဘာလဲ . . .

ဘာတွေဖြစ်နေပြီလဲ . . .

အင်း စဉ်းစားစရာတွေပါ . . .

စဉ်းစားစရာတွေ အများကြီးရှိနေတော့ စဉ်းစားရင်းအတွေးတွေ များနေရတာပေါ့ဗျာ . . .




အခုလောလောဆယ်ဆယ် စဉ်းစားတာက

ရှင်းရှင်းလေးပါ . . .
တွေ့နေရတာတွေကိုပါ . ..

ဓာတ်ဆီ၊ ဒီဇယ် ဈေးတက်လို့ဆိုပဲ . . .

ရည်ရွယ်ချက်က ဘာလဲ . . .ဈေးတက်လို့လား . . .

ဘာကြောင့်ဈေးတက်တာလဲ . . .လို့ရော မစဉ်းစားမိဘူးလား . . .


ကုန်ဈေးနှုန်းနဲ့ ပတ်သက်ရင်တော့ ဒီလိုစဉ်းစားမိပြန်ရော . .
ဓာတ်ဆီဈေးနှုန်းတက်လို့ ကုန်ဈေးနှုန်းတက်၏ ၁၀ရာခိုင်နှုန်းခန့်

ဓာတ်ဆီဈေးနှုန်းကျရန် လမ်းလျှောက်ကြ၏ ကုန်ဈေးနှုန်း ၂၀ရာခိုင်နှုန်းအထက် ခုန်တက်၏

ကုန်ဈေးနှုန်း လက်တွေ့ကျရန်မှာ . .

ကျွန်တော်ဥာဏ်မမီပါ . . . တွေ့တဲ့ အကြောင်းကို မြင်သမျှ ရေးပြတာပါ .



နောက် အခု လမ်းလျှောက်ကြသူများကရော ဘာကြောင့်လျှောက်တာလဲ . . .

အင်း ဒီလိုမေးတော့ ကျွန်တော့ကို တစ်မျိုးထင်ကြလိမ့်မယ် . . .
သေချာအောင် မေးကြည့်တာပါ . . .

ရောထွေးနေကြသလားလို့ပါ . . .

တွေ့ရ ဖတ်ရတဲ့နေရာမှာ ရှင်းရှင်းလင်းလင်းမရှိလို့ပါ . . .

ဘာကြောင့် လျှောက်ကြတာလဲ . . . .


မနက်တိုင်း လမ်းလျှောက်ကြတယ် . .
တချို့က ကျန်းမာရေး ကောင်းအောင်
တချို့က ဗိုက်ပူတာ ပျောက်အောင်
တချို့က လမ်းမလျှောက်မဖြစ်လို့ လျှောက်ရတာ . .

အမျိုးမျိုးပေါ့ . .

အဲဒီထဲမှာ ကျွန်တော်က လမ်းလျှောက်သူ စစ်စစ်ဗျ

စက်ဘီး၊ ဆိုင်ကယ်၊ ကား မမောင်းနှင် မစီးတတ်ပါ . .
ဒီတော့ ကျွန်တော့ ကိုယ်ပိုင်က လမ်းလျှောက်ခြင်းပါပဲ . . .


ဒီတော့ ကားမစီးနိုင်လို့ လမ်းလျှောက်ကြတာလား . . .

ကားမစီးနိုင်သူတွေ လမ်းလျှောက်တာလား

ဘာကြောင့်လမ်းလျှောက်ကြတာလဲ သေချာ စဉ်းစားကြည့်ရင် ကောင်းမယ်ထင်ပါတယ် . ..

ဘာကြောင့် လျှောက်လျှောက် ပေါ့လေ . . .


လျှောက်ကြသူများရော . . .
လျှောက်မည့်သူများရော . . .
မလျှောက်သူများရော . . .

ကိုယ်တိုင် ဘာကြောင့် လျှောက်တယ်ဆိုတာ သိမှ လျှောက်စေလိုပါတယ် . . .

ကျွန်တော်ကတော့ အခုလည်း လမ်းလျှောက်လျက်ပါ . .
နောက် လဲ လျှောက်နေဦးမှာပါပဲ . ..

ကျွန်တော်လျှောက်တာက မလျှောက်လို့ မရလို့ လျှောက်တာပါ . . .(ဘာမှ မစီးတတ်တာကိုး)

အဲ သူငယ်ချင်းတွေ လာခေါ်ရင်တော့ မလျှောက်ဘူးပေါ့ဗျာ . . ..


ဘာဖြစ်ဖြစ်လေ . .. ဒီ ဘလော့စပေါ့လေးတော့ သက်စိုးရှည်ချင်ပါကြောင်း . . . .

သတ္တ၀ါများ ကျန်းမာချမ်းသာကြပါစေဗျာ . . .

ဘလော့ဒေးအထိမ်းအမှတ် CD ထဲမှာ ထည့်ရမည့် အကြောင်းအရာ

ဘလော့ဒေးအထိမ်းအမှတ်မှာ ဝေမယ့် စီဒီထဲမှာ ဒါတွေ ထည့်ရအောင် . . .

၁။ ကိုရဲ လုပ်ပြီး ပြီဆိုသော alphazawgyi Blog version (without password )
၂။ ဘလော့လုပ်နည်းများ
၃။ ဘလော့များတွင် အသုံးပြုနိုင်သော အထောက်အကူပြုများ(cbox, clock, date စတဲ့ လိပ်စာများနှင့် လိုအပ်သည်များ)
၎။ မြန်မာဘလော့ ဖြစ်ရန် ပြင်ဆင်ထားပြီးသော blog template နှင့် အထူးပြုလုပ်ပေးထားသော myanmar blog template များ
၅။ ဘလော့လိပ်စာများ (မြန်မာဘလော့၊ မန်းဘလော့)နှင့် နမူနာ ဘလော့ပုံစံ
၆။ ဘလော့ ပြုလုပ်နိုင်သော လိပ်စာများ(www.blog.com, www.blogger.com စသဖြင့်)
၇။ မန္တလေးမှ အင်တာနက် ကဖေး လိပ်စာများ

စတဲ့ ထည့်သင့်ထည့်ထိုက်တာများ ပါဝင်ချင်ပါတယ် . . .
အစအစ အရာရာ ပြင်ဆင်ရမှာဖြစ်လို့ ထည့်ချင်တာများကို ကြိုတင်အကြံပြု တင်ပြပေးစေချင်ပါတယ်ခင်ဗျာ။
ဆောင်ရွက်ရမည့် ကိုရဲမြတ်သူတို့ကလည်း ကြိုတင်ဆောင်ရွက်ပေးမှ အဆင်ပြေမှာမို့ပါ . . .

အားလုံး ၀ိုင်းကြ ၀န်းကြပါဦးဗျာ . . .

Tuesday, August 21, 2007

blog day အတွက် ပြင်ဆင်ကြရအောင်

blog day ကျင်းပဖို့ ပြင်ဆင်ကြရအောင်ဗျာ
စီဒီမှ ထည့်သွင်းမယ့် အချက်အလက်များကို စုစည်းကြဖို့ ကြိုးစားရအောင်ဗျာ . .

အားလုံးသော ဘလော့ကာတွေ စုစုစည်းစည်း အောင်မြင်ဖို့ လုပ်ကြရအောင်ဗျာ . . .

အိုးပုတ်ခိုးပွဲတော် သို့ အိုးပုတ်ပွဲတော်

ဒီကနေ့ ညနေပိုင်းမှာ အိုးပုတ်ပွဲတော်ပေါ့ . . အရင်ကတော့ အိုးပုတ်ခိုးပွဲတော် ရှိပါတယ် . .
ကျင်းပတဲ့ နေရာကတော့ အိုးဘိုမှာပါ . .
အိုးပုတ်များရောင်းချတာဖြစ်ပြီးတော့ ညနေ ၃နာရီလောက်ဆို စတင်မှာ ဖြစ်ပါတယ် . .

အဲဒီမှာ အိုးပုတ်တစ်ယောက်က၀ယ်ရင် တစ်ယောက်က ကျီစယ်တဲ့သဘောနဲ့ ခိုးပါသတဲ့ . .

တွေ့ဖူးချင်သော်လည်း ရောက်ဖူးချင်သော်လည်း သွားဖို့ အစဉ်မပြေလို့ သွားနိုင်မယ့်သူရှိရင်
သွားကြည့်ကြဖို့ပါ သတင်းပေးလိုက်ပါတယ်ဗျာ

တောင်ပြုန်းပွဲကို သွားမယ်ဆို

ဒီကနေ့ တောင်ပြုန်းပွဲ စတင်ပြီဖြစ်ပါတယ် . ..
တောင်ပြုန်းပွဲကို ဥပုသ်တစ်ပတ် ၈ရက် ကျင်းပမှာဖြစ်ပါတယ် . .
ဝါခေါင်လဆန်း၈ရက်ကနေ လပြည့်နေ့အထိ ကျင်းပမှာဖြစ်ပါတယ် . .
အစည်ကားဆုံးနေ့တွေကတော့ ၀ါခေါင်လဆန်း ၁၁ရက် ချိုးရေတော်သုံးတဲ့နေ့၊
ဝါခေါင်လဆန်း ၁၄ရက် ယုန်ထိုးတဲ့နေ့
ဝါခေါင်လပြည့်နေ့ ထိန်ခုတ်တဲ့နေ့ တွေဖြစ်ပါတယ် . . .

သွားမယ်ဆိုရင် သတိထားပြီး တိုက်ဆိုင်အောင် သွားနိုင်အောင်ပါ . ..