Sunday, July 6, 2008

ဘောလုံးပွဲ ကန်ပြီ

ယနေ့ ညနေ ၂နာရီက စပြီး မန္တလေး ဗထူးကွင်းအတွင်းမှ
ရှဲလ် တေးဂီတနှင့်အတူ ဖျော်ဖြေမှုများ စတင်ခဲ့ပါတယ်။

အဲဒီနောက် ၄နာရီ ၁၅မိနစ်မှာ ဘောလုံးပွဲ စတင်ဖို့ ကွင်းထဲဝင်နေရာယူကြပြီး
အကြိတ်အနယ်ဘောလုံးပွဲ စတင်ကန်ခဲ့ကြပါတော့တယ်
ပထမပိုင်းပြီးတဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းခွင့်များရသော်လည်း
ဂိုး မ၀င်ခဲ့ကြပါဘူး

ယခင် ကျောင်းသားလက်ရွေးစင်အဖြစ် ကန်ဖူးတဲ့ ဖိုးချစ်တစ်ယောက်
တော်တော် ကြိုးစားကစားသော်လည်း ဂိုးတိုင်ထိပြန်ထွက်တာနဲ့
ဂိုးသမားမီတာနဲ့ဂိုးမရရှိခဲ့ပါဘူး
ဒုတိယပိုင်း စကန်ချိန်မှာတော့ မိုးအနည်းငယ် ကျစပြုနေပါတယ်
ဒါကြောင့် မရှိမဲ့ရှိမဲ့ ကင်မရာလေး မိုးစိုမှာကြောင့်လို့
ယခု ပို့စ်တင်ချိန်မှာတောင် မပြီးသေးတဲ့ ဘောလုံးပွဲကနေ ပြန်ခဲ့ပါတော့တယ်

နောက်နေ့မှ ဘယ်သူနိုင်လဲ ပြောတော့မယ်ဗျာ

No comments: