Tuesday, July 15, 2008

အိုဘယ့် ဧရာဝတီ

ဧရာဝတီ မြစ် ကြီးက မန္တလေးရဲ့ အနောက်ဘက်မှာစီးဆင်းလို့ . . . .
ဧရာဝတီမြစ်ကြီးကို ဖြတ်လို့ တံတားကြီး နှစ်စင်းလဲ ထိုးထားလေရဲ့ . . .
ဧရာဝတီမြစ်ကြီးထဲကလဲ သင်္ဘောတွေ၊ စက်လှေတွေနဲ့ ခရီးသွားကြ ပစ္စည်းသယ်ကြ . . . ကုန်သွယ်ကြ . . .
ဧရာဝတီမြစ်ဘေးမှာပဲ ရေတွင်းတွေတူးလို့ မြို့ထဲကို ရေဖြန့် . . .
ဧရာဝတီမြစ်ကြီးကို အမှီပြုလို့ နေထိုင်စားသောက်ကြသူတွေအများကြီး . . .

အဲဒီဧရာဝတီဆိုတဲ့မြစ်ကြီးက ဇူလိုင်လ ၁၅ရက်နေ့လောက်ကစပြီး
သုံးလေးနှစ်ရှိလာပြီ ရေတိုးတက်လာပါတယ်  . . . .

ဟိုး တစ်နှစ် ရေတွေ အရမ်းကြီးတုံးကလဲ ဒီလို ဇူလိုင် ၁၅ရက်လောက်က စခဲ့တာပဲ . . .
မနှစ်ကရော ဒီလို ဇူလိုင် ၁၅ရက်ပဲ . . .
စတိုးခဲ့တာ . . .

မသိသာဘူးပေါ့ . . . .စတိုးစတော့
တဖြည်းဖြည်းတိုးလာတယ် . . .
မန်းကလဲ မိုးရွာတယ်
မိုးရွာတော့ ရေက မဆင်းနိုင်
ရေကတိုးပြီး တန့်လာတဲ့အခါ
မြစ်ရေတက်တဲ့အန္တရာယ်ဖြစ်လာတော့တာပါပဲ . . .

ရန်ကုန် အသွား၊ အပြန် လမ်းမှာ ရွာလေးတချို့ ရေမြုပ်နေပါတယ် . . .
အသွားတုံးက ထက် အပြန်မှာ ချောင်းတွေ ရေပိုတက်နေပါတယ် . .  .
နောက်အောက်ပိုင်းမှာ မိုးကောင်းပါတယ် . . .
ဒါဆို အောက်ရေ တန့်တော့မယ် . . .

အထက်က မိုးကောင်းပြီး တောင်ကျရေများ များ ဆင်းလာရင်
မြစ်ထဲက ရေမဆင်းနိုင်ပဲ မန္တလေးနားတစ်ဝိုက်မှာ ရေ တိုးလာနိုင်ပါတယ် . . .

အခု တိုးပြီလားဆိုတော့ တိုးတော့ တိုးတာပေါ့ . . .
ဖြည်းဖြည်းချင်းပေါ့ . . .

ယခင်နှစ်အတွေ့အကြုံများအရ ဇူလိုင် ၁၅ရက်မှသည် သြဂုတ်၁၅ရက်အတွင်းကို မြစ်ရေ
စောင့်ကြည့်ရမယ့် ရက်များအဖြစ် သတ်မှတ်ထားတယ်လို့လဲ သိရပါတယ်။

ဘာဖြစ်ဖြစ်ပေါ့လေ . . .
ဘယ်သူမှ ဘာမှ မဖြစ်ကြစေရင်အကောင်းဆုံးပါပဲ . . .


သြော် မန္တလေးက စာနယ်ဇင်းများ ကတော့ ရေကင်းစောင့်လို့ မှတ်တမ်းတင်ကြတယ်ဆိုပဲ . . .

အားလုံးအန္တရာယ်ကင်းကြပါစေ . . .

(အခုပို့စ် တင်မယ့်အချိန်မှာပဲ မိုးကြီးရွာနေပါပြီ)


No comments: