Thursday, July 17, 2008

ဝါဆိုလပြည့်

ကနေ့ကတော့ ၀ါဆိုလပြည့်နေ့ ဖြစ်တာနဲ့အညီပဲ
နံနက်ပိုင်းမှာ ၀ါဆိုသင်္ကန်းကပ် ဆွမ်းကျွေးများ နေရာအနှံ့ ကျင်းပနေကြပါတယ်။

အိမ်မှာ ကျင်းပကြပြီး မိသားစု နားရက်ဖြစ်တာကြောင့်
မန္တလေးတောင်မှ သည် ဘုရားဖူးခြင်း၊ မိသားစု အနားယူ အပန်းဖြေနေရာများသွားခြင်း များ
ပြုလုပ်နေကြပါတယ်။

ရုပ်ရှင်ရုံများလဲ စည်ကားလို့နေပါတယ် . . .

မနက်ဖြန်မှာတော့
မန္တလေးရဲ့ ဂုဏ်ဆောင်
ဝါဆိုပွဲ ရှိပါတယ် . . .

ဘုန်းတော်ကြီးကျောင်းများကနေ ၀ါဆိုရန်စီစဉ်နေကြသော သံဃာတော်များက
တကာ၊ တကာမတို့ကို ဧည့်ခံကျွေးမွေးမှုအစီအစဉ်များနဲ့ ပြန်လည် ဧည့်ခံမှာဖြစ်ပါတယ် . . .

ဘုရားကြီးတစ်ဝိုက်မှာဆို နံနက်ပိုင်းကတည်းက စည်းကားလျက်ရှိနေတတ်ပါတယ် . . .


No comments: