Monday, September 22, 2008

စိတ္တသုခ ပရဟိတလူငယ်များ သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်မည်

စိတ္တသုခ ပရဟိတလူငယ်များရဲ့ နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း
သီတင်းကျွတ်လပြည့်နေ့ ညပိုင်း အောင်တော်မူဘုရား နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံရှေ့မှာ ဆီမီးပူဇော်သွားမည်ဖြစ်ပါတယ်။

မနက်ပိုင်း ၁၀နာရီခန့်က စပြီး ဆီမီးခွက်များ နေရာချထားခြင်း၊ ပုံဖော်ခြင်းများဆောင်ရွက်ပြီး
ညပိုင်း ၇နာရီခန့်မှာ မီးစတင်ပူဇော်ပါ့မယ်။

ယခင်စတင်ခဲ့စဉ်ကတော့ ဆီမီး ထွန်းခဲ့သော်လည်း
နောက်ပိုင်း ဆီမီးထွန်းရာမှာ အောက်ခံကြွေပြား ညစ်ပတ်ခြင်း၊ ခြေချော်ခြင်းများကြောင့်
ဖယောင်းတိုင်မီး ပြောင်းလဲခဲ့ပါတယ်။

ဒီနှစ်လဲ ဖယောင်းတိုင်မီးများထွန်းညှိပူဇော်ပါ့မယ်။

ဖယောင်းတိုင် ၂၀၀၀ ၀ယ်ပါ့မယ်
ထပ်မံပါဝင်လှူဒါန်းကြသူများနဲ့ဆိုရင် ဆီမီး ၃၀၀၀ကျော်ဖြစ်ပါ့မယ်။

ရရှိထားတဲ့ နေရာ အကျယ်အ၀န်းအရ ဆီမီး ၃၀၀၀ခန့်သာ လှူဒါန်းနိုင်မည်ဖြစ်ပါတယ်။

အလှူငွေပါဝင်လှူဒါန်းချင်ပါ့က လှူဒါန်းနိုင်ပါတယ်။

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ နံနက်ပိုင်း သံဃာတော် ၄၅၀ကျော်ကို စေတနာရှင်တစ်ဦးကိုယ်စား အရုဏ်ဆွမ်းကပ်ဖို့လဲ စီစဉ်ထားပါတယ်။
အဲဒီနေ့မှာပဲ ကြွရောက်လာတဲ့ သာမဏေ(ကိုရင်)များကို သင်္ကန်း တစ်စုံ ၅၀၀၀တန် တစ်စုံစီ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
ပါဝင်လှူဒါန်းနိုင်ကြဖို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ

Thursday, September 18, 2008

ရတနာ့မေတ္တာအဖွဲ့(မန္တလေးအဖွဲ့ခွဲ) ဒုတိယအကြိမ်ပရောဂျက်စတင်

ရဟန်းတို့ ငါဘုရားအား လုပ်ကျွေးပြုစုလိုသော
ရဟန်းသည် နာမကျန်းဖြစ်နေသော ရဟန်းအား
လုပ်ကျွေးပြုစုလော့
မြတ်ဗုဒ္ဓ(မဟာဝါပါဠိတော်)
ဆိုတဲ့ ဘုရားရှင်၏ ဆန္ဒတော်အတိုင်း နာမကျန်းဖြစ်နေသော
အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များပြုစုကူညီရေးအတွက်
ဝိပဿနာအဓိကထား၍ ကူညီဆောင်ရွက်ပေးနေသော
ရတနာ့မေတ္တာအဖွဲ့(မန္တလေးအဖွဲ့ခွဲ)ရဲ့ ဒုတိယအကြိမ်ပရောရျက်အဖြစ်
၂၀၀၈-၂၀၀၉ ပရောဂျက်ကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၀၆ခုနှစ်က စတင်ခဲ့တဲ့ မန္တလေးအဖွဲ့ခွဲအနေနဲ့
သက်တမ်း နှစ်နှစ်အတွင်းမှာ ပရောဂျက်တစ်ခု အောင်မြင်လို့
ဒုတိယတစ်ခု စတင်ခဲ့တာပဲဖြစ်ပါတယ်။
ရတနာ့မေတ္တာအဖွဲ့အနေနဲ့
HIV/AIDS ဆင့်ပွားပညာပေးခြင်း
ဆေးရုံတက်လူနာစောင့် ပေးခြင်း
PLHIV များအတွက် ၀ိပဿနာ တစ်ရက်စခန်း ဖွင့်ပေးခြင်း
ဆေးရုံတက်လူနားများအတွက် ဆေးဖိုးထောက်ပံ့ခြင်း
အာဟာရထောက်ပံ့ခြင်း
နာရေးကူညီခြင်း
တွေ့ဆုံပွဲများတွင် ဘာသာရေးဟောပြောပေးခြင်း
များကို ဆောင်ရွက်လျက်ရှိပါတယ်။
ပရောဂျက်လုပ်ငန်းများကို အဓိက ထားသော်လည်း
ပါဝင်ကူညီလှူဒါန်းကြသည့် အလှူငွေပေါ်မူတည်ပြီး
တိုးချဲ့ ဆောင်ရွက်များဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
လှူဒါန်းမယ်ဆိုရင်
ရတနာ့မေတ္တာအဖွဲ့ ဖောင်တော်ဦးကျောင်း
၁၉လမ်း၊ နန်းရှေ့၊ မန္တလေးမြို့
ဖုန်း ၀၂-၃၉၈၅၅ လိုင်းခွဲ ၈၀၅ ကိုဆက်သွယ် လှူဒါန်းနိုင်ပါတယ် . . .

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့
အားလုံးပါဝင်ဆောင်ရွက်စို့
ကိုယ်ချင်းစာနာ နားလည်ပါ
သင်လည်း လူသားပါ

Wednesday, September 17, 2008

တိုရှီဘာ အရောင်းမြှင့်တင်ပွဲ

78 shopping center မှာ Lucky Bird ရဲ့ TOSHIBA notebook နဲ့ ပရိုဂျက်တာများ အရောင်းမြှင့်တင်ပွဲကျင်းပခဲ့ပါတယ်။

တိုရှီဘာ အရောင်းမြှင့်တင်ပွဲမှာ ပလန်ဘီရဲ့ ကိုရီးယားရုပ်တူ ပြိုင်ပွဲဝင်များက အားဖြည့်လို့ ပရိုမိုးရှင်းရှိုး လျှောက်ပေးကြပါတယ်။

တိုရီဘာရဲ့ နောက်ဆုံးပေါ် နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ notebook နဲ့ ပရိုဂျက်တာများ ကို ပြသထားပြီး စိတ်ပါဝင်စားသူများနဲ့

ဝယ်ယူလိုသူများကလဲလေ့လာလျက်ရှိပါတယ်။

ပရိုမိုးရှင်းကာလအတွင်း ငွေကျပ်ခုနှစ်သောင်း လျော့ထားတဲ့အပြင် လက်ဆောင်ပစ္စည်းများလဲ

ပေးအပ်သွားမယ်လို့ သိရပါတယ်။

တိုရှီဘာ Notebook များက ကမ္ဘာအနှံ့ရှိ တိုရှီဘာ ဆားဗစ်စင်တာများမှာ ၀င်ရောက်ပြုပြင်နိုင်တဲ့

ဂလိုဘယ်ဆားဗစ်ပါဝင်ကြောင်းနဲ့ မန္တလေးမှာ လူကြိုက်များတဲ့ အမျိုးအစားဖြစ်ကြောင်းလဲ သိရပါတယ်။

မန္တလေးဂျီတီအိုင် အာစရိယပူဇော်ပွဲ ကျင်းပမည်

မန္တလေး ဂျီတီအိုင် ကျောင်းသား၊ကျောင်းသူဟောင်းများရဲ့

အာစရိယပူဇော်ပွဲ ကျင်းပရေး အစည်းအဝေးနဲ့ အလှူငွေ ပေးအပ်ပွဲကို

စက်တင်ဘာ ၁၃ရက် မွန်းလွဲ ၂နာရီခွဲက ၀ိဇိတာရာမကျောင်းတိုက်တွင် ကျင်းပပါတယ်။

မန္တလေးဂျီတီအိုင်အနေနဲ့ ၂၀၀၅ခုနှစ်မှာ ရွှေရတု အခမ်းအနားကျင်းပနိုင်ခဲ့ပါတယ်။

ရွှေရတုကာလအတွင်း မန္တလေးဂျီတီအိုင်မှာ သင်ကြားခဲ့ပြီး ပင်စင်ယူပြီးသွားတဲ့ ဆရာ၊ ဆရာမ

၆၂ဦးကို ၃၀-၁၁-၂၀၀၈ရက်နေ့၊ နံနက်၈နာရီမှာ မဟာဝိဇိတာရုံကျောင်းတိုက်မှာ အာစရိယ ပူဇော်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။

မန္တလေးဂျီတီအိုင်ကနေ အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းများအနေနဲ့အောက်ပါကျောင်းသား၊ကျောင်းသူဟောင်းများနဲ့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ရန်ကုန် - ဦးမြင့်လွင် ၀၉-၅၀၀၅၂၅၂

             ဦးသိန်းဝင်း ၀၉-၅၁၁၂၉၈၇

             ဒေါ်တင်မမ ၀၉-၅၁၅၆၁၈၂

နေပြည်တော် - ဦးစိုးဝင်းသန်း ၀၅၇-၄၁၄၁၄၁

မန္တလေး  - ဦးမောင်မောင် ၀၂-၃၁၈၄၆

               ဦးကြီးမောင်    ၀၉-၂၀၂၆၉၈၀

               ဦးရန်လင်းဦး   ၀၉-၅၁၃၂၇၉၈

               ဦးမောင်ထွေး   ၀၂-၆၄၇၅၈

               ဦးတိုးဝင်း        ၀၂-၆၂၃၇၈

ရွှေဘို   -   ဦးစန်းဝေ       ၀၉-၂၁၀၀၄၃၄

မုံရွာ     -   ဦးခင်မောင်တင့်  ၀၉-၂၁၃၀၇၀၉

               ဦးအေးမြင့်        ၀၇၁-၂၂၆၇၉

               ဦးတင်စိုး     ၀၉-၅၃၄၀၆၈၂

တောင်ငူ  - ဦးလှမြင့်   ၀၉-၅၃၄၀၆၈၃

ကျောက်ဖြူ - ဦးသန်းညွန့်  ၀၉-၈၅၅၃၂၂၁

                                   ၀၄၃-၆၀၂၂၇  

အာစရိယပူဇော်ပွဲနှင့်အတူ အမှတ်တရ မဂ္ဂဇင်းကိုလည်း ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။

မန္တလေး ဂျီတီအိုင်နေရာမှာ ယခု ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားပါတယ်။

မန္တလေးဂျီတီအိုင်အစား နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ် အိုးဘိုမှာ ဖွင့်လှစ်ထားတယ် လို့လဲ သိရပါတယ်။

မန္တလေး ဂျီတီအိုင်ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူဟောင်းများအနေနဲ့ ဆရာများကို ကန်တော့ရင်း ကျောင်းသား၊ကျောင်းသူဟောင်းများ ပျော်ပျော်ပါးပါး ဆုံတွေ့ကြဖို့ ပူဇော်ပွဲ အမီ ရောက်ရှိဖို့လဲ နှိုးဆော်ထားသလို အလှူငွေများ ရရှိရေးအတွက်လည်း ပါဝင်လှူဒါန်းကြဖို့ အာစရိယပူဇော်ကျင်းပရေးအဖွဲ့က တိုက်တွန်းထားပါတယ် . . .

Tuesday, September 9, 2008

ဒီကနေ့ အလှူပြုကြတဲ့ နေရာတစ်ခုကို ရောက်ခဲ့ပါတယ်။
သာဓုခေါ်စရာပါပဲ

တောင်တန်းဒေသမှာ သာသနာပြုနေတဲ့ ဘုန်းတော်ကြီးကျောင်းများအတွက်
ကထိန်သင်္ကန်းနဲ့ ဆားပိသာ ၉၄၃ပိသာ လှူဒါန်းပွဲပါ။
ဗုဒဘာသာ သာသနာပြန့်ပွားရေးအသင်း တည်ရာ တောင်စလင်းတိုက်သစ်၊ ဘာဝနာဌာနမှာ ကျင်းပတဲ့ ပွဲပါ။
ဆရာတော် ဘဒ္ဒန္တ တိက္ခ ကိုယ်တိုင် ကြွရောက် ရေစက်ချ တရားဟောကြားပြီး လက်ခံခဲ့ပါတယ်။
ဆရာတော်က ချင်းတောင်းတန်းပေါ်မှာ သာသနာပြုရတာ ခက်ခဲပုံ၊ ချင်းတောင်းတန်းမှာ သာသနာပြုရန် လိုအပ်မှုတွေ
ဆရာတော်တို့ရဲ့ အဖွဲက ဆောင်ရွက်နေတဲ့ အကြောင်းများကို ဟောကြားချီးမြှင့်ပါတယ်။

သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းကလဲ ထပ်ဆင့်လို့ အလှူကိစ္စ အ၀၀ကို ရှင်းလင်းပြောကြားပါတယ်။

ဒီနှစ် ကထိန်ရာသီမှာ တောင်တန်းသာသနာပြုကျောင်း ၃၁၀မှာ ကထိန်သင်္ကန်း ကပ်လှူမယ်လို့ သိရပါတယ်။

ဒီလိုပဲ
တောင်တန်းဒေသ သာသနာ ပြန့်ပွားရေးအတွက် ဆောင်ရွက်နေတဲ့ သံဃာတော်များအတွက်
ဂွမ်းကပ်စောင်၊ အခင်း၊ အစားအစာခက်ခဲသော ချင်းတောင်တန်းဒေသ သာသနာပြုများအတွက် ငါးသေတ္တာမှ အစ
အစစ အရာရာ အလှူခံလျက်ရှိပါတယ်။

သင်္ကန်း တစ်စုံ ၇၀၀၀ကျပ်
ဂွမ်းကပ် တစ်ထည် ၂၅၀၀ကျပ်( လှူဒါန်းထားတဲ့ ချည်စ၊ အ၀တ်စအဟောင်းများကို ဂွမ်းဖတ်ပြုလုပ်ပြီး အပေါ်အုပ်အ၀တ်စ၊ ချုပ်ခလုပ်အားခသာ)
ကော်ဇော်အခင်း တစ်ထည် ၁၀၀၀၀ကျပ်/၈၃၀၀ကျပ်
တို့ကို လှူဒါန်းနိုင်ပါတယ်။

တောင်တန်းဒေသရှိ ကျေးရွာများမှာ သာသနာပြု ရဟန်းတော်များက တစ်ဆင့် လိုအပ်လျက်ရှိတဲ့
အ၀တ်အထည်၊ ဆား စသည့် ပစ္စည်းများကိုလည်း ခွဲဝေ လှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။

ဆရာတော်ကြီးနဲ့ ဥက္ကဋ္ဌ တို့ရဲ့ မိန်းကြား၊ ပြောကြားချက်များကို နောက်နေ့မှ သက်သက် ပြောပြပါဦးမယ်။
အခုတော့ အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက်ထဲက ကလျာဏကာရီ နာမှုကူညီရေးအသင်း၊ သွေးလှူရှင်အသင်းနဲ့ ရပ်မိရပ်ဖများရဲ့ အလှူကို ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်မိကြောင်း . . .

Thursday, September 4, 2008

အထူးဝမ်းနည်းကြေကွဲပါသည်

မနေ့ည ၈နာရီလောက်ကမှ ဆြာဘနဲ့ အမေရှင် ဆေးရုံတက်နေရတဲ့ အကြောင်း ပြောဖြစ်ပါတယ်။

ည ၁နာရီခွဲလဲရောက်ရော
ဒေါ်မေရှင် ဆုံးပြီတဲ့ သိလိုက်ရပါတယ်။

မေးကြည့်တော့ ၁၁နာရီ၂၀က ဆုံးတယ်တဲ့

အိမ်ရောက်တော့ ပြောပြတော့
အမေက ပြန်ပြောပြတယ်

အရင်က အမေရှင် အိမ် သွားတိုင်းတဲ့
အမေရှင်ရဲ့ သီချင်းဆိုပြတဲ့ အသံကို ကြားမိတယ်တဲ့
တွေ့ရင် မမောနိုင် မပန်းနိုင်
အရင်က သီဆိုခဲ့တဲ့ သီချင်းများကို အမေရှင်က ပြန်ဆိုပြလေ့ရှိတာ
အမေ့ဆီ ရောက်ဖူးသူတိုင်း အမှတ်တရ ဖြစ်နေမှာပါ . . . .

အနုပညာအပေါ် ချစ်မြတ်နိုးပြီး
အမေရဲ့ ဖြူစင်တဲ့ စိတ်ထားနဲ့ အမေရဲ့ အနုပညာများကတော့ ဘယ်သောအခါမှ မသေနိုင်တော့ပါ . . .


အမေရှင်ရဲ့ အကြောင်းကို အင်တာနက်မှာ ရှာကြည့်တော့ ဒီလိုတွေ့ပါတယ်
မိဘနာမယ် ကွာလွဲချက်တော့ ရှိနေပါတယ်။


May Shin (born March 10, 1917) is a Burmese actress and singer.

[edit] Biography

She was born in 1917-03-10 at Mandaly, Mandalay Division. She is daughter of U Khin Lay and Daw Pwa Yon. She passed seventh grade from Watsaliyan School. In 1936 she joined with Ragoon A1 Film Company and she started acting. Her first film is Phu Sar Shin and in that film actor is Ye Kaung Chit Swe. She was successful in the first Myanmar audio film Mya Nat Maung. She was also noted for her singing. She lived in Yadanar House, Mya Sandar brach street, 26-B street, Between 62 street and 63 street, Aung Taw Mu Ward, Mandalay.

[edit] Filmography

  • Phu Sar Shin
  • Mya Nat Maung
  • Chit Ta Mya
  • Chit Ye Sin
  • Saung Taw Shin
  • Chain Tan Pyi
  • Mae Twat Tar

[edit] Famous Songs

  • Shin Thi Wa Li
  • Myat Lay Ngoun
  • Pyo Mar tan
  • Taw Tar Ngwe Min
  • Kyay Say Ta Man
  • Chit Khat Thet Lyar
http://en.wikipedia.org/wiki/May_Shin

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ဏ္ဏကျော်ထင် ဒေါ်မေရှင် ကွယ်လွန်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ဏ္ဏကျော်ထင် ဒေါ်မေရှင်သည်
၃-၉-၂၀၀၈ ည ၁၁နာရီ မိနစ်၂၀က ကွယ်လွန်သွားသည့်အတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း။