Sunday, July 6, 2008

မင်္ဂလာဈေး မီးလောင်မှုဖြစ်

မနေ့က(၅-၇-၂၀၀၈)ရက်နေ့ ညနေပိုင်း ၇နာရီဝန်းကျင်မှာ
မန္တလေး မင်္ဂလာဈေး(လမ်း၃၀နှင့်၇၃လမ်းထောင့်)တွင်
မီးလောင်မှုတစ်ခုဖြစ်ပွားပါတယ်။

ဈေးသိမ်းပြီးချိန် ဈေးသော့ခတ်ပြီးချိန်ဖြစ်ပြီး
အတွင်းပိုင်းမှ မီးခိုးထွက်သောကြောင့် အပြင်က ၀ိုင်းငြိမ်းကြပြီးနောက်
မီးသတ်ရောက်လာပါတယ်။
မီးက အနည်းငယ်သာလောင်ကျွမ်းတယ်လို့သိရပါတယ်။
အတွင်းက ကြေးမီးပူ(မီးသွေးသုံး)က တစ်ဆင့် လောင်ကျွမ်းတယ်လို့ ယူဆရပါတယ်။
မီးလောင်မှုကြီးအဖြစ် မရောက်ရှိဘဲ
မီးလန့်တယ်သဘောသက်ရောက်မယ်လို့ ထင်ရပါတယ်။
အတွင်းက ဆိုင်ခန်းတစ်ချို့ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

No comments: