Friday, July 4, 2008

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပမည်

မန္တလေးတိုင်းလက်ရွေးစင်ဟောင်း ဘောလုံးသမားများ(Old Ster) ဘောလုံးသမားကြီးများနှင့်
မြန်မာ့သဘင်အလှဆင်သူမင်းသားလေးများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် ဗထူးကွင်းမှာ
ဇူလိုင် ၆ရက် ၇ရက် များမှာ ကျင်းပပါမယ်။
ရရှိလာတဲ့ ကွင်းဝင်ကြေးများကို နာဂစ်မုန်တိုင်းခံရသူများအတွက် မန္တလေးတိုင်း တယက မှ တစ်ဆင့်
လှူဒါန်းသွားမယ်လို့ သိရပါတယ်။
 
ကွင်းဝင်ကြေးအဖြစ် နှစ်ရက်စာ နှစ်ထောင်ကျပ်ပါ
 
မွန်းလွဲ ၂နာရီကစပြီး ရှဲလ် တေးဂီတနှင့်အတူ မင်းသားလေးများကဖျော်ဖြေတင်ဆက်ကြမှာပါ။
 
ဖိုးချစ်၊ ၀င်းနောင်၊ လှိုင်ဘွားအောင်စတဲ့ မင်းသားလေးများနဲ့အတူ
ညနေတိုင်း ဗထူးကွင်းများ လေ့ကျင့်ခန်းဆင်းနေကြတာ တွေ့ခဲ့ရပါတယ်။
 
ဘောလုံးပွဲကောင်းတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
အရင်က လက်ရွေးစင်ဟောင်း အသက် ၅၀အထက် ကစားသမားကြီးများရဲ့ အစွမ်းကိုလဲ တွေ့နိုင်မှာပါ . ..
 
 

No comments: