Monday, July 7, 2008

နာဂစ်မုန်တိုင်းရန်ပုံငွေ ပန်းချီပြပွဲ

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ပန်းချီ ပညာရှင်များက
အနုပညာဖြင့် လှူဒါန်းခြင်းအဖြစ်
ပန်းချီပြပွဲတစ်ခုကို ပံသုစန္ဒာ ပန်းချီသင်တန်းကျောင်း(၇၈လမ်း၊ ၂၇လမ်းနှင့်၂၈လမ်းကြား)မှာ ကျင်းပပါတယ်။

donation art show လို့ အမည်တပ်ထားတဲ့ ပန်းချီပြပွဲမှာ
ပန်းချီဆရာ၊ ဆရာမပေါင်း ၄၁ဦးက ပန်းချီကား ၄၁ကားနှင့်
ဆရာကြီး U Ba Thet, U Kin Maun(Bank). U Kan Nyunt
တို့ရဲ့ ပန်းချီကား သုံးကားကိုလဲ ပြသထားပါတယ်။

ပြသထားတဲ့ပန်းချီကားများကို ရောင်းချမှာဖြစ်ပြီး
ရရှိလာတဲ့ ရောင်းရငွေများကို လှူဒါန်းသွားမယ်လို့
သိရပါတယ်။

၆ရက်၊ ၇ရက် နေ့များမှာ ပြသထားပြီးတော့
ရရှိလာတဲ့ ရောင်းရငွေများကို လှူဒါန်းမှာဖြစ်ပါတယ်။

၆ရက်နေ့ နံနက် ၉နာရီလောက်မှာရောက်ခဲ့စဉ်က
ပန်းချီကား ၇ကားရောင်းချရပြီးဖြစ်ပြီး
ရောင်းချရငွေ ၈သိန်းခန့်
ရရှိနေပြီ ဖြစ်ပါတယ်။

ဆက်လက် ရောင်းချရဦးမယ်လို့လဲ ထင်မြင်မိပါတယ်။
မူရင်းဈေးထက် ချ ပြီး ရောင်းထားတယ်လို့လဲ ပန်းချီပြပွဲပါ ဆရာများက ပြောပြကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အနုပညာရှင်တို့က မိမိတို့ တတ်နိုင်တဲ့ အနုပညာကို လှူဒါန်းရာမှာ အသုံးပြုကြတာဖြင့်
အားကျဖွယ်ဖြစ်နေပါတယ်။
ကိုယ်တိုင် မလှူနိုင်တော့လှူနိုင်သူတွေ သတင်းသာ လိုက်ရှာဖော်ပြနေရပါတော့တယ် . ..

No comments: