Thursday, July 24, 2008

ဘလော့ဒေး( Blog Day) ရောက်တော့မယ်

၂၀၀၈ခုနှစ်အတွက် ဘလော့ဒေး မကြာခင် ရောက်တော့မယ်ဗျာ . . .

မနှစ်ကတော့ မန္တလေးမှာ ဘလော့ကာတွေ စုပြီး ပျော်ပျော်ပါးပါး မလုပ်တတ် လုပ်တတ် နဲ့ အခမ်းအနားတစ်ခု ဖြစ်အောင်ကြိုးစားခဲ့ကြပါတယ်။

ဒီနှစ်အတွက် ဘလော့ဒေး ကျင်းပဖို  ဘယ်လိုများ ရှိကြလဲ မသိဘူးဗျာ
ကျွန်တော်ကတော့ အလွန် ဖြစ်စေချင်ပါတယ် . . .

ဘလော့ကာတွေ ပေါင်းစုပြီးတော့
ညီညီညွတ်ညွတ်နဲ့ ပျော်ပျော်ပါးပါးလုပ်ခဲ့ရတာ . . .

ကိုစစ်ကိုင်းကြီးကိုလဲ လွမ်းလိုက်တာ . . .


ဘာဖြစ်ဖြစ်ဗျာ
မနှစ်က အမ်အိုင်စီတီ(ရတနာပုံဈေး) ရှိတော့
ကွန်ပျူတာပညာရှင်အသင်း(မန္တလေးတိုင်း)က ထောက်ပံ့ပြီး နေရာရှာပေးတာ . . .
အခုတော့ နေရာက အလွယ်တကူမရှိ . . .

ကျင်းပချင်တယ်ဗျာ
ဘလော့ဒေး ဖြစ်အောင်ကျင်းပချင်ပါတယ် . . .

အားလုံးပဲ ဘလော့ဒေးအထိမ်းအမှတ် တစ်စုံတစ်ခု ပြုလုပ်ဖြစ်အောင်လို့
ဘလော့ကာတွေ ဆုံကြဦးစို့ဗျာ . .  .


၃၀-၈-၂၀၀၈ရက်နေ့မှာ ကျရောက်မယ့် ဘလော့ဒေးကို
ကြိုဆိုရင်း . . .

ဘလော့ဒေး အထိမ်းအမှတ်အခမ်းအနားတစ်ခု ကျင်းပဖို့အတွက်
ကူညီမယ့်သူများ ၀ိုင်းဝန်းပေးကြပါဦးဗျာ . . .

မရတနာချိုတို့အဖွဲ့
ဆြာဘ
ရဲသုံးဖော်
အားလုံး ၀ိုင်းဝန်းခဲ့ကြသူများ ပြန်လည်ဆုံဆည်းရအောင်ဗျာ . . . .

No comments: