Sunday, June 8, 2008

စိတ္တသုခ ပရဟိတလူငယ်များ စဥ့်ကူး အမှတ်(၉၁)အမကတွင် လှူဒါန်း

စိတ္တသုခ ပရဟိတလူငယ်များရဲ့
ပုံမှန် ၆လတစ်ကြိမ် အလှူဖြစ် 
စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မီတာ၊ လျှပ်စစ်တပ်ဆင်ခြင်းများ၊ ၀င်းထရံခတ်ခြင်း စသည်အတွက် ငွေကျပ် သုံးသိန်း
လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ ၇၂ဦးအား စာရေးကိရိယာ၊ ကျောင်းသုံးပစ္စည်း ၇သိန်းကျော်ကို
ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
စိတ္တသုခ ပရဟိတလူငယ်များ တစ်ယောက် ခရီးစရိတ် ၄၅၀၀ကျပ်ဖြင့်
ကားစုငှားကာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
 
အားလုံး ၄၂ဦးလိုက်ပါလှူဒါန်းခဲ့ပါတယ်ခင်ဗျာ . . .
 
 
 
ဒီလ ၁၅ရက်ခန့်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်အတွင်း
တည်ဆောက်မည့် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
အတွက် အလှူငွေ ပထမအကြိမ် ပေးပို့ရန် စီစဉ်နေကြပါတယ်။
 
အဲဒီနောက်မှတော့ အဆောက်အအုံ တည်ဆောက်ခြင်းများစတင်ပြီး
လကုန်ခန့်တွင် သွားရောက် လှူဒါန်းနိုင်ရေး
စီစဉ်မျှော်မှန်းလျက်ရှိပါတယ်။
 
သက်ဆိုင်ရာမှ ကျောင်းဆောက်လုပ်လှူဒါန်းရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။
လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိသကဲ့သို့
ထပ်မံလည်း လှူဒါန်းပေးကြပါဦးခင်ဗျာ . . .
 
သတ္တ၀ါအပေါင်း စိတ်ချမ်းသာဖို့ ကူညီကြပါစို့ . . . . .
 

No comments: