Thursday, July 6, 2017

ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုကို အလွတ်တန်း အလုပ်လုပ်ကိုင်သူများ အတွက် အလုပ်ရှာပေးသော ပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုမှ ရရှိ

ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုကို အလွတ်တန်း အလုပ်လုပ်ကိုင်သူများ အတွက် အလုပ်ရှာပေးသော ပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုမှ ရရှိ
●     ဖန်တီးရာ Accelerator မှ Startup တစ်ခုဖြစ်သော Chate Sat (ချိတ်ဆက်)သည် ရင်းနှီးမြုပ်နှံသူ (၃) ဦးထံမှ ရင်းနှီးမြုပ်နှံမှုရရှိ

●     ချိတ်ဆက်မှ မြန်မာနိုင်ငံအတွင်းရှိ အလုပ်အကိုင် ရှာဖွေရေးဈေးကွက် ချဲ့ထွင်မှု


ရန်ကုန် ၊ မြန်မာ - မြန်မာနိုင်ငံ၏ ပထမဦးဆုံး Freelance platform ဖြစ်သည့် Chate Sat (ချိတ်ဆက်)သည် ပြည်တွင်း နှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုအဖွဲ့အစည်း (Venture Capital Firms) များထံမှ ဒေါ်လာ သိန်းဂဏန်း (six figure) တန်ဖိုးရှိသည့် ရင်းနှီးမြုပ်နှံမှုများကို ဇူလိုင်လ (၆) ရက်နေ့၊ ကြာသတေးနေ့တွင် ရရှိခဲ့ပါသည်။

အဆိုပါ ရင်းနှီးမြုပ်နှံမှုများတွင် ပြည်ပမှ Venture Capital Firms များ နှင့် ပြည်တွင်းမှ မျိုးဆက်သစ် လုပ်ငန်းရှင်များ ပါဝင်ကြပြီး မြန်မာနိုင်ငံတွင်းရှိ နည်းပညာ startup လုပ်ငန်းများ ကဏ္ဍတွင် ၄င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို ဆက်လက်တိုးချဲ့ရန် စိတ်ပါဝင်စားနေကြသောကြောင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံကြသူများမှာ စင်္ကာပူ အခြေစိုက် Vulpes Investment Management Ltd., ၊ Theta Capital နှင့် ပြည်တွင်းမှ ရင်းနှီးမြုပ်နှံသူ တစ်ဦးတို့ ဖြစ်ပါသည်။ Vulpes နှင့် Theta တို့သည် လက်ရှိ six figure ရင်းနှီးမြုပ်နှံမှု အပြီးတွင် နောက်ထပ် ရင်းနှီးမြုပ်နှံမှုများလည်း  Chate Sat ဖြင့် ဆက်လက်ပြုလုပ်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application သည် ပြည်တွင်းရှိ နည်းပညာလုပ်ငန်း ရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၁၄၀,၀၀၀ ရရှိ

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application သည် ပြည်တွင်းရှိ နည်းပညာလုပ်ငန်း ရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၁၄၀,၀၀၀ ရရှိ

●     ဖန်တီးရာ Accelerator အစီအစဉ်တွင် ပါဝင်သော Startup တစ်ခုဖြစ်သည့် White Merak သည် ဆက်သွယ်ရေးချိတ်ဆက်မှု တစ်ခေတ်ပြောင်းချိန်တွင် အားဖြည့်ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ကိုင်မည်ဖြစ်

●     White Merak သည် မိုဘိုင်း ဖျော်ဖြေရေး platform တစ်ခုဖြစ်ပြီး ယခင်က မရှိခဲ့သော ဈေးကွက်များကို ထိုးဖောက်ဝင်ရောက်မည်ဖြစ်

ရန်ကုန် ၊ မြန်မာ – မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application ဖြစ်သည့် White Merak သည် ပြည်တွင်းရှိ ရင်းနှီးမြုပ်နှံသူ ၅ ဦး ထံမှ ဒေါ်လာ ၁၄၀,၀၀၀ ကို ဇူလိုင်လ ၆ ရက်နေ့ ၊ကြာသပတေးနေ့တွင် ရရှိခဲ့ပြီး  ကုမ္ပဏီ ၏ ရှယ်ယာ ၂၃ ရာခိုင်နှုန်း ကို ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ ယခု ရင်းနှီးမြုပ်နှံမှု အပြီးတွင် White Merak ၏ တန်ဖိုးမှာ ဒေါ်လာ ၆၀၀,၀၀၀ ရှိလာမည်ဖြစ်သည် ။

Huawei က China Mobile နှင့် SAIC Motor တို့နှင့်အတူ 5G အခြေခံသည့် အဝေးမှထိန်းချုပ်မောင်းနှင်မှုကိုသရုပ်ပြ

Huawei က China Mobile နှင့် SAIC Motor တို့နှင့်အတူ 5G အခြေခံသည့် အဝေးမှထိန်းချုပ်မောင်းနှင်မှုကိုသရုပ်ပြ
ရန်ကုန်၊ မြန်မာ။ ဇူလိုင် ၆၊ ၂၀၁၇။Mobile World Congress Shanghai 2017တွင် China Mobile ၊ SAIC Motor နှင့် Huawei Technologiesတို့  ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး5Gအခြေခံဖြင့် ကားကို အဝေးမှမောင်းနှင်ပြသခြင်းကိုသရုပ်ပြသခဲ့ပါသည်။ ၎င်းသရုပ်ပြသမှုကချိတ်ဆက်ထားသည့် နည်းပညာမြင့်မားသောမော်တော်ယာဉ်များ၏ အနာဂတ် ဖွံ့ဖြိုးမှုအတွက်  အခြေခံဖောင်ဒေးရှင်းချပေးရင်း မြင့်မားသော Bandwidth နှင့် C-band frequencyရှိ နှောင့်နှေး ကြန့်ကြာမှု နည်းပါးခြင်းစွမ်းရည်တို့ကိုစိစစ်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသရုပ်ပြမှုသည် ကိုယ်တိုင်ထိန်းချုပ်နိုင်သောမောင်းသူမဲ့ယာဉ်များအားပိုမိုယုံကြည်စိတ်ချနိုင်မည့် အရေးပါသောမှတ်တိုင်တစ်ခုကိုသတ်မှတ်ပေးလိုက်ပြီးစီးပွားဖြစ်လုပ်ငန်းသုံးအက်ပလီကေးရှင်းတွင် ရှေ့သို့ တစ်ဆင့်လှမ်းလိုက်သည့် အဓိကခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။

Huaweiသည် SAIC Motor ၏ connected smart concept ကားကို5G wireless solution ဖြစ်သည့် iGSပံ့ပိုးပေးခဲ့ပြီးChina Mobile က ချိတ်ဆက်ဆောင်ရွက်မှုကိုပံ့ပိုးပေးခဲ့ပါသည်။ ဂရုတစိုက်ဖြင့် အတူတကွ လုပ်ဆောင်ကြသည့်အတွက် ဤကုမ္ပဏီသုံးခုတို့သည် 5G ကွန်ရက်ကိုအခြေခံပြီးတကယ့် မော်တော်ယာဉ်တစ်စီးကိုကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အဝေးမှ အောင်မြင်စွာစမ်းသပ်မောင်းနှင် သရုပ်ပြ နိုင်ခဲ့ပါသည်။

Tuesday, July 4, 2017

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအား Samsung Mobile Myanmar ၏ Brand Ambassador အဖြစ် ဂုဏ်ယူစွာခန့်အပ်

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအား Samsung Mobile Myanmar ၏
Brand Ambassador အဖြစ် ဂုဏ်ယူစွာခန့်အပ်

ရန်ကုန်၊ မြန်မာ - ဇူလိုင်လ (၄) ရက်၊ ၂၀၁၇ - Samsung Myanmar မှ မြန်မာနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ပံရုပ်ရှင်ဇာတ်ကားနှင့် ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြင့် ထပ်ဆင့်အကယ်ဒမီဆုများကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသော ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးအား Brand Ambassador အဖြစ်ခန့်အပ်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

Samsung Myanmar သည် ၄င်း၏ မိုဘိုင်းဖုန်း Brand Ambassador များအဖြစ် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နှင့် တေးသံရှင် Bobby Soxer တို့အား ၂၀၁၄ ခုနှစ်မှစတင်၍ ခန့်အပ်ထားခဲ့သည်။ ယခုနှစ် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်  Brand Ambassador အသစ်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနေတိုး၊ ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူ၊ မော်ဒယ်အေရီရယ်သုတ နှင့် တေးသံရှင်ပန်းရောင်ခြယ်တို့အား ထပ်ခံခန့်အပ်ခဲ့သည်။

ယခုအခါ Samsung Myanmar သည် ၄င်း၏ Mobile Brand Ambassador အသစ်တစ်ဦးအဖြစ် ရုပ်ရှင်သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးနှင့်ပါ လက်တွဲလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဖွေးကိုယ်တိုင်လည်း အရင်ကတည်းက Samsung ရဲ့ ဖုန်းတွေကို အစဉ်တစိုက်အားပေးသုံးစွဲလာခဲ့တဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ အခုလို သုံးစွဲသူတွေရဲ့ ယုံကြည်စိတ်ချမှုကို အခိုင်အမာရထားပြီး ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်တဲ့ Samsung Myanmar ရဲ့Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ Samsung နဲ့အတူ ရှေ့ဆက်လက်တွဲပြီးလည်း အလုပ်တွေအများကြီးလုပ်သွားဖို့ရှိပါတယ်။” ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးမှ ပြောကြားသည်။

“ကျွန်တော်တို့ Samsung Myanmar အနေနဲ့ မတူညီတဲ့ နယ်ပယ်မျိုးစုံက ပြည်သူတွေချစ်တဲ့ မြတ်နိုးအားပေးကြတဲ့ အနုပညာရှင်တွေကို သက်ဆိုင်ရာကုန်ပစ္စည်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်စေဖို့ ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ Samsung Myanmar ရဲ့ ပြည်သူ့အချစ်တော် Brand Ambassador အတူလက်တွဲပြီး သုံးစွဲသူမိဘပြည်သူတွေဆီကို စိတ်ဝင်စားစရာအစီအစဉ်တွေ ယူဆောင်လာပေးမှာပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Friday, June 30, 2017

မြန်မာနိုင်ငံအနေနှင့် ဓာတ်အားလိုင်း ကွန်ယက်ငယ်များမှတဆင့် လျှပ်စစ်ဓာတ်အား ပိုမို ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်။
 Oxford Business Group ၏ Editorial Manager ဖြစ်သူ Rey Davis Tuplano မှ ရေးသားသည်။

 မြန်မာနိုင်ငံအနေနှင့် ၁၅ နှစ်တာကာလအတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာရေးနှင့် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးရရှိရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် နိုင်ငံတွင်း၌ သီးသန့်လျှုပ်စစ် ဓာတ်အားပေး ကွန်ယက်များ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။

မေလလယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေနှင့် ကျေးလက်ဒေသများရှိ သီးသန့် လျှုပ်စစ်ဓာတ်အားပေး ကွန်ယက်စီမံကိန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ စီမံကိန်းများ အရ ကျေးရွာ ၁၀ ရွာအား သီးသန့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်များဖြင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ဝေးလံခေါင်းပါးသော ဒေသများတွင် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်မှု စီမံကိန်း၏ ရှေ့ပြေးအစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ 

Thursday, June 29, 2017

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Clash Royale ပြိုင်ပွဲ ကျင်းပ


မြန်မာနိုင်ငံ၏ ပထမဦးဆုံး Clash Royale ပြိုင်ပွဲ ကျင်းပ

·         ပြိုင်ပွဲတွင် ကစားသမား ၄၈ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လာရောက်ကြည့်ရှု့သူ အယောက် ၂၀၀ ကျော်ရှိ

ဇွန်လ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် - တယ်လီနောမြန်မာ (“တယ်လီနော”) သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Clash Royale (CR) ပြိုင်ပွဲအား နိုင်ငံတွင်းရှိ များစွာသော CR ဂိမ်းကစားသူများအတွက် ကျင်းပပြုလုပ်ပေးလိုက်ပါသည်။

“မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ အင်တာနက် အရည်အသွေးတွေ ပိုမို ကောင်းမွန်လာတာနဲ့အမျှ e-sports လို့ခေါ်တဲ့ အွန်လိုင်းဂိမ်းကစားနည်းတွေကို ကစားတဲ့ လူဦးရေကလည်း တစ်ဖြည်းဖြည်းတိုးပွားလာတာကို ကျွန်တော်တို့ တွေ့မြင်လာရ ပါတယ်။ ဒါ့အပြင် တယ်လီနော အနေနဲ့ အကောင်းမွန်ဆုံး 4G/LTE ဝန်ဆောင်မှုတွေကို နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ မကြာသေးမီက မိတ်ဆက်ခဲ့တာကြောင့် ဒီ e-sports အသိုင်းအဝန်းကလည်း ပိုမိုကျယ်ပြန့်လာမယ်လို့ မျှော်မှန်းရပါတယ်။ ပြည်တွင်းက e-sports အသိုင်းအဝန်းကို အားပေးကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒီလို ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပပြုလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ နောက်ထပ်လည်း ဒီလို ဂိမ်းပြိုင်ပွဲတွေကို ကျင်းပပြုလုပ်သွားဖို့ အစီအစဉ်တွေ ရှိတာကြောင့် e-sports ပရိသတ်တွေအနေနဲ့ Facebook မှာ ကျွန်တော်တို့ရဲ့ ‘Telenor Game On’ နဲ့ချိတ်ဆက်ထားဖို့ တိုက်တွန်းချင်ပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော် ဆောင်ရေး အရာရှိချုပ် Josiln Myrthong ကပြောကြားပါသည်။

Saturday, June 24, 2017

ပုဒ်မ ၆၆(ဃ) ပျက်သိမ်းပေးရန် နှင့် ဆက်သွယ်ရေးဥပဒေ ပြန်လည် ဆန်းစစ်ရန် အရပ်ဘက် အဖွဲ့အစည်း ၂၂ ဖွဲ့က တောင်းဆိုချက်ထုတ်ပြန်

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန အပါအဝင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ပါဝင်သည့် “ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနှင့် လှုပ်ရှားမှု ပူးပေါင်းအဖွဲ့” က  လူ့ရပိုင်ခွင့်များအပေါ် ထိခိုက်မှုများရှိလာသောကြောင့် ပုဒ်မ ၆၆ (ဃ)အား ဖျက်သိမ်းပေးရန် အပါအဝင် ဆက်သွယ်ရေးဥပဒေအပေါ် ပြန်လည်ဆန်းစစ်ရန်  အစိုးရအဖွဲ့နှင့် လွတ်တော်အားတောင်းဆိုသည့် ပူးပေါင်းကြေညာချက် တစ်ရပ်ထုတ်ပြန်  တောင်းဆိုပါသည်။

အဆိုပါ တောင်းဆိုချက် အပြည့်အစုံမှာ -

Friday, June 23, 2017

တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုးချဲ့ ပေးအပ်

တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုးချဲ့ ပေးအပ်

·         တယ်လီနော 4G/LTE ကွန်ရက်ဖြင့် ‘အ၀ိုင်းမလည်တော့ပါ’ တစ်နည်း Loading အတွက် အချိန်မစောင့်ရတော့ပါ။

·         လာမယ့်လများ အတွင်း 4G/LTE၀န်ဆောင်မှုများကို ပိုမိုများပြားသည့် မြို့ကြီးများနှင့် မြို့ပြများတွင် တိုးချဲ့ ပေးအပ် သွားမည်။

ဇွန်လ ၂၃ ရက် ၂၀၁၇ ခုနှစ်၊ ရန်ကုန် - တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ကုမ္ပဏီ၏ စစ်မှန်သော 4G/LTE ၀န်ဆောင်မှုများကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က အောင်မြင်စွာ မိတ်ဆက်ပြီး နောက်ဆက်တွဲအဖြစ် ယင်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့နှင့်အတူ ၀ိုင်းမော်မြို့တွင် ပါ ယနေ့မှစ၍ တိုးချဲ့ ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။ 

Thursday, June 22, 2017

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးသူများအတွက် ဗြိတိသျှကောင်စီစာကြည့်တိုက်၏ အထူးအစီအစဉ်

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးသူများအတွက် ဗြိတိသျှကောင်စီစာကြည့်တိုက်၏ အထူးအစီအစဉ်
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီးသူများအတွက် ဗြိတိသျှကောင်စီစာကြည့်တိုက် (ရန်ကုန်) တွင်အသင်းဝင်ပါက ကျပ် ၅၀၀၀ တန် service ticket တစ်ခုအခမဲ့ရရှိမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အတွင်းအသင်းဝင်သူများအတွက်သာဖြစ်ပြီး ၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်သူဖြစ်ကြောင်း အထောက်အထားတစ်ခုပြရမည်ဖြစ်သည်။ စာကြည့်တိုက်အသင်းဝင်ပြီး လေ့လာဖတ်ရှုခြင်းဖြင့် စာကြည့်တိုက်သုံးသည့်အလေ့အထရရှိလာမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ်များကို မှန်မှန်ဖတ်ရှုသွားပါက အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာနိုင်စေကာ နိုင်ငံတကာအသိအမှတ်ပြု ယူကေစာမေးပွဲများ နှင့် အခြားစာမေးပွဲများကို ဆက်လက် ဖြေဆိုရာတွင် အထောက်အကူရမည် ဖြစ်သည်။

“မိုးရာသီ Promotion အဖြစ် ads.com.mm မှ ရေစိုခံကျောပိုးအိတ်များ မဲဖောက်ပေးမည်”

မိုးရာသီ Promotion အဖြစ် ads.com.mm မှ ရေစိုခံကျောပိုးအိတ်များ မဲဖောက်ပေးမည်
ဒီနှစ်မိုးရာသီမှာ မိုးကလည်းကောင်းနေတော့ အလုပ်သွားကျောင်းသွားတဲ့အခါ ပစ္စည်းတွေ မိုးရေစိုမှာကို စိတ်ပူနေရပါတယ်။ မိုးရာသီဖြစ်တဲ့အလျောက် မိုးရေစိုခံတဲ့ ပစ္စည်းလေးတွေက ဈေးကွက်ထဲမှာ အရောင်းသွက်နေပါတယ်။
အပြင်ဈေးကွက်ထဲမှာရော အွန်လိုင်းပေါ်မှာပါ ရေစိုခံ ဖုန်း ၊ အိတ် ၊ ဖိနပ် ၊ နာရီ ၊ ကင်မရာ ၊ speaker တွေကအစ ဘီရိုလို အိမ်သုံးပစ္စည်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချဝယ်ယူ လာကြတာတွေ့ရပါတယ်။
အထူးသဖြင့် ရေစိုခံပစ္စည်းတွေထဲမှာ ဖုန်း ၊ နာရီနဲ့ အိတ်တွေက အထူးလူကြိုက်များပြီး အွန်လိုင်းပေါ်မှာလဲ အရောင်းအ၀ယ်ဈေးကွက်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး လူကြိုက်များပြီး လိုအပ်တဲ့ ရေစိုခံပစ္စည်းလေးတွေထဲက တစ်ခုကို ကံစမ်းမဲဖောက်ပြီး သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့ads.com.mm ကနေ စီစဉ်ထားပါတယ်။
မြန်မာပြည်၏အခမဲ့ကြော်ငြာစုံ ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ads.com.mm ကနေ မိုးရာသီ ပရိုမိုးရှင်းအဖြစ် ၀က်ဘ်ဆိုဒ်သုံးစွဲသူတွေကို ကံစမ်းမဲအစီအစဉ်လေးတစ်ခုနဲ့အတူ ရေစိုခံ Giordano ကျောပိုးအိတ်တွေကို လက်ဆောင်ပေးအပ်သွားဖို့ရှိပါတယ်

ads.com.mm ကို အသုံးပြုကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိုးရာသီ မိုးရေစိုစိုထဲမှာ အဆင်ပြေပြေနဲ့ ကျောင်းသွား ရုံးတက်နိုင်ဖို့ ငွေကျပ် ၃၈ဝဝဝ တန် Giordano ကျောပိုးအိတ်လေးတွေကို ကံစမ်းမဲအစီအစဉ်လေးတစ်ခုနဲ့အတူ ပေးအပ်သွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှတွင်အကြီးဆုံးသော Samsung Iconic Customer Service Plaza အား မြန်မာနိုင်ငံတွင်ဖွင့်လှစ်

အရှေ့တောင်အာရှတွင်အကြီးဆုံးသော Samsung Iconic Customer Service Plaza အား မြန်မာနိုင်ငံတွင်ဖွင့်လှစ်

Samsung သုံးစွဲသူများအား ဖော်ရွေပျူငှာသော ဝန်ထမ်းများနှင့် ကျွမ်းကျင်ပညာရှင်အင်ဂျင်နီယာများမှ အကောင်းဆုံးဝန်ဆောင်မှုများပေးမည်။

ရန်ကုန်၊ မြန်မာ - ဇွန်လ ၂၂ ရက်၊ ၂၀၁၇ ခုနှစ် - Samsung Myanmar မှ Samsung ချစ်သူ သုံးစွဲသူများအား Samsung ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးစွမ်းနိုင်ရုံသာမက ထုတ်ကုန်ပစ္စည်းများအား လက်တွေ့ကြည့်ရှုလေ့လာစမ်းသပ်နိုင်သော အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သည့် Iconic Customer Service Plaza အား မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ဝန်ဆောင်မှုပလာဇာ Iconic Customer Service Plaza သည် မြန်မာပလာဇာ ကုန်တိုက်အနီး ကမ္ဘာအေးဘုရားလမ်းမပေါ်တွင်တည်ရှိသည်။

Sunday, June 18, 2017

အဖေနေ့

ဒီနေ့ အဖေနေ့တဲ့

ကိုယ့်ဘ၀အတွက်တော့ ဖခင်ကောင်းဖြစ်အောင် ကြိုးစားဖို့ သတိပေးတဲ့ နေ့ပါပဲ။

ကိုယ့်ကသာ ဖခင် ဖြစ်လာပြီး ကိုယ့်အဖေကမှ မရှိတော့တာကိုး။

ဒီနေ့ အဖေနေ့ မှာ အဖေ့ကို သတိရ တမ်းတနေတာထက်

ကိုယ်သာ ဖခင်ကောင်းဖြစ်ဖို့ ကြိုးစားကြစေလိုပါတယ်။

ဦးထိပ်

Saturday, June 17, 2017

တက္ကသိုလ်ဝင်တန်း မအောင်သူတွေအတွက်


တက္ကသိုလ်ဝင်တန်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်
အောင်ချက် ဇယား
ဒီနှစ် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်လာတော့ စာရင်းဇယားအရ ဖြေဆိုသူ ၇၁၅၁၈၈ ဦးမှာ ၂၄၂၇၃၆ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၃.၈၉ ရာခိုင်နှုန်း ရှိသတဲ့။

ကဲ ဖြေတဲ့သူ ၇သိန်းကျော်မှာ အောင်တဲ့သူက ၂သိန်းခွဲ မပြည့်ဘူး။

အောင်သူနဲ့ မအောင်သူ

မအောင်သူတွေ ပိုများပါတယ်။

ဒီတော့ဗျာ အောင်သူတွေအတွက် တက္ကသိုလ်တွေ ဆောင်ရွက်ပေးထားကြသလို

မအောင်သူတွေအတွက် ပြန်လည် စာမေးပွဲ ဖြေဆိုဖို့
ကျောင်းပြန်မတက်သူများအတွက် သက်မွေးဝမ်းကြောင်းပညာ သင်ကြားနိုင်ဖို့ ဒါတွေ အလေးပေး ဆောင်ရွက်ကြရမယ်လို့ ယုံကြည်ပါတယ်။

ဒီနေ့ မအောင်မြင်ခဲ့သူတွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက စာမေးပွဲ ပြန်ဖြေကြမလဲ။
ကျောင်းပြန်တက်ကြမလဲ။

Friday, June 16, 2017

မိဘတို့ခင်ဗျား

မနက်ကျရင် အောင်စာရင်းတွေ ထွက်ပါပြီဗျာ

ဒီလိုအချိန်မှာ ပုံပြင်တွေ များစွာ ကြားခဲ့ကြပြီးပါပြီ။

စာမေးပွဲကြောင့် ကျောင်းသား၊ကျောင်းသူတွေဘ၀ လမ်းမှား မရွေးစေလိုပါဘူးဗျာ။

မိဘတွေက သားသမီးတွေရဲ့ အောင်မြင်မှုကိုလည်း ၀မ်းသာခံစားကြရသလို

ရှုံးနိမ့်မှုကိုလည်း မျှဝေခံစားနားလည်ပေးဖို့ လိုပါတယ်။

မိဘတွေက မနှစ်သိမ့်ရင် ဘယ်သူ သူတို့ဘက်က ရှိမလဲဗျာ။

အစ်ကို၊ အစ်မ၊ ဦးလေး၊ အဒေါ်၊ အဘိုး၊ အဘွား တို့ကလည်း အောင်မြင်ရင် အတူတကွ ပျော်ရွှင်ကြသလို ရှုံးနိမ့်မှုကိုလည်း အပြစ်မတင်ဘဲ နှစ်သိမ့်ပေးရင်း သူတို့အတွက် နောက်တစ်နှစ်တာ ပြင်ဆင်ခွင့် ပေးကြပါလို့ . 
. . . . .

ဒီလှိုင်းတစ်လုံးနဲ့ မပါလာရင် နောက်လှိုင်းတစ်လုံးမှာ ပိုပြီး ကြီးတဲ့ လှိုင်းစီးနိုင်သူများ ဖြစ်ကြပါစေဗျာ

တူ၊ တူမလေးများသို့

ရွှေသောင်ယံကမ်းခြေအလှ
တူ၊ တူမလေးတို့ရေ

မနက်ဖြန်မှာ တူ၊တူမလေးတို့အတွက် ဘ၀ တစ်ဆစ်ချိုး အပြောင်းအလဲလို့ ဆိုနိုင် ၁၀တန်းစာမေးပွဲ(တက္ကသိုလ်ဝင်တန်း)အောင်စာရင်းတွေ ထွက်တော့မယ်။


တကယ်တော့ အောင်စာရင်းဆိုတာ တူ၊ တူမတို့ရဲ့ ကြိုးစားမှုအပေါ် ပေါ်ထွက်လာတဲ့ ရလဒ် တစ်ခုပါပဲ။

၁၀တန်းဆိုတာ ကလေးဘ၀ကနေ လူငယ်တစ်ဦးအဖြစ် ပီပီပြင်ပြင်ပြောင်းလဲ လိုက်တဲ့ သဘောတစ်ခုပါပဲ။


၁၀တန်းအောင်ရင် ဘာဖြစ်မလဲ ဆိုတော့ တက္ကသိုလ်တက်ဖြစ်ရင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တွေ ဖြစ်လာမယ်ပေါ့။

၁၀တန်း မအောင်ခဲ့ရင်ရော . . . .

တူ၊ တူမတို့ စိတ်ထဲမှာ ၁၀တန်း စတင် တက်ရောက်ခဲ့တဲ့အချိန်တွေမှာ ကြိုးစားဖို့တော့ ဆုံးဖြတ်မိကြမယ်ထင်ပါတယ်။  တဖြည်းဖြည်းနဲ့ တချို့လည်း အတွေးတွေ၊ စိတ်ကူးတွေက တကယ်မဖြစ်ခဲ့ကြတော့ဘူးပေါ့။ စာမေးပွဲလည်း ဖြေရော ကိုယ့်အကြောင်းတွေ ပေါ်ပါလေရော။

ဒီလိုပဲ စာမေးပွဲ အောင်စာရင်းကြည့်ပြီးရင်လည်း အတွေးတွေ ပေါ်လာပါလိမ့်ဦးမယ်။ ဆုံးဖြတ်ချက်တွေ ပေါ်လာကြပါဦးမယ်။

ဒီနေရာမှာ တူ၊ တူမတို့ကို မှာချင်တာကတော့ စာမေးပွဲ အောင်ခြင်း၊ ရှုံးခြင်း ဆိုတာ ကမ်းစပ်မှာရှိတဲ့ လှိုင်းတွေလိုပါပဲ။

လှိုင်းတွေ တစ်ခုပြီး တစ်ခု ကမ်းခြေကို လာရိုက်ခတ်ကြပါတယ်။
ရိုက်ခတ်တဲ့လှိုင်းတိုင်း ကမ်းခြေကို ကျော်မသွားဘဲ ပျောက်ကွယ်သွားကြရပါတယ်။
လှိုင်းတွေထဲမှာက ပိုကြီးတဲ့ လှိုင်းပါသလို၊ သေးတဲ့ လှိုင်းလေးတွေလည်း ပါတာပေါ့။

တူ၊ တူမတို့ဘ၀အတွက် အခု စာမေးပွဲဆိုတဲ့ လှိုင်းတစ်ခုပြီး တစ်ခုလာရိုက်တာပါ။

ဒီလှိုင်းပေါ်မှာ အောင်မြင်စွာ စီးကြမလား၊ လှိုင်းအောက်ကို ၀င်ကြမလား . . .

တူ၊ တူမတို့ရေ

၁၀တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ရုံနဲ့ ဘ၀ကို မပြောင်းလဲ စေနိုင်ခဲ့သေးပါဘူး။
ဒီလိုပဲ ၁၀တန်းမှာ ဒီနှစ် ကျရှုံးခြင်းကလည်း ဘ၀ကို မပြောင်းလဲ စေနိုင်သေးပါဘူး။


၁၆နှစ်ဝန်းကျင်ဆိုတဲ့ ဘ၀ရဲ့ နုပျိုတဲ့အရွယ်မှာ ပြင်ဆင်ခွင့်အပြည့်ရှိတဲ့အချိန်ပါ။

တူ၊ တူမတို့ရေ
အဓိက ကတော့ ကြိုးစားလိုစိတ်ရှိဖို့ပါပဲ။

ဦးဆို ၁၀တန်းအောင်စာရင်းကြည့်ပြီး ငိုခဲ့ရတယ်။
ဘာလို့လဲဆိုတော့ ၁၀တန်း အောင်ခဲ့လို့ပါ။
ကိုယ်ဖြေတာ ကိုယ်သိတယ်လေ

ထင်တဲ့အတိုင်းပါပဲ ရမှတ်က ငါးဘာသာဖြေ ၂၀၆ မှတ်ပါ။
မြန်မာစာ တစ်ခုပဲ ၄၆မှတ်၊ ကျန် လေးဘာသာ ၄၀ပါ။

ဒီတော့ တစ်ခါတည်း စဉ်းစားလိုက်တယ်။ ၀ါသနာပါတဲ့ မြန်မာစာ ကို လျှောက်လိုက်တယ်။
မြန်မာစာ ဒုတိယ နှစ် တက်နေစဉ်မှာပဲ တခြား ဒီပလိုမာတစ်ခု သွားတက်လိုက်တာ အဝေးသင်ပြောင်းလိုက်ရတယ်။ သူငယ်ချင်းတွေက ဒုတိယအောင်ပြီး ဂုဏ်ထူးတန်း ကျောင်းသားတွေ ဖြစ်ကုန်ကြရော။
ဦးကတော့ အဝေးသင် ဒုတိယနှစ်ပေါ့ကွာ။
ဦးစိတ်ထဲ သူတို့လို မဟာ ပညာရပ်တစ်ခု လိုချင်မိတယ်။ ကိုယ် ရောက်ရာနေရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးယဉ်ခဲ့တယ်။
ဦး အဲဒီအချိန်မှာ အလုပ်လုပ်နေပါပြီ။ အလုပ်ထဲကနေပြီး အဝေးသင်စာမေးပွဲကို ဖြေဆိုခဲ့ပါတယ်။

တတိယနှစ်မှာတော့ ဦး အနေနဲ့ မဟာဝိဇ္ဇာအရည်အချင်းစစ်တန်း ၀င်ရောက်ဖြေဆိုခွင့်ရခဲ့ပါတယ်။

တူ၊ တူမလေးတို့ရေ
တကယ်တော့ လိုချင်တာ တစ်ခုရဖို့ ပေးဆပ်ခဲ့ရတာတွေ အများကြီးပါပဲ။
မဟာတန်း တက်ဖို့ အလုပ်တစ်ဖက်နဲ့ တက်ခဲ့ရတာပါ။
ညဘက် အလုပ်လုပ် နေ့ဘက် ကျောင်းတက်ပေါ့။

မဟာဝိဇ္ဇာဆိုတဲ့ ဘွဲ့ရတော့ ဘာတွေ ရလဲ လို့ ပြောရရင်တော့
ဘာမှ မထူးဘူးလို့ ပြောရမှာပါပဲ။
ဘာလို့လဲဆိုတော့ ကိုယ့်ဘ၀နဲ့ လိုက်ဖက်တာကို ကိုယ်တိုင် ကြိုးစားရှာဖွေရတာလေ။

ကိုယ်ရထားတဲ့ ဘွဲ့တွေ၊ ဒီပလိုမာတွေနဲ့ လိုက်ဖက်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ကိုယ်တိုင် ရှာဖွေရတာပေါ့။

အခုတော့ အသက် ၄၀မှာ ဘ၀ လမ်းကြောင်း တစ်ခုပေါ် ရပ်တည်နိုင်တယ်လို့တော့ ပြောရတာပေါ့။

အဓိက ပြောချင်တာက
၁၀တန်း အောင်စာရင်းက စာမေးပွဲ မဖြေဆိုခင်မှာတော့ အရမ်းအရေးကြီးပါတယ်။
၁၀တန်း စာမေးပွဲ ဖြေပြီးချိန်က စပြီး အောင်စာရင်းထွက်ချိန်မှာတော့ အရေး မပါတော့ဘူး ဆိုတာပါပဲ။

တူ၊ တူမတို့ရေ
စာမေးပွဲ အမှတ်ကောင်းသည်ဖြစ်စေ၊ အမှတ်မကောင်းသည်ဖြစ်စေ
အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ
မိမိ အနာဂတ်ဘ၀ ကို မိမိသာလျှင် ကြိုးစားရမှာပါ။

ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ
လှိုင်း တစ်လုံး ပြီး တစ်လုံး အောင်မြင်စွာ ဖြတ်ကျော်ဖို့ ကြိုးစားကြပါ တူ၊ တူမတို့ရေ . . . . .

Thursday, June 15, 2017

ဟုတ်တာရော လုပ်ရဲ့လား


ဒီနေ့ အောက်တိုဘာအောင်ကြီး နဲ့ တွေ့တယ်ဗျ

အောက်တိုဘာ အောင်ကြီး ဆိုတာ ကာတွန်း ရုပ်ပုံနဲ့ သူနဲ့ တစ်ပုံစံထဲလေ

ကတုံး နဲ့ နှုတ်ခမ်းမွှေးကြီးနဲ့ပေါ့

အပြင်နဲ့ကွာတာက ကာတွန်းထဲမှာ ကတုံးမှာ ပလာစတာ ကပ်ထားတယ်

အပြင်မှာတော့ ပလာစတာ မပါဘူးပေါ့ဗျာ။

ဘေးက ကာတွန်းဆရာကြီးတွေနဲ့ စကားပြောရင်း

ဆရာတော့ လူတွေက သိကြပါတယ်ဆိုတော့ ကိုအောင်ကြီးက ပြောတယ်။ အဲဒါကြောင့် ကျွန်တော် မဟုတ်တာ မလုပ်ရဲတာတဲ့။

Wednesday, June 14, 2017

ကြည်နူးဖွယ်ဖြစ်ရပ်လေး

ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံ

မနေ့က အိမ်အပြန်လမ်းမှာ ကြည်နူးဖို့ကောင်းတဲ့ ဖြစ်ရပ်လေး ဖြစ်ခဲ့ပါတယ်။

ည ၈နာရီခွဲကျော်လို့ ၉နာရီထိုးတော့ပါမယ်။

ဆူးလေ မှတ်တိုင်မှာ လိုင်းကားတွေက သိပ်မရှိတော့ပါဘူး။

အဲဒီအချိန်မှာ အောင်မင်္ဂလာ ၁၀၀၀ ကား တစ်စီး ရောက်လာပါတယ်။ မြောက်ဥက္ကလာ အဝေးပြေး ဆိုပြီး လူခေါ်နေတာပေါ့။

အချိန်ကလည်း မိုးချုပ်၊ မိုးကလည်း ရွာထားတော့ မတတ်နိုင်ဘူး ၁၀၀၀ ကားပဲ စီးပြန်မယ်ဆို ကားပေါ် တက်တော့ လူသိပ်မပါသေးဘူး။ ၄ယောက်ပဲပါတယ်။

ကားသိမ်းချိန်ဆိုတော့ စပယ်ယာက လူခေါ်ရင်း တန်းထွက်လာတာ။ ဆူးလေး လူကူးခုံးကျော်အောက်နားမှာ လူတစ်ယောက်က မေးတယ်။ အောင်မင်္ဂလာ အဝေးပြေးရောက်လားတဲ့။

စပယ်ယာက ရောက်တယ်လာ တက်တက် ဆိုတော့ တစ်ယောက်ဘယ်လောက်လဲ တဲ့

စပယ်ယာက တစ်ယောက် တစ်ထောင် ဆိုတော့ ဟိုက မစီးတော့ဘဲ နောက်ဆုတ်သွားတယ်။
စပယ်ယာက ထပ်မေးတယ်။ ပိုက်ဆံမပါလို့လားတဲ့။
ဟိုက ၅၀၀ ပဲ ပါတော့လို့ပါ လို့ ပြန်ဖြေတော့ စပယ်ယာလုပ်သူက တက်တက်၊ ပိုက်ဆံ တကယ်မပါရင် စီးလို့ရပါတယ်ဗျာ . . . တဲ့