Saturday, May 31, 2008

စိတ္တသုခပရဟိတလူငယ်များ၏ ပုံမှန် ခြောက်လပတ်အလှူ

စိတ္တသုခပရဟိတလူငယ်များက ခြောက်လတစ်ကြိမ်လှူဒါန်းကြဖို့ အစီအစဉ်များ ဆွဲထားကြပါတယ်။
ဒီတစ်ခေါက်အလှူအဖြစ် စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ
သွားရောက်လှူဒါန်းကြပါတယ်။
၈ရက်နေ့ နံနက်ပိုင်းထွက်ခွာဖို့စီစဉ်ထားပါတယ်။
ကျောင်းက ကလေးများကို စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ကျောင်းအတွက်လျှပ်စစ်မီးရရှိရေး
မီတာလျှောက်ထားခြင်း၊ မီးသွယ်ခြင်း၊ မီးတပ်ဆင်ခြင်းအတွက်
ငွေကျပ်သုံးသိန်း လှူဒါန်းပြီးဖြစ်ပါတယ်။

သွားဖို့အတွက်လိုက်ပါလိုသူများက တစ်ယောက်လျှင် ၄၅၀၀ကျပ်စီ
ခရီးစရိတ်နှင့်စားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။
မည်သူမဆိုလိုက်ပါနိုင်ပါတယ်။

ခြောက်လပတ်အလှူအပြီးမှာတော့ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်း၊
မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းဖူးမြစ်တန်းကျေးရွာသို့
သွားရောက်ပြီး မူလတန်းကျောင်းအဆောက်အအုံပြန်လည်ဆောက်လုပ်ပေးရန်
စီစဉ်လျက်ရှိပါတယ် . . .

ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

မန္တလေး ဧရာဝတီမြစ်ထဲက ပေါ်တဲ့ဘုရားနှစ်ဆူ

မန္တလေးမြို့ ဧရာဝတီမြစ်ထဲက ဘုရားနှစ်ဆူပေါ်တဲ့အတွက်
တစ်မြို့နီးပါး သွားရောက်ဖူးမြော်နေကြပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးက ရန်မျိုးလုံ ဓမ္မာရုံမှာ ယခုလောလောဆယ်ဆယ်ပူဇော်ထားရှိပါတယ်။


တွေ့ရှိပုံကတော့ ရေအောက်မှာ ပစ္စည်းရှာဖွေကြတဲ့ သူက ပစ္စည်းရှာရင်
ဆင်းတုတော်အသေးကို စတင်တွေ့တယ်လို့ ပြောပါတယ်။
ဆင်းတုတော်တွေ့တော့ ကမ်းပေါ်က အဖွဲ့ပါ ငုပ်ရှာတော့ ဆင်းတုတော်အကြီးကို
တွေ့ပြန်ပါတယ်တဲ့
ပထမတွေ့တဲ့ အသေးကို မတွေ့လို့ ထပ်ရှာတော့မှ နှစ်ဆူလုံးတွေ့တာလို့ ပြောပါတယ်။

ဘုရားနှစ်ဆူက ရေအောက်မှာ ကြာခဲ့တော့ ရေညိတက်နေပါတယ်။

အသေးက ၃ပေကျော်
အကြီးက ၁၀ပေကျော်ပါတယ်။

အသေးကိုတော့ လူအား၊ အကြီးကိုတော့ ကရိန်းနဲ့ ဆယ်ယူပင့်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံတင်ပေးချင်ပါတယ်။
ဒါက သွားခဲ့တဲ့ သတင်းထောက်တစ်ယောက်စီက သိရပါတယ်။
ကိုယ်တိုင် သွားချင်ပေမယ့်
အဲဒီဘက်ထိ သွားဖို့ အဆင်မပြေသေးလို့ပါ
သွားပြီးရင် ထပ်တင်ပေးပါ့မယ်။

Thursday, May 29, 2008

မင်းသားလေးများ ဈေးချိုတော်မှာ အလှူခံ

ယနေ့ မနက်ပိုင်းက
ဇာတ်မင်းသားလေးများရဲ့
ကသောလက်ဖြင့် ကူညီမည့် နာဂတ်မုန်တိုင်းဒဏ်ခံရသူများအတွက်
အလှူခံအဖွဲ့ ဈေးချိုတော်မှာ သီဆိုဖျော်ဖြေအလှူခံနေပါတယ်။
တတိယနေ့က အလှူခံရရှိငွေက ၁၄သိန်းကျော်ဖြစ်တယ်လို့ သိရပါတယ်။

ကနေ့တွေ့ခဲ့ရတာတော့
ဦးရွှေနန်းတင် ကိုလဲ တွေ့ခဲ့ရပါတယ်။

အကယ်ဒမီ ဂီတစာဆို စိန်မိတ္တား ကိုလဲ တွေ့ခဲ့ရပြီး အလှူငွေ
တစ်သိန်းလှူဒါန်းသွားပါတယ်။
သဘင် အစည်းအရုံးက စုံစုံလင်လင်ပါရှိပြီး
မင်းသားလေးများကိုယ်တိုင် ဈေးချိုတော်ထဲဝင်လို့ အလှူခံနေကြပါတယ်ခင်ဗျာ . . .

အားလုံးဝိုင်းဝန်းလို့ လေဘေးသင့်ပြည်သူများကို ကူညီနိုင်ကြပါစေ . . .

Wednesday, May 28, 2008

လူစာရင်း ပြီးတော့ ကျွဲနွား စာရင်း

ကျွဲ နွားသေကြေမှု
ဧရာဝတီတိုင်းမှာ ၁၄၀၉၅၂ ကောင်
ရန်ကုန်တိုင်းမှာ ၁၄၇၅၂၂ ကောင်
စုစုပေါင်း ၂၈၈၄၇၄ ကောင်
သေဆုံးခဲ့ပါတယ်တဲ့

နိုင်ငံပိုင် သတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း

သတင်းစာမှ သတင်းများမှ ကိုးကားဖော်ပြပါတယ်။
သေဆုံး ၇၇၇၃၈ ဦး
ပျောက်ဆုံး ၅၅၉၁၇ ဦး
ဒဏ်ရာရ ၁၉၃၅၉ ဦး

စုစုပေါင်း ဘေးဒဏ်ခံရသူ တစ်သန်းခွဲရှိပြီး
၁၀၆၄၆၂၃ခန့်ကို ကယ်ဆယ်ရေးစခန်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့
သိရပါတယ်။

သတင်းစာများမှ ကောက်နှုတ်ဖော်ပြပါတယ်။

ကသောလက်များဖြင့်

ကသောလက်ဖြင့် ကူညီမည့် မင်းသားလေးများ
ပထမနေ့မှာ အလှူငွေ ကျပ်ခုနစ်သိန်းကျော် . . .
ဒုတိယနေ့တွင် အလှူငွေ ကျပ် ၁၅သိန်းကျော်နှင့်
ပစ္စည်းမျိုးစုံကို လက်ခံရရှိတယ်လို့ သိခဲ့ရပါတယ်။

ထို့အတူ
လူရွှင်တော်ကြီးများကလည်း မနက်ဖြန်မှာ လှည့်လည် အလှူခံမယ်လို့ သိရပါတယ်။

စာရေးစရာများကလည်း လိုက်လံလို့ အလှူခံနေကြကြောင်း

မန္တလေး အနုပညာရှင်များရဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရသော
လေဘေးသင့်သူများကူညီရေးလုပ်ရှားမှုများအဖြစ်
တင်ပြလိုက်ရပါတယ်။

Monday, May 26, 2008

ကသောလက်များဖြင့် ကူညီကြမည်

မေ ၂ရက် ၃ရက်က မြန်မာနိုင်ငံ အောက်ပိုင်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့
နာဂတ်ဆိုက်ကလုန်းမုန်တိုင်း

လေဘေးသင့်ရဟန်းသံဃာများနဲ့ပြည်သူများကို ကူညီဖို့အတွက်
မန္တလေးသဘင်အစည်းအရုံးနှင့်အတူ

မြန်မာ့သဘင်အလှဆင်သူ မန္တလေးဇာတ်မင်းသားလေးများက မိမိတို့ အနုပညာစွမ်းအားဖြင့်

အလှူခံကြတာဖြစ်ပါတယ်

ကားပေါ်မှာ တီးဝိုင်းဆင်ထားပြီး ဇာတ်မင်းသားလေးများက အဆိုအကဖြင့် လှည့်လည်
ဖျော်ဖြေရင်း

အလှူခံတာပါ။

ယနေ့တော့ ဘုရားကြီးကို ဦးတိုက်ပြီး မြို့သစ်ဖက်ကို လှည့်လည် အလှူခံမှာပါ။

၂၇ ရက်နေ့က ဘုရားကြီးတောင်ဘက်မှ တမ္ပ၀တီဘက်

၂၈ရက် နေ့ ၈၄လမ်း၊ ၃၅လမ်းမှ စိန်ပန်းရပ်ကွက်ဘက်

၂၉ ရက်နေ့ ဈေးချိုမှ မြောက်ပြင် (မနက်ပိုင်း ဈေးချိုတွင် ဖျော်ဖြေအလှူခံပါမယ်)

၃၀ရက်နေ့ ဘူတာကြီးအရှေ့ဘက်မှ နန်းရှေ့ဘက်

အဲလို လှည်လည် အလှူခံကြမှာပါ

အလှူခံရတာတွေကို ဖျော်ဖြေရေးယာဉ်နဲ့တကွ

လေဘေးသင့်ပြည်သူများထံ ဖျော်ဖြေရင်း လမ်းတစ်လျှောက်အလှူခံပြီး
သွားမယ်လို့လဲ သိရပါတယ်။

လေဘေးသင့်ပြည်သူများ ခဏတာဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့စေဖို့
ဖျော်ဖြေရေးသွားလုပ်နိုင်ရင် ကောင်းမယ်လို့ ထင်မိပါတယ်။

စိတ်ပြေလက်ပျောက် ဖြစ်အောင်ပေါ့

စိတ်ဓာတ်ခွန်အားအနေနဲ့ ဖျော်ဖြေပေးနိုင်ပါစေလို့ . . .

Wednesday, May 21, 2008

စိတ္တသုခပရဟိတ လူငယ်များရဲ့ နာဂစ် မုန်တိုင်း ခံရသူများအတွက် လှူရန် အစီအစဉ်

စိတ္တသုခ ပရဟိတလူငယ်များက နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများအတွက်
လှူဒါန်းရန် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ သွားရောက်လေ့လာခဲ့ရာ
ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ပြန်လည်ရောက်ရှိလာသူများက
အတွေ့အကြုံများကို ပြန်လည်ပြောပြတဲ့အခါ
များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

အခု လှူဒါန်းရန်အတွက်
မော်လမြိုင်ကျွန်းမြို့အနီးက ကျေးရွာလေးမှာ မူလတန်းကျောင်း အဆောက်အအုံတစ်ခု
ဆောက်လုပ်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တတ်နိုင်တဲ့ငွေကြေးအတိုင်းအတာအရ
အမိုးနဲ့အကာဖြစ်အောင် ပထမဆုံးလုပ်ကြပါမယ်။
အဲဒီနောက် တတ်နိုင်သမျှ နဲ့ စာသင်နိုင်ရေး ဆောင်ရွက်ပေးသွားဖို့
ပြင်ဆင်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့
တတ်နိုင်တဲ့အနေအထားနဲ့အတူ လကုန်မှာ အလှူငွေ ပေးပို့ပြီး
ကျောင်းဆောက်ဖို့ ပြင်ပါတော့မယ်။
ဒါကြောင့် လှူဒါန်းပြီး ပံ့ပိုးပေးနိုင်မယ်ဆိုရင်
ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

အလှူခံရတာလဲ အားနာလှပါပြီ
ဘာကြောင့်လဲဆိုတော့ အားလုံးလိုလို ပုံအော်ပြီး လှူကြတာ သိနေလို့ပါ။
ဒါပေမယ့် ပြန်လည်ထူထောင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးကြပါဦးလို့ . . .
မျက်နှာပူပူနဲ့ ထပ်ပြီး အလှူခံနေရပါတော့တယ်ဗျာ . .

စိတ္တသုခက လူတစ်ယောက် မော်လမြိုင်ကျွန်းမှာ နေခဲ့ပါတယ်။
ပါလာတဲ့ မှတ်တမ်း မန်မိုရီကတ် အပြန်ခရီး သင်္ဘောပေါ် မိုးမိတာ ရေစိုသွားလို့
ပြန်ရအောင်
ကြိုးစားနေကြပါတယ်။ ရလျှင် ရခြင်း ပုံများနှင့်တင်ပေးပါ့မယ်ဗျာ

မန္တလေးနဲ့မိုး

ဒီကနေ့ မနက်ပိုင်း ရွာတဲ့မိုးက

မန္တလေးရဲ့ မိုးတွင်းမှာ ဖြစ်လာမယ့်အခြေအနေကို ပြနေပါတယ်။

အခု မိုးအစမှာတောင် ဒီလိုဖြစ်နေရင်

မိုးတွင်း တစ်လျှောက်လုံး ဘယ်လိုသွားမယ်ဆိုတာ . . . ပေါ်လွင်နေပါတယ်။

မိုးတွင်းအတွက် ပြင်ဆင်ဖို့တော့လိုပါပြီ

စည်ပင်သာယာကလည်း မြောင်းသန့်ရှင်းရေးကို တိုးပြီး ကြီးကြပ်ဆောင်ရွက်ဖို့လိုသလို

မိမိအိမ်ရှေ့မြောင်း မိမိတာဝန်ယူတဲ့ စနစ်တစ်ရပ်လဲ ထူထောင်ဖို့ လိုနေပါတယ်။

မြောင်းထဲ အမှိုက်မချဖို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။

ဒီလိုသာ ဖြစ်သလို ဆက်သွားမယ်ဆိုရင်တော့

ဒီမိုးတွင်းလဲ အရင်မိုးတွင်းလိုပဲ မန္တလေးလမ်းပေါ်မှာ ရေတွေ
ဖွေးနေဦးမှာပါပဲ . . . လေ


အိမ်ထဲရေ၀င်တော့ လုပ်လိုက်ရတဲ့ အဖြစ်နဲ့
နာဂစ်မုန်တိုင်း ခံရသူတွေဆို ဘယ်လောက်ပြင်းထန်မလဲဆိုတာ တွေးမိပါလေရဲ့ . .

Tuesday, May 20, 2008

သတင်းများအတွက် နေရာတစ်ခု

အခု နာဂတ်မုန်တိုင်းနဲ့ ပတ်သက်ပြီး
ဘလော့မှာ ရာသီဥတု မိုးလေ၀သတွေကိုပဲ ဦးစားပေးတင်ဖြစ်နေပါတယ်
နောက်
နာဂစ်ဖြစ်စဉ်အတွက်
အခု ဖြစ်နေတဲ့ မန္တလေးသတင်းတွေကို ရောထွေးမသွားချင်ဘူး

ဒါကြောင့် သတင်းတွေအတွက် သီးသန့် နေရာတစ်ခု လုပ်လိုက်ပါတယ်

http://mdynews.wordpress.com

မှာပါ

မန်းက ဖြစ်နေတဲ့ သတင်းမျိုးစုံ
ရောက်ခဲ့တဲ့နေရာက သတင်း
တွေ့သမျှ မြင်သမျှ
ကြားသမျှ
အားလုံးနဲ့အတူ
ရေးဖြစ်တဲ့ ဆောင်းပါးတချို့
တင်ဖို့ရည်ရွယ်ပါတယ်။

Sunday, May 18, 2008

မိုးလေးဝသ မန်းမှာ နေပူသည်

မြန်မာပြည်အောက်ပိုင်း ဧရာဝတီတိုင်းက လေဖိအားနည်းရပ်ဝန်းက
ရခိုင်ဘက်ကို ရွှေ့နေပါတယ်။
မြန်မာပြည်အရှေ့ဘက်က မုန်တိုင်းတစ်ခု ပျက်ပြယ်ပြီး
တစ်ခုပဲကျန်ပါတယ်
အဲဒီအကျိုးဆက်နဲ့ မန်းမှာတော့ အခုနေပူနေကြောင်းပါခင်ဗျာ . . .

Saturday, May 17, 2008

ယနေ့ မိုးလေ၀သ ထူးခြားချက်

ယနေ့ မိုးလေ၀သအခြေအနေအဖြစ်
မြန်မာပြည် အရှေ့ဘက်မှာ မုန်တိုင်းတစ်ခု ထပ်မံတိုးပြီး ဖြစ်လျက်ရှိပါတယ်
မုန်တိုင်း နှစ်ခု မြန်မာပြည်အရှေ့ဘက်မှာ ဖြစ်နေပါတယ်။
အရှေ့မြောက်ဘက်ကို ရွှေ့လျားနေတာဖြစ်ပါတယ်
ဧရာဝတီတိုင်းပေါ်က လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံတ၀န်း မိုးများမယ်လို့ ထင်ပါတယ်

မိုးလေ၀သ ဘာသာရပ်ကို သေသေချာချာမသင်ဘူးသော်လည်း
တွေ့မြင်ရတာကို ဖတ်မှတ်ပြီး ခန့်မှန်းထားတာပါ။
တိတိကျကျကတော့ မိုးလေ၀သ ကြေညာချက်များကို သေချာ စောင့်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။

Thursday, May 15, 2008

မိုးလေ၀သ ပြောင်းလဲမှု

မြန်မာ့ပင်လယ်ပြင်မှ မုန်တိုင်းဖြစ်နိုင်စရာ အစုအဝေး ပြောင်းလဲမှုကို
ကြည့်ရှုနိုင်ယှဉ်နိုင်ဖို့ ဖြစ်ပါတယ်။

ညနေပိုင်းက ထက် အနောက်ဖက်ကို ရွှေ့လျားသွားတယ်လို့ တွေ့ရပါတယ်။

ယနေ့ မိုးလေ၀သအခြေအနေ

ယခု လက်ရှိ မြန်မာ့ပင်လယ်ပြင်မှာ
မုန်တိုင်းလို့ ထင်ရတဲ့ အစုအဝေးတစ်ခု ဖြစ်ပေါ်နေပါတယ်။

မိုးလေ၀သ ကြေညာချက်များကို နားထောင်ပြီး
အတည်ပြုကြရန်ဖြစ်ပါတယ်။

အပူချိန် မြင့်တက်ပြီး
နာဂစ်မုန်တိုင်းဖြစ်စဉ်ကကဲ့သို့
အစုအဝေးဖြစ်နေပါတယ်
နှိုင်းယှဉ်ကြည့်ပြီး
မိုးလေ၀သသတင်းနဲ့ ဆုံးဖြတ်ကြပါ။

Wednesday, May 14, 2008

မုန်တိုင်း သတင်း

နောက်ဆုံး ယခု ၆နာရီအချိန်မှာ
လျှောက်ကြည့်လို့ တွေ့ရတာကတော့
မြန်မာပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိပြီး
မြန်မာနိုင်ငံ အရှေ့ဘက် ကို ဗဟိုပြုတဲ့
မုန်တိုင်းအသစ်တစ်ခုဟာ
အရှေ့မြောက်ဘက်ကို ဦးတည်နေပါတယ်။
မြန်မာနိုင်ငံဘက်သို့ မရောက်သော်လည်း
မိုးရွာနိုင်ပါတယ်။

မြန်မာ့ပင်လယ်ပြင်က လေဖိအားနည်းရပ်ဝန်းကို
ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပြီး
မုန်တိုင်းအသွင်ကူးပြောင်းပါက သတိပေးရန် လိုအပ်လျက်ရှိပါကြောင်း

ဒါက မုန်တိုင်းအသစ်ပါ
http://www.wunderground.com/tropical/tracking/wp200804.html

ပထမဖြစ်ခဲ့တဲ့ ရမ်မာဆမ် နားမှာပါပဲ . . .

မြေပုံများ နှိုင်းယှဉ်ချက် ယခုအနေအထား

ယအခုအနေအထားပါ
မြန်မာ့ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းပါ

ဂျန်နိုင်ငံ ဘက်မှာ မုန်တိုင်းရှိနေပါသေးတယ်။

အပူချိန် မြင့်တက်လာတာနဲ့အမျှ မုန်တိုင်းဖြစ်လာနိုင်တာကို ပြတာပါ။

--
I love all people

မြေပုံများ နှိုင်းယှဉ်ချက်

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အနေအထား
အနီရောင်အတွင်းက  ပန်းရောင်က မုန်တိုင်းဗဟိုချက်ပါ

မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ချေရှိ

မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ခြေရှိကြောင်း
မိုးလေ၀သ ဆိုင်ရာ ၀က်ဆိုဒ်များက ဖော်ပြလျက်ရှိပါတယ်။

ပင်လယ်ပြင်မှာ အပူချိန်မြင့်တက်လျက်ရှိရာ
အပူကြောင့် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ပါတယ်။
ဖြစ်နေပါတယ်။
အဆိုပါလေဖိအားနည်းရပ်ဝန်းမှသည် မုန်တိုင်းအသွင် ကူးပြောင်းရန် အလားအလာရှိနေပါတယ်။

ဟုတ်မဟုတ်ကတော့ သေချာ စိစစ်ဖို့လိုပါတယ်။

တွေ့ရှိတာကို တင်ပေးတာဖြစ်ပါတယ်။

http://www.wunderground.com/cgi-bin/findweather/getForecast?query=yangon

http://weather.yahoo.com/forecast/BMXX0005.html

အထက်ပါခန့်မှန်းချက်များကို ကြည့်ပြီး မြန်မာ့ပင်လယ်ပြင်အနေအထားကို ခန့်မှန်းကြည့်နိုင်ပါတယ်။

Sunday, May 11, 2008

မိခင်များနေ့ (၁၁-၅-၂၀၀၈)

ဒီကနေ့ဟာ မိခင်များနေ့ ( mother day) ဖြစ်ပါတယ်။

သား၊ သမီးများ သဘာဝဘေးဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးခဲ့ရသော မိခင်များ၊
မိခင် ဆုံးရှုံးသွားသော သား၊ သမီးများ
ကိုယ်စား

မိခင်များနေ့မှာ ၀မ်းနည်းမိပါကြောင်းသာ ဆိုပါရစေတော့ . . .

နာဂစ်မုနတိုင်းဒဏ်ခံရသူများအတွက် အလှူခံယူများ မန္တလေးမှာ များပြား

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ကူညီလှူဒါန်းမှုများပြုလုပ်ရန် မန္တလေးမြို့အတွင်း
အလှူခံယူများ ဆောင်ရွက်လျက်ရှိကြပါတယ်။

မန္တလေးတိုင်းမှ တာဝန်ရှိသူများက ဦးစီး အလှူခံရရှိရာ သိန်းလေးထောင်ကျော် ရရှိတယ်လို့ ကြားသိရပါတယ်။
ဓမ္မစေတီဆရာတော်ကလည်း ကား၁၀စီးကျော်ရရှိတယ်လို့ ကြားရသလို
ဆရာတော်များက လှူဒါန်းရေးအတွက် ကြိုးပမ်းနေတာကို တွေ့ရပါတယ်။
မဟာဂန္ဓာရုံကျောင်းတိုက်မှလည်း အလှူခံနှိုးဆော်လွှာကိုတွေ့ရပါတယ်။

ဒီလိုပဲ
စိတ္တသုခ၊ မေတ္တာမြေ တို့ကလည်း နှိုးဆော်မှုများ ဆောင်ရွက်နေသလို
မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားလူငယ်များကလည်း အလှူခံနေတာကို တွေ့ခဲ့ရပါတယ်။

နေရာအနှံ့မှာ မုန်တိုင်းဒဏ်ခံရသူများအတွက် လှူဒါန်းရန် ဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက် အထူးဝမ်းသာမိပါတယ်။


Friday, May 9, 2008

UN warns another storm headed toward Myanmar
Posted: 09 May 2008 1849 hrs

BANGKOK - The United Nations warned Friday that another storm was headed in the direction of Myanmar, which could complicate the slow-moving relief efforts from deadly Cyclone Nargis.

An estimated 1.5 million people have been left homeless by the disaster, which has killed tens of thousands, and the storm could pose serious risks to those battling disease, said Richard Horsey, a UN relief spokesman.

  • Fast Facts

    "Our meteorological people tell us there's likely to be fairly strong rainfall in the next seven days," he told AFP in neighbouring Thailand.

    "That's going to be a big issue with unpaved roads. Heavy rainfall could complicate things for all those people going without shelter," Horsey said.

    "If there's an epidemic of water-borne disease and a lack of shelter when a storm comes in ... if we have another storm coming into the delta, that's going to be a significant concern for all those people without shelter."

    The country's military, which has run Myanmar with an iron fist for almost half a century, said earlier that it welcomed shipments of supplies but was "not ready" to let in foreign aid workers, including disaster experts.

    "If we don't get this relief effort up to full scale quickly, there's significant risk of a second round of this disaster which could potentially kill as many people as the initial cyclone," Horsey said. - AFP/ir


  • source: http://www.channelnewsasia.com/stories/afp_asiapacific/view/346646/1/.html

    ကျွန်တော့်ဆီရောက်လာတဲ့ မေးလ်ပါ

    မြန်မာနိုင်ငံအတွင်း မုန်တိုင်းသတင်းနဲ့ပတ်သက်ပြီး ပြောနေကြတာပါ

    သေသေချာချာလိုက်ရှာကြည့်ကြပါ

    မရှိပါဘူး

    မုန်တိုင်းမရှိတာတော့မဟုတ်ပါဘူး

    မြန်မာနိုင်ငံ အရှေ့ဘက်မှာ ဗဟိုပြုပြီး

    မြန်မာနိုင်ငံရဲ့ ဆန့်ကျင်ဘက် အရှေ့မြောက်ကို ဗဟိုပြုနေပါတယ်

    အခု အပြောအရ နောက်ဆက်တွဲ မုန်တိုင်းဆိုတာ လောလောဆယ်ဆယ်

    မိုးလေ၀သ အင်တာနက် ဆိုဒ်များမှာ ရှာဖွေမတွေ့ရှိရပဲ

    လူများကို ထိတ်လန့်တကြားဖြစ်စေတဲ့ သတင်းသာဖြစ်ကြောင်း

    တွေ့နေရပါတယ်။

    ဒုက္ခတွေ့နေသူများကို မကူညီပဲ ဒီလို ကောလာဟလများဖြန့်ချိမှုများကတော့

    မကောင်းပါဘူး

    မှန်ကန်တယ်ဆိုရင်လည်း သေချာတိတိကျကျ

    မြေပုံများနှင့်တကွ သေသေချာချာ ပြကြဖို့ တောင်းဆိုချင်ပါတယ်။

    ကျွန်တော်တွေ့တဲ့ လင့်ကတော့ ဟောဒီမှာပါ

    သေချာလေ့လာကြည့်ပေးကြပါ။

    သြော် တိုက်မယ့် မုန်တိုင်းနာမယ်ကအစ ABC မဟုတ်ပါ

    Rammasum တဲ့ခင်ဗျာ

    http://www.wunderground.com/tropical/

    ပြည်သူများခံစားရသည့် သဘာဝဘေးဒဏ် နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး

    ပြည်သူများ ကြောက်လန့်ဖို့ သက်သက်နဲ့သော်လည်းကောင်း

    အခြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဘာသာရေး စသည်ဖြင့် အမြတ်ထုတ်လိုခြင်းဖြင့်လည်းကောင်း

    ကောလာဟလလွှင့်ခြင်း၊ ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်အောင်

    လုပ်ကြသူများအား လုံးဝ ဆန့်ကျင် ကန့်ကွက် ရှုတ်ချပါကြောင်း။

    မုန်တိုင်းလာမယ် ဆိုတဲ့ သတင်း ယခုအထိ မဟုတ်နိုင်ပါ

    ဂျီတော့ထဲမှာ မုန်တိုင်းထပ်မံဝင်ရောက်မယ်လို့ ပြောနေကြပါတယ်။
    အေဘီစီ အမည်ရှိတဲ့ မုန်တိုင်းဝင်မယ်လို့ ဆိုကြပါတယ်
    လိုက်ရှာကြည့်ရသမျှ တော့ မတွေ့သေးပါ။

    ကျွန်တော်တွေ့တာတော့ အောက်က လင့်က မုန်တိုင်းကို တွေ့ပါတယ်
    ကြည့်ကြည့်ကြပါ
    http://www.wunderground.com/tropical/

    http://www.wunderground.com/tropical/tracking/wp200803.html

    Thursday, May 8, 2008

    နာဂစ်မုန်တိုင်း သေဆုံး၊ ပျောက်ဆုံး စာရင်း(၇-၅-၂၀၀၈)

    မေ၇ရက် ညနေ ၅နာရီအချိန်အထိ ထုတ်ပြန်ကြေညာချက်အရ

    နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံးမှ

    သေဆုံး       ၂၂၉၈၀ ဦး

    ဒဏ်ရာရ       ၁၃၈၃ ဦး

    ပျောက်ဆုံး   ၄၂၁၁၉ ဦး ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ သိရသည်။

    အများအတွက် အလှူဒါနများ ပြုလုပ်သူများသို့

    အများအတွက် အလှူဒါနများ ပြုလုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို

    ကိုယ်တိုင်ကြုံခဲ့ရတဲ့အခြေအနေပေါ်မူတည်ပြီး ပြောပြချင်လို့ပါ။

    ကျွန်တော်တို့ မြစ်ငယ်ရေဘေးအတွက် သွားရောက်လှူဒါန်းစဉ်က ကြုံရတဲ့အခြေအနေများကို မူတည်လို့ ပြောပြချင်ပါတယ်။

    ကျွန်တော်တို့က အလှူလုပ်မယ်ဆိုရင် ကိုယ်ထိလက်ရောက်၊ ကိုယ်တိုင်ကိုင်ကျသွားရောက်လှူဒါန်းရမှ ကျေနပ်ပါတယ်။

    ဒါကြောင့် မြစ်ငယ်ရေဘေးလှူဒါန်းရာ ကိုယ်တိုင်ပေးဝေခွင့်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

    ဒါကြောင့် ပထမဦးစွာ မြစ်ငယ်ရေဘေးကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး

    မြစ်ငယ်ရေဘေးကယ်ဆယ်မှုအခြေအနေကို မေးမြန်းစုံစမ်းပါတယ်။

    ဒုက္ခရောက်သူဦးရေ၊ အိမ်ထောင်စုပေါင်း၊ ကျေးရွာအလိုက်စာရင်းများစသည်ဖြင့်

    လိုအပ်သည်များကို မေးမြန်းစုံစမ်းခဲ့ပါတယ်။

    အဲလိုစုံစမ်းပြီး ရေဘေးခံစားရသူများထံ တိုက်ရိုက်ပေးဝေခွင့်ရဖို့ တောင်းဆိုပါတယ်။

    တာဝန်ရှိသူများကလည်း အားလုံးလိုက်ပြီး ကူညီပေးကြပါတယ်။

    ကျွန်တော်တို့တွေ့ကြုံရတဲ့အချက်များကတော့

    ဘေးဒုက္ခခံစားရသူများရဲ့ အရေအတွက်အတိအကျသည် တာဝန်ရှိသူများထံတွင်သာရှိပါတယ်။

    မိမိသဘောနဲ့မိမိ ရပ်ရွာများအတွင်း ၀င်ရောက်လှူဒါန်းရာမှာ မရှိသေးတဲ့ နေရာကို မလှူမိဘဲ

    နေရာထပ်ပြီး လှူဒါန်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ဒါကြောင့် တချို့ ရွာမှာ အကြိမ်ကြိမ်ရပြီး အချို့ရွာမှာ မရကြောင်းကို ရွာသူ၊ရွာသားများက ပြောခဲ့ပါတယ်။

    ဒါကြောင့် ပထမလုပ်သင့်တာကတော့ ကယ်ဆယ်ရေး တာဝန်ရှိသူများကို ကယ်ဆယ်ဖို့လိုအပ်တဲ့ လူဦးရေ၊ အိမ်ထောင်စု စာရင်းကို တောင်းယူဖို့ဖြစ်ပါတယ်။

    သူတို့ပေးတဲ့ စာရင်းအရ ကိုယ်က လှူဒါန်းနိုင်တဲ့ အရေအတွက်ကို သတ်မှတ်ရပါမယ်။

    မြစ်ငယ်ရေဘေးမှာ ကျွန်တော်တို့လှူရာမှာ လူဦးရေအရ လူတစ်ဦးကို ဆန်နို့ဆီဗူးလေးလုံးနှုန်းနဲ့

    လူဦးရေ ဘယ်လောက်စာ လှူဒါန်းမယ်ဆိုတာ တွက်ခဲ့ပါတယ်။

    နောက် ကယ်ဆယ်ရေးစခန်းက ပေးတဲ့ ကျေးရွာများမှာ ကျွန်တော်တို့ နဲ့ ကိုက်ညီမယ့် ကျေးရွာများကို ရွေးချယ်ပါတယ်။

    လှူဒါန်းရမယ့်နေရာကို သွားကြည့်ပါတယ်။ အမှန်တကယ်လိုအပ်မှုရှိမရှိ ဆုံးဖြတ်ပြီး လှူရန်သင့်ပါက တာဝန်ရှိသူများကိုပြောပါတယ်။

    တာဝန်ရှိသူများက လူစုပေးခြင်း၊ အိမ်ထောင်စုဝင်ဟုတ်မဟုတ်စိစစ်ပေးခြင်းများဆောင်ရွက်ပေးပါတယ်။

    ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျ ပေးဝေပါတယ်။

    ဒါက ကျွန်တော်တို့လုပ်ခဲ့တဲ့ လမ်းကြောင်းပါ။

    အခု နာဂစ်မုန်တိုင်းဒဏ်ခံရသူများကို ကိုယ်တိုင်လှူဒါန်းမယ်ဆိုရင် ဒီလိုလုပ်ပါ့လားလို့ အကြံပေးပါရစေ

    ၁။ တာဝန်ရှိသူများထံ တရားဝင်ဆက်သွယ်ပါ

    ၂။ လှူဒါန်းရမယ့်သူ အရေအတွက် တောင်းပါ

    ၃။ ကိုယ်လှူဒါန်းနိုင်မယ့်အရေအတွက်ကို ချိန်ဆပါ

    ၄။ တကယ်လိုအပ်တဲ့နေရာဟုတ်မဟုတ် ကွင်းဆင်းကြည့်ပါ

    ၅။ တာဝန်ရှိသူများကို အကြောင်းကြားအသိပေးပြီး သွားရောက်ဝေငှပါ။

    (တာဝန်ရှိသူများထံ ပစ္စည်းအပ်ဖို့ မလိုပါ) ကိုယ်တိုင် ကိုယ်ထိလက်ရောက်ဝေငှပါ။

    ၆။ ကယ်ဆယ်မှုရောက်ရှိပြီးသားနေရာများကို ရှောင်ပြီး မရောက်သေးတဲ့နေရာကို ကြိုးစားရှာဖွေပါ။

    ဒီလိုလှူဒါန်းခြင်းဖြင့်

    ၁။ တာဝန်ရှိသူများနဲ့ ပဋိပက္ခဖြစ်စရာမရှိပါ။

    ၂။ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးကြည့်ခြင်းဖြင့် သူတို့ရဲ့ အခက်အခဲ၊ ရပ်ရွာအခြေအနေကို သိရပါမယ်။

    ၃။ ကူညီရေးအတွက် မလိုလားအပ်တဲ့ ပြသနာများ မဖြစ်နိုင်တော့ပါဘူး။

    (ကျွန်တော်တို့ သွားလှူရာမှာ ကြားခဲ့ရတာက ဒုက္ခရောက်သူများက စနစ်တကျမရှိဘဲ ၀ိုင်းယူကြလို့ များများရတဲ့နေရာကရ

    မရတဲ့နေရာကမရ အဲလို မဖြစ်စေချင်လို့ပါ)

    ၄။ လူဦးရေ၊ အိမ်ထောင်စုစာရင်းစတဲ့ စာရင်းများအတိအကျရလို့ ပစ္စည်းဝယ်ယူရာမှာ တိတိကျကျ စီစဉ်နိုင်ပါတယ်။

    ဒါကြောင့် သွားရောက်လှူဒါန်းမယ်ဆိုရင် အခြေအနေကိုကြည့်ပြီး တာဝန်ရှိသူများနှင့်ဆက်သွယ်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

    အခြေအနေအရ တာဝန်ရှိသူများက ရိုင်းရိုင်းပြပြဆက်ဆံလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်လှူခွင့်မပေးဘဲ သူတို့ဆီပဲ ထားခဲ့ရမယ်ဆိုရင် ဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်ကြိုးစားခွင့်ရမှာဖြစ်ပါတယ်။

    တာဝန်ရှိသူများကလည်း လိုလိုလားလား ပူးပေါင်းကြမယ်လို့ မျှော်လင့်ရပါတယ်။

    လှူဒါန်းလိုသူများ စိတ်လက်ပျော်ရွှင်စွာ လှူဒါန်းနိုင်ကြပါစေဗျာ

    Wednesday, May 7, 2008

    စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက် လှူဒါန်းမှုအစီအစဉ်များ

    စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်

    လှူဒါန်းမှုအစီအစဉ်များ

    စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့

    လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

    မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်

    မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။

     

    ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။

    မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး

    လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

    အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို

    ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်

    စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

     

    ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။

    မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း

    မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်

    ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .

    နာဂစ်မုန်တိုင်း သေဆုံးပျောက်ဆုံးမှု ထုတ်ပြန်ချက်(၆-၅-၂၀၀၈)

    မေ ၆ ရက် မွန်းတည့် ၁၂နာရီအထိ ရရှိသော စာရင်းများအရ နိုင်ငံပိုင်
    သတင်းစာမှ ထုတ်ပြန်ချက်ကို

    ဖော်ပြထားခြင်းဖြစ်ပါတယ်။

    ဧရာဝတီတိုင်းအတွင်း

    သေဆုံး ၂၁၇၉၃ ဦး

    ပျောက်ဆုံး ၄၀၆၉၅ ဦး

    ရန်ကုန်တိုင်းအတွင်း

    သေဆုံး ၆၇၁ ဦး

    ပျောက်ဆုံး ၆၇၀ ဦး

    မုန်တိုင်းဒဏ်ရသော ဒေသအားလုံး စုစုပေါင်း

    သေဆုံး ၂၂၄၆၄ ဦး

    ဒဏ်ရာရ ၆၇၀ ဦး

    ပျောက်ဆုံး ၄၁၀၅၄ ဦး

    ထပ်မံပြီး တိုးလာဦးမယ်လို့ထင်ပါတယ်။

    ဒီလောက်ထိခိုက်မှု ပြင်းထန်ခဲ့တာကြောင့် အခြား ပျက်စီးများမှာ မရေတွက်နိုင်အောင်

    ဖြစ်နိုင်ပါတယ်။

    လေဘေးသင့်သူများအတွက် ပါဝင်လှူဒါန်းကြဖို့ နှိုးဆော်တိုက်တွန်းချင်ပါတယ်။

    လှူဒါန်းလိုပါက မိမိတို့ ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း

    အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီများနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

    ဒါမှမဟုတ်လဲ မိမိတို့ အစီအစဉ်များဖြင့် တိုက်ရိုက် သွားရောက် လှူဒါန်းပေးကြဖို့

    တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း သုခ၊ ဒုက္ခကို
    မျှဝေခံစားကြရအောင်ဗျာ . . .

    Tuesday, May 6, 2008

    မန္တလေးနဲ့နာဂစ်

    နာဂစ်မုန်တိုင်းကြောင့် မန္တလေးက ထိခိုက်ခြင်းမရှိခဲ့ပါဘူး . . .
    ကုန်ဈေးနှုန်းအချို့ တက်ခြင်းက လွဲပြီး ရာသီဥတု ပြောင်းလဲခြင်းသိပ်မရှိပါဘူး
    ဒီရက်ပိုင်းမှာ တိမ်ထူထပ်ပြီး ပူတာကတော့ ပူမြဲပါပဲ . . .
     
    ကောလာဟလအဖြစ်ကတော့ ငလျင်လှုပ်မယ်ဘာညာ ဘာညာ ပြောနေကြသော်လည်း
    ကောလာဟလသာဖြစ်တယ်လို့ ခံမှန်းရပါတယ်။
     
    ငလျင်ကြောင့် မုန်တိုင်းတိုက်နိုင်ခြင်းကိုသိသော်လည်း
    မုန်တိုင်းကြောင့် ငလျင်လှုပ်မည်ဟု မကြားဖူးပါ ။
     
    အပူလွန်ကဲသောကြောင့် သဘာဝဖောက်ပြန်မှုဖြစ်ပေါ်ခြင်း ဖြစ်ခြင်းကြောင့်
    ရာသီဥတုပူမြဲ ပူလျက်ရှိရာ အဆိုပါရာသီဥတုအပြောင်းအလဲကိုတော့ စောင့်ကြည့်ရန်သာရှိပါတယ်ခင်ဗျာ . . .

    နာဂစ်ဒဏ်ခံရသူများအတွက် လှူဒါန်းကြပါစို့

    နာဂစ်မုန်တိုင်းခံစားရသူများသို့ သက်ဆိုင်ရာမှလည်း ကူညီမှုများလုပ်ဆောင်နေသကဲ့သို့

    မိမိတို့တတ်နိုင်သည့်ဘက်ကလဲ ကူညီလှူဒါန်းမှုများ ဆောင်ရွက်ကြဖို့ လိုအပ်လျက်ရှိပါသည်။

    မန္တလေးမှ လေယာဉ်၊ ရထား၊ ကား လမ်းကြောင်းများဖြင့် အကူအညီပစ္စည်းများနေ့စဉ်ပေးပို့လျက်ရှိရာ

    လှူဒါန်းသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်သည်။

    ထို့အတူ

    ယခုအခါ စိတ္တသုခ ပရဟိတလူငယ်များအနေဖြင့် မော်လမြိုင်ကျွန်းမြို့သို့ ပေးပို့လှူဒါန်းနိုင်ရေး

    စီစဉ်ဆောင်ရွက်လျက်ရှိရာ လှူဒါန်းလိုပါက ပါဝင်ဆက်သွယ် လှူဒါန်နိုင်ပါကြောင်း။

    နည်းများမဆို တတ်နိုင်သလောက် အကူအညီပေးလှူဒါန်းခြင်း

    ကိုယ်ချင်းစာစိတ်ဖြင့် များသူက နည်းသူကို မျှဝေခြင်းဖြင့်

    သဘာဝဘေးဒဏ်ကို တွန်းလှန်ဖယ်ရှားကြရအောင်ဗျာ . . .

    မုန်တိုင်းဒဏ်ခံစားရသူများအတွက် ၀မ်းနည်းမှုမှတ်တမ်း

    မုန်တိုင်းဒဏ်ခံစားရသူများအတွက် ၀မ်းနည်းမှုမှတ်တမ်း

    ၂ရက်နေ့ ညနေပိုင်းမှသည် ၃ရက်နေ့ နံနက်ပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်ခံရသည့် နာဂစ်မုန်တိုင်းဒဏ်ခံရသည့်

    မြန်မာပြည်အောက်ပိုင်းတွင် လူပေါင်း နှစ်သောင်းကျော် သေကြေပျောက်ဆုံးပြီး

    လူထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ လူပေါင်းများစွာ အိုးအိမ်ပျက်စီးခဲ့ရပြီး

    အိမ်ထောင်စု ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

    လူသားပေါင်းများစွာ မိခင်၊ ဖခင်၊ သား၊ သမီး၊ ဆွေမျိုးသားချင်းများ ဆုံးရှုံးပြီး

    ပျက်ဆီးဆုံးရှုံးများစွာအတွက် ထိုသူများနှင့်ထပ်တူ ထပ်မျှ ၀မ်းနဲကြေကွဲကာ

    စိတ်မကောင်းဖြစ်ရပါသည်။