Thursday, July 6, 2017

Huawei က China Mobile နှင့် SAIC Motor တို့နှင့်အတူ 5G အခြေခံသည့် အဝေးမှထိန်းချုပ်မောင်းနှင်မှုကိုသရုပ်ပြ

Huawei က China Mobile နှင့် SAIC Motor တို့နှင့်အတူ 5G အခြေခံသည့် အဝေးမှထိန်းချုပ်မောင်းနှင်မှုကိုသရုပ်ပြ
ရန်ကုန်၊ မြန်မာ။ ဇူလိုင် ၆၊ ၂၀၁၇။Mobile World Congress Shanghai 2017တွင် China Mobile ၊ SAIC Motor နှင့် Huawei Technologiesတို့  ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး5Gအခြေခံဖြင့် ကားကို အဝေးမှမောင်းနှင်ပြသခြင်းကိုသရုပ်ပြသခဲ့ပါသည်။ ၎င်းသရုပ်ပြသမှုကချိတ်ဆက်ထားသည့် နည်းပညာမြင့်မားသောမော်တော်ယာဉ်များ၏ အနာဂတ် ဖွံ့ဖြိုးမှုအတွက်  အခြေခံဖောင်ဒေးရှင်းချပေးရင်း မြင့်မားသော Bandwidth နှင့် C-band frequencyရှိ နှောင့်နှေး ကြန့်ကြာမှု နည်းပါးခြင်းစွမ်းရည်တို့ကိုစိစစ်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသရုပ်ပြမှုသည် ကိုယ်တိုင်ထိန်းချုပ်နိုင်သောမောင်းသူမဲ့ယာဉ်များအားပိုမိုယုံကြည်စိတ်ချနိုင်မည့် အရေးပါသောမှတ်တိုင်တစ်ခုကိုသတ်မှတ်ပေးလိုက်ပြီးစီးပွားဖြစ်လုပ်ငန်းသုံးအက်ပလီကေးရှင်းတွင် ရှေ့သို့ တစ်ဆင့်လှမ်းလိုက်သည့် အဓိကခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။

Huaweiသည် SAIC Motor ၏ connected smart concept ကားကို5G wireless solution ဖြစ်သည့် iGSပံ့ပိုးပေးခဲ့ပြီးChina Mobile က ချိတ်ဆက်ဆောင်ရွက်မှုကိုပံ့ပိုးပေးခဲ့ပါသည်။ ဂရုတစိုက်ဖြင့် အတူတကွ လုပ်ဆောင်ကြသည့်အတွက် ဤကုမ္ပဏီသုံးခုတို့သည် 5G ကွန်ရက်ကိုအခြေခံပြီးတကယ့် မော်တော်ယာဉ်တစ်စီးကိုကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အဝေးမှ အောင်မြင်စွာစမ်းသပ်မောင်းနှင် သရုပ်ပြ နိုင်ခဲ့ပါသည်။



စမ်းသပ်မောင်းနှင်ပြရာတွင်  ယာဉ်မောင်းကိုမော်တော်ယာဉ်မှ ၃၀ ကီလိုမီတာကျော် အကွာအဝေးတွင် ရှိစေခဲ့ပါသည်။ ယာဉ်တွင်တပ်ဆင်ထားသောhigh-definition video ကင်မရာများစွာက မြင့်မားသော Bandwidth 5G ကွန်ယက်ဖြင့် ယာဉ်ပတ်ပတ်လည် ၂၄၀ ဒီဂရီ မြင်ကွင်းကိုreal-time HD video ဖြင့် ယာဉ်မောင်းသူထံသို့ အဆက်မပြတ်ပေးပို့ပေးပါသည်။(အနားစွန်းမြင်ကွင်းအပါအ၀င် သာမန်လူတစ်ဦးအနေဖြင့် ဦးခေါင်းကိုလှည့်စရာမလိုဘဲ ၁၈၀-၁၉၀ ဒီဂရီဝန်းကျင်ခန့် မြင်ရသည့် binocular visual fieldရှိပါသည်) မတူညီသောလမ်းဘေးအနေအထားများကိုချက်ခြင်းတုံ့ပြန်နိုင်အောင် အထောက်အကူပေးနိုင်သည့် နှောင့်နှေးကြန့်ကြာမှု အနည်းပါးဆုံuးltra-low latency ပံ့ပိုးထားသော5G ကွန်ယက်မှတစ်ဆင့် ထိန်းချုပ်မှု အချက်ပြအမှတ်အသားများဖြစ်သည့် စတီယာရင်၊ လီဗာနှင့် ဘရိတ်တို့ကိုပို့လွှတ်ပေးနေပါသည်။ယာဉ်မောင်းသည် ဝေးကွာသော နေရာမှနေ၍ ယာဉ်ကိုအချိန်ပြည့် ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။

အဝေးမှမောင်းနှင်ခြင်းအတွက် မောင်းနှင်မှု အက်ပလီကေးရှင်းများဖြစ်သောHD video အဆက်မပြတ်ပေးပို့ခြင်း၊ အလျင်အမြန် တုံ့ပြန်ခြင်းနှင့် ယုံကြည်စိတ်ချရသည့် ချိတ်ဆက်မှုများကိုလိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက် နှောင့်နှေးကြန့်ကြာမှုနည်းပါးခြင်းနှင့် 5G network ၏ bandwidth မြင့်မားခြင်းတို့ မဖြစ်မနေလိုအပ်ပါသည်။ ယခုစမ်းသပ်မောင်းနှင်ပြပွဲတွင် 5G ၏အဆုံးစွန်မြင့်မားသည့် bandwidth က ယာဉ်မောင်းသူနှင့် မော်တော်ယာဉ်ကြားHD video ချိတ်ဆက်မှုများကို ချို့ယွင်းချက်မရှိပေးပို့နိုင်ရန် လိုအပ်သည့် အမြန်နှုန်းကိုအချိန်ပြည့် ပံ့ပိုးပေးခဲ့ပါသည်။ မော်တော်ယာဉ်ထိန်းချုပ်မှုလုပ်ငန်းဆောင်ရွက်ချက်အားလုံးအတွက် နှောင့်နှေးကြန့်ကြာမှုမှာ ၁၀ မီလီစက္ကန့်ပင်မပြည့်ခဲ့ပါ။ (5G air interface အသစ်သည် နှောင့်နှေးကြန့်ကြာမှုမှာ ၁ မီလီစက္ကန့်ထက် လျော့နည်းပါသည်။) ဤအချက်ကမော်တော်ယာဉ်သည် တစ်နာရီလျင် ကီလိုမီတာ ၃၀ နှုန်းဖြင့်သွားနေစဉ်တွင် ဘရိတ်အုပ်လိုက်ချိန်နှင့် အရှိန်ရပ်တန့်သွားချိန်ကြား အကွာအဝေးသည် ၈ စင်တီမီတာသာရှိသည်ဟုဆိုလိုပါသည်။
အထူးသဖြင့် သတ္တုတူးဖော်ရေး၊ အမှိုတ်စွန့်ပစ်ခြင်းကဲ့သို့သော ကြမ်းတမ်းသည့်၊ သို့မဟုတ် ဘေးအန္တရာယ် များပြားသည့် ပတ်ဝန်းကျင်တွင်ဆောင်ရွက်ရသော အလုပ်ခွင်များ၊ အဝေးထိန်းချုပ်စနစ်ဖြင့်မောင်းနှင်ရသောလမ်းကြိတ်စက်ကြီးများဖြင့်မြေထုကိုသိပ်သည်းကျစ်လျစ်အောင် ဆောင်ရွက်ရခြင်းကဲ့သို့ အဝေးက လုပ်ကိုင်မှ ပိုမိုထိရောက်အကျိုးရှိသောအလုပ်များအတွက် အနာဂတ်တွင်   အဝေးမှ မောင်းနှင်ခြင်းဆိုင်ရာအလားအလာကောင်းသောအက်ပလီကေးရှင်း မျိုးကွဲပေါင်းများစွာရှိနေပါသည်။ အဝေးမှမောင်းနှင်ခြင်းကိုကိုယ်တိုင်ထိန်းချုပ် မောင်းနှင်သောမော်တော်ယာဉ်များအား ပြည့်စုံအောင် ဖြည့်စွက် ဆောင်ရွက်ပေးရာတွင်လည်းအသုံးပြုနိုင်ပါသည်။ ဥပမာလူပုဂ္ဂိုလ်တစ်ဦးတည်းအနေဖြင့် ယာဉ်အစုတစ်စုကိုထိန်းချုပ် မောင်းနှင်နိုင်ပြီးကားမျှဝေသုံးစွဲမှုအတွက် အဝေးမှ စီမံခန့်ခွဲရခြင်းသို့မဟုတ် ဘေးအန္တရာယ် ကျရောက်နေသောဇုန်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကဲ့သို့ လူကိုယ်တိုင်ဆောင်ရွက်ရန် လိုအပ်သောအနေအထားများမှသာဝင်ရောက်ဆောင်ရွက်နိုင်ပါသည်။

ကမ္ဘာနှင့်အ၀န်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းအရှိန်မြင့် တက်လာသည့်အတွက် ချိတ်ဆက်ထားသည့် နည်းပညာ မြင့်မားသောမော်တော်ယာဉ်များသည် သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာလုပ်ငန်းကဏ္ဍတွင် အဓိကအာရုံစိုက် ခံကြရပါလိမ့်မည်။ China Mobile ၊ SAIC Motor နှင့် Huawei တို့သည် နောင်လာမည့် မျိုးဆက်သစ် ပို့ဆောင်ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွင် အမှန်တကယ် ဖြစ်တည်လာရန် မရှိမဖြစ်လိုအပ်သည့် သုတေသနပြုမှုများ၊ တိုးတက်အောင် ဖော်ထုတ်ဆောင်ရွက်မှုများ နှင့် 5G အလိုအလျောက်မောင်းနှင်မှု အက်ပလီကေးရှင်းများအတွက် လက်တွေ့စမ်းသပ်ချက်များကိုတက်ကြွစွာလုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။


No comments: