အရှေ့တောင်အာရှတွင်အကြီးဆုံးသော Samsung Iconic Customer Service Plaza အား မြန်မာနိုင်ငံတွင်ဖွင့်လှစ်
Samsung သုံးစွဲသူများအား ဖော်ရွေပျူငှာသော ဝန်ထမ်းများနှင့် ကျွမ်းကျင်ပညာရှင်အင်ဂျင်နီယာများမှ အကောင်းဆုံးဝန်ဆောင်မှုများပေးမည်။
ရန်ကုန်၊ မြန်မာ - ဇွန်လ ၂၂ ရက်၊ ၂၀၁၇ ခုနှစ် - Samsung Myanmar မှ Samsung ချစ်သူ သုံးစွဲသူများအား Samsung ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးစွမ်းနိုင်ရုံသာမက ထုတ်ကုန်ပစ္စည်းများအား လက်တွေ့ကြည့်ရှုလေ့လာစမ်းသပ်နိုင်သော အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သည့် Iconic Customer Service Plaza အား မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ဝန်ဆောင်မှုပလာဇာ Iconic Customer Service Plaza သည် မြန်မာပလာဇာ ကုန်တိုက်အနီး ကမ္ဘာအေးဘုရားလမ်းမပေါ်တွင်တည်ရှိသည်။

“သုံးစွဲသူတွေရဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို Samsung ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့အတူ အရည်အသွေးမြင့်ဝန်ဆောင်မှုတွေ ပိုမိုပေးစွမ်းနိုင်ဖို့အတွက် ဒီ Iconic CSP ကိုဖွင့်လှစ်တာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့သည်။

“မိုဘိုင်းဖုန်းဆိုတာ လူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက်လည်း ပြင်ဆင်မှုပိုင်းအနေနဲ့ အချိန်တို နာရီပိုင်းအတွင်း ပြင်ဆင်ပေးနိုင်ဖို့စီစဉ်ထားပါတယ်။ တစ်ရက်udk သုံးစွဲသူ အယောက် ၂၀၀ လောက် ဝန်ဆောင်မှုပေးဖို့ခန့်မှန်းထားပါတယ်။ ” ဟု ကိုဇာနည်ဝင်းထက်မှဖြည့်စွက်ပြောကြားခဲ့သည်။
တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်အစရှိသည့် အရွယ်အစားကြီးမားသော လူသုံးကုန်လျှပ်စစ်ပစ္စည်းများအား ပြင်ဆင်လိုသူ customer များအနေဖြင့် Iconic CSP ရှိ Call Center အားခေါ်ဆိုနိုင်ပြီး စက်ပိုင်းပြင်ဆင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်မှ လိုအပ်သော အပိုပစ္စည်းများ၊ ပြုပြင်သည့်ကိရိယာများနှင့်အတူ အိမ်တိုင်ရာရောက် ပြုပြင်ပေးသွားမည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် စောင့်ဆိုင်းနေစဉ်ကာလအတွင်း ကော်ဖီ၊ မုန့် အစရှိသည်တို့အား အခမဲ့ သုံးဆောင်နိုင်ရုံသာမက သတင်းစာ၊ စာစောင်များဖတ်ရှုနိုင်ရန်လည်း စီစဉ်ပေးထားသည်။ အဆိုပါ Iconic CSP သို့လာရောက်သော customer များအနေဖြင့် ဧည့်ကြို၏ လမ်းညွှန်ချက်နှင့်အတူ ဖုန်းပြင်ဆင်ရန် စာရင်းပေးသွင်းခြင်း မှစ၍ Samsung ၏ နောက်ဆုံးပေါ်ထုတ်ကုန်များအား လက်တွေ့စမ်းသပ်နိုင်သည့်အပြင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို လည်း ဝယ်ယူခြင်းအထိ ဖော်ရွေသော ဝန်ထမ်းများ၏ ဝန်ဆောင်မှုအား အပြည့်အဝရရှိမည်ဖြစ်သည်။
No comments:
Post a Comment