Sunday, July 6, 2008

ဘောလုံးပွဲ ကန်ပြီ

ယနေ့ ညနေ ၂နာရီက စပြီး မန္တလေး ဗထူးကွင်းအတွင်းမှ
ရှဲလ် တေးဂီတနှင့်အတူ ဖျော်ဖြေမှုများ စတင်ခဲ့ပါတယ်။

အဲဒီနောက် ၄နာရီ ၁၅မိနစ်မှာ ဘောလုံးပွဲ စတင်ဖို့ ကွင်းထဲဝင်နေရာယူကြပြီး
အကြိတ်အနယ်ဘောလုံးပွဲ စတင်ကန်ခဲ့ကြပါတော့တယ်
ပထမပိုင်းပြီးတဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းခွင့်များရသော်လည်း
ဂိုး မ၀င်ခဲ့ကြပါဘူး

ယခင် ကျောင်းသားလက်ရွေးစင်အဖြစ် ကန်ဖူးတဲ့ ဖိုးချစ်တစ်ယောက်
တော်တော် ကြိုးစားကစားသော်လည်း ဂိုးတိုင်ထိပြန်ထွက်တာနဲ့
ဂိုးသမားမီတာနဲ့ဂိုးမရရှိခဲ့ပါဘူး
ဒုတိယပိုင်း စကန်ချိန်မှာတော့ မိုးအနည်းငယ် ကျစပြုနေပါတယ်
ဒါကြောင့် မရှိမဲ့ရှိမဲ့ ကင်မရာလေး မိုးစိုမှာကြောင့်လို့
ယခု ပို့စ်တင်ချိန်မှာတောင် မပြီးသေးတဲ့ ဘောလုံးပွဲကနေ ပြန်ခဲ့ပါတော့တယ်

နောက်နေ့မှ ဘယ်သူနိုင်လဲ ပြောတော့မယ်ဗျာ

မင်္ဂလာဈေး မီးလောင်မှုဖြစ်

မနေ့က(၅-၇-၂၀၀၈)ရက်နေ့ ညနေပိုင်း ၇နာရီဝန်းကျင်မှာ
မန္တလေး မင်္ဂလာဈေး(လမ်း၃၀နှင့်၇၃လမ်းထောင့်)တွင်
မီးလောင်မှုတစ်ခုဖြစ်ပွားပါတယ်။

ဈေးသိမ်းပြီးချိန် ဈေးသော့ခတ်ပြီးချိန်ဖြစ်ပြီး
အတွင်းပိုင်းမှ မီးခိုးထွက်သောကြောင့် အပြင်က ၀ိုင်းငြိမ်းကြပြီးနောက်
မီးသတ်ရောက်လာပါတယ်။
မီးက အနည်းငယ်သာလောင်ကျွမ်းတယ်လို့သိရပါတယ်။
အတွင်းက ကြေးမီးပူ(မီးသွေးသုံး)က တစ်ဆင့် လောင်ကျွမ်းတယ်လို့ ယူဆရပါတယ်။
မီးလောင်မှုကြီးအဖြစ် မရောက်ရှိဘဲ
မီးလန့်တယ်သဘောသက်ရောက်မယ်လို့ ထင်ရပါတယ်။
အတွင်းက ဆိုင်ခန်းတစ်ချို့ ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

Saturday, July 5, 2008

စိုင်းစိုင်းခမ်းလှိုင် ဟစ်ဟော့ရှိုး

 ဒီကနေ့ ညနေပိုင်းမှာ မြို့တော်ခန်းမ အတွင်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဟစ်ဟော့ရှိုးရှိပါတယ် . . .


လူငယ်တွေအကြိုက်ပေါ့ . . .

Friday, July 4, 2008

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပမည်

မန္တလေးတိုင်းလက်ရွေးစင်ဟောင်း ဘောလုံးသမားများ(Old Ster) ဘောလုံးသမားကြီးများနှင့်
မြန်မာ့သဘင်အလှဆင်သူမင်းသားလေးများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် ဗထူးကွင်းမှာ
ဇူလိုင် ၆ရက် ၇ရက် များမှာ ကျင်းပပါမယ်။
ရရှိလာတဲ့ ကွင်းဝင်ကြေးများကို နာဂစ်မုန်တိုင်းခံရသူများအတွက် မန္တလေးတိုင်း တယက မှ တစ်ဆင့်
လှူဒါန်းသွားမယ်လို့ သိရပါတယ်။
 
ကွင်းဝင်ကြေးအဖြစ် နှစ်ရက်စာ နှစ်ထောင်ကျပ်ပါ
 
မွန်းလွဲ ၂နာရီကစပြီး ရှဲလ် တေးဂီတနှင့်အတူ မင်းသားလေးများကဖျော်ဖြေတင်ဆက်ကြမှာပါ။
 
ဖိုးချစ်၊ ၀င်းနောင်၊ လှိုင်ဘွားအောင်စတဲ့ မင်းသားလေးများနဲ့အတူ
ညနေတိုင်း ဗထူးကွင်းများ လေ့ကျင့်ခန်းဆင်းနေကြတာ တွေ့ခဲ့ရပါတယ်။
 
ဘောလုံးပွဲကောင်းတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
အရင်က လက်ရွေးစင်ဟောင်း အသက် ၅၀အထက် ကစားသမားကြီးများရဲ့ အစွမ်းကိုလဲ တွေ့နိုင်မှာပါ . ..
 
 

Tuesday, July 1, 2008

အကောက်အခွန်မဲ့ ဆိုင်ကယ်များ မတလ လိုင်စင်ထုတ်ပေး

ကနေ့ ဇူလိုင် ၁ရက်မှ စတင်ပြီး
မန္တလေး ရဲသိပ္ပံကွင်းအတွင်းမှာ
လိုင်စင်ထုတ်ပေးမှုကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်
 
အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးမယ်လို့သိရပါတယ်
 
ဆိုင်ကယ်များကို အုပ်စုခွဲထားပါတယ်။
အုပ်စု(က) တရုတ်ဆိုင်ကယ်
အုပ်စု(ခ) အိန္ဒိယဆိုင်ကယ်
အုပ်စု(ဂ) ထိုင်းဆိုင်ကယ်
အုပ်စု(ဃ) ဂျပန်ဆိုင်ကယ်
 
အကောက်အခွန်နဲ့အခြား သက်ဆိုင်ရာ ကောက်ခံမှုအနေနဲ့
မော်ဒယ်ကိုမူတည်ပြီး ၃ ပိုင်းခွဲထားပြန်ပါတယ်
အနည်းဆုံးကျသင့်ငွေ ကျပ်၇၅၀၀၀ ကနေ အများဆုံး မော်ဒယ်အမြင့်ဆုံး ဂျပန်ဆိုင်ကယ်ဆိုရင် ၄သိန်းခွဲခန့်အထိ
ကျသင့်မယ်လို့ မော်ဒယ်အလိုက် သတ်မှတ်ထားတဲ့ ကုန်ကျစရိတ် ဇယားများက ဖော်ပြထားပါတယ်။
 
ကွင်းအခြေအနေနဲ့ လုပ်ငန်းလုပ်ကိုင်မှုပုံစံကတော့ နောက်နေ့ သွားကြည့်လိုက်ဦးဗျာ . . .