မြန်မာနိုင်ငံအနေနှင့် ဓာတ်အားလိုင်း ကွန်ယက်ငယ်များမှတဆင့် လျှပ်စစ်ဓာတ်အား ပိုမို
ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်။
Oxford Business Group ၏ Editorial Manager ဖြစ်သူ Rey Davis Tuplano မှ ရေးသားသည်။
မြန်မာနိုင်ငံအနေနှင့် ၁၅ နှစ်တာကာလအတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာရေးနှင့် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးရရှိရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် နိုင်ငံတွင်း၌ သီးသန့်လျှုပ်စစ် ဓာတ်အားပေး ကွန်ယက်များ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။
မေလလယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေနှင့် ကျေးလက်ဒေသများရှိ သီးသန့် လျှုပ်စစ်ဓာတ်အားပေး ကွန်ယက်စီမံကိန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ စီမံကိန်းများ အရ ကျေးရွာ ၁၀ ရွာအား သီးသန့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်များဖြင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ဝေးလံခေါင်းပါးသော ဒေသများတွင် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်မှု စီမံကိန်း၏ ရှေ့ပြေးအစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။