Friday, May 11, 2007

ဖူးမြော်ပူဇော် မြတ်စွယ်တော်













ရွှေစည်းခုံစေတီတော်၊ တုရင်တောင်စေတီတော်၊













လောကနန္ဒာစေတီတော်၊ တန့်ကြည့်တောင်စေတီတော်


အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်
ငါတည်ထားကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူး နေ့ချင်းဖူး၏။
လှူသည့်ကုသိုလ်မပို တူ၏။
တောင်းဆိုသည့်စကား မမှားတူ၏။
သီလငါးချက် မပျက်လုံ၏။
ထိုသည့်သူအား မကြာချက်ချင်း လက်ငင်းကောင်းကျိုးထူးစေသတည်း။




စွယ်တော်လေးဆူဖူးမယ်ဆိုရင် . . ပထမဆုံး နံနက် ၅နာရီအရောက် စဖူးစေလိုပါတယ် . . .
ပုဂံမှာတည်းတည်း၊ ညောင်ဦးမှာတည်းတည်း ရွှေစည်းခုံကို ၅နာရီအရောက်သွားဖူးရပါမယ် . . .
ရွှေစည်းခုံကနေ တုရင်တောင်ကို သွားရင် အဆင်ပြေပါတယ် . . .
တုရင်တောင်ကနေ လောကနန္ဒာ . . .
လောကနန္ဒာကနေ ဗူးဘုရားဆိပ်ကမ်းက တန့်ကြည့်တောင်ဘက် စက်လှေငှားကူးရပါမယ် . .
တစ်ဖက်ကမ်းမှာ ကားငှားပြီး တောင်ပေါ်တက်မယ်ဆို နေမွန်းမလွှဲခင် လေးဆူ ပြည့်ပါ့မယ်ခင်ဗျာ . . .

ကျွန်တော်တို့ကတော့ မမီမှာကြောက်တော့ ခပ်သွက်သွက် ဆွမ်းတော်တင် ၊ ဘုရားတစ်ပတ် ပူဇော်၊ ပတ်ဝန်းကျင် အနည်းငယ်လေ့လာနဲ့ ဘုရားတစ်ဆူ နာရီဝက်လောက်သာကြာတော့ . . တန့်ကြည့်တောင်ပေါ် ဆွမ်းကပ်ပြီးတော့ နံနက်၉နာရီသာ ရှိပါသေးတယ် . .
အားလုံးက စိတ်စောနေလို့ပါ . .
ဘုရားတစ်ဆူ တစ်နာရီလောက်စီ ဖူးလို့ရပါတယ် . . .

စွယ်တော်လေးဆူဖူးကို ကျွန်တော်တို့သွားတဲ့အချိန်ပေါ့ဗျာ
ကားခ ဆန်နီကားနဲ့ တစ်ဖက်ကမ်း၊ တန့်ကြည့်တောင်မပါ . . ၂၅၀၀၀ ယူပါတယ်.
စက်လှေခ ၊ တန့်ကြည့်တောင်တတ်ခ က ၂၅၀၀၀ ယူပါတယ် . . .
ကားသမားကို အားလုံးငှားမယ်ဆို ၅၀၀၀၀ ပေးရပါမယ် . .
ကားသမားက စက်လှေငှားပေးပါတယ် . . စက်လှေသမားက တောင်တက်ကားငှားပေးပါတယ်
အချိန်ကို ချွေတာမယ်ဆိုရင်တော့ အားလုံး အပြတ်ငှားတာကောင်းပါတယ်
ကိုယ်တိုင်ငှားရင် စက်လှေခ၊ တောင်တက်ကားခ အနည်းငယ် သက်သာနိုင်သော်လည်း အချိန်ကြာနိုင်ပါတယ်ဗျာ . . .

နောက်ထပ် သွားဖူးချင်သေးတယ်ဗျာ . .

No comments: