Thursday, May 24, 2007

သြော် ဘောလုံး . .. ဘောလုံး

အခုရက်ပိုင်း မန်းမှာ ပြည်နယ်နှင့်တိုင်း အမျိုးသမီးဘောလုံးပြိုင်ပွဲရှိပါတယ် . . .
ဗထူးကွင်းနဲ့ ရွှေမန်းတောင်ကွင်းမှာ ကန်ကြတယ်ဗျ . .
မကြာခင်မှာ ဗိုလ်လုပွဲရောက်တော့မယ်
မန္တလေးတိုင်း အမျိုးသမီးဘောလုံးအသင်းကတော့ ကြိုးစားနေဆဲပါ . . .
ဒီနေ့တော့ ထူးထူးခြားခြား အဖြစ်အပျက်တွေ ဖြစ်တယ်ဆိုပဲ . . .
သေချာအောင် မေးကြည့်ပြီး
နောက်နေ့မှ ပြောပြမယ်နော် . . .

သြော်
ဘောလုံး . . .ဘောလုံး

ထူးထူးခြားဖြစ်တာက မန္တလေးနဲ့ မွန်ပြည်နယ် အကြိုဗိုလ်လုပွဲမှာပေါ့ . . .

ဒုတိယပိုင်းမှာ မွန်ပြည်နယ် ၂ဂိုး မန်းက ပင်နယ်တီ တစ်ဂိုးရပြီးချိန်မှာ

မွန်ပြည်နယ်ရဲ့ အဓိက အားကစားသမား အနီကတ်ပြထုတ်ခံရပါတယ် . . အဲဒီအခါမှာ မွန် တစ်သင်းလုံး ကွင်းပြင်ထွက်ပြီး ဆက်မကစားကြပါဘူး . . .

တာဝန်ရှိသူတွေအားလုံးပြောကြတော့ ဆက်ပြီး ကန်ကြပါတယ် . . . အဖြစ်အပျက်က ကြာချိန် ၁၅မိနစ်လောက်ရှိသွားပါတယ်

ဆက်ကန်ကြရင်း တစ်ဖက်ကို တစ်ဖက် ဂိုးမသွင်းနိုင်တဲ့အချိန်

ပွဲချိန်ကလည်း ပုံမှန် မိနစ်၉၀ပြည့်ခါနီး ကွင်းလယ်ဒိုင်လူကြီးက ကြားထဲက ကြာခဲ့တဲ့အချိန်များကို နာကျင်ချိန်ပို အဖြစ် မပေးတော့ပဲ မိနစ်၉၀ မပြည့်မီ အပြင်ဒိုင်များက နာကျင်ချိန်ပို ပြဖို့ အလုပ်မှာပဲ ပွဲကို ရပ်နားပြီးဆုံးလိုက်ပါတယ် . . .

ဒါကြောင့် ပွဲချိန် ၁၅မိနစ်ခန့် ဆုံးရှုံးမှုအတွက် မန်းတိုင်းဘောလုံးအသင်းက တာဝန်ရှိသူများထံ တင်ပြခဲ့ပါတယ် . . .

တာဝန်ရှိသူများ ဆုံးဖြတ်ချက်အရ . . . နောက်တစ်နေ့ နံနက်မှာ ၁၂မိနစ် ပြန်လည်ကစားခွင့်ရရှိခဲ့ပါတယ် . . .

အဲဒီအခါမှာ မန်းတိုင်းအသင်းက တစ်ဂိုးသွင်းနိုင်တာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျတဲ့ အတွက်

အချိန်ပို မိနစ် ၃၀ ကစားကြပါတယ် . ..

မန်းတိုင်းအသင်းက ထပ်မံ ဂိုးများသွင်းယူပြီး အနိုင်ရရှိခဲ့ပါတယ် . . .

အဲဒီအဖြစ်အပျက်ကြောင့် ပထမနေ့ မှာ တာဝန်ကျတဲ့ ကွင်းလယ်ဒိုင်လူကြီးကတော့ အပြစ်ပေးခြင်းခံခဲ့ရပါတယ် . . .

ထူးထူးခြားခြား ပြန်ကန်တဲ့ ပွဲပေါ့ဗျာ . . .




No comments: