Thursday, June 22, 2017

“မိုးရာသီ Promotion အဖြစ် ads.com.mm မှ ရေစိုခံကျောပိုးအိတ်များ မဲဖောက်ပေးမည်”

မိုးရာသီ Promotion အဖြစ် ads.com.mm မှ ရေစိုခံကျောပိုးအိတ်များ မဲဖောက်ပေးမည်
ဒီနှစ်မိုးရာသီမှာ မိုးကလည်းကောင်းနေတော့ အလုပ်သွားကျောင်းသွားတဲ့အခါ ပစ္စည်းတွေ မိုးရေစိုမှာကို စိတ်ပူနေရပါတယ်။ မိုးရာသီဖြစ်တဲ့အလျောက် မိုးရေစိုခံတဲ့ ပစ္စည်းလေးတွေက ဈေးကွက်ထဲမှာ အရောင်းသွက်နေပါတယ်။
အပြင်ဈေးကွက်ထဲမှာရော အွန်လိုင်းပေါ်မှာပါ ရေစိုခံ ဖုန်း ၊ အိတ် ၊ ဖိနပ် ၊ နာရီ ၊ ကင်မရာ ၊ speaker တွေကအစ ဘီရိုလို အိမ်သုံးပစ္စည်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချဝယ်ယူ လာကြတာတွေ့ရပါတယ်။
အထူးသဖြင့် ရေစိုခံပစ္စည်းတွေထဲမှာ ဖုန်း ၊ နာရီနဲ့ အိတ်တွေက အထူးလူကြိုက်များပြီး အွန်လိုင်းပေါ်မှာလဲ အရောင်းအ၀ယ်ဈေးကွက်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး လူကြိုက်များပြီး လိုအပ်တဲ့ ရေစိုခံပစ္စည်းလေးတွေထဲက တစ်ခုကို ကံစမ်းမဲဖောက်ပြီး သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့ads.com.mm ကနေ စီစဉ်ထားပါတယ်။
မြန်မာပြည်၏အခမဲ့ကြော်ငြာစုံ ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ads.com.mm ကနေ မိုးရာသီ ပရိုမိုးရှင်းအဖြစ် ၀က်ဘ်ဆိုဒ်သုံးစွဲသူတွေကို ကံစမ်းမဲအစီအစဉ်လေးတစ်ခုနဲ့အတူ ရေစိုခံ Giordano ကျောပိုးအိတ်တွေကို လက်ဆောင်ပေးအပ်သွားဖို့ရှိပါတယ်

ads.com.mm ကို အသုံးပြုကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိုးရာသီ မိုးရေစိုစိုထဲမှာ အဆင်ပြေပြေနဲ့ ကျောင်းသွား ရုံးတက်နိုင်ဖို့ ငွေကျပ် ၃၈ဝဝဝ တန် Giordano ကျောပိုးအိတ်လေးတွေကို ကံစမ်းမဲအစီအစဉ်လေးတစ်ခုနဲ့အတူ ပေးအပ်သွားမှာဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဉ်ဆိုပေမယ့် ခက်ခက်ခဲခဲအဆင့်တွေမရှိပါဘူး။ ဖုန်းတစ်လုံးနဲ့ အင်တာနက်လိုင်းရှိရုံနဲ့ မည်သူမဆို ပါဝင်ကံစမ်းနိုင်ပါတယ်။ ကံစမ်းမဲအစီအစဉ်လေးကတော့ -

Ads.com.mm ၀က်ဘ်ဆိုဒ်မှာ ads logo ပါတဲ့ Giordano ကျောပိုးအိတ်ပုံလေးကို ကြော်ငြာအဖြစ်နဲ့ တင်ပေးထားပြီး အဲဒီကြော်ငြာကို လိုက်လံရှာဖွေပြီး တွေ့ရှိသူတွေထဲက (၅) ဦးကို မဲနှိုက်ရွေးချယ်ပြီး Giordano ကျောပိုးအိတ် (၅) လုံးပေးသွားမှာ ဖြစ်ပါတယ်။

ကံစမ်းမဲ စည်းမျဉ်းစည်းကမ်းတွေကတော့ -
(၁) ads.com.mm ရဲ့ ဖေ့စ်ဘွတ်မှာတင်ထားတဲ့ ကံစမ်းမဲပို့စ်ကို public နဲ့ share ပြီး share ထားတဲ့ screenshot ကို ကံစမ်းမဲပို့စ်အောက်မှာ ကွန်မန့်မန့်ပေးပါ။
(၂) ads logo ပါတဲ့ Giordano အိတ်ပုံနဲ့ ကြော်ငြာကို ads.com.mm ရဲ့ website ပေါ်မှာ လိုက်လံရှာဖွေပါ။
(၃) ရှာတွေ့ပါက ကြော်ငြာကို screenshot ရိုက်ပြီး ads.com.mm ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက message box ကို ပို့ပေးလိုက်ရင် ရပါပြီ။

ကံထူးရှင် (၅) ယောက်ကိုတော့ မဲနှိုက်ရွေးချယ်ပြီး ဇူလိုင် (၁၄) ရက်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ် အသေးစိတ်ကိုads.com.mm ရဲ့ facebook စာမျက်နှာ https://www.facebook.com/ads.com.mm/?ref=br_rs မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ads.com.mm သည် အွန်လိုင်းကြော်ငြာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး လက်ရှိမြန်မာပြည်တွင်း လစဉ် ၀င်ရောက်ကြည့်ရှုသူပေါင်း ၁ သိန်းကျော်ရှိပြီး နေ့စဉ်ဝင်ရောက်ကြည့်ရှုရောင်းချ၊ ၀ယ်ယူသူပေါင်း ၆ ထောင်ကျော် ရှိပါတယ်။

No comments: