Saturday, June 17, 2017

တက္ကသိုလ်ဝင်တန်း မအောင်သူတွေအတွက်


တက္ကသိုလ်ဝင်တန်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်
အောင်ချက် ဇယား
ဒီနှစ် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်လာတော့ စာရင်းဇယားအရ ဖြေဆိုသူ ၇၁၅၁၈၈ ဦးမှာ ၂၄၂၇၃၆ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၃.၈၉ ရာခိုင်နှုန်း ရှိသတဲ့။

ကဲ ဖြေတဲ့သူ ၇သိန်းကျော်မှာ အောင်တဲ့သူက ၂သိန်းခွဲ မပြည့်ဘူး။

အောင်သူနဲ့ မအောင်သူ

မအောင်သူတွေ ပိုများပါတယ်။

ဒီတော့ဗျာ အောင်သူတွေအတွက် တက္ကသိုလ်တွေ ဆောင်ရွက်ပေးထားကြသလို

မအောင်သူတွေအတွက် ပြန်လည် စာမေးပွဲ ဖြေဆိုဖို့
ကျောင်းပြန်မတက်သူများအတွက် သက်မွေးဝမ်းကြောင်းပညာ သင်ကြားနိုင်ဖို့ ဒါတွေ အလေးပေး ဆောင်ရွက်ကြရမယ်လို့ ယုံကြည်ပါတယ်။

ဒီနေ့ မအောင်မြင်ခဲ့သူတွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက စာမေးပွဲ ပြန်ဖြေကြမလဲ။
ကျောင်းပြန်တက်ကြမလဲ။


စာမေးပွဲဖြေဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ကြိုးစားအားထုတ်ရသလို မိဘတွေအတွက်လည်း အချိန်တွေ၊ ငွေတွေ အများကြီး ဖြည့်ဆည်းခဲ့ရတာပါ။

အခုလို မအောင်မြင်ခဲ့ရင် နောက်တစ်နှစ် ပြန်ဖြေဖို့ ခက်ခဲကြတဲ့သူတွေ အများကြီး ဖြစ်လာမှာပါ။

ပညာရေးဟာ နိုင်ငံ့အတွက် အရေးကြီးပါတယ်။

တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများအတွက် ပိုမိုအဆင်ပြေတဲ့ ပညာသင်ကြားမှုစနစ်တွေ အမြန်ပေါ်ထွက်လာပါစေကြောင်း ဆုတောင်းရပါတယ်။




၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ
 ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်
 အောက်ချက်နှင့်ဂုဏ်ထူးဦးရေပြဇယား


သိပ္ပံဘာသာတွဲ Top 10
ဝိပ္ပံဘာသာတွဲ Top 10
ဝိဇ္ဇာဘာသာတွဲ Top 10

No comments: