Friday, May 25, 2007

ပြည်နယ်နှင့်တိုင်းအမျိုးသမီးဘောလုံးပြိုင်ပွဲ

ကနေ့ ညနေ ၄နာရီက ဗထူးကွင်းမှာ ရန်ကုန်တိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် မန္တလေးတိုင်း အမျိုးသမီးဘောလုံးအသင်းတို့
ပြည်နယ်နှင့်တိုင်း အမျိုးသမီးဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြပါတယ် . . .

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ကြပါတယ် . . .

ဒုတိယပိုင်းစလို့ ၅မိနစ်လောက်မှာပဲ ရန်ကုန်တိုင်းအသင်းက ပထမနှင့်အနိုင်ဂိုးသွင်းယူပြီး
ပထမဒိုင်းဆုကြီးကို ရန်ကုန်သယ်သွားခဲ့ပါတယ် .. .


မန္တလေးတိုင်းကတော့ အသန့်ရှင်းဆုံးအသင်းဆုနဲ့သာ ကျေနပ်ခဲ့ရပါတော့တယ် . . .

မန်းပရိသတ်ရဲ့ ရင်ထဲမှာတော့ . . ..
ဒေသစွဲကြီးတယ်ပြောပြော
ခြေချင်း ဘယ်လိုကွာကွာ မန်းအသင်းကို နိုင်စေချင်တာ သဘာဝပါပဲ . . .

ရင်ထဲတော့ ဖြေကြရတာပေါ့လေ . .
ရန်ကုန်အသင်းက လက်ရွေးစင်အသင်း အားကစားသမားတွေပါတယ်လို့ပေါ့ . . .

ဘာပြောပြော နိုင်သူရဲ့ အပျော် . ..
ရှုံးနိမ့်သူရဲ့ ခံစားချက်ကတော့ . . . .

No comments: