Friday, May 18, 2007

စိတ္တသုခ လူငယ်များရဲ့အလှူ

စိတ္တသုခ လူငယ်များဆိုတာ မန္တလေးက ကူညီလှူဒါန်းချင်စိတ် တိုင်ဆိုင်သူလူငယ်များ စုထားတဲ့အဖွဲ့လေးပါ . . .
အဓိက စတင်လုပ်တာကတော့ အောင်တော်မူဘုရားမှာ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်တာကနေ စတင်ခဲ့တာပါ။
ဆီမီးပူဇော်ကြရင်း သူငယ်ချင်းတစ်စုက အလှူတစ်ခုလောက် စုစုလုပ်ကြဖို့ တိုင်ပင်ပါတယ် . . .
သူငယ်ချင်းတွေစုပြီး ပထမအကြိမ် ရေနံ့သာကျေးရွာကို သွားရောက်လှူဒါန်းခဲ့ပါတယ် . .
အဲဒီကအပြန် အဲလိုပဲ ထပ်လှူကြရအောင်ဆိုပြီ တိုင်ပင်ကြပါတယ် . . .
ဒါနဲ့ ခြောက်လ တစ်ကြိမ်လှူမယ်ဆိုပြီး သတ်မှတ်ကြပါတယ် . . လစဉ်ကြေးအဖြစ် တစ်လ တစ်ထောင်စုမယ် . . .
ခြောက်လပြည့်တော့ ခြောက်ထောင်ရမယ် . . .
အားလုံးစုပြီးတော့ တစ်လတစ်ခါ ဘဏ်မှာ အပ်မယ်ပေါ့ . . .
ပြီးတော့ မှ လှူမယ့်နေရာမှာ သွားလှူမယ်ပေါ့ဗျာ
ဒုတိယအကြိမ်အဖြစ် ပြင်ဦးလွင်က ဆရာတော်ဦးဥေ ယျရဲ့ မျက်မမြင်စာသင်ကျောင်းနဲ့ ဘိုးဘွားရိပ်သာကို လှူကြပါတယ် . .
တတိယအကြိမ်အဖြစ် ပြင်ဦးလွင် အနီးစခန်းက ဒိုးပင်အောင်ကံသာ ပရဟိတ ဘုန်းတော်ကြီးကျောင်းကို လှူဒါန်းခဲ့ပါတယ် . .
အခု လေးကြိမ်မြောက် စစ်ကိုင်းမြို့ မြရတနာရပ်က အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းကိုပါ .. .
သွားလှူမယ့်နေ့က ဇွန် ၁၄ရက် . .

လှူမယ်ဆိုရင်
Compu-Care Computer Center
ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းရေးနှင့်သင်တန်း
ကိုဘဦး+မသီတာအောင်
၃၄လမ်း၊ ၈၅လမ်းနှင့်၈၆လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့။
ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် . . .

ကျွန်တော့်ရဲ့ မေးလ်က mailto:uhteik@gmail.com မေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်ဗျာ ။ ။ ။
စိတ္တသုခ ပရဟိတလူငယ်များရဲ့ မေးလ်က cittasukha@gmail.com ပါဗျာ ။ ။



No comments: