Friday, May 11, 2007

သတင်းတို သတင်းစု

ဒီကနေ့ ပုဂံတို့ လိပ်ဆံခွန်တို့ အကြောင်း မတင်ခင် သတင်းတို သတင်းစုလေးတွေ အရင် ပေးဦးမယ်ဗျာ . . .

ရတနာပုံတက္ကသိုလ် ဘွဲ့နှင်းသဘင်

၂၀၀၅-၂၀၀၆ ပညာသင်နှစ်အတွက်

ရတနာပုံတက္ကသိုလ်၊ လားရှိုးဒီကရီကောလိပ်၊ မြင်းခြံဒီကရီကောလိပ်တို့ကနေ ဘွဲ့လျှောက်ထားပြီးသူများကို

၁၈-၅-၂၀၀၇ကနေ ၂၇-၅-၂၀၀၇ အထိ ဘွဲ့အပ်နှင်းမယ်လို့ သိရပါတယ် . .


အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းက ဒုတိယအကြိမ် အာစရိယပူဇော်ပွဲ

၁၉၉၅ကနေ ၂၀၀၄ ခုနှစ်အထိ ဆယ်တန်းအောင်မြင်ခဲ့ကြတဲ့ သူတွေ စုစည်းပြီးလုပ်တဲ့ အာစရိယပူဇော်ပွဲပါတဲ့

လုပ်အားဒါန၊ ငွေကြေးဒါန လုပ်လိုသူတွေကို ဖိတ်ခေါ်ထားပါတယ် . . .

ဆက်သွယ်မယ်ဆိုရင် ထွန်းမြင့်အောင် ၀၉-၂၀၁၁၄၅၇၊ ဇော်ဇော်အောင် ၀၉-၅၁၂၉၁၇၁၊ ခိုင်ခိုင်စိုး ၀၂-၆၃၃၅၅

မှာ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဗျာ . . .ရတနာပုံသတင်းစာက တွေ့ခဲ့တဲ့ ကြော်ငြာက ကောက်နှုတ်ဖော်ပြတာပါ . . .


နောက်

ဈေးချိုနားက မန်းမြန်မာဈေချိုပလာဇာမှာ ဖွင့်ပွဲအထိမ်းအမှတ် ဈေးပွဲတော်လုပ်ပါမယ် . . .

အားလုံး ၂၅ထပ်ဆောက်မှာ အခု ခြောက်ထပ်ပြီးသွားပါပြီ . . .

၂၅-၅-၂၀၀၇ ကနေ ၂၉-၅-၂၀၀၇ ထိ ဈေးပွဲတော်လုပ်မှာပါ . . .

ဆိုင်ခန်းတွေ ခေါ်နေပါတယ် . . .
ကနေ့ မနက်က ရိုက်လာတာပါ . . .



No comments: