ယနေ့ မန္တလေးမှာ ခေတ်အစားဆုံးအကြောင်းအရာကတော့ ဆက်သွယ်ရေးဂြိုလ်တုစလောင်းများ အကြောင်းပါပဲ
စလောင်းများကို အခွန်ကောက်ရာမှာ ဆယ်သိန်းကောက်မယ်ဆိုတဲ့ သတင်းများပျံ့နှံ့နေပါတယ်
သက်ဆိုင်ရာဌာနကို စုံစမ်းကြည့်တော့ ဘာသတင်းမှ မရသေးပါဘူး
ဒါပေမယ့် တစ်မြို့လုံးနီးပါကတော့ စလောင်းများဖြုတ်နေကြပါတယ်။
တစ်ချို့ လက်ဖက်ရည်ဆိုင်များကတော့ မဖြုတ်ဘဲနေကြပါတယ်။
ညပိုင်း ဘောလုံးပွဲကြည့်ဖို့နဲ့
နေ့ပိုင်း ၂လုံးသမားများကတော့ လောလောဆယ်ဆယ်ဒုက္ခရောက်နေကြလေရဲ့
ဘာဖြစ်ဖြစ် စလောင်းများ အခွန်တိုးမြှင့်တယ်ဆိုတာကတော့ တော်တော်ဟော့တဲ့သတင်းပဲဗျို့ . .
စလောင်းများအတွက် နောက်ဆုံးသတင်းကတော့
ယခုလကုန်တွင် ထပ်မံရောက်လာမည့် ညွှန်ကြားချက်ကို စောင့်နေကြောင်းနဲ့ ယခုလောလောဆယ်ဆယ် သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း လုံးဝ လက်မခံဘူးဆိုတာကို သက်ဆိုင်ရာရုံးကို ရောက်ရှိခဲ့သူတစ်ဦးက ပြန်ပြောတာ ကြားခဲ့ရပါတယ်။ လက်ရှိကတော့ မည်သို့ အရေးယူဆောင်ရွက်ခြင်းမျှ ရှိမည်မဟုတ်ဘဲ လကုန်ပြီးမှ သာ တိုးမည်၊ မတိုးမည်၊ မည်မျှ တိုးကောက်မယ်ဆိုတာ သိရမှာဖြစ်တယ်.
စလောင်းတပ်ဆင်သူများကတော့ စောင့်ကြည့်လိုသာ နေဖိုလိုပါတယ် . .
လောလောဆယ်ဆယ်ဖြုတ်ထားရင်တော့ မကြည့်ရပဲနေပါလိမ့်မယ် . . .
မဖြုတ်ရသေးရင် စောင့်ကြည့်လိုက်ပါဦး . . . .
ကနေ့ သိရတာပြောတာနော်
နောက်နေ့ နောက်တစ်မျိုးပြောင်းရင်တော့ မသိပါဗျာ . . .
သတင်းပုလင်းသာ နားစွင့်လို့ထားဗျို့
No comments:
Post a Comment