ဧရာဝတီကမ်းဘေးမှာ သဲအိတ်တွေချ ၊ မြေကားတွေနဲ့ နေ့ည မနားဘဲ ဆောင်ရွက်ခဲ့လို့
ဧရာဝတီရေကို အနိုင်ရခဲ့ပါတယ် . .. .
အဲဒီအကျိုးဆက်ကို ကြည့်ပြီး မန္တလေးရဲ့ တာရိုးသဖွယ်ဖြစ်သွားတဲ့ မြို့ပတ်ကမ်းနားလမ်းကို
ကျောက်ရိုးစီ တာဘောင်နဲ့ ကာလိုက်တဲ့ အကျိုးကို ယနေ့ ခံစားနေရပါတယ် . . .
မန္တလေး ကျွဲစွန်းကနေ အထက်ဘက်ကို တက်တဲ့အခါမှာ တွေ့ရတဲ့ ကမ်းနားလမ်းက တာရိုးကြီး ဖြစ်နေပါတယ် .
အခု တာရိုးရဲ့ အခြေခံ မြုပ်နေပါပြီ ရေပြင်ကြီးက တာရိုးရဲ့ အုတ်ဘောင်ကို အချို့နေရာမှာ ကျော်နေပါတယ် . .
ဒါပေမယ့် အထဲက မြေသားက တစ်ပေကျော်ကွာနေပါသေးတယ် . . .
ဒါက ကျွန်တော်ကြည့်ခဲ့တဲ့ အပိုင်းတွေမှာပါ . . .
ဓာတ်ပုံများလဲ ရိုက်ခဲ့ပါတယ် . .
အခု အခြေအနေက အေးအေးဆေးဆေးဖြစ်နိုင်သလို . . .
တကယ်လို့သာ . ..
အကယ်လို့များ . . .
အင်း . . ..
သြော် ရတနာပုံတက္ကသိုလ် ရေ၀င်လို့ ပိတ်ထားတယ်ဆိုပဲ . . .
တောင်သမန် ရေပြည့်နေတာကြည့်ဖို့ပါ http://sayaba.blogspot.com/
ကျွဲစွန်းကနေ တောင်ဘက်ခြမ်း
ကျွဲစွန်းကနေ ကြည့်လိုက်သော်
ကျွဲစွန်းက ကမ်းဘေး
ကျွဲစွန်းထိပ်မှာ
ကျွဲစွန်းမှ မြောက်ဘက်ခြမ်း
အလယ်ကျွန်းအနေအထား
ကျွဲစွန်းမြောက်ဘက် တချို့နေရာမှာ
ရေကင်းက အရင်နှစ်က လမ်းသားနဲ့ အမြင့်တူပါ
အခု ရေ၀င်နေပါတယ်
No comments:
Post a Comment