Friday, July 13, 2007

ကာတွန်းထဲက လူကြီးနဲ့တွေ့ခြင်း

ကာတွန်းထဲမှာ ကတုံးနဲ့ နှုတ်ခမ်းမွှေးနဲ့ သရုပ်ဆောင်ထားတဲ့ အောက်တိုဘာအောင်ကြီးဆိုတဲ့ လူကြီးနဲ့ တွေ့ပါတယ် . .

မနေ့ မနက်ပိုင်းက ကျွန်တော်ဆီရောက်လာပါတယ် . .

မျက်နှာမှာ ချိုတဲ့အပြုံးနဲ့ နှုတ်ခမ်းမွှေးကားကားအောက်မှာ တွေ့လိုက်ရပါတယ် . . .


ဒီကနေ့ ၇၃လမ်း၊ ၂၇လမ်းက ၀င်းဝင်းမှာ ထပ်ဆုံဖြစ်ပါတယ် . .

ဟိုအကြောင်း ဒီအကြောင်း ပြောကြရင်း ပေါ့ . . .


ကိုအောင်ကြီးနဲ့ ခင်ရတာကတော့ ဆရာဘကြောင့်ပါ . . .

ရန်ကုန်သွားမှာနှစ်ခါ - မန်းမှာ ဒီတစ်ခေါက်နဲ့ဆို နှစ်ခါပေါ့ . .

ဒါပေမယ့် ရင်းနှီးလို့နေပါတော့တယ် . .

ကိုအောင်ကြီး မန်းရောက်တုံးမှာ အမှတ်တရ လက်ရာတွေကို ယူထားဖို့ စီစဉ်ထားပါတယ် . . .

နောက်နေ့ သူပြန်ရင် စကင်ဖတ်လို့ တင်ပေးပါဦးမယ် . .

အခုတော့ အောက်တိုဘာအောင်ကြီးဆိုတဲ့ . . . .ခင်မင်စရာကောင်းသော လုံးချင်းလိုင်းဘက်ကို ပြောင်းနေတယ်ဆိုသော လူကြီးပုံကိုပဲ . . . .

No comments: