ရတနာပုံတက္ကသိုလ် မြန်မာစာမိသားစု ပထမအကြိမ်အာစရိယပူဇော်ပွဲကို ကျင်းပမယ်လို့ သိရပါတယ် . .
အငြိမ်းစားယူပြီးသော မြန်မာစာ ဆရာကြီး သုံးဦးကို ကန်တော့မှာ ဖြစ်ပါတယ်
ဦးဝင်းမောင် ပါမောက္ခချုပ်(ငြိမ်း)
ဦးမိုးရည် ပါမောက္ခ(ငြိမ်း)
ဦးစန်းနိုင် ပါမောက္ခ(ငြိမ်း)
တို့ကို အောက်ပါ အစီအစဉ်အတိုင်း ကန်တော့မှာ ဖြစ်ပါတယ် . . .
ကျင်းပမည့်ရက် ၂၀-၁၀-၂၀၀၇ စနေနေ့
ကျင်းပမည့်အချိန် နံနက် ၉နာရီ
ကျင်းပမည့်နေရာ ဓမ္မသာလာ ၊ ၃၁လမ်းx၈၄လမ်းထောင့်၊ မန္တလေး
အလှူငွေများကို ကျောင်းသားဟောင်းများဆီမှာ လှူဒါန်းနိုင်ပါတယ် . .
ဒါမှမဟုတ် ရတနာပုံတက္ကသိုလ်မြန်မာစာ ဌာနမှာ သွားရောက်ဆက်သွယ်နိုင်ပါတယ် . . .
ရတနာပုံတက္ကသိုလ် မြန်မာစာဌာနမှာ ပညာသင်ကြားခဲ့တဲ့ မြန်မာစာ ကျောင်းသားများအားလုံး ပါဝင်ဆင်နွဲကြပါလို့ နှိုးဆော်လိုက်ရပါတယ်ဗျာ . . .
Tuesday, July 31, 2007
Monday, July 30, 2007
မန္တလေးရဲ့ ၀ါဆိုလပြည့်ကျော် ၁ရက် ၀ါဆိုပွဲတော်
မန္တလေးမှာ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ သံဃာတော်များ ၀ါဆိုတော်မူကြပါတယ် . .
အဲလို ၀ါဆိုတော်မူမယ့် သံဃာတော်များအတွက် ၀ါဆိုရန် ၀ါဆိုပန်းအလို့ငှာ
ဒါယကာ၊ ဒါယိကာမများက ၀ါဆိုပန်းများ ဆက်ကပ်လှူဒါန်းကြပါတယ် . .
မန္တလေး တောင်ပြင်နဲ့ ဘုရားကြီးတစ်ဝိုက်က ဆရာတော်များကတော့ . .
ဒီလို ၀ါဆိုပန်းကပ်သူများ၊ တစ်နှစ်ပတ်လုံး ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းတဲ့ ဒကာများကို
ပြန်လည်လို့ ဧည့်ခံကျွေးမွေးကြပါတယ် . .
တတ်နိုင်သမျှ ကြာဆံဟင်း၊ မုန့်ဟင်းခါး . . .
တတ်နိုင်သလိုပေါ့ဗျာ . . ဘုန်းဘုန်းများက ပြန်လည်လို့ ဧည့်ခံကြပါတယ် . .
အစဉ်အလာလဲ ဖြစ်နေကြပါတယ် . . .
ဒီတော့ ကနေ့ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့မှာ . . . ဘုန်းကြီးကျောင်းကို ၀ါဆိုပန်းနဲ့အတူ ကြွလှမ်းမယ်ဆိုရင်တော့
ကုသိုလ်လဲရ ၀မ်းလဲ ၀မှာ သေချာတယ်ဗျို့ . . .
ဘုရားကြီးဘက်ကတော့ မနက်ပိုင်းက စကျွေးတယ်ဗျ . .
တောင်ပြင်ပိုင်းကတော့ ညနေပိုင်း စကျွေးတယ်ဗျာ . . .
မသိလိုက်လို့ မသွားလိုက်ရဘူး မရှိရအောင် . . .
ပြောပြလိုက်တာနော် . . .
မန္တလေးရဲ့ ချစ်စရာဓလေ့လေးပေါ့ဗျာ . . .

မန္တလေးမှာ ၀ါဆိုလပြည့်နေ့ အလွန်စည်ကား

ဒီကနေ့ မနက်ပိုင်းက ၀ါဆိုသင်္ကန်းကပ် ဆွမ်းကျွေးတစ်ခုကို သွားပြီးနောက်
စကိုင်ဝေါ့ ကိုရောက်ခဲ့ပါတယ် . .
ကနေ့ ၀ါဆိုလပြည့် ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့ ဆုံတော့
အားတဲ့သူတွေ များပါတယ် . .
လူတော်တော်များများကို လာကြပါတယ် . .

ညနေပိုင်း ၇၈ကို ရောက်တော့ ရှိုးပွဲရှိတော့ လူတွေ ကြိတ်ကြိတ်တိုး . .
အောင်တော်မူဘုရားရောက်တော့လည်း ဘုရားဖူးတွေ အများအပြား . ..
မန္တလေးမြို့တခွင်

Sunday, July 29, 2007
ဝါဆိုလပြည့်နေ့
ဒီကနေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ် . .
ဝါဆိုလပြည့်နေ့ မှာ နံနက် ထပြီးဘုရားသွားမယ်လို့ စဉ်းစားပြီး အိပ်ခဲ့သော်လည်း . . .
မနက် ၇နာရီအကျော် အိမ်ရှေ့ ဗုံတောင်သံကြားမှ နိုးလာပါတော့တယ် . .
ဗုံတောင်ဆိုတာက ဥပုသ်နေ့ နံနက်ပိုင်း ဆွမ်းတော်ခံထွက်ရင် တီးကြတာကိုပါ . .
အဲလိုတီးတာကို ဓာတ်ပုံရိုက်ချင်တာနဲက အိပ်ရာထ . . .ပြေးလိုက်ပါတယ် . .
မမီလိုက်တော့ ပါ . . .
ဒါပေမယ့်
ညနေပိုင်းမှာတော့ သူငယ်ချင်းအိမ်ရှေ့မှာ ဗုံတောင်နဲ့ ညနေပိုင်း အလှူခံထွက်တာတွေ့တော့မှ ကျေနပ်လိုက်ရတော့တယ် . . .
ဘလော့သင်နေကြတာ စည်စည်ကားကား
Saturday, July 28, 2007
ဘလော့ရေးနည်းသင်ကြမယ်
Wednesday, July 25, 2007
မန္တလေးရဲ့ ၀ါဆိုတေးသံ ကြားရပြီ

ဒီကနေ့ဟာ ဒုတိယ၀ါဆိုလဆန်း ၈ရက် ဥပုသ်နေ့ပါ . .
မကြာခင် နောက်တစ်ပတ်ဆို ၀ါဝင်ပါပြီ . .
မန္တလေးမှာ ၀ါတွင်းဆိုလျှင် ရပ်ကွက်အလိုက် ဓမ္မာရုံအလိုက် ဥပုသ်နေ့မှာ ဆွမ်းလောင်းလှူဖို့ အလှူခံထွက်ကြလေ့ရှိပါတယ် . .
ဟိုတုန်းကတော့ ဗျော၊ ဗုံတောင် ပေါ့ဗျာ
အဖွဲ့လိုက် တူညီဝတ်စုံဝတ်လို့ အလှူခံကြတာပေါ့ . တေးသံနဲ့ဆိုတော့ လှူတဲ့လူလဲ စိတ်ချမ်းသာပေါ့ . .
သီချင်းတောင်းရင်း အလှူငွေ လှူနိုင်တာပေါ့ . .
အခုတော့ ဗျော၊ ဗုံတောင် ရှားနေပြီဗျ . .
တီးဝိုင်းတစ်ဝိုင်းစာမဟုတ်ပေမဲ့ ကီးဘုတ်၊ ခြောက်လုံးဗုံ၊ အုပ်စုံ(ဒိုး)နဲ့ အသံချဲ့စက် ၊ မီးစက်တင်ပြီး အလှူခံကြတယ်ဗျ . .
တစ်ချို့ကတော့ ကာရာအိုကေစက်တင်ပြီး တီဗီအသေးလေးနဲ့ အလှူခံတယ် . .
တစ်ချို့တော့ ရှေးရိုးလိုပဲ ဗျောတီး၊ ဗုံတိုတီးလို့ အလှူခံတယ် . .
တစ်ချို့က ဆင်ကနဲ့ အလှူခံတယ် . . .
တစ်ချို့က အရုပ်ကြီးတွေ နဲ့ အလှူခံတယ် . . .
ဘယ်လိုပဲ အလှူခံခံ ၀ါတွင်းရောက်ရင်ဖြင့် တေးသံများက မန်းတစ်မြို့လုံးလွှမ်းလို့ ရှိနေပါတော့တယ် . . .

အဲဒီနေ့ကထဲက တင်ဖို့ပါ . .. တင်မလို့လုပ်စဉ်မှာ ကွန်နက်ရှင် ပျက်သွားလို့ ဒီနေ့မှပဲတင်ရတော့တယ် . . .
လွယ်ကူသက်သာခဲ့သော ယနေ့ခေတ်ရဲ့ ဆွမ်းအချိုပွဲ
အခု တနင်္ဂနွေနေ့က အိမ်မှာ ဘုရားအနေကဇာတင်၊ ၀ါဆိုသင်္ကန်းကပ် လုပ်ခဲ့ပါတယ် . .
အိမ်ကတော့ ဆွမ်း၊ ဆွမ်းဟင်းချက်ကြပါတယ် . .
ကျွန်တော်ကို အချိုပွဲတာဝန်ယူခိုင်းပါတယ် . .
ဒါနဲ့ကျွန်တော်လည်းစဉ်းစားတယ် . . အသီးတွေ ၀ယ်ပြီး လှီးရရင် မလွယ်ဘူး . . .
နောက် ကျွန်တော်လည်း မလုပ်တတ် . ..
ဒါနဲ့ စကိုင်းဝေါ့ ကိုပြေး . . . အော့ရိန့်မှာ ၀င်ပြီး သစ်သီးတွေကို ခွဲပြီး ပြန်ရောင်းတာတွေကို တစ်မျိုး ၂ခုစီဝယ် . .
ယိုးဒယားအချိုပွဲအဖြစ်လုပ်ထားတဲ့ အချိုပွဲဗူးလေးတွေကို ၀ယ် . .
လက်ဖက်ကတော့ ညကတည်းက ၃၄လမ်း ညဈေးက ၀ယ်ပြီးပြီ . .
ကဲ ၁၁ ထိုးတော့ ဘုန်းဘုန်းတွေကြွရော . .
ကျွန်တော့ အချိုပွဲက အသင့်ဖြစ်နေပါရောဗျာ . . .
ကဲ ဘုန်းဘုန်းတွေ ဆွမ်းကပ်ဖို့ အခက်အခဲ မရှိတော့ဘူးပေါ့ . . .
အဲလိုမျိုး အလွယ်တကူ ၀ယ်လို့ရတာ ကျွန်တော်လို မ၀ယ်တတ်၊ မလုပ်တတ်သူများအတွက် အကောင်းဆုံးပေါ့ဗျာ . . .
အဲဒီမှာ ချဉ်ရည်ဟင်းတို့ မာလာဟင်းတို့လဲ ရှိတယ်ဗျ . . .
ကျွန်တော် အဆင်ပြေခဲ့တာလေးကို ပြောပြတာပါ . . . သူငယ်ချင်းတို့လဲ . . လိုအပ်မယ်ဆို . . .
အသင့်ရှိတဲ့ နေရာလေးတွေ သိအောင်လုပ်ထားကြပေါ့ဗျာ . . .

ဝမ်းနည်းမှတ်တမ်း
စိတ္တသုခလူငယ်များအနေဖြင့် ကျွန်တော်နဲ့အတူ ပါဝင်လှုပ်ရှားဆောင်ရွက်နေသော ကိုဇော်လတ်တို့ မိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပါတယ် . . .
ကိုဇော်လတ်၏မိခင် အထက(၁၆)မှ ဆရာမဖြစ်တဲ့ ဒေါ်ခင်ရည် (အသက်-၆၀)နှစ်သည် ၂၄-၇-၂၀၀၇ရက်နေ့ မွန်းလွဲပိုင်းမှာ ကွယ်လွန်သွားပါတယ် . . .
ကနေ့ နံနက် ၁၀နာရီက ကြာနီကန်သုသာန်သို့ ပို့ဆောင် သဂြိ င်္ုဟ်ခဲ့ပါတယ် . . .
စိတ္တသုခ လူငယ်များအနေဖြင့် တတ်အားသမျှ ပါဝင်ဆောင်ရွက်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ် . .
စိတ္တသုခတို့ရဲ့ နာမှုကူညီမှုအတွက် စိတ္တသုခလူငယ်များကို ကျန်ရစ်သူမိသားစုကိုယ်စား ကျေးဇူးတင်ကြောင်းနှင့်
ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲမိပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ် . . . .ဗျာ . .

Sunday, July 22, 2007
ဘလော့ကာတွေ အတွက် သတင်းကောင်း

အယ်လဖာက ကိုရဲမြတ်သူနဲ့ စကားပြောဖြစ်ပါတယ် . . .
ကျွန်တော်က မေးကြည့်တာပါ . .
အယ်လဖာဇော်ဂျီဖောင့်ကို ဘလော့တွေမှာ သုံးတဲ့အတွက် ဘယ်လိုလဲလို့ပါ . .
ကိုရဲက လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ကြောင်းနဲ့ စီးပွားရေးအရသုံးသုံး
ကိုယ်ပိုင်ဘလော့မှာ သုံးသုံး
ခွင့်ပြုကြောင်း . . .
ပြောကြားခဲ့ပါတယ်ခင်ဗျာ . . .
မကြာခင်မှာလဲ အယ်လဖာဇော်ဂျီဖောင့် အသစ် လာတော့မယ်လို့ ပြောကြားခဲ့ပါတယ် . . .
မန်းမှာ ကျင်းပတဲ့ ဘလော့ ဆွေးနွေးပွဲ
ဒီကနေ့ ၂၂ ရက် မွန်းလွဲ ၁နာရီက အမ်အိုင်စီတီကို ရောက်ခဲ့ပါတယ် . .
ဓာတ်လှေကားစောင့်စဉ်မှာပဲ ဆရာသင့်နော်ကိုတွေ့ရပါတယ် . .
နောက် ကိုသခင်ကြီး၊ ကိုမောင်လှ
သူတို့အတူတူ အပေါ်တက်လာပြီး အ၀င်မှာ လက်မှတ်ထိုး
မန္တလေးတိုင်းကွန်ပျူတာပညာရှင်များအသင်းရုံးရောက်တော့ မြလွှာက ဘလော့ကာရင်ထိုးတွေ ဝေပါတယ် . .
အဲဒီအချိန်မှာပဲ . . .
ရတနာတစ်ယောက် ပြေးထွက်လာပါတယ် . . .
ဒီကနေ့အတွက်လုပ်ထားတဲ့ ဘလော့ထဲ ၀င်မရလို့တဲ့ . . .
ဒါနဲ့ စက်ခန်းခဲဝင်ပြီး အားလုံး ကြိုးစားကြ
ဘလော့သစ်တင်ဖို့လုပ်ကြ . .
ရတနာလဲ စိတ်တထင့်ထင့်နဲ့ ဟောပြော . .
ဘလော့အသစ်လဲရပြီးရော
ပြောင်းလိုက်တဲ့ password လဲရရော . .
အားလုံးစိတ်အေးပြီး ပို့စ်တွေ တင်လိုက်ကြတာပေါ့ . .
ကြည့်ပါဦး အောက်က လင့်မှာ . . .
http://mdyblogshow.blogspot.com/
နောက်တော့ ဓာတ်ပုံတွေ တစ်ဖြတ်ဖြတ်နဲ့ရိုက်လိုက်ကြတာ . . .
လျှပ်ပြက်နေသလိုပဲ
အားလုံးသာ ဟောလို့ ပြောလို့ ပြီးသွားတယ် . .
ကျွန်တော်ကတော့ ဒီဖက်က စက်ခန်းထဲမှာတင် အချိန်ကုန်ရော . .
အားလုံးပြီးတော့ အောက်ဆင်းပြီး ဆရာဘရယ် ကျွန်တော်ရယ် ဆရာကိုရိုးကွန့်ရယ် မုန်းဆင်းစားပြီး
ပြန်တက်လာတော့
ဘလော့ကာတွေစုဓာတ်ပုံရိုက်ရအောင်တဲ့
မကျေနပ်စရာပါပဲ
ကျွန်တော်တို့ဓာတ်ပုံရိုက်တာ ကောင်မလေးတွေ တစ်ယောက်မှ မပါ . .
အမျိုးသားသီးသန့် . .
အင်း
သန့်သန့်လေးလို့ ပြောရမလားပဲ . .
နောက်တော့ အိမ်ကိုပြန်လာ
အိုင်ဝေးဆိုက်ဘာကိုပြေး
ဒီပို့စ်ကိုတင် . . .
ဒီကနေ့ အားလုံးကို သေသေချာချာ မိတ်မဆက်လိုက်ရတာကလွဲရင် ကျေနပ်စရာပါ
ပျော်စရာ စိတ်လှုပ်ရှားစရာ နေ့တစ်နေ့ပါပဲ . . .

blog day မှာ ပြန်ဆုံကြမယ်ဗျာ
ဟောပြောသူ မရတနာချို
စာနယ်ဇင်းဆရာများ စိတ်ဝင်တစား လေ့လာကြစဉ်

Thursday, July 19, 2007
ဘလော့နဲ့ စီးပွားရေး
အင်တာနက်ကို အသုံးချရာမှာ အကြောင်းအမျိုးမျိုးနဲ့ အသုံးချကြပါတယ် . .
ရည်ရွယ်ချက်အမျိုးမျိုးပေါ့ . . .
အင်တာနက်ပေါ်မှာရရှိနိုင်တာကလည်း အမျိုးမျိုးပါပဲ . . .
ငွေကြေးပေးရတာရှိသလို့ . . အလကားရတာလဲ ရှိတာပါပဲ . . .
အင်တာနက်ကို သုံးကြရင် . . အီးမေးလ် အကောင့်တစ်ခုတော့ ရှိသင့်တာပေါ့ . .
အဲလို အီးမေးလ် အကောင့်တစ်ခုရှိရင် အင်တာနက်ပေါ်မှာ ကိုယ့်နေရာတစ်ခု ရှိတယ်ပေါ့ . . .
ဒါပေမယ့် ဘယ်သူက မှ မမြင်ရဘူး . . ကိုယ်နဲ့ ဆက်သွယ်သူတစ်ချို့ပဲ သိရတယ် . .
ဘလော့ဆိုတာကတော့ အင်တာနက်ပေါ်က အလကားရတဲ့ နေရာတစ်ခုလို့ ပြောရပါတယ် . . .
ဘလောကတော့ အားလုံးကို ကြည့်ခွင့် မြင်ခွင့်ပေးနိုင်တဲ့ အင်တာနက်ပေါ်က ကိုယ်ပိုင် နေရာတစ်ခု ပေါ့ . . .
အင်တာနက်ပေါ်မှာ စာမျက်နှာ တစ်ခု website တစ်ခုအနေနဲ့ တည်ရှိနေမှာပါ . .
အဲဒီအတွက် ဒိုမိန်းလို့ခေါ်တဲ့ လိပ်စာတစ်ခုလည်း ရဦးပါမယ် . . .
ကိုယ့်နာမည်အစစ်ကြီးတော့မဟုတ်ဘူးပေါ့ဗျာ . .
နောက်မှာ ဘလော့ကို ပြုလုပ်ခွင့်ပြုသူရဲ့ နာမည်ပါမယ်ပေါ့ . .
အများစုကတော့ ဘလော့စပေါ့ ပေါ့လေ . . .
တကယ်လို့ ဒိုမိန်းစစ်စစ်ရယူချင်လဲ ရတာပါပဲ . . .ဒါပေမယ့် ပိုက်ဆံကုန်ပါမယ် . . .
ဘလော့ကို စီးပွားရေးအနေနဲ့ မိမိကုန်ပစ္စည်း ကြော်ငြာမှုအတွက်လည်း အသုံးချလို့တော့ရပါမယ် . .
ကိုယ်ပိုင် နေရာတစ်ခု (ဒိုမိန်း)မယူဘဲ ဘလော့နဲ့ ကြေညာတော့လဲ ရတာပါပဲ . .
ဒါပေမယ့်
စီးပွားရေးအရ အသုံးချတော့မယ်ဆိုရင်တော့ စဉ်းစားစရာတွေရှိပါတယ် . . .
၁။ ဘလော့ကို အသုံးပြုခွင့်ပေးတဲ့ ကုမ္ပဏီက စီးပွားရေးအရ အသုံးချခွင့်ပြုပါသလား။
၂။ ဘလော့မှာ ထည့်သွင်းအသုံးပြုမည့် စာလုံးပုံစံများ၊ ဓာတ်ပုံများ၊ အချက်အလက်များကို သက်ဆိုင်သူများက စီးပွားရေးအရ အသုံးချခွင့်ပြုပါသလား။
စဉ်းစားစရာတွေပါ . . .
ဘလော့တစ်ခုမှာ ကြော်ငြာထည့်တာလဲ ငွေဝင်တဲ့ သဘောပါပဲ . .
ဘာပဲဖြစ်ဖြစ် ဘလော့ကို စီးပွားရေးအရ အသုံးချမယ်ဆိုရင်တော့ . . .
အားလုံးထည့်စဉ်းစားဖို့ပါပဲ . . .
နည်းပညာအရ ဘလော့နည်းပညာပြန့်ပွားခြင်းက ၀မ်းသာစရာပါပဲ . . .
ဒါပေမယ့် . . .

မန်းက ဘလော့ကာတွေနဲ့ . . .

ဒီကနေ့ ၂နာရီမှာ ကျွန်တော့်စီဘောက်စ်ထဲ ကိုဇော်မျိုးအောင် လာဖိတ်ထားလို့ အမ်အိုင်စီတီကို သွားခဲ့ပါတယ် . .
ကျွန်တော်နဲ့အတူ ဆရာဘကိုလဲ ဖုန်းဆက်ခေါ်ပြီး ၂ယောက်သွားကြတာပါ . .
ဟိုရောက်တော့ အုပ်စုလိုက်ကိုတော့ တွေ့တယ်ဗျ
သိတဲ့သူလဲ မပါတော့ အယ်လဖာကို ၀င်ပြီး ဝေ့နေကြတာ . .
နောက်တော့ မထူးပါဘူးဆိုပြီး သွားတွေ့လိုက်ကြတယ် . . .
အောက်က အမ်ဒိုးနတ်ကို ပြောင်းကြတယ်ဗျ . .
အဲဒီမှာတော့ မရတနာချိုက မိတ်ဆက်ပေးပါတယ် . .
တနင်္ဂနွေနေ့မှာ လုပ်မယ့် ဆွေးနွေးပွဲအကြောင်း ပြောပြပါတယ်
ကျွန်တော်တို့လဲ ဟိုပြောဒီပြောပေါ့ . . အကြံပေးတယ်ပဲ ပြောရမလား . .
မသိ . . နောက်တော့ ကျွန်တော်တို့လဲ ကော်ဖီနဲ့ ရေနွေးကြမ်းသောက်လို့ ပြန်ခဲ့ပါတယ် . . .
တနင်္ဂနွေနေ့တော့ ဆုံဖြစ်ကြမယ်ထင်ပါတယ် . . .
မြန်မာဘလော့ကာများ၊ မန်းသားဘလောကာများကို ဆုံချင်ပါတယ် . . .

အာဇာနည်ဆိုသည်မှာ
ဒီကနေ့ အာဇာနည်နေ့ပါ . . .
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ စွမ်းစွမ်းတမံ အသက်စွန့်ကြိုးပမ်းခဲ့တဲ့ မြန်မာ့သူရဲကောင်း ခေါင်းဆောင်များကို အောင့်မေ့သတိရစေခြင်းငှာ
ခေါင်းဆောင်ကြီးများရဲ့ ဆောင်ရွက်ချက်များကို မမေ့စေခြင်းငှာ
ခေါင်းဆောင်ကြီးများရဲ့ ကြိုးပမ်းမှုရလဒ် လွတ်လပ်ရေးကို မပျောက်ပျက်စေခြင်းငှာ
ဒီနေ့ ကို အာဇာနည်နေ့လို့ သတ်မှတ်ခဲ့တယ်လို့ ထင်ပါတယ် . . .
ဒီလိုဆိုရင် . . .
တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ရင်း ကွယ်လွန်ပြီးသော အာဇာနည်တွေ အများကြီးပါပဲ . . .
ဘာကြောင့် သူတို့က ပျောက်ကွယ်နေကြတာလဲ . . .
ကျွန်တော်တို့ မန္တလေးမှာ အာဇာနည် (၁၇)ဦးဆိုပြီး အထင်အရှားရှိနေပါတယ် . .
အင်္ဂလိပ်လက်အောက်မှာ ကြိုးစားခဲ့တဲ့ ဆန္ဒပြမှုတစ်ခုမှာ အင်္ဂလိပ်စစ်တပ်က ကျုံးအနောက်တောင်ဒေါင့်မှာ သေနတ်နဲ့ ပစ်လို့ ဘုန်းကြီး၊ ကျောင်းသား၊ အရပ်သား ၁၇ဦး ကျဆုံးခဲ့ရပါတယ် . .
ဒါကြောင့် ၂၆လမ်း ကို အာဇာနည်လမ်းလို့ သတ်မှတ်ခဲ့ပါတယ် . . .
ဒီလိုပဲ မြန်မာတစ်နိုင်ငံလုံးမှာ အာဇာနည်ခေါင်းဆောင်တွေ အများကြီးပါပဲ . . .
အာဇာနည်နေ့ကို ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့မှာ အမှတ်တရ သတ်မှတ်ထားပေမယ့်
မြန်မာ့လွတ်လပ်ရေးသမိုင်းက အားလုံးသော အာဇာနည်များကို သတိတရ အောင့်မေ့လွမ်းဆွတ် ဂုဏ်ပြု အမျှ ဝေကြရင် ကောင်းမယ်ထင်တယ် . . .
မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်၊ ကိုယ်ကျိုးစွန့်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအားလုံးအား ဦးညွတ်အလေးပြုရင်း ပြုသမျှ ကုသိုလ်များကို အမျှ ဝေလိုက်ပါတယ် . . .
အမျှ . . . အမျှ . . . အမျှ . . .
သာဓု . . သာဓု . . သာဓု

Monday, July 16, 2007
ကိုအောင်ကြီးရဲ့ အမှတ်တရ ကာတွန်း

အောက်တိုဘာအောင်ကြီးတစ်ယောက် မန်းမှာ ခဏနေသွားပေမယ့် တော်တော်လေးကို လုပ်ဆောင်မှုတွေ များခဲ့တဲ့ အခေါက်လို့ ပြောရမယ် . .
ကိုအောင်ကြီး ကာတွန်းတွေလဲ ဆွဲခဲ့တယ် . .
ကာတွန်းလည်းသင်ပေးတယ် . . .
ဟောပြောပွဲလည်း လုပ်ဖြစ်တယ် . .
မထင်မှတ်ဘဲ တော်တော်အလုပ်များသွားတယ် . . .
ကိုအောင်ကြီးဆွဲခဲ့တဲ့ ကာတွန်းပုံလေးပေါ့ . . .
ကျွန်တော်ရယ် ဆြာဘတို့ ဇနီးမောင်နှံရယ် . . .
ကိုအောင်ကြီးရယ်ပေါ့ . . .
Friday, July 13, 2007
ကာတွန်းထဲက လူကြီးနဲ့တွေ့ခြင်း
ကာတွန်းထဲမှာ ကတုံးနဲ့ နှုတ်ခမ်းမွှေးနဲ့ သရုပ်ဆောင်ထားတဲ့ အောက်တိုဘာအောင်ကြီးဆိုတဲ့ လူကြီးနဲ့ တွေ့ပါတယ် . .
မနေ့ မနက်ပိုင်းက ကျွန်တော်ဆီရောက်လာပါတယ် . .
မျက်နှာမှာ ချိုတဲ့အပြုံးနဲ့ နှုတ်ခမ်းမွှေးကားကားအောက်မှာ တွေ့လိုက်ရပါတယ် . . .
ဒီကနေ့ ၇၃လမ်း၊ ၂၇လမ်းက ၀င်းဝင်းမှာ ထပ်ဆုံဖြစ်ပါတယ် . .
ဟိုအကြောင်း ဒီအကြောင်း ပြောကြရင်း ပေါ့ . . .
ကိုအောင်ကြီးနဲ့ ခင်ရတာကတော့ ဆရာဘကြောင့်ပါ . . .
ရန်ကုန်သွားမှာနှစ်ခါ - မန်းမှာ ဒီတစ်ခေါက်နဲ့ဆို နှစ်ခါပေါ့ . .
ဒါပေမယ့် ရင်းနှီးလို့နေပါတော့တယ် . .
ကိုအောင်ကြီး မန်းရောက်တုံးမှာ အမှတ်တရ လက်ရာတွေကို ယူထားဖို့ စီစဉ်ထားပါတယ် . . .
နောက်နေ့ သူပြန်ရင် စကင်ဖတ်လို့ တင်ပေးပါဦးမယ် . .
အခုတော့ အောက်တိုဘာအောင်ကြီးဆိုတဲ့ . . . .ခင်မင်စရာကောင်းသော လုံးချင်းလိုင်းဘက်ကို ပြောင်းနေတယ်ဆိုသော လူကြီးပုံကိုပဲ . . . .
Thursday, July 12, 2007
အနုပညာကြယ်တစ်ပွင့် ကြွေလွင့်ပြီ
မနေ့ ညနေ ၆နာရီလောက်မှာ သတင်းတစ်ခု ရပါတယ် . . .
ဒွေး သေပြီတဲ့ . . .
ကျွန်တော်က ရန်ကုန်နဲ့ ဖုန်းပြောနေတော့ မေးကြည့်မိတယ် . . ဟုတ်လားပေါ့ . . .
မသိသေးဘူးတဲ့ သေချာရင် ဖုန်းပြန်ဆက်မယ်တဲ့ . . . .
ည ၉နာရီ . . .
ဖုန်းဝင်လာပါတယ် . . .
ဒွေးသေတာ မှန်ပါတယ်တဲ့ . . .
ဘာပြောပြော မြန်မာ့ အနုပညာသရုပ်ဆောင်များမှာ ဒွေးဟာ ရပ်တည်အား ကောင်းလှပါတယ် . . .
စရိုက်မျိုးစုံကို လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တာ တွေ့ရပါတယ် . . .
သဘာဝမင်းသားလို့ ပြောရပါမယ် . . ဇာတ်ဆောင်စရိုက်အားလုံးကို သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ် . . .
သေဆုံးချိန်မှာ အသက် ၄၂နှစ်ရှိပါပြီ . . .
ဇနီးနှင့်သားငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ် . .
အနုပညာသရုပ်ဆောင်ကောင်းတစ်ယောက် ဆုံးရှုံးရခြင်းအတွက် ၀မ်းနည်းမိပါကြောင်း . . .
အောက်က လင့်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်
ပေါ်ပြူလာမြန်မာကပါ . . .

Tuesday, July 10, 2007
အသက် ၃၀ ပြည့်ပါပြီ
ဒီကနေ့ ကျွန်တော် အသက် ၃၀ ပြည့်ပါပြီ . .
အသက် ၃၀ ပြည့် အမှတ်တရ ပို့စ် တင်မလို့ ပါ. . .
နောက် ရက်ကျမှ ဒီကနေ့ အကြောင်း ဒီနေရာမှာ လာတင်မယ်ဗျာ . . .

နိုင်ငံသားစိစစ်ရေးကတ်တွေလုပ်ပေးနေပြီ

နိုင်ငံသားစိစစ်ရေးကတ်တွေလုပ်ပေးနေပြီ လို့ ရပ်ကွက် ရယက ရုံးမှာ ကြေငြာထားပါတယ် . . .
ရပ်ကွက်ထဲကလူတွေက တော့ အမျိုးမျိုးပြောကြတယ်ဗျာ
ခက်တယ်၊ ရစ်တယ်၊ ဘာညာ၊ ဘာညာပေါ့ . . .
ဒါနဲ့ သေချာ သွားကြည့်ပါတယ် . . .
နိုင်ငံသားစိစစ်ရေးကတ်တွေလုပ်ပေးနေတာအမှန်ပါ
ဒါပေမယ့် စည်းကမ်းချက်တွေနဲ့ပေါ့
အဓိက စည်းကမ်းကတော့ နိုင်ငံသားဖြစ်ရမယ် . . သွေးမနှောသူဖြစ်ရမယ် . . .
လုပ်ပေးတာတွေက ၁၀နှစ်ပြည့်ရယ်၊ ၁၈နှစ်ပြည့်ရယ် . . .ပါ
ပျောက်ဆုံးခြင်းကို လက်ခံလုပ်ပေးမှာမဟုတ်ပါဘူးတဲ့ . . .
နိုင်ငံသားစိစစ်ရေးကတ်လုပ်မယ်ဆို
အဖေ၊ အမေမှာ မှတ်ပုံတင်ရှိရပါမယ် . .ပျောက်ဆုံးနေရင်မရပါဘူး . .
အဘိုး၊ အဘွား သက်ရှိထင်ရှားရှိမယ်ဆို မှတ်ပုံတင်ရှိရပါမယ် . . ပျောက်ဆုံးနေရင်မရပါဘူး . .
အဲဒီလို လိုအပ်ချက်တွေ ပြည့်စုံမယ်ဆိုရင်တော့ စီမံချက်နဲ့ ရပ်ကွက်ထဲ လိုက်လုပ်ပေးတဲ့အခါမှာ အဆင်ပြေချောမွေ့စွာရရှိမှာ ဖြစ်ပါတယ်တဲ့ . . . .
ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် သွားမေးကြည့်ထားတာပါ . . .
အဆင်ပြေကြပါစေဗျာ . . .
ကျွန်တော်မနေတတ်တော့ပါ
မန္တလေးမြို့မှာ အခုရက်ပိုင်း ၃ရက်လောက်ရှိပြီ မီးအချိန်ပြည့်လာနေပါတယ် . . .
အိမ်မှာနေရတာ တစ်ခုခုဖြစ်နေသလိုပါပဲ . . .
မီးကလာနေတော့ ဘာလုပ်ရမှန်းကို မသိဘူးဖြစ်နေတယ် . .
အိမ်ပတ်ဝန်းကျင်မှာလဲ အချိန်ပြည့် ဆူနေတော့တာပဲ . .
အခုမှ အားရပါးရ ကြည့်နေကြတာ . . .
ဒီပို့စ်ရေးနေတုံးပဲ တိုက်တိုက်ဆိုင်ဆိုင် မီးပြတ်သွားတယ်ဗျာ . .
တိုက်ဆိုင်လိုက်ပုံကများ . . . .
အင်း
ဘာဆက်ရေးရမလဲတောင်မသိ . . . မီးရယ်
ဆက်လာမှာလား ပျက်မှာလားကွယ်

Friday, July 6, 2007
၇-၇-၀၇
မနက်ဖြန် ၇-၇-၀၇ ရက်နေ့ပါ့လား . . .
မနှစ်ကတော့ ၆-၆-၀၆ မှာ ရက်ကောင်းတယ်ဆိုပြီး မင်္ဂလာဆောင်လိုက်ကြတာ တစ်
ကမ္ဘာလုံးပဲ . .
ဒီနှစ်က ကံကောင်းသောနေ့ ဖြစ်နေတယ်လေ . .
၇ဆိုတော့ လူကြိုက်များတာပေါ့ . . .
မနက်ဖြန် ဘာလုပ်ရင်ကောင်းမလဲ . . .
တစ်ခုခုတော့ အမှတ်တရ လုပ်လိုက်ဦးမယ် . . .
အမှတ်တရ လုပ်ဖြစ်တဲ့သူတွေ ရှိရင်လဲ ပြောပြကြပါဦး . . .
ကျွန်တော်လဲ မနက်ဖြန် ပြောပြမယ်ဗျာ . . .

ရေကြီးကြပြန်ပြီဆို
ကျွန်တော်တို့ မန်းမှာတော့ မိုးမရွာပဲ တိမ်တော့ ထူနေပါတယ် . .
ကြားသတင်းကတော့ ရန်ကုန်မှာ မိုးတအားရွာနေပါတယ်တဲ့ . ..
မိုးတွေရွာတော့ ရေတွေတင် . .
ရေတွေကြီး . . .
အင်း
တစ်လောကလို ပျက်စီးမှုတွေ ကြုံရမယ်ဆို ၀မ်းနည်းစရာပါပဲ . .
လောက ကြီး ဖောက်ပြန်လာတာ . . ဘာကြောင့်လဲ . .
အားလုံးနဲ့တော့ ဆိုင်မယ် . . .
ဘာကြောင့်ဖြစ်ဖြစ် သဘာဝလောကကြီးကို အားလုံး စောင့်ရှောက်ကြပါဦးလား . . .

Sunday, July 1, 2007
ဇူလိုင်လကိုရောက်လာရင်
ဒီကနေ့ ဇူလိုင်လ ၁ရက်နေ့ပေါ့ . . .
ဇူလိုင်လထဲကို ရောက်လို့လာပါပြီ . . .
မိုးရာသီလို့ သတ်မှတ်ထားကြပါတယ် . .
မြန်မာလအလိုအရကတော့ ၀ါဆိုလပေါ့ . .
လွန်ခဲ့သော နှစ်ပေါင်း ၃၀က ဇူလိုင်လ မိုးရာသီထဲမှာပေါ့ . . .
အဲဒီနှစ်က ဒီနှစ်လိုပဲ ၀ါထပ်တယ်လေ . .
ဒုတိယ၀ါဆို လပြည့်ကျော်မှာပါ့ပဲ . .
လူ့လောကထဲကို လူသားတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့တာ . .ပေါ့
အခု နှစ်ပေါင်း ၃၀ နီးပါး လူ့လောကထဲမှာ နေထိုင်ခဲ့ပါပြီ . . .
နှစ်ပေါင်း၃၀မှာ ဘာတွေလုပ်ခဲ့လည်းလို့ တွက်ကြည့်မိနေပါတယ် . . .
သေချာတယ် . . ကျောင်းတက်၊ ပညာသင်နေတာနဲ့ပဲ နှစ်ပေါင်း ၃၀ရှိခဲ့တာပါပဲ . .
နှစ်၃၀ရှိမှ ကျောင်းသားဘ၀က ခဏ လွတ်တယ် . . .
အင်း . .
သေသေချာချာပြန်တွက်ကြည့်တော့ နေ့တွေမှာ အိပ်ပျော်ခဲ့တာတောင် ၁၀နှစ်ပြည့်တော့မယ် . . .
အချိန်တွေက မကြာသလိုပါပဲ . .
သေချာတာကတော့ ခိုင်မာတဲ့ ရပ်တည်မှု မရှိသေးတာပဲ .. .
အင်းပေါ့
အသက် ၄၀မှ ဘ၀စတယ်တဲ့ . အဲလိုသာပဲ စိတ်ဖြေရမှာပေါ့ . . .
ဇူလိုင် ၁ရက်မှာ သေချာပြန်တွက်ကြည့်မိတော့ ကိုယ့် ဘာသာ အားမရတဲ့ အချက်တွေ အများကြီးပါပဲ . .
လူတစ်ကိုယ်လုံး ပြင်စရာတွေကြည့်ပါပဲ . .
သိလိုက်ပေမယ့် မပြင်ဖြစ်တာတွေ အများကြီးပဲ . . .
အသိအဆင့်နဲ့ပဲ ရပ်နေတယ်လေ. . .
လုပ်ချင်တာတွေ လုပ်ခွင့်ရချင်တယ်ဆိုပြီး စောင့်နေတာ ကြာခဲ့ပြီပဲ . .
လုပ်ခွင့်ရတာတွေကို လုပ်ဖို့ ကြိုးစားရဦးမယ် . .
ဒီလိုပါပဲ . . .
ဇူလိုင်လကို ရောက်ရင် ဒီလိုစဉ်းစားပါတယ် . .
ပြီးတော့လည်း ပြီးတာပါပဲ . . .
ဒီတစ်နှစ်ရော . . ကဲ ဘယ်လိုဖြစ်မလဲ . .
ကြိုးစားကြည့်ရဦးမှာပေါ့ . . .
ပြင်စရာတွေကို ရဲရဲကြီး ပြင်လိုက်ဦးမယ် . . .
ဘယ်လောက်ခံမလဲတော့ မသိ . ..
အင်း
ဇူလိုင်လ ရောက်ရင် ဖြစ်နေကျ . . ဖြစ်နေကျပါပဲ . .
အသက်တစ်နှစ်ကြီးတော့မှာပါ့လား . . . . .

Subscribe to:
Posts (Atom)