ပန်းကလေးများ ပွင့်တော့မည်
ဖူးတန်ဝံ့လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း
ဇွန်လ ၁ရက်နေ့ မနက်၇နာရီလောက်ကတည်းက လမ်းမဘက်ကို မျှော်ကြည့်နေမိပါတယ် . . .
သနပ်ခါးတွေလိမ်း ၊ အ၀တ်သစ်အစားသစ်များနဲ့
ဖြူစင်တောက်ပလင်းလက်နေတဲ့ ပန်းပွင့်လေးတွေ အစီအရီ သွားလာလှုပ်ရှားနေကြပါတယ် . . .
ကျွန်တော်လည်း ကျွန်တော်ရဲ့ မိခင်ကျောင်းကြီးဆီကို နှစ်တိုင်းလုပ်နေကြအတိုင်းပေါ့ . . .
ရောက်သွားခဲ့ပါတယ် ... ကျောင်းတော်ကြီးကတော့ ပန်းလေးတို့ကို ကြိုဆိုလျက်ပေါ့ . . .
စိမ်းလန်းဖြူစင်တဲ့ ပန်းလေးတို့ရဲ့ လန်းဆန်းတက်ကြွတဲ့မျက်နှာလေးတွေကို အားရပါးရ သွားကြည့်ရင်း
၁၃နှစ်လောက် နေခဲ့ရတဲ့ ကျောင်းတော်ကြီးက ကျွန်တော့်အတွက် အစိမ်းသက်သက်ဖြစ်နေသလားလို့ ထင်မိခဲ့တယ် . . . ကျောင်းတော်ကြီးနဲ့ ဝေးခဲ့တာ ၁၁ နှစ်ကျော်ခဲ့ပြီပဲ . . .
အဲဒီကအပြန် ရပ်ကွက်ထဲက မူလတန်းကျောင်းလေးဆီကို ရောက်ခဲ့ပါတယ် . ..
ကွာခြားတဲ့ ကျောင်းလေးရဲ့ အားငယ်ဖွယ်ပုံရပ်ကို မြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ် . . .
အဲဒီကျောင်းမှာ သူငယ်ကလေးငယ်များက ထိုင်ခုံနဲ့ စာသင်ရတာမဟုတ်ပါဘူး . . .
စာရေးခုံတစ်ခုသာရှိပြီး လူက ကြမ်းပြင်ပေါ်မှာ ထိုင်ရတာပါ . . .
ကျောင်းကြီးနဲ့ ကျောင်းလေးရဲ့ ကွာခြားချက်ကို ကြည့်ပြီး ဒီကလေးတွေရဲ့ အနာဂတ်ကို . . . ..
No comments:
Post a Comment