ပိတောက်တွေလဲ ဖူးနေကြပါပြီ . . .
သင်္ကြန်းမိုးကို မျှော်နေပြီ . . .
မကြာမီ သင်္ကြန်ကျတော့မည် . . .
အတာကူးတဲ့ လ တန်ခူးလတဲ့
ထန်းခူးသောလကနေ တန်ခူးလို့ ပြောင်းလာသတဲ့
့မြန်မာတွေ အတာကူးသောလ နှစ်ကူးသောလ
နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ ဆေးတဲ့လ . . .
နှစ်ဟောင်းက အကုသိုလ်တွေကို ကုသိုလ်တွေ ဖန်တီးပြီး နှစ်သစ်ကို ကြိုမဲ့လပေါ့
အခုတော့ ရိုးရာယဉ်ကျေးမှုဆိုတာက ပပျောက်သလောက်ရှိလာပါပြီ
အခုကျင်းပတော့မည့် သင်္ကြန်ပွဲတော်အတွက် အမျိုးမျိုးပြင်ဆင်တာကို ကြားရ၊ သိရနေပါတယ်ဗျာ . . .
မြန်မာ့ရိုးရာထက် ခေတ်ပေါ် အကတွေ အများကြီးနဲ့
တိုပြတ်ကြတ်ထုပ်ကွဲပေါ်တွေ များမယ် . . .
အင်း . . .
ကြည့်လို့တော့ ကောင်းမယ် . . .
ဘာဖြစ်ဖြစ်
သင်္ကြန်ရက်ကိုတော့ မျှော်လင့်နေမိပါတယ် . . .
No comments:
Post a Comment