Wednesday, June 25, 2008

မုန်တိုင်းဒဏ်သင့်သူများအတွက် ဇာတ်မင်းသားများ စုပေါင်းကလို့ ရန်ပုံငွေရှာမည်

ရန်ကုန်၊ မန္တ္တလေးစတဲ့ နေရာစုံက ဇာတ်မင်းသားများ စုပေါင်းလို့
ယနေ့မှစပြီး ၃ရက်တိုင်တိုင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာ စုပေါင်းလို့
ကပြပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ရန်ပုံငွေ ရှာဖွေကြပါမယ်။

ယနေ့ ည ၇နာရီမှ ၁၁နာရီထိ ကပြဖျော်ဖြေပါမယ်။

မန္တလေးက ၀င်းနောင်၊ လှိုင်ဘွားအောင်စတဲ့ ဇာတ်သဘင်အလှဆင်သူများနဲ့အတူ
ချမ်းသာ၊ နန်းဝင်း၊ မိုးမင်း
ဖိုးချစ်၊ တင်ဇာမိုးဝင်း၊ စတဲ့ မင်းသားများနဲ့အတူ မင်းသားပေါင်း ၃၀ကျော် ပါဝင်ကပြပါမယ်

လက်မှတ်က တစ်သောင်း၊ ခုနစ်ထောင်၊ ငါးထောင် ဖြစ်ပါကြောင်း . . ..

လက်မှတ်လဲ တော်တော်ရောင်းရတယ်လို့ ကြားရပါတယ်။

No comments: