Saturday, June 21, 2008

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီ

ကနေ့ မနက်ပိုင်းမှာပဲ မျှော်လင့်နေကြတဲ့ တက္ကသိုလ်ဝင်တန်း (၁၀တန်း)အောင်စာရင်း ထွက်ပါတယ်။
အောင်သူပျော်
ဂုဏ်ထူးပါသူမော်
ရှုံးသူတော့ကတော့ . . .
 
 
ရပ်ကွက်ထဲလဲ ကျတဲ့အိမ်က ဆူသံ ငိုသံနဲ့ပေါ့
အောင်တဲ့အိမ်ကျလဲ ပျော်သံ နဲ့ ဆူလို့ . . .
 
အောင်သူတွေလဲ ရှေ့ဆက်မယ့်ဘ၀ခရီးကို အရွေးမမှားပဲ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးဖို့နဲ့
ကျသူတွေလဲ ထပ်ပြီး ကြိုးစားကြဖို့ လိုနေပါတယ်။
 
ပန်းကလေးများတော့ ဖူးကနေ အပွင့်ကို ပြောင်းပါတော့မယ်
တက္ကသိုလ်ဆိုတဲ့နေရာမှာ ပညာရယ်၊ ဘ၀အတွက် အတွေ့အကြုံ အမြင်သစ်များ ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

No comments: