Sunday, July 29, 2007

ဝါဆိုလပြည့်နေ့

ဒီကနေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ် . .

ဝါဆိုလပြည့်နေ့ မှာ နံနက် ထပြီးဘုရားသွားမယ်လို့ စဉ်းစားပြီး အိပ်ခဲ့သော်လည်း . . .

မနက် ၇နာရီအကျော် အိမ်ရှေ့ ဗုံတောင်သံကြားမှ နိုးလာပါတော့တယ် . .

ဗုံတောင်ဆိုတာက ဥပုသ်နေ့ နံနက်ပိုင်း ဆွမ်းတော်ခံထွက်ရင် တီးကြတာကိုပါ . .

အဲလိုတီးတာကို ဓာတ်ပုံရိုက်ချင်တာနဲက အိပ်ရာထ . . .ပြေးလိုက်ပါတယ် . .

မမီလိုက်တော့ ပါ . . .


ဒါပေမယ့်

ညနေပိုင်းမှာတော့ သူငယ်ချင်းအိမ်ရှေ့မှာ ဗုံတောင်နဲ့ ညနေပိုင်း အလှူခံထွက်တာတွေ့တော့မှ ကျေနပ်လိုက်ရတော့တယ် . . .

No comments: