Thursday, July 19, 2007

ဘလော့နဲ့ စီးပွားရေး

အင်တာနက်ကို အသုံးချရာမှာ အကြောင်းအမျိုးမျိုးနဲ့ အသုံးချကြပါတယ် . .
ရည်ရွယ်ချက်အမျိုးမျိုးပေါ့ . . .
အင်တာနက်ပေါ်မှာရရှိနိုင်တာကလည်း အမျိုးမျိုးပါပဲ . . .
ငွေကြေးပေးရတာရှိသလို့ . . အလကားရတာလဲ ရှိတာပါပဲ . . .

အင်တာနက်ကို သုံးကြရင် . . အီးမေးလ် အကောင့်တစ်ခုတော့ ရှိသင့်တာပေါ့ . .
အဲလို အီးမေးလ် အကောင့်တစ်ခုရှိရင် အင်တာနက်ပေါ်မှာ ကိုယ့်နေရာတစ်ခု ရှိတယ်ပေါ့ . . .
ဒါပေမယ့် ဘယ်သူက မှ မမြင်ရဘူး . . ကိုယ်နဲ့ ဆက်သွယ်သူတစ်ချို့ပဲ သိရတယ် . .

ဘလော့ဆိုတာကတော့ အင်တာနက်ပေါ်က အလကားရတဲ့ နေရာတစ်ခုလို့ ပြောရပါတယ် . . .
ဘလောကတော့ အားလုံးကို ကြည့်ခွင့် မြင်ခွင့်ပေးနိုင်တဲ့ အင်တာနက်ပေါ်က ကိုယ်ပိုင် နေရာတစ်ခု ပေါ့ . . .
အင်တာနက်ပေါ်မှာ စာမျက်နှာ တစ်ခု website တစ်ခုအနေနဲ့ တည်ရှိနေမှာပါ . .
အဲဒီအတွက် ဒိုမိန်းလို့ခေါ်တဲ့ လိပ်စာတစ်ခုလည်း ရဦးပါမယ် . . .
ကိုယ့်နာမည်အစစ်ကြီးတော့မဟုတ်ဘူးပေါ့ဗျာ . .
နောက်မှာ ဘလော့ကို ပြုလုပ်ခွင့်ပြုသူရဲ့ နာမည်ပါမယ်ပေါ့ . .
အများစုကတော့ ဘလော့စပေါ့ ပေါ့လေ . . .

တကယ်လို့ ဒိုမိန်းစစ်စစ်ရယူချင်လဲ ရတာပါပဲ . . .ဒါပေမယ့် ပိုက်ဆံကုန်ပါမယ် . . .

ဘလော့ကို စီးပွားရေးအနေနဲ့ မိမိကုန်ပစ္စည်း ကြော်ငြာမှုအတွက်လည်း အသုံးချလို့တော့ရပါမယ် . .

ကိုယ်ပိုင် နေရာတစ်ခု (ဒိုမိန်း)မယူဘဲ ဘလော့နဲ့ ကြေညာတော့လဲ ရတာပါပဲ . .

ဒါပေမယ့်
စီးပွားရေးအရ အသုံးချတော့မယ်ဆိုရင်တော့ စဉ်းစားစရာတွေရှိပါတယ် . . .
၁။ ဘလော့ကို အသုံးပြုခွင့်ပေးတဲ့ ကုမ္ပဏီက စီးပွားရေးအရ အသုံးချခွင့်ပြုပါသလား။
၂။ ဘလော့မှာ ထည့်သွင်းအသုံးပြုမည့် စာလုံးပုံစံများ၊ ဓာတ်ပုံများ၊ အချက်အလက်များကို သက်ဆိုင်သူများက စီးပွားရေးအရ အသုံးချခွင့်ပြုပါသလား။
စဉ်းစားစရာတွေပါ . . .

ဘလော့တစ်ခုမှာ ကြော်ငြာထည့်တာလဲ ငွေဝင်တဲ့ သဘောပါပဲ . .

ဘာပဲဖြစ်ဖြစ် ဘလော့ကို စီးပွားရေးအရ အသုံးချမယ်ဆိုရင်တော့ . . .

အားလုံးထည့်စဉ်းစားဖို့ပါပဲ . . .

နည်းပညာအရ ဘလော့နည်းပညာပြန့်ပွားခြင်းက ၀မ်းသာစရာပါပဲ . . .
ဒါပေမယ့် . . .

No comments: