Wednesday, July 25, 2007

မန္တလေးရဲ့ ၀ါဆိုတေးသံ ကြားရပြီ




ဒီကနေ့ဟာ ဒုတိယ၀ါဆိုလဆန်း ၈ရက် ဥပုသ်နေ့ပါ . .
မကြာခင် နောက်တစ်ပတ်ဆို ၀ါဝင်ပါပြီ . .
မန္တလေးမှာ ၀ါတွင်းဆိုလျှင် ရပ်ကွက်အလိုက် ဓမ္မာရုံအလိုက် ဥပုသ်နေ့မှာ ဆွမ်းလောင်းလှူဖို့ အလှူခံထွက်ကြလေ့ရှိပါတယ် . .
ဟိုတုန်းကတော့ ဗျော၊ ဗုံတောင် ပေါ့ဗျာ
အဖွဲ့လိုက် တူညီဝတ်စုံဝတ်လို့ အလှူခံကြတာပေါ့ . တေးသံနဲ့ဆိုတော့ လှူတဲ့လူလဲ စိတ်ချမ်းသာပေါ့ . .
သီချင်းတောင်းရင်း အလှူငွေ လှူနိုင်တာပေါ့ . .
အခုတော့ ဗျော၊ ဗုံတောင် ရှားနေပြီဗျ . .
တီးဝိုင်းတစ်ဝိုင်းစာမဟုတ်ပေမဲ့ ကီးဘုတ်၊ ခြောက်လုံးဗုံ၊ အုပ်စုံ(ဒိုး)နဲ့ အသံချဲ့စက် ၊ မီးစက်တင်ပြီး အလှူခံကြတယ်ဗျ . .
တစ်ချို့ကတော့ ကာရာအိုကေစက်တင်ပြီး တီဗီအသေးလေးနဲ့ အလှူခံတယ် . .
တစ်ချို့တော့ ရှေးရိုးလိုပဲ ဗျောတီး၊ ဗုံတိုတီးလို့ အလှူခံတယ် . .
တစ်ချို့က ဆင်ကနဲ့ အလှူခံတယ် . . .
တစ်ချို့က အရုပ်ကြီးတွေ နဲ့ အလှူခံတယ် . . .

ဘယ်လိုပဲ အလှူခံခံ ၀ါတွင်းရောက်ရင်ဖြင့် တေးသံများက မန်းတစ်မြို့လုံးလွှမ်းလို့ ရှိနေပါတော့တယ် . . .
အဲဒီနေ့ကထဲက တင်ဖို့ပါ . .. တင်မလို့လုပ်စဉ်မှာ ကွန်နက်ရှင် ပျက်သွားလို့ ဒီနေ့မှပဲတင်ရတော့တယ် . . .

No comments: