Friday, June 29, 2007

မန္တလေးနေ့စဉ်သတင်းစာ စာမျက်နှာတိုးထုတ်ဝေမည်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူထုတ်ဝေတဲ့ မန္တလေးနေ့စဉ်သတင်းစာကို ၁-၇-၂၀၀၇ရက်နေ့ကစတင်လို့ ၁၆မျက်နှာ အဖြစ် စာမျက်နှာတိုးထုတ်ဝေမယ်လို့ သိရပါတယ် . . .

၁၉၉၇ခုနှစ် နိုဝင်ဘာ ၃၀ရက်က စတင်ထုတ်ဝေခဲ့တဲ့ မန္တလေးနေ့စဉ်သတင်းစာဟာ စတင်ထုတ်ဝေစဉ်ကပင် ၁၂မျက်နှာနဲ့ ထုတ်ဝေခဲ့ပါတယ် . . .
ယခုအခါမှာတော့ အခန်းကဏ္ဍစုံစုံလင်လင်နဲ့ ၁၆မျက်နှာအဖြစ်တိုးချဲ့ထုတ်ဝေမယ်လို့ သိရပါတယ် . ..

ထူးခြားသော ကဏ္ဍအသစ်များနဲ့အတူ မန္တလေးနေ့စဉ်အဖွဲ့သားများရဲ့ ကြိုးစားမှုကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ . . .


No comments: