Saturday, June 30, 2007

အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ ပေါ်လာပြီ


ယနေ့ နံနက် ၆နာရီမှာပဲ အားလုံးမျှော်လင့်တောင့်တနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်ခဲ့ပါပြီ . .


အားလုံး မျှော်လင့်ချက်ကိုယ်စီနဲ့ အောင်စာရင်းကြည့်ကြတာပေါ့

အောင်သူများကတော့ ပျော် . .

ဂုဏ်ထူးပါသူက အော်ပေါ့ . . .


ကျသူကတော့ အသာလေးနောက်ကိုဆုတ် မျက်ရည်သုတ်နေကြတယ်လေ . . .


မျှော်လင့်ချက်အတိုင်း အောင်မြင်သူများကတော့ အပျော်ဆုံးပေါ့ . .

မှန်းထားတဲ့အတိုင်း မရသူများကတော့ တိတ်ဆိတ်နေကြတာပါပဲ . . .

ဘ၀တစ်ခုလုံးကို ကန့်သတ်လိုက်တဲ့ သတ်မှတ်လိုက်တဲ့ စာမေးပွဲဆိုတော့လည်း . .

မျှော်လင့်ကြတာပေါ့လေ . . .

ကြားရတာကတော့ အမြဲတမ်းပေါ့ အောင်ချက်ကောင်းပါတယ်ပေါ့လေ . .

ရပ်ကွက်ထဲမှာကတော့ ကျသူတွေ ပေါလျက်ပါပဲ . . .

အထက(၁၆)ကတော့ ဘာသာစုံ ၁၁ယောက်ထွက်တယ်ဆိုပဲဗျ . . .

မနက် စောစောစီးစီး ကထဲက သတင်းစာမှာ ကြော်ငြာထည့်ဖို့ လာနေကြလေရဲ့ . . .

ဘာဖြစ်ဖြစ်ပေါ့လေ . .

အနာဂတ်ရဲ့ မျှော်လင့်ချက်တို့ မျိုးဆက်သစ်အနေနဲ့ ထွက်ပေါ်လာပါပြီ . . .

ဝါသနာအရ တက္ကသိုလ်ပညာရေးကို မသင်ကြားရသော်လည်း

ကိုယ်တတ်ရောက်ရမယ့် ဘာသာရပ်အပေါ် ၀ါသနာမပါလို့ စိတ်မ၀င်စားဘူးဆိုတာမဖြစ်စေချင်ဘူးလေ . .

တတ်နိုင်တယ်ဆိုရင်တော့ အပြင်မှာ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကို ပြင်ပဒီပလိုမာတွေ ယူ၊ ဒီကရီတွေ ယူနိုင်ကြတယ်လေ. . .

ဒါပေမယ့်လဲ ရလာမဲ့ ဘွဲ့ဆိုတဲ့ သတ်မှတ်ချက်တစ်ခုကိုတော့ တကယ်တတ်မြောက်စွာနဲ့ ယူရင် ကောင်းတာပေါ့ဗျာ . ..

အခုခေတ်ကတော့

တက္ကသိုလ်ကိုလည်း ကျောင်းသားက မလေးစား

ကျောင်းသားကိုလည်း တက္ကသိုလ်က . . . .


အင်း

ထိုက်တန်သော သူအတွက် ထိုက်တန်သော အောင်မြင်မှုများသည် အမြဲရရှိနေမှာပေါ့ဗျာ

ကိုယ်ဘက်က ထိုက်တန်တဲ့ ပေးဆပ်မှုတော့ ပြုရမပေါ့ . . .


ညီ၊ ညီမငယ်တို့ စာမေးပွဲကျခဲ့ရင်တော့ အားပေးပါတယ် . . .

နောက်တစ်နှစ်ကို သူများထက် ထူးခြားအောင် ကြိုးစားလိုက်ပါ . . .

ကိုယ်က တအား စာမလုပ်နိုင်ရင် . . ကိုယ်တတ်နိုင်တဲ့ အတိုင်း စာကို သတ်မှတ်ပြီး

အမှတ်ကိုက်ပြီး အောင်မှတ်ရနိုင်အောင် သတ်မှတ်ပြီး ဒီတောင်ကို ကျော်ကြပါလို့ အားပေးလိုက်ရင်း . . .

မျိုးဆက်သစ်တွေ ကြိုးစားလိုစိတ် ရှိကြပါစေဗျာ . . .

No comments: