Wednesday, April 18, 2007

မဟာသင်္ကြန်အကျနေ့










မဟာသင်္ကြန်အကျနေ့တော့ မနက်ပိုင်းက အိပ်ပျော်နေခဲ့ပါတယ် . . .
အကြိုနေ့ ည က အလုပ်ဆင်းရပါတယ် . . .
အကြိုနေ့ည က မြို့တော်ဝန်မဏ္ဍပ်က ည ၁၁း၃၀ လောက်မှာ သိမ်းပါတယ် . . .

အကျနေ့မနက်ပိုင်းကတော့ အိပ်ပျော်နေတာကြောင့် ဘယ်မှ မသွားဖြစ်ဘူး

ညနေပိုင်းကျမှ ရပ်ကွက်ထဲ လမ်းထိပ်မှာ ကလေးတွေ ရေပက်တာကြည့်နေမိတယ် . . .
စတုဒိသာ မုန့်လုံးရေပေါ် ကျွေးတာလဲ ကူရင်းပေါ့ဗျာ . . .

ညပိုင်းကတော့ ထုံးစံအတိုင်း ဗဟိုမဏ္ဍပ်ကို ရောက်ခဲ့ပါတယ် . . .


အဲဒီမှာ ဖျော်ဖြေကြတာကို ကြည့်ရင်းပေါ့
ဒီနေ့မှာတော့ အလှပြယာဉ် နှစ်စီးလာရောက် ယှဉ် ပြိုင်ပါတယ် . . .
အမေများအဖွဲ့ (မမတို့အဖွဲ့)ကလည်း အားပါးတရ ဖျော်ဖြေပါတယ်ဗျာ . ..

မြို့တော်ဝန်နဲ့ဇနီးက ဆုငွေ ငါးသိန်းချီးမြှင့်ခဲ့လို့ အားလုံးဝမ်းသာခဲ့ရပါတယ်။




ကျန်တာကတော့ ပုံမှန်အတိုင်းပေါ့
အနုပညာရှင်များက ဖျော်ဖြေကြ
ပရိသတ်က အားပေးကြပေါ့ . . .
ဒီည ဖြူဖြူကျော်သိန်း ရောက်လာပါပြီ . .
ပရိသတ်ကို အားပါးတရ ဖျော်ဖြေပြီး ပင်ပန်းသွားတဲ့ သူ့ပုံက တော်တော်ကို နွမ်းသွားပါတယ် . . .
အားမာန်ပါပါနဲ့ ပရိသတ်ကို ကျေနပ်အောင် ဖျော်ဖြေနိုင်ပါတယ် . . .

မန်းပရိသတ်ကတော့ သစ်ပင်တွေမကျန် အပြည့်ပါပဲ . . .
သြော်
ဘုန်းဘုန်းတို့လဲ လာအားပေးကြသဗျာ . . .

ပျော်စရာတွေထဲ
ရိုက်မှု၊ ဓားထိုးမှု၊ ရန်ဖြစ်တာ၊ အက်စစ်နဲ့ပက်တာနဲ့ ကြားနေရတာကတော့ မကောင်းပါဘူး . ..

မနက်ဖြန် အကြတ်နေ့ ကျွဲနဖားရွာက သူငယ်ချင်းဆီ သွားလိုက်ဦးမယ်ဗျာ . . .

No comments: