Saturday, May 31, 2008

စိတ္တသုခပရဟိတလူငယ်များ၏ ပုံမှန် ခြောက်လပတ်အလှူ

စိတ္တသုခပရဟိတလူငယ်များက ခြောက်လတစ်ကြိမ်လှူဒါန်းကြဖို့ အစီအစဉ်များ ဆွဲထားကြပါတယ်။
ဒီတစ်ခေါက်အလှူအဖြစ် စဥ့်ကူးမြို့ အမှတ်(၉၁)အခြေခံပညာမူလတန်းကျောင်းမှာ
သွားရောက်လှူဒါန်းကြပါတယ်။
၈ရက်နေ့ နံနက်ပိုင်းထွက်ခွာဖို့စီစဉ်ထားပါတယ်။
ကျောင်းက ကလေးများကို စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ကျောင်းအတွက်လျှပ်စစ်မီးရရှိရေး
မီတာလျှောက်ထားခြင်း၊ မီးသွယ်ခြင်း၊ မီးတပ်ဆင်ခြင်းအတွက်
ငွေကျပ်သုံးသိန်း လှူဒါန်းပြီးဖြစ်ပါတယ်။

သွားဖို့အတွက်လိုက်ပါလိုသူများက တစ်ယောက်လျှင် ၄၅၀၀ကျပ်စီ
ခရီးစရိတ်နှင့်စားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။
မည်သူမဆိုလိုက်ပါနိုင်ပါတယ်။

ခြောက်လပတ်အလှူအပြီးမှာတော့ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်း၊
မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းဖူးမြစ်တန်းကျေးရွာသို့
သွားရောက်ပြီး မူလတန်းကျောင်းအဆောက်အအုံပြန်လည်ဆောက်လုပ်ပေးရန်
စီစဉ်လျက်ရှိပါတယ် . . .

ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

မန္တလေး ဧရာဝတီမြစ်ထဲက ပေါ်တဲ့ဘုရားနှစ်ဆူ

မန္တလေးမြို့ ဧရာဝတီမြစ်ထဲက ဘုရားနှစ်ဆူပေါ်တဲ့အတွက်
တစ်မြို့နီးပါး သွားရောက်ဖူးမြော်နေကြပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးက ရန်မျိုးလုံ ဓမ္မာရုံမှာ ယခုလောလောဆယ်ဆယ်ပူဇော်ထားရှိပါတယ်။


တွေ့ရှိပုံကတော့ ရေအောက်မှာ ပစ္စည်းရှာဖွေကြတဲ့ သူက ပစ္စည်းရှာရင်
ဆင်းတုတော်အသေးကို စတင်တွေ့တယ်လို့ ပြောပါတယ်။
ဆင်းတုတော်တွေ့တော့ ကမ်းပေါ်က အဖွဲ့ပါ ငုပ်ရှာတော့ ဆင်းတုတော်အကြီးကို
တွေ့ပြန်ပါတယ်တဲ့
ပထမတွေ့တဲ့ အသေးကို မတွေ့လို့ ထပ်ရှာတော့မှ နှစ်ဆူလုံးတွေ့တာလို့ ပြောပါတယ်။

ဘုရားနှစ်ဆူက ရေအောက်မှာ ကြာခဲ့တော့ ရေညိတက်နေပါတယ်။

အသေးက ၃ပေကျော်
အကြီးက ၁၀ပေကျော်ပါတယ်။

အသေးကိုတော့ လူအား၊ အကြီးကိုတော့ ကရိန်းနဲ့ ဆယ်ယူပင့်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံတင်ပေးချင်ပါတယ်။
ဒါက သွားခဲ့တဲ့ သတင်းထောက်တစ်ယောက်စီက သိရပါတယ်။
ကိုယ်တိုင် သွားချင်ပေမယ့်
အဲဒီဘက်ထိ သွားဖို့ အဆင်မပြေသေးလို့ပါ
သွားပြီးရင် ထပ်တင်ပေးပါ့မယ်။

Thursday, May 29, 2008

မင်းသားလေးများ ဈေးချိုတော်မှာ အလှူခံ

ယနေ့ မနက်ပိုင်းက
ဇာတ်မင်းသားလေးများရဲ့
ကသောလက်ဖြင့် ကူညီမည့် နာဂတ်မုန်တိုင်းဒဏ်ခံရသူများအတွက်
အလှူခံအဖွဲ့ ဈေးချိုတော်မှာ သီဆိုဖျော်ဖြေအလှူခံနေပါတယ်။
တတိယနေ့က အလှူခံရရှိငွေက ၁၄သိန်းကျော်ဖြစ်တယ်လို့ သိရပါတယ်။

ကနေ့တွေ့ခဲ့ရတာတော့
ဦးရွှေနန်းတင် ကိုလဲ တွေ့ခဲ့ရပါတယ်။

အကယ်ဒမီ ဂီတစာဆို စိန်မိတ္တား ကိုလဲ တွေ့ခဲ့ရပြီး အလှူငွေ
တစ်သိန်းလှူဒါန်းသွားပါတယ်။
သဘင် အစည်းအရုံးက စုံစုံလင်လင်ပါရှိပြီး
မင်းသားလေးများကိုယ်တိုင် ဈေးချိုတော်ထဲဝင်လို့ အလှူခံနေကြပါတယ်ခင်ဗျာ . . .

အားလုံးဝိုင်းဝန်းလို့ လေဘေးသင့်ပြည်သူများကို ကူညီနိုင်ကြပါစေ . . .

Wednesday, May 28, 2008

လူစာရင်း ပြီးတော့ ကျွဲနွား စာရင်း

ကျွဲ နွားသေကြေမှု
ဧရာဝတီတိုင်းမှာ ၁၄၀၉၅၂ ကောင်
ရန်ကုန်တိုင်းမှာ ၁၄၇၅၂၂ ကောင်
စုစုပေါင်း ၂၈၈၄၇၄ ကောင်
သေဆုံးခဲ့ပါတယ်တဲ့

နိုင်ငံပိုင် သတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း

သတင်းစာမှ သတင်းများမှ ကိုးကားဖော်ပြပါတယ်။
သေဆုံး ၇၇၇၃၈ ဦး
ပျောက်ဆုံး ၅၅၉၁၇ ဦး
ဒဏ်ရာရ ၁၉၃၅၉ ဦး

စုစုပေါင်း ဘေးဒဏ်ခံရသူ တစ်သန်းခွဲရှိပြီး
၁၀၆၄၆၂၃ခန့်ကို ကယ်ဆယ်ရေးစခန်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့
သိရပါတယ်။

သတင်းစာများမှ ကောက်နှုတ်ဖော်ပြပါတယ်။