Monday, December 31, 2007

နှစ်သစ်ဆုမွန်

၂၀၀၈ နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ . . .
--
I love all people

နှစ်သစ်ဆုမွန်

၂၀၀၈ နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ . . .

Thursday, November 22, 2007

ရှင်မာလဲ ကြာပန်းပွဲတော် နွဲစို့နော်

ဘုရားကြီးနားက ရှင်မာလဲ ဘုရားမှာ တန်ဆောင်မုန်းလဆန်း ၁၄ရက်မှာ ကြာပန်းပွဲ
ရှိပါတယ် . . .

ရှင်မာလဲကို ပူဇော်တဲ့ပွဲမှာ ကြာပန်းများနဲ့အတူ ပျော်စရာ ရွှင်စရာမို့
ပါဝင်ဆင်နွဲကြရအောင် ဖိတ်ခေါ်လိုက်ရပါတယ် . . .

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်

ပြင်ဦးလွင်မြို့ရဲ့ တန်တောင်တိုင် မီးပုံးပျံပွဲတော်ကို
၂၁-၁၁-၂၀၀၇ရက်နေ့မှ ဖွင့်ပွဲကျင်းပမယ်လို့ သိရပါတယ် . . .
စည်စည်ကားကားနဲ့ ပြည်တော်ချစ်ဘုရားမှာကျင်းပပါမယ် . . .

လပြည့်နေ့ညမှာတော့ ဆီမီးကိုးထောင်ပူဇော်ပွဲနှင့်အတူ
နေ့ဘက် အလှလွှတ်မီးပုံးပျံ ပြိုင်ပွဲလည်းပါမယ်လို့ သိရပါတယ် . . .

တတိယအကြိမ်ရှိပြီဖြစ်တဲ့ ပြင်ဦးလွင်ရဲ့ မီးပုံးပျံပြိုင်ပွဲကို
ဝင်ရောက်နွှဲပျော်ပါဦးလို့ ဖိတ်ခ်ါလိုက်ရပါတယ် . .

မန္တလေးတိုင်းမ် ဂျာနယ် ဖြန့်ချိ

မန္တလေးမြို့အခြေစိုက်အနေနဲ့
ရွှေမန္တလေး
နန်းမြင့်
အထက်မြန်မာပြည်
မန်းတောင်ရိပ်
တို့နဲ့အတူ

မန္တလေးတိုင်းမ် ဂျာနယ်ကိုလည်း စတင်ဖြန့်ချိလိုက်တာတွေ့ရပါတယ် . . .

လိုဂို ဒီဇိုင်းကို မကြိုက်သော်လည်း အတွင်းကတော့ ကဏ္ဍစုံပါတာတွေ့ရပါတယ် . . .

ဆက်လက်ချီတက်နိုင်ပါစေဗျာ . . .