Wednesday, June 4, 2008

ဆိုင်း၊ ဘိသိက်၊ အငြိမ်လူရွှင်တော်၊ မင်းသမီးများစုပေါင်းအလှူခံ

မန္တလေးက ဆိုင်း၊ ဘိသိက်၊ အငြိမ်လူရွှင်တော်၊ မင်းသမီးများစုပေါင်းပြီး
ယနေ့နံနက်ပိုင်းကစတင်လို့ လေဘေးသင့်ပြည်သူများကို ကူညီနိုင်ဖို့
အလှူခံမှုစတင်ခဲ့ပါတယ်။

၅ရက်တာအလှူခံမယ့်အစီအစဉ်အစနေနဲ့
မဟာမြတ်မုနိဘုရားကြီးကို ဦးတိုက်ပြီး ယနေ့ နံနက်ပိုင်းက ဘုရားကြီး
တစ်ဝိုက်လှည့်လည်
အလှူခံရာ နေ့လယ်ထမင်းစားချိန်တွင် အလှူငွေ ၇သိန်းကျော် ရရှိသွားပါတယ်။

၎ရက်နေ့မှာ လောကနတ်ခန်းမမှ စိန်ပန်းရပ်ကွက်ပိုင်း
ညပိုင်း ပေါက်မြိုင်ကျောင်းတိုက် အရှေ့ပေါက်

၅ရက်နေ့ လမ်း၈၀မှ ရတနာပုံဈေး မင်္ဂလာဈေး
ညပိုင်း ပုလင်းဝင်း ခြင်္သေ့နှစ်ကောင်းအနီး

၆ရက်နေ့ ၈၄လမ်း၊ ဈေးချို၊ ညောင်ပင်ဈေး၊
ညပိုင်း အောင်တော်မူ ရေအိုးစင်အနီး

၇ရက် ဘုရားကြီးအရှေ့ဘက်၊ တက္ကသိုလ်မြောက်ဘက်၊ ၇၃လမ်း၊ ၂၇လမ်း၊ ၆၂လမ်း
မြောက်ဘက် နန်းရှေ့ဈေး
ညပိုင်း မြောက်ပြင် အရိပ်မထွက်ဘုရားအနီး

၈ရက်နေ့ ဘုရားကြီးတောင်ဘက်၊ တမ္ပ၀တီကွက်သစ်
ညပိုင်း အမရပူရ လမ်း၅ခွ

အထက်ကနေရာများမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Tuesday, June 3, 2008

မန္တလေးလူရွှင်တော်များ နာဂစ်မုန်တိုင်းအတွက် အလှူခံထွက်မယ်

မန္တလေးက လှူရွှင်တော်များက မန္တလေးမြို့တွင်း လှည့်လို့ ၄ရက်နေ့မှာ
အလှူခံမယ်လို့ သိထားရပါတယ်။
ဟာသပညာဖြင့် ဖျော်ဖြေရင်း အလှူငွေရဖို့
ငိုသောမျက်လုံးကို အပြုံးဖုံးပြီး
ငိုချင်သော်လည်း ရယ်အောင်ပြုကာ
ညစ်ညူးသည့်စိတ်များကို ပြေဖျောက်ပြီး
အလှူငွေရဖို့ ကြိုးစားသွားကြမယ်လို့ ထင်ပါတယ် . . .
မနက်ဖြန် သွားပြီး တွေ့ဆုံကြည့်ပါဦးမယ် . . .

မန္တလေးမှာ နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ဆုတောင်း

မန္တလေးမှာ ယနေ့ နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ဆုတောင်းပွဲ
လုပ်တယ်လို့ ကြားရပါတယ်။
ဘာသာပေါင်းစုံ ဆုတောင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံကို ရှာတင်ပါဦးမယ်

Sunday, June 1, 2008

ပေါ်တော်မူ ဘုရား နှစ်ဆူ ဖူးခဲ့ပါပြီ

ရန်မျိုးလုံ ဘုရားမှာ ဆယ်ယူပူဇော်ထားတဲ့ ဘုရားနှစ်ဆူကို ယနေ့ညနေပိုင်းက
မိသားစုနဲ့အတူ
သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ဥာဏ်တော် ၁၀ပေ၊ ၁၀လက်မ၊
လုံးပတ်တော် ၁၀ပေ ၄လက်မ
ရှိသော ဘုရားတစ်ဆူ

ဥာဏ်တော် ၃ပေ ၅လက်မ
လုံးပတ်တော် လက်မ ၃၀ခန့်ရှိ
ဘုရားတစ်ဆူ

နှစ်ဆူ ပူဇော်ထားရှိပါတယ်။

ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပြီး
ကုသိုလ်ဖြင့် စေတနာကြေး ကား၊ ဆိုင်ကယ်၊ စက်ဘီး အပ်နှံလက်ခံနေပါတယ်။

ပုံများ တင်ပေးလိုက်ပါတယ် . . .
ဖူးမြော်ကြည်ညိုနိုင်ပါစေ . . .