Monday, December 31, 2007
နှစ်သစ်ဆုမွန်
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ . . .
Thursday, November 22, 2007
ရှင်မာလဲ ကြာပန်းပွဲတော် နွဲစို့နော်
ရှိပါတယ် . . .
ရှင်မာလဲကို ပူဇော်တဲ့ပွဲမှာ ကြာပန်းများနဲ့အတူ ပျော်စရာ ရွှင်စရာမို့
ပါဝင်ဆင်နွဲကြရအောင် ဖိတ်ခေါ်လိုက်ရပါတယ် . . .
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်
၂၁-၁၁-၂၀၀၇ရက်နေ့မှ ဖွင့်ပွဲကျင်းပမယ်လို့ သိရပါတယ် . . .
စည်စည်ကားကားနဲ့ ပြည်တော်ချစ်ဘုရားမှာကျင်းပပါမယ် . . .
လပြည့်နေ့ညမှာတော့ ဆီမီးကိုးထောင်ပူဇော်ပွဲနှင့်အတူ
နေ့ဘက် အလှလွှတ်မီးပုံးပျံ ပြိုင်ပွဲလည်းပါမယ်လို့ သိရပါတယ် . . .
တတိယအကြိမ်ရှိပြီဖြစ်တဲ့ ပြင်ဦးလွင်ရဲ့ မီးပုံးပျံပြိုင်ပွဲကို
ဝင်ရောက်နွှဲပျော်ပါဦးလို့ ဖိတ်ခ်ါလိုက်ရပါတယ် . .
မန္တလေးတိုင်းမ် ဂျာနယ် ဖြန့်ချိ
ရွှေမန္တလေး
နန်းမြင့်
အထက်မြန်မာပြည်
မန်းတောင်ရိပ်
တို့နဲ့အတူ
မန္တလေးတိုင်းမ် ဂျာနယ်ကိုလည်း စတင်ဖြန့်ချိလိုက်တာတွေ့ရပါတယ် . . .
လိုဂို ဒီဇိုင်းကို မကြိုက်သော်လည်း အတွင်းကတော့ ကဏ္ဍစုံပါတာတွေ့ရပါတယ် . . .
ဆက်လက်ချီတက်နိုင်ပါစေဗျာ . . .
မန္တလေးနေ့စဉ်သတင်းစာ (၁၀)နှစ်ပြည့်အထိမ်းအမှတ်
မြန်မာလို စာဆိုတော်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ် . . .
၂၀၀၇ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့ဆို (၁၀)နှစ်တင်းတင်းပြည့်ပါပြီ . .
၁၀နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သက်ဝင်လှုပ်ရှားမီဒီယာ ပုံရိပ်များ
ဓာတ်ပုံပြိုင်ပွဲ ကျင်းပမယ်လို့ သိထားရပါတယ် . . .
နောက်ဆုံး ဓာတ်ပုံပို့ရမယ့်နေ့က ၂၃-၁၁-၂၀၀၇ ပါတဲ့ . .
အသေးစိတ်ကို မန္တလေးနေ့စဉ်သတင်းစာမှာ ဖတ်ရှုနိုင်ပါတယ် . . .
ဘာဖြစ်ဖြစ် အခု ၁၆မျက်နှာ နေ့စဉ်ထုတ်ပြီး
၁၀နှစ်ပြည့်ခဲ့ပါပြီ . . .
နောင် နှစ်ပေါင်းများစွာ ဆက်လက်ရှိနေပါစေလို့ . . . ဆန္ဓပြုလျက်